ယုန်ကလေး ရဲ့ ပုံပြင်

အခု အချိန်ဟာ အနောက် နိုင်ငံ များ အတွက် မြန်မာ လို အခေါ် အဝေါ် အရ အီစတာ ပွဲတော်ရက် ဖြစ်ပါတယ်.......။

ကျွန်တော် ရောက်ရှိ နေတဲ့ နိုင်ငံ မှာ ဒီရက် တွေ အတွင်း အိမ်တွေ ဆိုင်တွေ မှာ ယုန်ရုပ် လေးတွေ ဆေး ချယ် ထား တဲ့ ကြက်ဥ တွေကို နေရာ အနှံ့ဆိုသလို တွေ့မြင် ရပါတယ်............။

ုယုန်ရုပ် လေးတွေ တွေ့တဲ့ အခါ ကျွန်တော် တို့ ဒီရောက် တော့ စကား ပြော သင်တန်း တက်တဲ့ အခါ ကျောင်းက ဆရာ ပြောပြတဲ့ ပုံပြင်လေး ကို သတိရ မိလို့ပြန်လည် ဝေမျှ လိုက်ပါတယ်.......။

မြန်မာ လို ပုံစ ပြောမယ်ဆိုရင် တော့ ဟိုး......ရှေးရှေး တုန်းကပေါ့ဗျာ............
ယုန်ကလေး တကောင်ဟာ နေမကောင်း တာနဲ့ ဆေးဆိုင် ကိုလာ ပြီး ဆေးဝယ် ဖို့ကြိုးစားပါတယ်......။
ဒီ အခါမှာ ဆေးဆိုင် ပိုင်ရှင် က ယုန်ကလေး ဒီဆိုင်ဟာ လူတွေ အတွက် ဆေးပဲ ရှိတယ် ယုန်တွေ အတွက် ဆေး မရှိဘူး....မင်းအတွက် ဆိုရင် တော့ ဟို ဘက်လမ်း က ဆေးဆိုင် ကို သွားပါ ဆိုပြီး ညွှန်လိုက် တယ်.......။

ဒါပေမယ့်လည်း နောက်နေ့ မှာ ယုန်ကလေး ဟာ ထပ်ပြီး ရောက်လာပြန်တယ်........ဒီ နေ့မှာ တော့ ဆေးဆိုင် ပိုင်ရှင် ဟာ အလုပ်တွေ ရှုပ်နေလို့ အတော် ဒေါသ ထွက်ပြီး ယုန်ကလေး ကို ပြောလိုက် တာက ဟေ့ မင်းအတွက် ဆေးက ဟိုဘက် လမ်းက ဆေးဆိုင် မှာ နောက်တခါ မင်းလာရင် နံရံ ပေါ်မှာ သံနဲ့ အရိုက် ခံရမယ် ဆိုပြီး ကြိမ်းမောင်း လွှတ်လိုက် ပါတယ်.....။

နောက်နေ့ မှာလည်း အမှတ် မရှိတဲ့ ယုန်ကလေး ဟာ ဆေးဆိုင်ကို ထပ်ရောက်လာ ပြန်ပါတယ်........ယုန်ကလေး က ကျွန်တော် နေမကောင်းလို့ ဆေးလိုချင် ပါတယ် လို့ပြောလို့တောင် မဆုံးသေး ဘူး အလွန် ဒေါသ ထွက်နေ တဲ့ ဆေးဆိုင် ပိုင်ရှင် ဟာ ယုန်ကလေး ကို မွှေ့ယမ်း လိုက်တာ ယုန်ကလေး သတိလစ် သွား ပါတယ်....ယုန်ကလေး သတိ ပြန်ရလာ တော့ သူ့ကို ဆေးဆိုင် ပိုင်ရှင် ဟာ ပြောတဲ့ အတိုင်း နံရံ မှာ လက်နှစ် ဖက်ကို သံရိုက် ပြီး ချိတ်ထား မှန်း သိလိုက် ရပါတယ်...... ။

ဒါနဲ့ ယုန်ကလေး ဟာ အကူအညီ ရလို ရညား ဘေးဘီ ကို ကြည့်လိုက် တဲ့ အခါ သူ့လိုဘဲ နံရံ ထက်မှာ အချိတ် ခံထား ရသူ တယောက် ကို တွေ့လိုက် ရလို့ လှမ်းပြော လိုက်သတဲ့.......သြော်....မိတ်ဆွေ ကြီးလဲ ကျွန်တော့် လိုဘဲ ဒီဆိုင် မှာ မရှိတဲ့ ဆေးကို လာမေး မိတယ် နဲ့ တူပါရဲ့ ဒီ ဆိုင်ပိုင်ရှင် ဟာ အတော် ရက်စက်တယ်ဗျာ..........။

အချုပ် ကိုဆိုရရင် အဓိက ကတော့ ယုန်ကလေး စကား လှမ်းပြောလိုက် တဲ့ ယုန်ကလေး လိုဘဲ နံရံ ပေါ် လက်နှစ် ဘက် သံ အရိုက် ခံ ထားရတာ ဘယ်သူလဲ ဆိုတာ ဒီ ပုံပြင်ရဲ့ အဓိက ပဟေဠိ ဖြစ်ပါတယ်........။
မိတ်ဆွေ တို့လဲ ဒီ ပုံပြင် လေး ကိုဖတ်ရှု ပြီး ဒီလူ ဘယ်သူ ဆိုတာ စဉ်းစား ကြည့်ကြ ပါနော်..........။


3 ယောက်ကဒီလိုမြင်တယ် to "ယုန်ကလေး ရဲ့ ပုံပြင်"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts