Firefox 3.5 and IDM 5.17

မနေ့က ဘာရယ်လို့ မဟုတ်ဘူး ဟိုကြည့် ဒီကြည့်နဲ့ ကိုယ်သုံးနေတဲ့ Firefox 3.0.11 ကို နောက်ဆုံးပေါ် ဗားရှင်းလို့ ထင်နေတာ မှားသွားမှန်း သိလိုက်ရတယ်...

အဲလို ထင်နေတာလဲ ကိုယ့်အမှား မဟုတ်ဘူးလေ ဖိုင်းယားဖောက်စ် ၃ ထွက်လာကတဲက ထွက်တဲ့ နေ့မှာဒေါင်းနိုင်အောင် စာရင်းကြိုပေးထားပြီး ထွက်ထွက်ခြင်းပဲ ဒေါင်းပြီး သုံးလာလိုက်တာ အခု အထိပဲလေ..

သူကလဲ အမြဲ update လုပ်လာလိုက်တာ အခု ဗားရှင်း 3.0.11 ထိပဲ ဒီတော့ ကျွန်တော် သုံးနေတာ နောက်ဆုံးဗားရှင်းလို့ ထင်တာ မဆန်းပါဘူး..

ဟော... ဒါပေမယ့် အခုတွေ့ပြီ ကျွန်တော်သုံးနေတာ 3.0 ဗားရှင်း သူ့နောက်မှာ 3.1, 3.2 ,3.3 ,3.4,ဆိုပြီး ထွက်လာလိုက်တာ အခုဆိုရင် နောက်ဆုံး ဗားရှင်းက 3.5 ဖြစ်နေပြီ အရင်ကောင်တွေနဲ့ ဘာကွာလဲ ဆိုတာကတော့ သူက အမြန်ဆုံး လို့ ဖိုင်းယားဖောက်စ် ဝဘ်ဆိုဒ်မှာ ပြောထားတာပဲ ကျန်တဲ့ ကွာခြားချက်တွေက ဘာတွေလဲ ဆိုတာတော့ သူက Tab bar မှာ Tab bar အသစ်ဖွင့်ချင်ရင် မီနူးထဲ သွားစရာ မလိုတော့ပဲ Opera စတိုင်မျိုး ဘေးက အပေါင်းလက္ခဏာလေး ကို နှိပ်လိုက်ရုံနဲ့ နောက်ထပ် ဘားအသစ် တစ်ခု ပွင့်လာတာမျိုး ပေါ့လေ ကျန်တာတွေတော့ ကိုယ်တိုင်သာ စမ်းသပ်သုံးကြည့်ကြပါ အောက်က ဗွီဒီယိုမှာ သူတို့ ရှင်းပြထားတာသာ ကြည့်ပါတော့ဗျာ..။


ကဲ...ဒီတော့ ဝဘ်ဘရောက်ဇာ ဆိုရင် ဖိုင်းယားဖောက်စ် မှ ကြိုက်နှစ်သက်သူများ အမြန်ဆုံးသာ အောက်က ပုံလေးကို ကလစ်နှိပ်ပြီး သွားဒေါင်းကြပေတော့ဗျို့...။



ကဲ ဒေါင်းပြီးသွားကြပြီလား ဒါဆို ဇာတ်လမ်း ဆက်မယ်ဗျာ..
ကျွန်တော်လဲ ဒေါင်းပြီးသွားတော့ ဘာများ အသစ်တွေပါလဲ ဆိုပြီး လျှောက်ကြည့်ရင်းနဲ့ သူတို ညွှန်းထားသလို အမြန်ဆုံး ဖြစ်လားသိချင်လို့ ရုပ်ရှင်ကြည့်တဲ့ ဆိုဒ်တွေကို သွားသဗျ..
မဆိုးပါဘူး အရင်ထက်စာရင် ပိုမြန်လာတယ် ဒါနဲ့ ရုပ်ရှင် ကြည့်မယ်လဲ ဆိုကော တစ်ခုခု လိုနေသလို ခံစားမိတာနဲ့ သေချာကြည့်လိုက်တော့ လား..လား...

အရင်ဆို ရုပ်ရှင် ဖွင့်လိုက်တာနဲ့ စကရင်ရဲ့ ညာဘက်ဒေါင့်အပေါ်မှာ ပေါ်လာနေကြ အင်တာနက်ဒေါင်းလုဒ် မန်နေဂျာရဲ့ ဒေါင်းလုဒ်လုပ်တဲ့ ခလုတ်ပေါ်မလာဘူး..

ကိုယ်လဲ ဒေါင်းလုဒ် မန်နေဂျာ 5.15 မှာပဲ အပ်ဒိတ် မလုပ်ပဲ နေတာကြာပြီလေ ဘာလို့ဆို တစ်ခါ ဗားရှင်း အသစ် အပ်ဒိတ် လုပ်တိုင်း ပက်စ်ဝပ် တောင်းလွန်းလို့ အခုတော့ အပ်ဒိတ် မလုပ်လို့မရတော့ဘူးလေ သူ့ရဲ့ ဗားရှင်းအဟောင်းက အခု ဖိုင်းယားဖောက်စ် 3.5 မှာ အလုပ်မလုပ်တော့ဘူး..

ဒါနဲ့ အင်တာနက်ဒေါင်းလုဒ်မန်နေဂျာ နောက်ဆုံးဗားရှင်းလေးကို ရှာပြီး ဒေါင်းလိုက်တော့မှ ဒေါင်းလုဒ် ခလုတ်လေး ပြန်ပေါ်လာတော့တယ်..

ဒီတော့ မိတ်ဆွေတို့လဲ အင်တာနက် ဒေါင်းလုဒ် မန်နေဂျာ သုံးတယ် ဖိုင်းယားဖောက်စ် 3.5 လဲ သုံးချင်တယ် ဆိုရင်တော့ တစ်ခါထဲ အဆင်ပြေသွားအောင် Internet Download Manager v5.17 Build 5 - Mr1000 + Patch ဆိုတာလေး တင်ပေးလိုက်ပါတယ်ဗျာ သူ့မှာ Patch File ပါပြီးသားမို့လို့ ပက်စ်ဝပ်တွေ ဘာတွေ ထည့်စရာမလိုတော့ဘူးပေါ့ဗျာ ...

ကဲ ဒေါင်းမယ် ဆိုရင် ဟောဒီမှာ အောက်ကပုံလေးကို နှိပ်ပြီးဒေါင်းလိုက်ပါအုံး...



လုပ်နည်းလေးကတော့ ပထမဦးဆုံး ကျွန်တော် တင်ပေးထားတဲ့ လင့်ကနေတစ်ဆင့် ဒေါင်းလုဒ် ချလိုက်ပါ..
ပြီးရင် Zip ဖိုင်ကို ဖြည်လိုက်ရင် ဖိုင်နှစ်ဖိုင် တွေ့ပါလိမ့်မယ်..

အဲဒီအထဲက Internet Download Manager v5.17 Build 5.exe ဆိုတာကို အရင် Run လိုက်ပါ..
အင်စတောလုပ်ပြီးပြီဆိုရင် အင်တာနက်ဒေါင်းလုဒ် မန်နေဂျာကို ပြန်ပြီး Exit လုပ်ပြီး ပိတ်ထားလိုက်ပါ..
နောက်တစ်ဆင့်အနေနဲ့က C:\ program file ထဲက Internet Download Manager ဖိုင်ကို ဖွင့်လိုက်ပါ ..
ပြီးသွားရင် အဲဒီထဲကို Patch 5.xx (2008-12-06).exe ဆိုတဲ့ ဖိုင်ကို ဆွဲထည့်လိုက်ပါ ဒါမှ မဟုတ်လဲ copy & paste လုပ်လိုက်ပေါ့..

Internet Download Manager ဖိုင်ထဲကို Patch 5.xx (2008-12-06).exe ရောက်သွားပြီ ဆိုရင် အဲဒီ Patch ဖိုင်ကို D-Click နဲ့ Run လိုက်ပေါ့ဗျာ ဒါဆိုရင်ဒီလိုပုံလေးပေါ်လာပါလိမ့်မယ်



ဒါဆို နောက်ဆုံး အဆင့်အနေနဲ့ ပုံမှာ အနီလေး ဝိုင်းပြထားတဲ့ Patch ဆိုတာလေး ကို နှိပ်လိုက်ရင် Internet Download Manager v5.17 ကို Firefox 3.5 နဲ့ ကြိုက်တဲ့ ဝဘ်ဆိုဒ်ကနေ ရုပ်ရှင်တွေ သီချင်းတွေ ကြိုက်သလို ဒေါင်းလို့ရပြီပေါ့ဗျာ..။


6 ယောက်ကဒီလိုမြင်တယ် to "Firefox 3.5 and IDM 5.17"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts