ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။

Posted by မင်းမင်း
ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။

ကျွန်တော်တို့ လူ့ဘဝမှာ ရွေးချယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။ ကိုယ်စိတ်ထက်သန်ရာ၊ လမ်းမှန်ရာလို့ ထင်ရင် ရွေးချယ်နိုင်ပါတယ်။ လူဆိုတာ အသိစိတ်ဓါတ်ရှိတာကို အမှားအမှန်ကို ခွဲခြားသင့်ပါတယ်။ ကျွန်တော်ဟာ လမ်းမှန်တယ်လို့ ထင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက် က ရပ်တည်သူတစ်ဦးဖြစ်ပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို မမှန်ဘူးထင်လို့ မရပ်တည်သူတွေ၊ ဒါမှမဟုတ် ဒီကိစ္စတွေမှာ ကြားကနေပြီး ဘာမှမလုပ်သူတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ လာမည့် ၁၉ရက် ၆လ ၂၀၀၈ ခုနှစ်မှာ အသက် ၆၃ နှစ်ပြည့်ပါတော့မယ်။ ကျွန်တော်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ကျေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တာဝန်ကျေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေဟာ လုံး၀ တာဝန်မကျေသေးဘူးလို့ ကျွန်တော် ယူစပါတယ်။ ကျွန်တော်သူငယ်ချင်းတွေဟာ နိုင်ငံရေးဆိုတာ သိနေကြပေမဲ့၊ နေ့စဉ်စားရေးနေရေး အစဉ်ပြေအောင် ကြိုးစားကြရင်း နိုင်ငံရေးဆိုတာကို မေ့ထားကြတာ တွေ့ရပါတယ်။ ဒီမှာ ကျွန်တော် ပြည်တွင်းက ပြည်သူတွေကို ပြောတာမဟုတ်ပါဘူး။ ပြည်ပပြည်သူတွေဟာ ကျွန်တော်တို့ အတွက် အရမ်းကို အားထားစရာ လူထုလည်း ဖြစ်ပါတယ်။ ပြည်တွင်းက လူတွေလှုပ်ရှားနိုင်တာထက် ကျွန်တော်တို့ ပြည်ပက လူတွေဟာ ပိုလို့ လှုပ်ရှားနိုင်မယ်ဆိုတာ လူတွေအကုန်သိကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ပထမဆုံး Jim Carrey လို ဘာမှမဆိုင်တဲ့ သရုပ်ဆောင် တစ်ယောက်ကတောင် ဒေါ်စုအတွက် ဗီဒီယို တင်ပြီး တောင်ဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ ငြိမ်နေကြတယ်။ ဘယ်သူမှ တုံတုံမလှုပ်တာကို တွေ့ကြရပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ ကမ္ဘာက လူတွေ လူကြည့်များတဲ့ Youtube လို နေရာမျိုးမှာ ဒေါ်စုအတွက် လွတ်မြောက်စေရန် တောင်းဆိုကြရင် အတိုင်းထက်လွန်ပြီး ကောင်းမွန်တာကို တွေ့ရမှာပါ။

ဒီအစီအစဉ်ဟာ ပြည်ပနိုင်ငံတွေပိုမိုပြီး မြန်မာပြည်အကြောင်း နားလည်စေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျဉ်းထောင်းမှာ ဆက်လက် ရှိနေဆဲဆိုတာကို မေ့မသွားကြရန်နှင့် ဒေါ်စု လွတ်မြောက်ရန်အတွက် ပိုမိုပြီး လှုပ်ရှားမှုများ ပြုလုပ်သွားနိုင်ရန် ဖြစ်ပါတယ်။ ကျွန်တော် ဒီအစီအစဉ်ကို မြန်မာနိုင်ငံ ပြည်ပရောက် ပြည်သူများ လှုပ်ရှားနိုင်မည့် ကိစ္စတစ်ခုလို့ မြင်ပါတယ်။


ကောင်းကျိုးများ၊

၁။ နိုင်ငံတကာမှာ ဒေါ်စု အား လွတ်မြောက်ရန်အတွက် ပိုမိုဖိအားပေးလာရန်။
၂။ အိမ်မှ လွယ်ကူစွာ လှုပ်ရှားမှုတစ်ခု ပြုလုပ်နိုင်ပြီး၊ နိုင်ငံတကာသို့ လျှင်မြန်စွာ နှိုးဆော်မှုများ ရောက်နိုင်ခြင်း။
၃။ ငွေကြေးကုန်ကျမှုများ မရှိခြင်း။
၄။ စစ်အစိုးရမှ အများလှုပ်ရှားမှုများကြောင့် တစ်ဦးတစ်ယောက်အား ဦးတည်ပြီး အန္တရယ်များ မပြုလုပ်နိုင်ခြင်း။

ဆိုးကျိုးများ၊

၁။ စစ်အစိုးရမှ ဝင်ရောက် အနှောက်ယှက်ပေးနိုင်ရန်ရှိသော်လည်း ၊ အနှောက်အယှက်များ လုံး၀ မထိရောက်နိုင်ခြင်း။

ဆိုးကျိုးများဟာ လုံး၀ မရှိသလောက်ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အများနှင့်လုပ်သောအရာများကြောင့် ဖြစ်ပါတယ်။

လိုအပ်သော အရာများ၊

၁။ ဗီဒီယို ကင်မရာ ( လက်ကိုင်ဖုန်းတွင်ပါသော ဖုန်း သို့ ဗီဒီယိုရိုက်နိုင်သော ကင်မရာများ )
၂။ စာရိုက်ထုတ်နိုင်သော စက်တစ်လုံး(မရှိပါက လက်ဖြင့် ရေးသားနိုသည်)။ လိုအပ်ပါက အောက်ပါပုံကို ပုံနှိပ်အသုံးပြုပါ။
၃။ ရိုက်ထားသော ဗီဒီယိုအား Editing တည်းဖြတ်ခြင်းများ ပြုလုပ်ခြင်း၊ စာသားများ ထပ်မံရေးသားခြင်းများ မပြုလုပ်ပါရန်တောင်းဆိုအပ်ပါသည်။
၄။ ကိုယ်အသုံးပြုထားသော ဘာသာစကားသည် ဘယ်ဘာသာစကားဖြစ်သည်ကို ဗီဒီယိုပေးပို့ရာတွင် ရေးသားပေးပါ။ အဘယ့်ကြောင့်ဆိုတော် သက်မှတ်ထားသော လူဦရေပြည့်လာပါက ၎င်း ဗီဒီယိုများကို Special Editing Software များဖြင့် ပြန်လည် တည်းဖြတ်မည်ဖြစ်ပြီး၊ ၎င်း ဒီဗီဒီ ကို သက်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေးဌာနများသို့ ပေးပို့မည်ဖြစ်သည်။
၅။ သင်ရိုက်ကူးထားသော ဗီဒီယို နောက်ခံသည် ၊ လူသိများသော အထိမ်းအမှတ် အဆောက်အဦးများ ရှေ့တွင်ရိုက်ထားပါက ပိုမိုကောင်းမွန်ပါသည်။ ဥပမာ Statue of Liberty ရုပ်ထုကြီး နောက်ခံထား၍ ရိုက်ထားခြင်း (သို့) နည်းမျိုးစုံဖြင့် Free DASSk စာရွက်အား ညာဘက်မှ ဘယ်ဘက်သို့ တီထွင်စွာ ပေးပို့ပေးနိုင်ခြင်း။

ပါဝင်ရမည့် စာသားမှာ ။ Free Daw Aung San Suu Kyi နှင့် youtube.com/freedassk ။ သို့သော် ရေးသားထားသော အရာကို အင်္ဂလိပ်လိုသာ ရေးသားရမည်ဖြစ်သည်။
ပါဝင်ရမည့် အသံမှာ။ ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးရန် ၊ အမိဘာသားစကားနှင့်ပြောဆိုနိုင်ပါသည်။ ဥပမာ- ကရင်လူမျိုးဖြစ်ပါက ကရင်၊ သို့သော် ပြောဆိုလိုက်သော အသံသည် အဓိက အဓိပ္ပါယ်ပါရမည်ဖြစ်သည်။ ထိုအချက်မှာ ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးရေးကို ဘာသာပြန်ထားသည့် ပုံစံမျိုးသာ ဖြစ်စေရမည်။ ၎င်း အသံများကို စစ်မှန်ခြင်းရှိမရှိ၊ စစ်စေးမည်ဖြစ်ပြီး၊ မျက်နှာသက်သေ ပါသော ဗီဒီယိုများကြောင့် အခက်အခဲ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်သည်။
ပါဝင်ရမည့် ဗီဒီယိုမှာ။ Free Daw Aung San Suu Kyi နှင့် youtube.com/freedassk ဟု ရေးသားထားသော စာရွက်ကို ညာဘက်မှ ယူပြီး ဘယ်ဘက်သို့ ပေးပို့သော ပုံစံမျိုးဖြစ်စေရမည်။

ကျွန်တော်အခုဗီဒီယိုများလိုက်လံစုစောင်းနေပါတယ်။ သင့်အနေနှင့်ရိုက်ပြီးသား ရှိပါက၊ ၎င်း ရိုက်ပြီးသား ဖိုင်သို့မဟုတ် လင့်များကို အီးမေးသို့ ပေးပို့စေလိုပါသည်။ အီးမေးလိပ်စာကတော့ hteink.min(at)gmail.com ဖြစ်ပါတယ်။

အားလုံး အဆင်ပြေကြပါစေဗျာ

ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်နိုင်ပါစေ

PS: ဤပိုစ့်ကို လူငယ် တော်လှန်ရေး ဘလော်ဂါ ကိုမင်းမင်း ထံမှကူးယူဖော်ပြပါသည်..။


0 ယောက်ကဒီလိုမြင်တယ် to "ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts