အတော် ကြာပေလို့

ကျွန်တော့ သူငယ်ချင်း နောက်တယောက် အကြောင်းပြောပြ အုံးမယ်..........။

သူလဲ လူပျိုကြီး ပဲဗျ သူ့မှာ အမှီအခို ရှာချင်သူ အမျိုးသမီး လေးတွေ မှီခိုအားထား လောက်ချင် စရာ ကျောထောက် နောက်ခံ ရှိပါရက်နဲ့ဘဝ ပေး ကုသိုလ်ကံ ကြောင့် အမျိုးသမီး လေးတွေ ညအိပ် တဲ့အခါ အိပ်မပျော် သော ညတွေ အင်္သချေ ဆိုပြီး သီချင်း သီဆို သွားနိုင် လောက်တဲ့ ရုပ်ရည် ကြောင့် ဘယ် မိန်းကလေးကမှ ဖဲမွေ့ရာ ထက်မှာ တူယှဉ်တွဲ ပြီးချစ်ခြင်း မပြိုင်လို ကြဘူး........။

ဒီတော့လဲ သူ့ခမျာ ငါ့ဝမ်း ပူဆာ မနေသာ ဆိုသလိုဘဲ လက်လီ လက်ကား ရောင်းဝယ် ဖောက်ကား ရာနေရာ များမှာ ပဲ သူ့ဆန္ဒ တွေကို ဖြည့်ဆည်း ရင်း သူ့ဘဝ ကိုရေစုန် မျောလိုက်ပါတယ်.......။

တနေ့မှာပေါ့ဗျာ........ကျွန်တော် တို့ သူငယ်ချင်း တသိုက် လ္ဘက်ရည်ဆိုင် မှာ ထိုင်နေတုန်း ဆိုင်ရှေ့ က ဘက်စ်ကား ဂိတ်မှာ ဘက်စ်ကား ပေါ်က ဆင်းလာတဲ့ သူ့ကို တွေ့လိုက်ရပါတယ်....သူကလဲ ကျွန်တော်တို့ ကိုတွေ့လို့သက်ပြင်းပူ ကြီးကို မှုတ်ထုတ်ရင်း လွတ်တဲ့ ထိုင်ခုံ မှာ ဝင်ထိုင် လိုက်ပါတယ်........။

ဒါနဲ့ ကျွန်တော်တို့လည်း သူစီးလာတဲ့ ဘက်စ်ကား နံပါတ်နဲ့ လာရာ လမ်းကြောင်းအရ သူသွားနေကြ လက်လီ အိမ်က ပြန်လာတယ် ထင်လို့ မေးကြည့် လိုက်ပါတယ်.......ဟေ့.......ယောက်ဖ (မကြီး)တို့ အိမ်က ပြန်လာတာ လား......?အဲဒီမှာ သူ့အဖြေ စကားကြောင့် ကျွန်တော် တို့ တအုပ်စုလုံး ဘာပြော ရမှန်း မသိအောင် ဖြစ်သွား ကြရ တော့တယ်.......။

သူဖြေလိုက်တာက အေးကွာ ငါလဲ အလုပ် တွေရှုပ် နေလို့ မရောက်တာ အတော်ကြာ တာ ၂ ရက်လောက်တောင် ရှိပြီ .......တဲ့လေ.........။


1 ယောက်ကဒီလိုမြင်တယ် to "အတျော ကွာပလေို့"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts