လူပျိုကြီး နဲ့ခွေးပါရဂူ

ကျွန်တော့ နာမည် တင်မောင် ခင်မင်ရင်းနှီးသူ များကတော့ ဖက်တီး လို့ချစ်စနိုး ခေါ်ကြသလို ခွေးပါရဂူ လို့လည်းခေါ်ကြလေရဲ့..။ဒီအမည် တွင်ရတာ ကလဲ ခွေးမှန်ရင် တင်မောင်တို့ မသိတဲ့ခွေး မရှိလို့ပြောရလောက်အောင် လေ့လာထားတယ်လေ..။ကိုယ်တိုင်က ခွေးအရမ်း ချစ်တာကိုး..။

ကမ္ဘာပေါ်က ကြိုက်တဲ့ခွေး အကြောင်းမေး သနားတယ်..၊ဘယ်နိုင်ငံ ကလာတယ်..ဘယ်ရာသီ ဥတုနှစ်သက်တယ် အလေ့အထ ဘယ်လိုရှိတယ်...အိုဗျာကုန်ကုန် ပြောလိုက်မယ် ကြိုက်ရာမေး မသိမရှိစေရ..ဒီလိုနဲ့မယုံသူတွေ လာမေးပြီး လောင်းကြေး စားကြေး လုပ်တိုင်း တင်မောင်တို့ သောက်ပွဲ ကြီး ကျင်းပပြီး အောင်ပွဲခံ အနိုင်ယူ နေကြ...၊ဒါပေမယ့် ဗျာ တနေ့တော့ ဂွကျကျ လူပျိုကြီး စိုင်းသန်းထွန်း နဲ့တွေ့မှ ဒုက္ခရောက် တော့တယ်...။

ကျုပ်နာမည် စိုင်းသန်းထွန်း ရှမ်းလူမျိုး ပေါ့ဗျာ..ဒီအချိန်ထိ တကိုယ်ထီးတည်း လူပျိုကြီး ဘဝ ကိုခံယူထားတယ်..မျက်စိရှုပ်၊နားရှုပ်၊စိတ်ရှုပ်..ဘယ်လို အရှုပ်မျိုး မှ သည်းမခံ ချင်လို့ လူပျိုကြီး လုပ်နေတယ်..မြင်တာတွေ ပြောမိ ပြန်တော့လည်း လူ့ခွစာ လို့အမည်တပ် ကြပြန်ရော...

တနေ့ပေါ့ဗျာ သူငယ်ချင်းတွေ စုသောက်နေကြတုံး..တင်မောင် ရောက်လာတယ်..ပြီးတော့ ဝိုင်းထဲဝင်ထိုင်ပြီး ထုံးစံ အတိုင်းခွေး နိကာ ချဲ့ပါတော့တယ်..၊မဂ္ဂဇင်း တစ်စောင်ထဲမှာ မြန်မာပြည် ချောင်းသာ မှာ ကျွန်းခွေး ဆိုပြီး ခွေးမျိုးသစ် ပေါ်နေကြောင်း အလွန်လှကြောင်း သူလဲ ဝယ်ရန် ကြိုးစား နေကြောင်း ခွေးဆိုလျှင် ပြည်တွင်း ပြည်ပ သူမသိတာ မရှိကြောင်း အစရှိသဖြင့် ပြောနေပါတော့တယ်.

ဒီကောင်ကို အမြင်ကတ်နေတာ ကြာပြီ ဒါနဲ့ ကျုပ်လဲ စိတ်ပေါက်ပေါက် ရှိတာနဲ့..ဟေ့ တင်မောင် မင်းကိုယ်မင်း ခွေးအကြောင်း အကုန်သိတယ် ထင်မနေနဲ့ကွ ..မင်းဟာ မြန်မာပြည် ကခွေးတောင် ကုန်စင်အောင် မသိဘဲနဲ့...ကျုပ်ဒီလို ပြောလိုက်တယ် ဆိုရင်ဘဲ တင်မောင်က ကိုစိုင်း မြန်မာပြည် ကခွေး၊ချင်းခွေး၊အင်းခွေး၊ကျွန်းခွေး၊ ခင်ဗျား ကြိုက်ရာမေး တဝိုင်းကြေး လို့လောင်းကြေး ခေါ်ပါတော့တယ် ..။ ဒါနဲ့ ကျုပ်လဲ အိုကေ စိန်လိုက် လို့ပြောပြီး မြန်မာပြည် ထဲကခွေးတစ်မျိုး ကိုမေးလိုက်တယ်.. သူမဖြေနိုင်ဘူးလေ..ဒါနဲ့ကျုပ်တဝိုင်း သောက်လိုက်ရတယ်..သူလဲ အဲဒီ ခွေးအကြောင်း သိချင် လွန်းလို့ ကျုပ်ဆီ လာလာပြီး အရက်တိုက်ပြီး မေးလိုက်ရတာ အမောပဲ ..ဒါပေမယ့် ကိုယ့်ကို တနေ့ရွှေဥ တစ်လုံး ဥပေး နေတဲ့ ငန်းကိုရိုက်သတ်ပြီး ချက်စားတဲ့ အထဲမှာ စိုင်းသန်းထွန်း မပါဘူးလေ..

ဒီကောင်ကို ဘယ်တော့မှ မပြောဘူး... ဒါပေမယ့် ခင်ဗျားတို့ ကိုတော့ပြောပြပါ့မယ်..ကျုပ်မေးလိုက်တာက.."တင်မောင် မင်းဒီလောက် ခွေးအကြောင်း သိတယ်ဆိုရင် ရှမ်းခွေး ဆိုတာ ဘယ်လိုမျိုးလဲ?".. ဒီကောင်မဖြေနိုင်ဘူးလေ

ကျုပ်တို့ရှမ်းပြည် မှာရှိတဲ့ ခွေးတွေဟာ ရှမ်းခွေးပေါ့..... ခင်ဗျား တို့မို့လို့ ပြောပြတာ ဒီကောင့်ကို တော့သွား မပြောကြ ပါနဲ့နော်......................။

PS:ကျွန်တော့် သူငယ်ချင်း လူပျိုကြီး စိုင်းသန်းထွန်း ၏ ပြောပြချက်အား ပြန်လည်တင်ပြသည်......။


1 ယောက်ကဒီလိုမြင်တယ် to "လူပျိုကြီး နဲ့ခွေးပါရဂူ"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts