ဒီနေ့တခြား ဥရောပ နိုင်ငံ တွေတော့ မသိဘူး ကျွန်တော် တို့ဆီမှာ တော့ နွေရာသီ အချိန် summer time ကိုပြောင်းပြီ ခင်ဗျ....ရှင်းအောင် ပြောရ ရင်တော့ ပုံမှန် ည ၂ နာရီ ဖြစ်ရ မှာကို ဒီနေ့ ည ၂နာရီမှာ ည ၃နာရီ အဖြစ် ပြောင်းလိုက် တာပါ...အဲဒီတော့ ၁နာရီ လျှော့အိပ် ရတော့မှာပေါ့လေ.....
ဒီတော့ ကျွန်တော် သွားသတိ ရလိုက် မိတာက ဟိုး လွန်ခဲ့သော ၉ နှစ်ခန့်က အဖြစ် အပျက် လေး တခုပါ....ထိုအချိန်က ကျွန်တော် သငေ်္ဘာ လိုက်နေ ချိန် တနေ့ သငေ်္ဘာ ပေါ်ကို ကဒက် လေးတယောက် တက်လာတယ်...(ကဒက် ဆိုတာ အလုပ်သင် အရာရှိ လောင်းလေး ပေါ့)....ဒါနဲ့ ကုန်တွေ တင် အပြီး မှာ သငေ်္ဘာဟာ ဆိပ်ကမ်း ကနေ ထွက်ခွာ လာခဲ့ ပါတယ်......။
ထွက်ခွာ လာပြီး ၂ရက် နေတော့ Time Zone ကွာခြား ချက်များ အရ အစ တွင် ကျွန်တော် ဆိုခဲ့ သလို အချိန်ပြောင်း ဖို့ ဖြစ်လာ ပါတယ်.....ဒီတော့ အခုမှ သငေ်္ဘာ ပေါ် ရောက်လာတဲ့ ကဒက် လေးကမေးပါတယ်.......
ဘာလို့အချိန် ပြောင်းရတာလဲပေါ့....ဒီတော့ ဝါရင့် သငေ်္ဘာသား AB တွေ Bosun တွေက ကမ္ဘာကြီး ကို ဂရင်းဝှစ်
မျဉ်း တွေနဲ့ပိုင်းခြား ထားကြောင်း ဒါကြောင့် တနိုင်ငံ နဲ့ တနိုင်ငံ အချိန်တွေ မတူဘဲ ကွာခြား ကြကြောင်း အစရှိ
သဖြင့် ရှင်းပြကြ ပါတယ်..။
ဒါကို ကြားသွားတဲ့ Chif Officer ကျွန်တော် တို့သငေ်္ဘာသားတွေ အခေါ် ချီးဗူး ကဝင်ပြီး ပြောပါတယ်.....(ကျွန်တော်တို့ ချီးဗူး က အလွန် ချောက်တွန်း တာ ဝါသနာ ပါ ပြီး ပျော်တတ် ပါတယ်)......
ဟေ့ ကဒက် မင်းဒါတောင် မသိပဲ ဘယ်လို အလုပ်သင်အရာရှိ ဖြစ်လာ တာလဲ....ဒီနေ့ည ၂နာရီ ဂရင်းဝှစ် မျဉ်းကို ဖြတ်မယ် မတွေ့ဖူး ရင် ကြည့်ထား လို့ပြောလိုက် ပါတယ်....။
နောက်နေ့ ချီးဗူး ဂျူတီ ပြီးလို့ မနက်စာ စားဖို့ဆင်းလာ တော့ ကဒက်လေး ကို တွေ့ချိန်မှာ မေးပါတယ်.......
ကောင်လေး မနေ့က ငါပြောတာ တွေ့လား ....?
ကဒက် လေးကလဲ ရင်ကော့ ပြီး ဖြေလိုက် တာက ...ဟုတ်ကဲ့ ချိဖ် ကျွန်တော် မနေ့ည က စောင့်ပြီး ကြည့်တာ...
ည ၂နာရီ ရောက်တဲ့ အချိန် ဂရင်းဝှစ် မျဉ်း ကိုဖြတ်တာ တွေ့ပါတယ်......အစိမ်း ရောင် မျဉ်းကြီး မှ တောက်လျှောက် အကျယ်က အိမ်တလုံး စာလောက်ရှိပြီး အစ နဲ့ အဆုံး တောင် မမြင်ရဘူး ..........ဟူသတတ်..
ကျွန်တော် ထင်တာတော့ ဂရင်းဝှစ် မျဉ်း ဆိုတော့ အစိမ်းရောင် မျဉ်း ဖြစ်မယ် ဆိုပြီး ကောင်လေး ကြောက်ကြောက် နဲ့ရမ်းတုတ် လိုက်ပုံ ပါ......။

ဒါလေးတွေလဲ ရှိသေးတယ်
6 ယောက်ကဒီလိုမြင်တယ် to "မြင်လိုက်တာမှကမ်းကုန်ရော"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
နွေမုန်တိုင်း says:
အဟီး စကားမစပ် ဂရင်းဝှစ်မျဉ်းက ဘာအရောင်ကြီးလဲ ?
ဟီးဟီး နောက်တာ ။ အဆင်ပြေပါစေအစ်ကို :D
မြန်မာပြည်ကိုလွမ်းတယ် says:
အစိမ်းရောင်အိမ်တစ်လုံးစာလောက်
်ကြီးဆိုတော့ ရဲရဲကြီးထင်တယ် အကိုရ....။
BLACK DREAM says:
ကျွန်တော်တို့ ဆီမှာလည်းပြောင်းသွားပြီ :) အဲဒီ့ Cadet ကိုပြောလိုက် Greenwich မျဉ်းက အစိမ်းကြီး မဟုတ်ဘူး...။ အမဲကြီးလို့...... :P
ညမီးအိမ် says:
အဲဒီ ကတက် လေးကိုပြောလိုက် ကျွန်တော်သိတယ်လို့ဘာအရောင်းလဲဆိုတာ။ မုန့်ကျွေးရင်ပြောမယ်လို့။ :D နောက်တာနော် အနော်လဲသိဘူး။ ဟီးဟီး အကို အရေးအသားတွေပြောင်မြောက်တယ်နော်
Min Min says:
သိဘာဘူး။ သိတိတောင် မထားမိဘူး။ ခုမှကြည့်မိတယ် ဟုတ်သားပဲ.. အင်တာနက် အချိန်ကို အားကိုးနေရတယ် အခု
နှံကောင် says:
GREEN ဆိုတော့လည်း ထင်ချင်စရာပေါ့ ... :D