JS ဖိုင်တွေ Google Site မှာ တင်ကြရအောင်


ကျွန်တော်တို့ ဖရီး ဘလော့ဂါ တမ်းပလိတ် တွေကို ဒေါင်းလိုက်ပြီးရင် အဲဒီထဲမှာ .JS လို့ နာမည်ပေးထားတဲ့ Javascript ဖိုင်တွေ ပါလာတတ် ပါတယ် ဒါမှ မဟုတ်လဲ တစ်ခြား ကိုယ်ပိုင် Javascript ကိုယ်ပိုင် ဆိုတာက တန်းပလိတ်ထဲ မပါပဲ ကိုယ့်ဖာသာ ဆိုဒ်ဘား အတွက် ပဲ ဖြစ်ဖြစ် တစ်ခြား ဆန်းဆန်း ပြားပြားလေး တွေပဲ ဖြစ်ဖြစ် ထည့်ချင်ရင် Javascript သုံးထားတဲ့ ဟာမျိုးတွေ ဆိုရင် ကိုယ်တိုင်ရေး ကိုယ်တိုင် ဟော့စတင် လုပ်ထားရင် အကြောင်း မဟုတ်ပါဘူး တစ်ခြား ဒီဇိုင်နာတွေ ပရိုဂရမ်မာတွေ ကရေးပြီး သူတို့ ဆိုဒ်တွေ မှာ ဟော့စတင် လုပ်ထားတာမျိုး ဆိုလို့ ရှိရင် ဝိုင်းသုံးသူ များလာတာ နဲ့အမျှ ဟော့စတင် ဒေါင်းပြီး ဘာမှ မပေါ်လာတော့ ပဲ ဖြစ်တတ် ပါတယ်....။

အရင်ကတော့ ကျွန်တော်တို့ Google Page မှာ ကြိုက်တဲ့ ဖိုင် အကုန်တင်လို့ ရပါတယ် အခု Google Page ကြီး ပိတ်လိုက် ပြီးတဲ့ နောက်မှာ ဘလော့ဂါတွေ Javascript ဖိုင်တွေ ဘယ်မှာ တင်ရမှန်း မသိ ဖြစ်ကုန်ပါတယ် ဘာလို့လဲ ဆိုတော့ အသစ်ပြန်ပေးတဲ့ Google Site မှာ Javascript ဖိုင်တွေ အပ်လုဒ် တင်လို့ မရလို့ပါ..။

ကဲ ဒီတော့ Google Site မှာ Js ဖိုင်တွေကို ဒီလို တင်ကြရအောင်

၁)ဟောဒီ Free Google Sites website လေးမှာ ကိုယ့်မေးလ်နဲ့ အကောင့်ဖွင့်လိုက်ပါ (ဖွင့်ထားပြီးသားသူများ မလိုအပ်ပါ..။)

၂)ပြီးရင် new Google Sites webpage လေး တစ်ခု လုပ်လိုက်ပေါ့..

၃)ကိုယ်ထည့်ချင်တဲ့ JS ဖိုင်(ကိုယ့် ကွန်ပြူတာထဲမှာ ရှိခဲ့ရင် မလိုပါ မရှိခဲ့လျှင် Js ဖိုင် Url ကိုကူး၍ ဘရောက်ဇာမှ တစ်ဆင့် သွားလိုက်ပါ..)(example: http://www.YourWebsite/YourNewJavascriptFile.js )

၄)ကွန်ပြူတာထဲကို JS ဖိုင်ကို ဒေါင်းလုဒ် ချလိုက်ပါ..(အချို့ဖိုင်များ ဒေါင်းလုဒ် လုပ်စရာ မလိုပဲ ကုဒ်များပေါ်လာပါလိမ့်မည် ကုဒ်များကို အကုန်ကူးလိုက်ပါ..။

၅)ဒေါင်းလုဒ် ချထားသော Js ဖိုင်ကို ကွန်ပြူတာထဲရှိ text editor (Microsoft Notepad, etc…) ဖြင့် ဖွင့်လိုက်ပါ.. ကုဒ်ဆိုလျှင်လဲ copy & paste လုပ်လိုက်ပါ..။

၆)ပြီးရင် regular text file နဲ့ပဲ ဆေ့ဖ်လုပ်လိုက်ပါ ဒါဆိုရင် အဲဒီ ဖိုင်နံမည်ဟာ ဒီလိုဖြစ်သွားပါမယ်(example: YourNewJavascriptFile.txt )

၇)အဲဒီ New Text file ကိုပဲ သင့်ရဲ့ Google Sites website မှာ Upload တင်လိုက်ပါ..

၈)ပြီးရင် သင်တင်ထားတဲ့ .txt file ဘေးက download ဆိုတာလေးကို Right click နှိပ်ပြီး copy link location လုပ်လိုက်ပါ..၊
ဒါမှမဟုတ် ခဏစောင့် နိုင်မယ်ဆိုရင် သင့်ရဲ့မေးလ်ထဲကို သင်တင်လိုက်တဲ့ ဖိုင်ရဲ့ URL ကို Google Site က မေးလ်ပို့ပါလိမ့်မယ်..၊
မှတ်ချက်: ရလာတဲ့ Url လင့်မှာ နောက်ဆုံး .txt ဆိုတာအထိပဲ ယူပါမယ် နောက်က ဒီလိုဟာမျိုးတွေကို ဖယ်လိုက်ပါ. (?attredirects=0)

၉)ပြိးရင်တော့ ကိုယ့်ရဲ့ Js ဖိုင်လင့် နေရာမှာ အဲဒီ လင့်လေးကို ထည့်ပေးလိုက် ရုံပါပဲ..

ကဲ အခုဆိုရင် သင့်ရဲ့ javascript file တွေအတွက် သင့်ကိုယ်ပိုင် အခမဲ့ ဝဘ်ဆိုဒ် တစ်ခုရပြီပေါ့ဗျာ Google ကြီးကတော့ သိတဲ့ အတိုင်း ဘလော့ပေါင်း များစွာတောင် ဟော့စတင် ပေးထားသေးတာ သင့်ရဲ့ ဒီ သေးငယ်တဲ့ ဖိုင်လေးတွေ လောက်ကတော့ ၉၉.၉၉% အချိန်တိုင်း အလုပ်လုပ်ပါတယ်ဗျာ..။

အောက်မှာပါ လုပ်ပုံလုပ်နည်း လေးကို ဗွီဒီယိုလေးနဲ့ပါ တင်ပေးထားပါတယ်..




PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။


3 ယောက်ကဒီလိုမြင်တယ် to "JS ဖိုင်တွေ Google Site မှာ တင်ကြရအောင်"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts