ဝရံတာ၊ သံသရာစက်ဝန်းနဲ့ ကော်ဖီတခွက်



ကျေနပ်နေချင့်စဖွယ် နံနက်ခင်းတခုရတယ်။ ကော်ဖီနံ့တသင်းသင်း မစားရတာ ကြာပြီဖြစ်တဲ့ မုန့်ဟင်းခါးနဲ့၊ တီဗွီ အစီအစဉ်တွေ စက်ရပ် သတင်းတွေကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ အရသာ၊ အက်တာနက်ပါ ပိတ်ထားလို့ ဘာမှသိခွင့် မရတဲ့ အရသာ၊ မုန့်ဟင်းခါး နဲ့ ကော်ဖီရဲ့ အရသာပေါ်မှာပဲ စိတ်ကို စိုက်နှစ်ထားလိုက် ရတဲ့ အရသာ....။

တဘဝလုံး ဟာ ပြေးလွှားနေခဲ့တယ်၊ ကလေးလိုပြေးလွှား၊ ကျောင်းသားတစ်ယောက်လို့ ပြေးလွှား၊ လူငယ် တစ်ယောက်လို ပြေးလွှား၊ ကဗျာဆရာ တစ်ယောက်လို ပြေးလွှား၊ အိမ်ထောင်သည် တစ်ယောက်လို ပြေးလွှား၊အောက်ခြေ လူတန်းစားလို ပြေးလွှား၊ စီးပွားရှာတဲ့ ဆီသည်မ လက်သုတ်ပဝါ စကားလုံးအောက်မှာ ပြေးလွှား၊ ညီအကို မသိတသိ ညနေခင်းတွေမှာ ပြေးလွှား၊ တဂျုန်းဂျုန်း ခုတ်မောင်းနေတဲ့ အင်ဂျင်ကြီးတွေနဲ့ အပြိုင်ညလုံးပေါက် ညတွေ ပြေးလွှား၊ သားသမီးတွေ ပြေးလွှား၊ စိတ်ဇောအဟုန်တွေ ပြေးလွှား...။

နောက်ဆုံး ကော်ဖီ တစ်ငုံစာလေးကို မော့ချလိုက်တယ်။

မနေ့ကနဲ့၊ မနေ့တနေ့ကနဲ့၊ လွန်ခဲ့သော လအနည်းငယ်ကနဲ့၊ သိပ်မကွာပါဘူး။ တမြန်နှစ်ကနဲ့၊ လေး ငါး ခြောက်နှစ် လောက်ကနဲ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကနဲ့၊ အနှစ်နှစ်ဆယ် သုံးဆယ် ဘာကွာလို့တုန်း။ ဒါပဲ ဒီရုပ်ပဲ ဒီခန္ဓာပဲ မိစ္ဆာဒိဌိ လိုတွေးတယ်၊ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဟာ ဂျိုးတက်နေခဲ့ပေါ့၊ မောလှပြီ...။
ငါ နားချင်ပြီ၊ ငါ အပြေးရပ်ချင်ပြီ၊ ကိုင်း ငါခဏနားမယ်၊ ခုန စားခဲ့တဲ့ မုန့်ဟင်းခါးရဲ့ အရသာကို စားမြုံ့ပြန်မယ်.။

ကော်ဖီမွှေးမွှေးလေး အကြောင်းပြန်တွေးမယ်၊ မြည်နေခဲ့လျက် မကြားမိခဲ့တဲ့ ငှက်သံလေးတွေရဲ့ အသံကို ငါ နားစိုက်ထောင်မယ်၊ ငါ အပြေးခဏရပ်မယ်၊ နောက်တနာရီမှာ ငါ ဘာလုပ်နေမလဲ ဆိုတာမျိုးတောင် ငါ့ အတွေးထဲ အဝင်မခံတော့ဘူး..။

ငါ ထိုင်နေတယ်၊ ဝရံတာ ကလေးမှာ ငါ ထိုင်နေတယ်၊ မြစ်တခုနဲ့ မနီးမဝေးမှာ ငါ ထိုင်နေတယ်၊ အရှေ့တောင် အာရှ နိုင်ငံတစ်ခုရဲ့ မြို့တော်အစွန်အဖျား တနေရာမှာ ငါ ထိုင်နေတယ်၊ ငါ အေးအေးဆေးဆေး ထိုင်နေတယ်၊ ဘာရောဂါ အနာတရမှ ဖြစ်မနေသလို၊ ဘယ်လို ဘေးအန္တရာယ်မျိုးမှ မကျရောက်နိုင်တော့သလို၊ ဘာတစ်ခုမှ အရေးတကြီး ထလုပ်စရာ မလိုတော့သလို၊ ဘယ်အဖြစ်အပျက်မှ ကိုယ်နဲ့မဆိုင်တော့သလို၊ လေမုန်တိုင်းကြီးတွေ အကြောင်းမေ့လျော့ကာ ခု လက်ငင်းဒိဌမှာ ကိုယ့်အသားကို ကြည်စယ်ကလူလာတဲ့ လေညှင်းကလေးအပေါ် သာယာလျက်၊ ပန်းချီမောင်ဒီကို ဖြတ်ကနဲ သတိရလျှက်၊ မောင်းမကန်ကမ်းခြေကို သတိရလျှက်၊ ၁၉၉၀ မန္တလေး နန်းရှေ့နေ ကာလများကို သတိရလျှက်၊ ဖေဖေ လို့ မပီကလာ စ အခေါ်ခံရတဲ့ နေ့များကို သတိရလျှက်၊ ငါ ပြုံးလိုက်မိသလား၊ ပါးပြင်ကို လက်နှစ်ဘက်က ကိုင်စမ်းမိတယ်...။

ငါ တော်တော်ပြေးခဲ့ရတာ၊ ငါ မရပ်မနားပြေးခဲ့တာ၊ ငါဟာ ပြေးလွှားခြင်းနဲ့ အသားတကျ၊ ပြေးလွှားခြင်းဟာ ငါ့ဘဝ တလျှောက်လုံးမှာ ကပ်စေးနဲပင်ကအသီးလို ကပ်ပါနေတယ်၊ မောနေရက်နဲ့ မမောမပမ်းနိုင် ဆက်ပြေးနေရတယ်၊ သံသရာစက်ဝန်းကြီး တဝူးဝူူး လည်ပတ်နေသလို ငါဟာ ပြေးလွှားခြင်း စက်ဝန်းကြီးထဲမှာ တရစပ် လည်ပတ်နေရတယ်..။

အခုနက ကော်ဖီသောက်တယ်၊ မုန့်ဟင်းခါးက တော်တော်ကောင်းတယ်၊ လေပြည်လေးက ဝေ့ပတ်လို့၊ အိမ်ပေါ်က ဆင်းပြီး ခြေလှမ်း တစ်ရာ သာသာလောက်လှမ်းလိုက်တာနဲ့ မြစ်ကိုတွေ့နိုင်တယ် ဆိုတဲ့ အသိဟာ လူကို စိတ်ဖိစီးမှုဒဏ်က လျော့ကျစေတယ်၊ လေပြေကလေး တိုးတိုက်နေတဲ့ ငါ့ အသားဟာ အေးမြစပြုလာ၊ အရေပြားပေါ်က အအေးဓါတ်ဟာ ကိုယ်ထဲကို စိမ့်တိုးဝင်သွားတယ်၊ သွေးကြောမွှာလေးတွေက တဆင့် ခန္ဓာတခုလုံးကို အအေးဓါတ်တွေ ပျံ့နှံ့သွားတယ်၊ စိတ်အပြေးကို ရပ်လိုက်လို့ ငြိမ်သွားတဲ့ အငြိမ်းဓါတ်ကြောင့် နာမ်တရားလေးဟာ အပူရှိန်လျော့ကျလာတယ်၊ ရုပ်တရားနဲ့ နာမ်တရား တို့ရဲ့ ဆုံရပ်ဖြစ်တဲ့ ဟဒယ မှာ ကိုယ်တွင်း အအေးဓါတ်နဲ့ စိတ်အအေးဓါတ်တို့ ပက်ပင်းတွေ့ကြတယ်၊ ပေါင်းဖက်လိုက်ကြတယ်...။

ပူနွေးနေတဲ့ နှလုံးဟာ တဒုတ်ဒုတ် ပုံမှန်ခုန်ရင်း ကိုယ်အပူချိန်ကို လိုအပ်သလို ထိန်းညှိပေးနေလျှက်......

ဝရံတာ၊ မြစ်၊ မုန့်ဟင်းခါး၊ သံသရာစက်ဝန်းကြီး၊ လေညှင်းကလေး၊ ကော်ဖီမွှေးမွှေး၊ မောင်းမကန်ကမ်းခြေ၊ ကိုဒီ၊ မန္တလေးနန်းရှေ့၊ မုန့်ဟင်းခါး၊ ကပ်စေးနဲသီးလိုအပြေး၊ ငှက်ကလေး၊ ဝရံတာ၊ ကော်ဖီမွှေးမွှေး၊ သံသရာစက်ဝန်းကြီး၊ လေညှင်းကလေး၊ ကော်ဖီမွှေးမွှေး၊ မောင်းမကန်ကမ်းခြေ၊ လေညှင်းကလေး။ ။


ခင်အောင်အေး

၆၊ စက်တင်ဘာ ၂၀၀၉


1 ယောက်ကဒီလိုမြင်တယ် to "ဝရံတာ၊ သံသရာစက်ဝန်းနဲ့ ကော်ဖီတခွက်"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts