စိတ်ကုဆေးရုံကို ရောက်ခဲ့စဉ်က ဆိုလို့ ကိုလင်းထက် တစ်ယောက် စိတ္တဇဆေးရုံတက်ဖူးတယ် လို့တော့ အထင်တော် မလွဲလိုက်ကြပါနဲ့ဗျာ..
ညက ရုပ်ရှင် ကြည့်ရင်း ရုပ်ရှင်ထဲမှာ ဆရာဝန်က စိတ္တဇဝေဒနာရှင် တစ်ယောက် ကို မေးမြန်းနေတုန်း လူနာက သူ့မျက်လုံးကို သူ့ဖာသာ စားပွဲပေါ်က ဘောပင် နဲ့ ထိုးဖောက် လိုက်တာ ကြည့်ရင်းနဲ့ ကျွန်တော် အရင်က ရန်ကုန်မြို့ မရမ်းကုန်း နားက စိတ်ကုဆေးရုံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ခဲ့ ဖူးတာကို သတိရပြီး ပြုံးမိလို့ ပြန်ရေးလိုက်တာပါ..။
ပထမ တစ်ခေါက်ကတော့ ရပ်ကွက် ထဲက ယဉ်ယဉ်လေး စိတ်ဝေဒနာ ခံစားနေရတဲ့ သူကို အိမ်ကို မီးရှို့မယ် လုပ်လို့ သွားပြီးကူညီလိုက်ပို့ တုန်းကပါ..
အဲဒီနေ့က အဲဒီလူကလဲ အတော်ကြမ်းနေတော့ အိမ်သားတွေ မနိုင်တာနဲ့ ဝိုင်းကူဖမ်းချုပ်ပြီး ကားနဲ့ သွားပို့ကြတာပါ သူကလဲ နှစ်ခေါက် သုံးခေါက်လောက် ရောက်ဖူးတယ် ခင်ဗျ..
တစ်လမ်းလုံး လဲကြိမ်းမောင်း ဆဲဆို လာလိုက်တာ ဆိုတာ လိုက်ပို့တဲ့ သူတွေ အတော်လေး အခံရခက်ပေမယ့် စိတ်ဝေဒနာ ခံစားနေရတာပဲလေ ဆိုပြီး ကြိတ်မှိတ် သည်းခံပြီး လာလိုက်တာ အောင်မယ် ဆရာက မရမ်းကုန်း လမ်းဆုံ လောက်လဲ ရောက်ကော စပြီး ငြိမ်လာတယ် ငြိမ်တယ် ဆိုတာ လူနဲ့ ပါးစပ် သာငြိမ်တာပါ မျက်လုံး က ကျီးကန်းတောင်းမှောက် ပတ်ဝန်းကျင် ကို လျှောက်ကြည့်နေတာ..
ဆေးရုံနား ရောက်လာလေ ငြိမ်လေပဲ ဆေးရုံ ဝင်းတံခါး ဝလဲ ရောက်ကော..
ရှေ့က ကားမောင်းလာတဲ့ သူ့ အကိုဖြစ်သူကို
“အကို ဘာလာလုပ်တာလဲ ဒီကို အိမ်ပြန်ကြရအောင်ဗျာ”
အကိုဖြစ်သူက ဘာမှ ပြန်မပြောတော့လဲ သူက ခပ်တည်တည် ပဲ အေးဆေး ငြိမ်သက်လို့ လွန်ခဲ့တဲ့ နာရီဝက်လောက်က သူပဲ မဟုတ်သလိုလို နဲ့..
ဒီလိုနဲ့ အရေးပေါ်လူနာလက်ခံ ရာလို့ပဲ ပြောရမလား မသိ အဆောက်အဦးလေး တစ်ခု ကိုရောက်သွားပါတယ်..
အဲဒီမှာ စိတ်ကုဆေးရုံ ဖွဲ့စည်းပုံက ကားလမ်းဘေးမှာ ဝင်းအုတ်တံတိုင်း တစ်ခု အဲဒီပထမ ဝင်းအုတ်တံတိုင်း ထဲမှာမှ ကားရပ်ဖို့နေရာတွေရယ် လူနာလာပို့တဲ့ သူတွေ စားသောက်ဖို့ လဘက်ရည်ဆိုင် စားသောက်ဆိုင်တွေရယ် လူနာလက်ခံစမ်းသပ် ဖို့ ဆေးခန်းလေးလို မျိုး အဆာက်အဦး တစ်ခုရယ် အဲဒါတွေ ရှိတယ် ..
နောက်တော့မှ နောက်ထပ် ဝင်းအုတ်တံတိုင်း တစ်ခု ဂိတ်မကြီးမှာ အစောင့်တွေနဲ့ အဲဒီလမ်းကလေး အတိုင်းဝင်သွားရင် ဘေးဘက်တွေမှာ စိတ်ဝေဒနာရှင်တွေ ကိုထားတဲ့ အဆောက်အဦးတွေ ဘေးဘယ်ညာမှာ တန်းစီလို့ပေါ့လေ...
အဲဒီလိုနဲ့ လူနာလက်ခံရာအဆောက်အဦးလေးထဲ ရောက်သွားအပြီးမှာ ချထားပေးတဲ့ ခုံတန်းလေးတွေ မှာ ဝင်ထိုင်လိုက် ကြပါတယ်.. လူလဲ အတော်အတန် ရောက်နှင့် နေကြလေရဲ့..ဒီလိုနဲ့ အူကြောင်ကြောင် နဲ့ဝင်ထိုင်နေကြတုန်း ဘေးက လူတစ်ယောက်က ကွက်ကြည့်ကွက်ကြည့်နဲ့ ကျွန်တော်တို့ အုပ်စုကို ကြည့်နေရင်း က မနေနိုင်တော့တဲ့ ပုံနဲ့..
“ဟေ့ ဒီက ညီလေးတို့ တိုကင် ယူပြီးပြီလား”
“မယူရသေးဘူး အကို တိုကင် ယူရအုံးမှာလား ဘယ်မှာယူရမလဲ ခင်ဗျ”
လူနာရဲ့အကိုဖြစ်သူက ပြန်မေးလိုက်ပါတယ်..
“ဟိုအခန်းလေး ထဲမှာ နပ်စ်မ ရှိတယ် သူ့ကိုသွားအကြောင်းကြားပြီး တိုကင် ယူလိုက်”
လူနာရဲ့အကိုဖြစ်သူလဲ ကျေးဇူးတင် စကားတွေ အထပ်ထပ် ဆိုရင်း တိုကင် သွားယူလိုက်ပါတယ်..
အဲဒီဖြစ်ရပ်တွေကို ရောက်နှင့်နေသူ တွေက ကြည့်ပြီး အားလုံး ပြုံးစိ ပြုံးစိ လုပ်နေလို့ ..
အော်ငါတို့ ဆေးရုံမှာ တိုကင်ယူရကောင်းမှန်း မသိလို့ ပြုံးတယ် လို့ပဲ ထင်လိုက်မိပါတယ်..
ခဏလောက် အကြာမှာပဲ..
နပ်စ်မ တစ်ယောက် ထွက်လာပြီး လူနာအမည် နဲ့ခေါ်ပါတော့တယ်.
“ကိုဝင်းမောင် ရှိလား အလှည့်ရောက်ပြီ”
“ဟုတ်ကဲ့ ဆရာမ ရှိပါတယ် မတွေ့တာတောင် အတော်ကြာပီနော် နေကောင်းလား ”
အဲဒီလို အလာပသလာပ တွေ ပြောပြီး ဘေးမှာ အစောင့်အရှောက်နဲ့ ထသွားသူကတော့ ကျွန်တော်တို့ အုပ်စုကို တိုကင်ယူဖို့ ညွှန်ကြားခဲ့သူ ကိုယ်တော်ချော ပါပဲ ဒီတော့မှ ရောက်နှင့်နေသူတွေ ဝိုင်းပြီး ပြုံးစိ ပြုံးစိ ကြည့်တဲ့ အဖြစ်ကို ရိပ်မိပါတော့တယ်..
ဝေဒနာသည်က ပြန်ပြီးတိုကင် ယူဖို့ ပြောခံရတဲ့ အဖြစ်ကိုးဗျ အေးလေ ပြောခံရလဲ တတ်နိုင်ဘူး ကိုယ်တွေ မှ မရောက်ဖူးတာ ဝေဒနာ ရှင်ရဲ့ အကိုကလဲ ရောက်ဖူးရုံပဲ ရှိတယ် အရင်က သူ့အဖေအမေ တွေပဲ အထဲဝင်တာကိုး သူက အမြဲ လဘက်ရည်ဆိုင်မှာ ထိုင်ထိုင် ကျန်ခဲ့တယ် ဆိုပဲ...
ဒီလိုနဲ့ ကျွန်တော်တို့ အလှည့် ကိုရောက်ပါပြီ လူနာရယ် သူ့အကိုရယ် ကျွန်တော်ရယ် အထဲ ဝင်သွားလိုက်ကြတယ်..
အထဲ ရောက်တော့ ဆရာဝန်က လူနာမှတ်တမ်း ကိုဖတ်ပြီး
“ ကဲ ဘာဖြစ်လဲပြောပါအုံး”
လို့လဲ မေးလိုက်ကော
“ကျွန်တော့် အကိုပေါ့ ဆရာ နဲနဲ ဟိုဟာ ဖြစ်နေလို့လေ” သူက လျှို့ဝှက်စကား ပြောနေသလို ဆရာဝန် ဘက်ဆီကို ဦးခေါင်းကို ညွတ်ကိုင်းပြီး မျက်ရိပ် မျက်ကဲ ကလဲ ပြသေး လက်ကလဲ ဦးခေါင်း နားထင်နား လက်ညိုးလေး ကို အသာရစ်ပြလို့ အဓိပ္ပာယ် က သူ့အကို ဦးနှောက် မကောင်း လို့ပေါ့လေ ဆရာဝန်ကို တီးတိုးပြောနေလေရဲ့..
ကျွန်တော် အသားကုန် ရယ်ချင်သွားတယ် ဆေးရုံလာပို့တဲ့ အကိုဖြစ်သူကိုပဲ ရူးနေတယ် ဆိုပြီး ဆရာဝန်ကို ဝေဒနာရှင်က အရင်သွားတိုင်နေတာကိုး ..သူ့အကိုဖြစ်သူကို ကြည့်လိုက်တော့လဲ မျက်နှာကြီးနီရဲနေပြီး အတော်လေးကို ဒေါသဖြစ်သလို ရယ်ချင်သလိုနဲ့ မအီမလည် ဖြစ်နေတဲ့ ရုပ်..
“အဲဒါ ဆရာရယ် သူက ကားအရမ်းမောင်း ချင်တယ် မဟုတ်လား ဒီတော့ ကားပတ်မောင်းရအောင် ဆိုပြီး ဒီကို ခေါ်လာတာပါပဲ ဆရာရယ်”
ပြောပြီး မောသွားဟန်ဖြင့် စကားကို ရပ်နားလိုက်တဲ့ လူနာဖြစ်သူကို ကြည့်ပြီး ဆရာဝန်ကလဲ ပြုံးစိ ပြုံးစိ
နောက်တော့ အကိုဖြစ်သူ ရှင်းပြသမျှ နားထောင်ပြီး ဆရာဝန်က မှတ်ချက်ရေး လိုအပ်တဲ့ စာရွက် စာတမ်းတွေ လုပ်ပြီးသကာလ ဆရာဝန်က လူနာဖြစ်သူ ဝေဒနာရှင် လက်ထဲ စာရွက် စာတမ်းတွေ ထိုးထည့်ပေးပြီး ..
“ ကဲ ဒီစာရွက်တွေ ယူပြီး မင်းအကို ကို ထားရမယ့် ဆေးကုသဆောင် ကို လိုက်ပို့လိုက် ဟုတ်ပြီလား”
လူနာကလဲ စိတ်မကောင်းတဲ့ ပုံနဲ့
“ဟုတ်ကဲ့ပါ ဆရာ ကျွန်တော့်အကိုကို အကောင်းဆုံး ဖြစ်အောင်သာ ကုသပေးပါ ဆရာရယ် ဆရာတို့ကို အားကိုးပါတယ်”
ဆိုပြီး စာရွက်တွေ ကိုင်လို့ရှေ့က သုတ်သုတ် သုတ်သုတ် နဲ့ ထွက်သွားတယ်...
ဒီတော့မှ ဆရာဝန်က ကျွန်တော် တို့ကို မျက်စိမှိတ်ပြပြီး ..
“သူ့ကို နေမကောင်းဘူး ပြောရင် ဆေးရုံဝင်းထဲ ခေါ်သွားဖို့ ညီအကို တို့ အလုပ်ရှုပ်ကုန် လိမ့်မယ် သူက ကြမ်းချင် ထကြမ်းနိုင်တယ်လေ ဒီတော့ ဒီလိုပဲ သူ့အလိုက်အထိုက်လေး နဲ့ လုပ်ရတာပေါ့ နောက်က ဆေးရုံဝန်ထမ်း တစ်ယောက် လိုက်ပို့ပါလိမ့်မယ် ”
ဒါနဲ့ပဲ ဆေးရုံဝန်ထမ်း ခေါ်ဆောင်ရာ နောက်ကို လိုက်လာခဲ့ ကြတယ် နောက်တော့ ဆေးရုံဝင်းထဲ ရောက်လူနာလက်ခံတဲ့ နေရာရောက်တော့မှ ဆရာဝန်ကို စာရွက်စာတမ်းတွေ ပေးပြီး ဆေးရုံဝန်ထမ်းက ဝေဒနာရှင် ကို ..
“ကဲ ဒီမှာ ခဏစောင့်နေအုံးနော် ဒီလူတွေကို ထားမယ့် အခန်းလိုက်ပို့လိုက်အုံးမယ် စိတ်မပူနဲ့ ဟုတ်ပြီလား”
ကိုယ်တော်ချောကလဲ
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော့် အကိုကို ကောင်းကောင်း စောင့်ရှောက်ပေးကြပါဗျာ ”
လို့တောင် မှာတမ်း ချွေလိုက်သေး..
အဲဒီလိုနဲ့ ဝေဒနာရှင် ကိုသူ့အလိုက်အထိုက် လိုက်ပြီး မလှိမ့်တပတ် နဲ့ ဆေးရုံမှာ ထားခဲ့ ပြီး အပြန်လမ်း တစ်လျှောက်မှာ တစ်ကားလုံး ရယ်လိုက်ရတာ ဆိုတာ ဗိုက်တွေ တောင် အောင့်သဗျာ..။
နောက်တစ်ခေါက်ကတော့ သငေ်္ဘာ လိုက်ဖို့ စလုပ်ခါစ ဆင်မလိုက်ကရေကြောင်းပညာသိပ္ပံ မှာ ဖိုးတိကက် လို့ခေါ်တဲ့ သင်တန်းတက်ဖို့ အရေး ကို ဆေးစစ်ရမတဲ့လေ ဆေးစစ်တာက ဟုတ်ပါပြီ သူတို့က အပြင်မှာလဲ မစစ်စေချင်ဘူး လူတွေ ရူးမရူး နဲ့ မူးယစ်ဆေး သုံးမသုံး လဲ သိချင်တယ် ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စိတ်ကုဆေးရုံမှာ သငေ်္ဘာသား အသစ်စက်စက်လေး တွေအတွက် ဆေးစစ်ဌာန လုပ်ထားလေရဲ့..
အဲဒီလို နဲ့ပေါ့ဗျာ သူချိန်းထားတဲ့ နေရာ ကိုယ်ကစောင့်ရမှာ ဆိုတဲ့ ကိုင်ဇာ ရဲ့ သီချင်းအတိုင်း မနက်စောစော စိတ်ကုဆေးရုံ ဝင်းတံခါးဂိတ်မှာ လွယ်အိတ်လေး တွေ ဖိုင်လေးတွေ လွယ်လို့ ကိုင်လို့ သနားကမားရုပ်ကလေးတွေနဲ့ သငေ်္ဘာသားလောင်း လေးတွေ မနက်စောစော တန်းစီနေကြပါပြီ..
ဆေးရုံဝင်းထဲ လာတဲ့ သူတွေကလဲ ဒီကောင်လေးတွေ ဘာလဲ ပေါ့ ကွက်ကြည့် ကွက်ကြည့်နဲ့ ဟိ ဟိ..
အဲဒီမှာ ကျွန်တော် နဲ့ ကုမ္ပဏီ တူတူ သင်တန်း လျှောက်တာခြင်းလဲ တူတူ ဖြစ်တဲ့ ဘော်ဒါ တစ်ယောက်လဲ ပါပါတယ် နှစ်ယောက်ဆိုတော့ နဲနဲ အားရှိတာပေါ့ဗျာ ဟဲ ဟဲ နို့မို့ဆို ကြောင်တောင်တောင် နိုင်လိုက်မယ့်ဖြစ်ခြင်းဆိုတာ..
ခဏလောက် လဲနေရော ရုပ်ကို တမင် အပေါက်ဆိုးအောင် လုပ်ထားပုံ ရတဲ့ မျက်နှာ ရှစ်ခေါက်ချိုး နဲ့ လူတစ်ယောက် ဝင်းတံခါး ဝကို ရောက်လာပြီး နာမည်တွေ ခေါ်ပါတော့တယ် နာမည် မခေါ်ခင် မှာတမ်းက အရင်ချွေသေးသဗျ.
ခင်ဗျားတို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တစ်ပါတည်း ပါမပါ စစ်ပါ.။
နာမည်ခေါ်ရင် ဟုတ်ရှိပါတယ်ခင်ဗျ လို့ထူးပါ..။
ပြီးရင် စာရွက်စာတမ်း နဲ့ အမျိုးသားမှတ်ပုံတင် ကို တစ်ခါတည်းထုတ်ထားပြီး ဂိတ်ပေါက်ထဲ ကိုဝင်ပါ..။
(တော်သေးတယ် သငေ်္ဘာသားဆိုတော့ အမျိုးသားချည်းဖြစ်နေလို့ တကယ်လို့များ အမျိုးသမီးဆိုရင် မိန်းမဖြစ်ပြီး အမျိုးသားမှတ်ပုံတင်ပဲ ရှိရလားဆိုပြီး ရစ်ချင် ရစ်နေမှာ)
နာမည် မပါသော သူများ စောင့်ပါ အချိန်ရလျှင် ဒီကနေ့ အပြီးစစ်ပေးပြီး အချိန်မရလျှင် နောက်နေ့ တန်းစီဇယားတွင် ထည့်ပေးမည်..။
အဲဂလိုဗျလူလေး အယောက်နှစ်ဆယ် လောက်ကိုတောင် နှစ်ရက်ခွဲ ပြီးစစ်ချင်သဗျ ဒါက သူတို့ရဲ့ နည်းဗျူဟာပါ အဲဒီလို မဖြစ်ချင်ရင် လက်သိပ်ထိုးလေး နာမည်စာရင်းထဲ ပါအောင် ထုံးစံ အတိုင်းလေး တွေ လုပ်ပေးရတယ် ဒါပေမယ့် ဒါက ဖိန့်ဖိန့်လေ ကြောက်တဲ့ သူတွေက ပေးပေါ့ ကျွန်တော်တော့ အားမပေးလို့ မပေးဘူး နောက်တော့လဲ ဆယ်ယောက်ဆယ်ယောက် စီ အထဲရောက်သွားတာပါပဲ..
ကျွန်တော်နဲ့ သူငယ်ချင်းလဲ ကံကောင်းထောက်မ စွာ ပထမ အသုတ်ထဲ ပါသွားတော့ ပိုပြီး မပေးချင်ဘူးပေါ့ ကျန်ခဲ့တဲ့ ၁၀ ယောက်ကတော့ ကြောက်လန့်ပြီးလဘက်ရည်ဖိုး စမူဆာဖိုး ပေါက်စီဖိုးနဲ့ စီးကရက်ဖိုးတွေ စုပေါင်းပြီး ထွက်သွားလေရဲ့ ဒါက နောက်တော့ သူတို့ ပြန်ပြောပြတာပါ..
အမှန်ကတော့ SECD သငေ်္ဘာသားရုံးက ဖောင်တင်တဲ့ နံပါတ်အလိုက် လူစာရင်း စီပြီး ပို့လိုက်တာ အဲဒါကို သူတို့က ၁၀ ယောက်စီ ခွဲခေါ်ပြီး နဲနဲ ခြောက်လှန့်လိုက်တော့ နောက်နေ့ထပ်မလာချင်သူ စာရင်းထဲ နောက်ရောက်နေသူများ ကြောက်လန့်ပြီး ဟိုဟို ဒီဒီဖိုးတွေ ထွက်သွားတာပါပဲ..။
ဒီလိုနဲ့ ပထမ အသုတ် ကျွန်တော်တို့ ၁၀ ယောက် မျက်နှာထားဆိုးဆိုး လူနောက်က တန်းစီပြီး ဝင်းထဲက ကားလမ်းလေး အတိုင်းလျှောက်လာ ကြရောပေါ့ဗျာ..လူတွေက ဒီထဲကို မရောက်ဖူးတော့ ဟိုကြည့်ဒီကြည့်ပေါ့ အထူးအဆန်းကိုး ဆေးစစ်မယ့် နေရာကလဲ ဟိုးဆေးရုံဝင်း နောက်ဆုံးနား မှာဗျ အဲလို လျှောက်လာကြရင်း အဆောက်အဦး တစ်ခုထဲ က ကောင်မလေး ချောချောလှလှလေး တစ်ယောက် ထွက်လာတယ် ဆံပင်လေး ကလဲ ခါးကျော်ပြီး တင်ပါးဖုံးတဲ့ အထိ ဆံ၏ကောင်းခြင်းနဲ့ ပြည့်စုံလေရဲ့...။
သငေ်္ဘာသားပေါက်စတို့လဲ မသိမသာတစ်မျိုး သိသိ သာသာ တစ်မျိုး အစွမ်းကုန် ငမ်းကြလေသတည်း ပေါ့ဗျာ..
အဲဒီ မဒီလေးကလဲ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ လူကို နှုတ်ဆက်ပြီး သကာလ ကျွန်တော် တို့အုပ်စုနဲ့ တစ်ပါတည်း လိုက်လာတယ်..
ကျွန်တော်တို့ အုပ်စုလဲ ဘာလဲ ဘယ်သူလဲ ဆရာဝန်မလား နပ်စ်မလား လားပေါင်းများစွာနဲ့ ငမ်းလာကြတာပေါ့ဗျာ..။
အဲဒီအထဲမှာ ကျွန်တော့ ဘော်ဒါက အဆိုးဆုံးဗျ ကျန်တဲ့ သူတွေ တော့ မသိဘူး ကျွန်တော်ကတော့ အရုပ်ကလေး တစ်ရုပ်လှလို့ ငမ်း အဲလေ ကြည့်သလိုမျိုးလောက်ပါပဲ ဘာလို့ဆို ကျွန်တော့်မှာက နံပါတ်ချိတ်ထားပြီးသားကိုးဗျ အဲ ဟိုငတိ ကတော့ နံပါတ် မချိတ်ရသေးတော့ တွေ့သမျှ ထန်းတော ငါ့ထန်းတော လို့ သဘောထားပြီး နံပါတ်ချိတ်ဖို့ ကြိုးစားချင်နေတော့ သူ့မှာ နေမထိ ထိုင်မသာ တွေ ဖြစ်နေတာ..
ကျွန်တော့် ကိုလဲ ပြောလိုက်တာတွေ စုံလို့
“ငါတော့ စွဲလန်းသွားပြီ ကိုလင်းရာ ဘယ်လိုလုပ်ရမလဲ မသိ ဒီနေရာကလဲ နေ့တိုင်းလာလို့ ကောင်းတဲ့ နေရာ မဟုတ် အမျိုးထဲက တစ်ယောက်ယောက် ဒီမှာ ဆေးရုံလာတက် နေလဲ ကောင်းသား သတင်းမေး ဆိုပြီးလာလို့ ရတာပေါ့ ”
ဆိုပြီး အမျိုးဂုဏ် ကိုတောင် သူက မြှင့်တင်နေချင်သေးတယ် သူ့ကြောင့်ပဲအမျိုးထဲက လူတစ်ယောက်ယောက် ရူးပြီးဒီကို လာဆေးရုံတက်ပေးရမယ့်ပုံ..
ဒီလိုနဲ့ ဆေးစစ်မဲ့ နေရာ ရောက်တော့ ကောင်မလေးက စာရွက်စာတမ်း ဖိုင်တွေ လုပ်နေတာ တွေ့တော့ .
“ဟေ့ ကိုလင်းသေချာပြီကွ နပ်စ်မလေး ဖြစ်မယ်”
ဆိုပြီး မျက်လုံးက ခေါတော တစ်ထောင်အားလောက်နဲ့ ကောင်မလေးကို ကြည့်နေလိုက်တာများဗျာဘေးကကျွန်တော်တောင် ကောင်မလေး အစား အတော်လေး အနေရအထိုင်ရ ခက်တယ် တစ်ကယ်..။
အဲလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ဆရာဝန်ကို ဝင်တွေ့ သူတို့မေးတာတွေ ဖြေ မေးခွန်းစာရွက်တွေ ဖြေပေါ့ဗျာ.. မေးခွန်းစာရွက်ထဲမှာက စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေပေါ့ လူအများနဲ့နေတာ နှစ်သက်သလား တစ်ယောက်ထဲ ဆို ဘာတွေလုပ်လဲ ဘာညာ အများကြီးပါပဲ အဲဒါတွေ ဖြေရတာလဲ အတော်လေးတော့ အကြောင်သားဗျ မေးခွန်းတွေက ဝေ့လည်ကြောင်ပတ် ဖြစ်သလို မတော်မှားဖြေမိရင်လဲ ကိုယ့်ကို တစ်ခါထဲ အရူးလက်မှတ် ပေးလိုက်နိုင်တယ်လေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ဖို့ကလဲ တော်ကြာ ကိုယ်ကြည့်လိုက်တဲ့ တစ်ယောက် ရူးနေလို့ပဲ ဖြစ်ဖြစ် ပေါက်ကရ မှားဖြေလိုက်ရင်ပဲ ဖြစ်ဖြစ် ကိုယ်ပါ အမှုတွွဲသွားနိုင်တော့ မကြည့်ရဲဘူး...
ကဲ စာရွက်တွေ နဲ့ ဖြေပြီး သွားတော့ စားပွဲပေါ်က ပုလင်းလေး တစ်လုံး လှမ်းပေးတယ် ကိုယ့်နာမည် နဲ့ ဖိုင်နံပါတ်လေး ကို စာရွက်လေးနဲ့ ကပ်ထားလို့ ..
“ဟိုဘက်က အခန်းလေးထဲ မှာ ဆီးထည့်လာခဲ့ပါ”
ကျွန်တော်တို့ကို စိတ်မှန်မှန်တင်မကဘူး မူးယစ်ဆေး သုံးမသုံးကို ပါ စစ်တာပါ ဒါကြောင့် ဆီး နမူနာ အတွက် ပုလင်းလေး တွေနဲ့ ဆီးကို ယူဖို့ ဟိုဘက်က အခန်းလေးထဲ သွားခိုင်းတာပါ...
ဟိုဘက်က အခန်းလေး ဆိုလို့ နံရံတွေနဲ့ တစ်ကယ့် အိမ်သာလို့ မအောက်မေ့လိုက်ပါနဲ့ လိုက်ကာလေးနဲ့ ကာထားတဲ့ အခန်းလေးပါ လိုက်ကာ ဆိုတော့လဲ အောက်ပိုင်းက ဘယ်လိုဖြစ်ဖြစ် ကြမ်းပြင်နဲ့က လွတ်နေတာပါ..။
အဲ အိမ်သာကိုလဲ ကြည့်ပါအုံးအဲဒီ လိုက်ကာကာထားတဲ့ အခန်းလေးရဲ့ အလည်တည့်တည့်မှာ အရှေ့တိုင်းဆန်ဆန် ဆောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာပါ အဲဒီတော့ ဘယ်လိုလုပ်ရမလဲ မတ်တပ် ကြီးကြပြန်တော့လဲ ပုလင်းလေးက ပင်နယ်စလင် ပုလင်း ထွက်သမျှ ဟာတွေကို ဘယ်လိုနည်းနဲ့မှ အကုန် မထည့်နိုင် ဒါဆို ဘေးတွေ အကုန် မီးသတ်ပိုက်နဲ့ ဖြန်းသလို ဖြစ်ကုန်မယ် ဆောင့်ကြောင့်လေး ဆိုရင်တော့ ပုလင်းထဲ ထည့် ပြီးရင် ဆက်ပြီး ပိုတာတွေ အိမ်သာထဲ လွှတ်လိုက်ရုံပဲ အဲဒါပေမယ့် အပြင်က လူတွေ ခြေထောက်တွေ လျှောက်သွားနေတာလေး ကြည့်ရင်းနဲ့ပေါ့ ဟီ ဟိ..။
ဒီလိုနဲ့ လူတစ်ကိုယ် အဖြစ် တစ်မျိုးတွေနဲ့ ပေါက်ကြပါပြီဗျာ..
သုံးလေးယောက် က လုံးဝမထွက်လို့ အပြင်ထွက် ရေဗူး ထဲက ရေတွေ အကုန်မော့သောက်ပြီး ကြိုးစားနေကြလေရဲ့..
တစ်ချို့ကလဲ များလွန်းလို့ ဘရိတ်မအုပ်နိုင်ပဲ ပုလင်းတွေ လျှံကျ လိုကျ..
တစ်ချို့ကလဲ ရှေ့ကလူတွေ ပုလင်းတွေ စိုကုန်လို့ ဆရာမ က ပူညံပူညံလုပ်တာကို ကြည့်ပြီး နည်းပညာ အသစ်နဲ့ အရင်ထုတ်လိုက်တယ် နောက် ပြီးခါနီး မှ ပုလင်းထဲ ကိုထည့်တော့ ပုလင်း ဖင်ကပ် လောက်ပဲ ရလို့ နောက်တစ်ကြောင်း ထပ်ညှစ်ဖို့ ကြိုးစားသူက ကြိုးစား ဟား ဟား အတော် လေးကို ကကျိုးကဂျောင် နိုင်လှပါတယ်..
ကျွန်တော်လား ကျွန်တော်တော့ ကပ်ထားတဲ့ စာရွက် ပြန်လဲ လိုက်ရတယ် ဒီလောက်ဆို ဘယ်ထဲ ပါသွားလဲ သဘောပေါက်တော့ ထပ်မမေးနဲ့တော့နော်
အဲဂလိုနဲ့ အားလုံး ပြီးလို့ ပြန်ထွက်လာတဲ့ အချိန်မှာ ဘော်ဒါ ဖြစ်သူကကောင်မလေး နားရစ်သီ ရစ်သီလုပ်ပြီးအဆက်အသွယ် ရဖို့ ကြိုးစားနေလေရဲ့..
အဲဒီအချိန်မှာပဲ
“ဒေါင်... ဒေါင်... ဒေါင်”
ခေါင်းလောင်းသံတွေ ကြားလိုက်တယ်.
ဆရာဝန်လုပ်သူက ကျွန်တော့်သူငယ်ချင်းငမ်း နေတဲ့ ကောင်မလေး ကို ကြည့်ပြီး .
“နေခြည်ရေ ထမင်းစား ခေါင်းလောင်း ခေါက်နေပြီ အဆောင်ပြန်တော့ လာကူတာကျေးဇူးနော် ထမင်းစားပြီးရင်လဲ ဆေးသောက်ဖို့ မမေ့နဲ့အုံး”
ဆရာဝန်ရဲ့ စကားအဆုံး ကောင်မလေး လှည့်ထွက်သွားပါတယ်.
ဆရာဝန်က ကျွန်တော်တို့ကို ရှင်းပြတာက ကောင်မလေး ဟာဆေးကျောင်းသူလေး ပါတဲ့ စာတွေ ကျက်ရင်း စိတ်ဂယောက်ဂယက် ဖြစ်သွားလို့ ဒီမှာ လာဆေးကုနေရခြင်း ဖြစ်ပြီး အခုအတော်လေး ကောင်းသလောက် စိတ်ငြိမ် သွားပြီးဖြစ်လို့ အခုလိုပဲ အကူအနေ နဲ့လာလာပြီး ကူညီနေတာ ဖြစ်ကြောင်း အဲဒီလိုပဲ စိတ်အတော်ပြန်ကောင်းနေတဲ့ သူတွေ ကို သူ့လုပ်ဆောင်နိုင်စွမ်းကို ကြည့်ပြီး ဆိုင်ရာ ဆိုင်ရာ အလုပ်များ ပေးထားကြောင်း လာရာလမ်းတစ်လျှောက် မှာ အပြင်မှာ အလုပ်လုပ်နေသူတွေ ဟာဒီလိုလူတွေ ဖြစ်ကြောင်းရှင်းပြတော့..
“ဟေ့ ကိုအောင် မင်းကောင်မလေး ကိုဒီလောက် ချစ်သွားတာကွာ နောက်ပြီး ကောင်မလေးက မျိုးကောင်းရိုးကောင်း ပညာတတ်လေးကွ ဆေးကျောင်းသူလောင်းလေး ဒီဆရာဝန်ကိုပဲ မင်းရင်ဖွင့်ပြီး ကောင်မလေးနဲ့ နီးစပ်အောင် ကြိုးစားပါလား ဘဝတစ်သက်တာ စောင့်ရှောက်ပါရစေပေါ့ တစ်ကယ်လို့ မင်းလက်ထဲရောက်ပြီး စိတ်မဖောက်တော့ဘူးဆိုရင်တော့ ရွှေ ပဲမောင်ရင် ဘယ်နှယ့်လဲ.”
ကျွန်တော့်သူငယ်ချင်းပြန်ပြောတာကတော့..
“@#'+*"$&%?ß\=*”
ပါတဲ့ဗျား...။

Monday, March 2, 2009
//
အမ်ိဳးအစားက:
Comdey
//
13
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
13 ယောက်ကဒီလိုမြင်တယ် to "စိတ်ကုဆေးရုံသို့ရောက်ခဲ့စဉ်က"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
Anonymous says:
အဟီ တော်သေးတာပေါ့ဗျာ ကိုယ့်ဆရာကို အရူးဆိုပြီး ဆွဲမထည့်လိုက်တာ ကံကောင်းတာပေါ့။ ဆရာတို့ကံကောင်းလို့ မိန်းကလေးနဲ့တွေ့တာပါဗျာ ကျနော်တို့ တုန်းကဆို ဘယ်ကောင်က ကျပ်လိုက်တာလဲ မသိဘူးဗျာ။ ဆီးတင်မဟုတ်ဘူး မစင်ပါ စစ်မယ်ဆိုလို့ အတော် တိုင်ပါတ်ကျတာဗျ။ မစင်က ဆေးရုံရောက်မှ ထုတ်ရမယ်ဆိုလို့
ဗျာ ပြောခြင်တော့ပါဘူး။ ဆီးကျတော့လဲ ဆီးဖြူအောင် သောက်လိုက်ရတဲ့ ရေနွေးနဲ့ ရေ ဗိုက်ကိုကယ်ရောဗျာ။ ပြီးတော့
စာစစ်လဲ လုပ်သေးတယ်ဗျာ။ နောက်ကျတော့လဲ မင်းတို့ အလှုငွေထည့်ရင် ဆေးစစ်တာ မကျစေရဘူး မထည့်ရင် ကျမယ်လုပ်တာဗျား။ အနည်းဆုံး ၂၀၀ထည့်မှတဲ့ဗျ။ အဲလိုဗျို့
စာစစ်မေးခွန်းတွေကလဲ ရူးခြင်စရာတွေဗျ။ အဲဒီမှာလဲ ထိုနည်းလည်းကောင်းပေါ့ဗျာ။ ပို့စ်လေးဖတ်ပြီး ရယ်လဲရယ်ရ
အဖြစ်လေးတွေလဲ သတိရသဗျာ။
အိုင်လွယ်ပန် says:
ဗဟုသုတရတယ်အစ်ကိုရေ :P
ကောင်လေး says:
တူတော်မောင် လည်းဦးရီးတော် နည်းတူ ထည့်ခဲ့ရသေးတယ်ဗျာ..။ :-) တံတားလေးမှာတော့ ဟုတ်ဘူး..။
ရွာသာကြီး ဖြစ်သွားပြီ...။
BLACK DREAM says:
နေရာခြင်းသာလဲလိုက်ခြင်တယ်..။ နေရာခြင်းသာလဲလိုက်ချင်တယ်..။ :P ဟိ..။ ကျွန်တော်သာဆိုလို့ကတော့ (ပြန်မပြောနဲ့နော် အဟီး :D ) ..။ ရေးလည်း ရေးတတ်ပါပေါ့အစ်ကိုရာ...။ အင်း..။ ကျွန်တော်ကလည်း အချိန်ကောင်းလေး ဖတ်လိုက်မိတယ်...။ ထမင်းစားနေရင်းနဲ့လေ ဟီ ဟိ..။ တော်တော်မြိန်သွားတယ် ဟီး :D
Anonymous says:
ဟိဟိ..... အရပ်စကားနဲ့ ပြောရရင် အရူးပါးပေါ့ အဲ့လိုက ကြောက်စရာလည်းကောင်း သနားစရာလည်းကောင်းမှာ အစ်ကို့အတွေ့ကြုံကလည်းတကယ့်ဟာသပဲ ဆရာဝန်ကို သူ့အစ်ကိုမဟုတ်ပဲ အစ်ကိုလို့ပြောလိုက်ရင် ဘီလိုလုပ်မလဲ း)
My Diary says:
သနားပါတယ်။
ဒါပေမယ့် နော်ကဆုံးဘာသာစကားကိုနားလည်ဘူး
အဲနေရာကို ရောက်ဖူးသေးဘူး
သွားချင်တယ်
sin dan lar says:
ဝေဒနာရှင်မဟုတ်တဲ့လက်မှတ်တော့ ကိုင်ထားနိုင်ပြီပေါ့လေ
ကိုအောင်(ပျူနိုင်ငံ) says:
ဗဟုသုတတွေ ဝေမျှတာ ကျေးဇူး လင်းထက်ရေ။
အမရာ says:
အကို..ဖတ်လို့ကောင်းတယ်..ဆေးစစ်တာကတော်တော်
ရီရတယ်နော်....ခုထက်ထိရီချင်တုံးပဲ.....
မသက်ဇင် says:
ဗဟုသုတ တွေဖတ်မှတ်သွားပါတယ်--
ပျော်ရွှင်ပါစေ
မသက်ဇင် says:
အသစ်မတွေ့လို့--
အဟောင်းပဲ ထပ်ဖတ်သွားပါတယ်---
ဆောင်းယွန်းလ says:
ဖတ်လို့အရသာတွေ့လိုက်တာ ညီလေးရာ...ဖြစ်လည်းဖြစ်တတ်ပါရဲ့...ခပ်ဆန်းဆန်းတွေချည့်ပါလား
GreenGirl says:
ဝဋ်ကြွေးလို့ပဲ ပြောရမှာပေါ့နော်... သနားဖို့ကောင်းပါတယ် အဲ့လို လူနာတွေက