“ဟေး ... လာကြ လာကြ ရောက်လာ ကြပြီပေါ့ ကဲ ညီလေး က မော်တော် ဦးခန်း ကိုသာ သွားလိုက် အကိုနဲ့ တူတူ မောင်းကြတာပေါ့.။”
ဒီလို ပြောလိုက်သူက ကြည်ဆိပ် လို့ ခေါ်တဲ့ ရွာက ကျေးရွာကောင်စီ ဥက္ကဌ လဲ ဖြစ် ရွာနဲ့မြို့ကို ဆက်သွယ်ပေး နေတဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး မော်တော်ဘုတ် ကို ပိုင်ဆိုင်သူလဲ ဖြစ်တဲ့ ကိုအောင်သူပါ.........။
ဒါနဲ့ မော်တော်ဦးခန်းမှာ ပါလာတဲ့ တစ်ခုတည်းသော ကျောပိုး အိပ်လေး ကို ဘုတ်ခနဲ ပစ်ချလိုက် ပြီး မော်တော်ပေါ် ပါလာသူတွေ ကို တစ်ချက်ဝေ့ကြည့်လိုက် မိတော့ မျက်မှန်း တန်းနေမိတဲ့ သူ သုံးလေးဦး ကို တွေ့လိုက်ရလို့ သူတို့ ကိုနှုတ်ဆက်လိုက်တယ်..။
“ဟေ့ ကိုလင်း ရွာလိုက်လည် မှာလား ဒါဆို အိမ်မှာ တည်းရမယ်နော်”
ဒီလို ပြောလိုက်သူက ကိုကြည်လင်း သူက ရွာက ထွက်တဲ့ ပုဇွန် တွေ ကို လိုက်ကောက်ပြီး မြို့ပေါ်က ငါးဒိုင် တွေ ကိုလိုက်သွင်းသူ ကုန်သည် ပေါ့ဗျာ..။
“အောင်မယ် ဟေ့ ကြည်လင်း မင့်အိမ် လိုက်တည်း ရင် ဘာလုပ်ရမှာလဲ ကိုလင်း က အရင်ကတဲ က ပုဇွန် ဖမ်းတာ ကြည့်ချင်တယ် ပြောပြောနေတာ အခုလဲ ပုဇွန်ဖမ်းတာ ကြည့်ချင်လို့ လိုက်လာတာပဲ မဟုတ်လား ဒီတော့ ငါ့ အိမ်မှာ တည်းမှာပေါ့”
အခုလို ကြားကဝင်ပြောသူက ကိုစိုးမောင် သူက ပုဇွန် ကိုယ်တိုင်ဖမ်း ပြီး ကိုယ်တိုင် မြို့တက်ရောင်းသူ ကျွန်တော်ကလဲ ပုဇွန်ဖမ်း တာ အလွန်ကြည့်ချင်သည် ဟုပြောဖူးတော့ သူ့အိမ် ကို အလည် ခေါ်ခြင်းဖြစ်သည်..။
“ကဲ ကဲ စကားများ မနေကြနဲ့ လောလောဆယ် ဒီနေ့ ငါ့ အိမ်မှာပဲ တည်းရမယ် နောက်နေ့မှ သူ စိတ်ပျော်ရာ လိုက်တည်း ပလေ့စေ မော်တော် ထွက်မယ် ရေတက် နဲ့လိုက်မှ ရွာကို မိုးမချုပ်ခင်ရောက်မယ်” လို့ ကိုအောင်သူ ဝင်ပြောလိုက်မှ ဟိုနှစ်ယောက်လဲ ငြိမ်သွားတော့မယ်..။
ဒါနဲ့ ကြည့်မြင်တိုင် ကမ်းနားဈေး ဘေးက မော်တော် ဆိုက်ကပ်ထားရာ ကနေ မော်တော်လေး ဟာ လေလေး တစ်ဖြူးဖြူး စင်ရော် ငှက်ကလေး တွေက ဝိုင်းရံ ပျံသန်းရင်း လှိုင်မြစ် ရေအပြင် ကို မော်တော်ဦး နဲ့ ရေပန်းတဖွားဖွား ထအောင် ထိုးခွဲ ရင်းနဲ့ ကြည်ဆိပ် ရွာလေး ရှိရာ ကို ဦးတည် ခုတ်မောင်းလာခဲ့ပါပြီ..။
လမ်းခရီးမှာ တွေ့ရတဲ့ ကမ်းနား တစ်လျှောက်က ဆန်စက် တွေ စက်လှေ သမ္ဗာန် တွေကတော့ ကျွန်တော့် အတွက် မြင်ကွင်း အသစ် အဆန်း တွေပါပဲ ဒီလိုနဲ့ ကိုအောင်သူက ကျွန်တော့် ကို မော်တော် မောင်းတာ သင်ပေးရင်း ကိုစိုးမောင် နဲ့ ကိုယ်ကြည်လင်း ကို စကားပြောရင်းနဲ့ ကျွန်တော် မရောက်ဖူး သေးတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ က ကြည်ဆိပ် ရွာကလေး ကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေမိပါတယ်...။
ညနေစောင်း လောက်မှာ မြစ်မကြီး ကနေ လမ်းခွဲပြီး ချောင်း လေးထဲ ကို စတင် ဝင်ရောက်လာခဲ့ပါပြီ ဒီချောင်းလေး ဟာ သူတို့ ရွာ ကို သွားရာ တစ်ခုတည်းသော ရေလမ်းကြောင်းပါ အဲဒီချောင်းလေး တစ်လျှောက် မှာပဲ ရွာပေါင်း မနည်းပါဘူး ရှိပါတယ် အဲဒီအထဲက ကြည်ဆိပ် ရွာဟာ ချောင်းထိပ် အကျဆုံးပါ ဒါကြောင့် ချောင်းမကြီး တစ်လျှောက် ဝင်လာရင် သူတို့ရွာကို ဦးဆုံးရောက်ပါတယ်..။
ချောင်းဘေး တစ်လျှောက်မှာ ဓနိတော တွေချည်းပါပဲ အဲဒီတော့မှ အိမ်တွေမှာ အမိုးမိုးတဲ့ ဓနိတွေ ရဲ့ မူရင်း အပင် ကိုမြင်ဖူးတော့တာပါ.. အပင်က ပင်စည် လုံးက သိပ်မမြင့်ပါဘူး အရွက်တွေ ကသာ အုန်းပင် အရွက်နဲ့ခပ်ဆင်ဆင်တူပြီး ပင်စည်နဲ့ ဓနိလက် (အုန်းပင်ကထိုးထွက်နေတဲ့ အရွက်တွေ ပါတဲ့ အကိုင်းကို အုန်းလက် လို့ခေါ်လို့ ဓနိလက် လို့ပြောတာပါ) ကြားထဲမှာ ထန်းသီး သီးသလိုပဲ ဓနိသီးတွေက အခိုင်လိုက်လေး တွေ တွဲလောင်း ကျနေပါတယ်.. သူ့ရဲ့ပင်စည် ကလဲ လူတွေ ပေါင်ရင်း ထက်ပိုမမြင့်လို့ ထန်းပင်ထက် စာရင် ဓနိသီး ခူးရတာ အန္တရယ် ပိုကင်းပါတယ် တစ်ခု ရှိတာက ဗွက်ပေတာ တစ်ခုပါပဲ သူက ရေတောထဲမှာ မှ ပေါက်တာလေ ..။
ဒီလိုနဲ့ ရွာ အရှေ့နဲ့ အနောက် ကို ဆက်ပေးပြီး ချောင်းကို ဖြတ်ဆောက်ထားတဲ့ ရွာချောင်းကူူး တံတားလေး ဘေးမှာ မော်တော် ဆိုက်ကပ် ပါပြီ ဒီနေရာလေး ဟာ ရွာအတွက် ရွာလည်ခေါင် အကွက်အကွင်း ကျတဲ့ နေရာလေးပေါ့ တံတားပေါ်မှာ တော့ မြို့တက်သွားတဲ့ မိခင်ဖခင်တွေနဲ့ ဇနီးလင်ယောကျၤား တွေကို လာကြိုသူတွေနဲ့ ပြည့်နှက်လို့..။
ကျွန်တော် တို့ တက်သွားတယ် ဆိုရင်ပဲ ကလေး လူကြီး ကျွန်တော့်နားဝိုင်းလာပြီး မြို့သား သူတို့ရွာ လာလည်တယ် ဆိုလို့ ပြုံးရွှင်တဲ့ မျက်နှာတွေ နဲ့စူးစမ်း မေးမြန်းကြပါတော့တယ် ကျေးရွာသားတွေ မှာ ရန်ကုန် ကဆိုတာနဲ့ နတ်ဘုံ နတ်နန်း ကလာတဲ့သူ လို့ထင်နေတတ်ကြတယ်ဗျ ရန်ကုန် ဆိုတဲ့ မြို့ကြီးမှာ လဲ လူတန်းစား ပေါင်းစုံ ကျေးရွာ လို ရပ်ကွက် တွေမှာ နေတဲ့ သူတွေ ရှိတယ် ဆိုတာ မသိကြဘူးလေ..။
ဒီလိုနဲ့ ပဲ အဲဒီနေ့တော့ ကိုအောင်သူ အိမ် မှာပဲ တစ်ညအိပ်လိုက်ပါတယ် သူကတော့ ရွာသူဌေး ဆိုတော့ မီးစက် တွေ ဘာတွေနဲ့ ရွာတစ်ရွာ ရောက်တဲ့ အရသာ ကို မခံစား ရပါဘူး နောက်တစ်နေ့မှ ညနေပိုင်း ကိုကြည်လင်းက ကျွန်တော့် ကို သူ့အိမ် မှာ တည်းဖို့ လာခေါ်ပါတယ်..။
ကိုကြည်လင်း တို့ အိမ်မှာ တည်းခဲ့စဉ်..။
ကိုကြည်လင်းက ပုဆိုးတိုတို အကျီမပါ ကျောဗလာ နဲ့ ကျွန်တော့ ကျောပိုး အိတ်လေး ကိုလွယ်ပြီး ရှေ့ကနေ ရွာလမ်း အတိုင်း သူ့အိမ် ရှိရာကို ပျော်ရွှင် တက်ကြွတဲ့ ခြေလှမ်း တွေနဲ့ ဦးဆောင် ခေါ်ယူလာပါတယ်..
ရွာလမ်း တစ်လျှောက် က အိမ်တွေက မြင်သမျှ လူကိုလဲ “ကိုလင်း ကျွန်တော်တို့ အိမ် မှာ တည်းမှာဗျ ”ဆိုပြီး လိုက်ပြောနေပါတယ်..
လျှောက်လှမ်းချိန် သိပ်မကြာလိုက်ခင်မှာပဲ သူ့အိမ် ခြံဝင်း လေးထဲ ရောက်လာချိန်မှာ သူ့သားလေးတွေ သမီးလေး တွေက ဝိုင်းပြီး ကြိုကြတယ်..
အိမ်ပေါ်ရောက် ပြီး အထုပ်လေး ချပြီးတာနဲ့ ကိုကြည်လင်းက
“ကဲ ညနေစာ ဟင်းစားလေး လုပ်လိုက်အုံးမယ် ခဏနော်”
ဆိုပြီး ခလေး တွေနဲ့ အိမ်အောက် ကိုဆင်းသွား ပြီး ခဏအကြာမှာ ကြက်အော်သံ တွေ ကြားပြီးတော့ အသံတွေ ငြိမ်သွားတဲ့ အခိုက် အိမ်ပေါ် ပြန်တက်လာပြီး ကလေးတွေနဲ့ မိတ်ဆက်ပေး သူ့မိန်းမ ကို ဟင်းချက် တဲ့ ကိစ္စတွေ ညွှန်ကြားလိုက် နဲ့ အတော်လေး အလုပ်ရှုပ် နေတယ်..
ဒါနဲ့စိတ်ထဲ တွေးလိုက်မိတာက ငါ့ကြောင့် တော့ အသက်တစ်ချောင်းဆုံး ရှုံးသွားရှာပြီ ဆိုတာနဲ့ ခြံထဲ ဝင်လာခါ စက ဝင်းထဲမှာ ပျော်ရွှင် စွာ အစာရှာစားနေကြတဲ့ ကြက်တွေ ကို မျက်စိထဲ မြင်လာမိတယ် အဲဒါနဲ့ တစ်ဆက်ထဲ ပုံပြင်လေး တစ်ပုဒ်ကိုပါ ပြန်သတိရ မိတယ် ပုံပြင်ထဲ မှာ ရွာတစ်ရွာ အလည်သွားတဲ့ သူ တစ်ယောက် သူတည်းတဲ့ အိမ် ခြံဝင်းထဲ ဝင်တဲ့ အချိန် ခြံထဲ က ကြက်ဖ တစ်ကောင် က သူ့ ကိုလဲ မြင်ရော ပြေးပြီး ခွပ်ပါသတဲ့ ဒါနဲ့ သူက အိမ်ရှင် ကို
“ဟာ ခင်ဗျား ကြက်က အတော် စွာတာပဲ ကြက်ခြင်းမပြောနဲ့ လူတောင် မကြောက်ဖူး ခွပ်ရဲတယ်”
လို့လဲ ဆိုကော.. အိမ်ရှင်က
“မဟုတ်ဘူးဗျ ဧည့်သည် လာပြီဆိုရင် သူတို့ ကို သတ်ပြီး ဧည့်ခံ တော့မယ် ဆိုတာ သိလို့ ခင်ဗျား ကို ခွပ်တာပါ ”ဆိုတဲ့ ပုံပြင်လေးလေ ဟီ ဟိ...
ဒါနဲ့ ကျွန်တော် က
“အဲဒါမျိုးတွေ မစားပါရစေနဲ့ ကိုကြည်လင်း တို့ အတွက်လဲ တာဝန်ပိုပါတယ် အကို တို့ စားသလိုပဲ စားပါရစေ” ဆိုတော့
“ဒါဆို နောက်နေ့ ပုဇွန်လုံး ဟင်းချက်ကြွေးမယ် နောက် လယ်ကြွက် ဆီပြန် ဒါမှ မဟုတ် ဖား သား ကြွပ်ကျော် လေး ဒါမှ မဟုတ် မယ်ညိုသား ( မယ်ညို ဆိုတာ ဗျိုင်းနဲ့ ခပ်ဆင်ဆင်ပါ သူက အဖြူ မဟုတ်ပဲ အညိုရောင် ပါ ) ချက်ကြွေးမယ် အို မနက်ဖြန် မနက် ဟင်းစားရှာထွက်ကြ မယ်”..။
ထမင်းဝိုင်းပြီးတော့ ရေနွေးကြမ်း နဲ့ ထညက်ခဲလေး အချိုတည်း ရင်း အိမ်ရှေ့က ကွပ်ပြစ် လေးမှာ ရေဒီယိုလေး နာထောင်ရင်း လရောင်သာသာ အောက်မှာ စကားပြောပြီး ခဏနေတော့ ဗိုက်တင်းတင်း နဲ့ သူတို့ ခေါင်းရင်းခန်း မှာ ပြင်ပေးတဲ့ အိပ်ရာမှာ ဝင်အိပ်လိုက်တာ ခဏလောက်ပဲ ထင်လိုက်တယ် ကိုကြည်လင်း က လာနှိုးတာနဲ့ လန့်နိုးလာတယ် အပြင် ကိုကြည့်လိုက်တော့ လဲ မိုးမလင်းသေးဘူး မှောင်လို့ လက်က နာရီ ကြည့်လိုက်တော့ မနက် ငါးနာရီ လောက်ရှိပြီ..။
“ကိုလင်း လိုက်မယ် ဆိုလို့ ခေါ်တော့ မခေါ်ချင်ဘူး အိပ်ချင် ဆက်အိပ်လေ ပင်ပမ်း ပါတယ် မလိုက်ပါနဲ့တော့”
“အာ ဘာလို့ မလိုက်ရမှာလဲ ကျွန်တော် မမြင်ဖူးလို့ အတွေ့အကြုံ အသစ်လေး တွေ လိုချင်လို့ ဒီကို တမင် လိုက်လာတဲ့ ဟာကို”
ပြောလဲပြောရင်း ကမန်းကတန်း ထ မျက်နှာသစ်ပြီး အဆင်သင့် ပြင်လိုက်ပါတယ်
ကိုကြည်လင်းကတော့ နဖူးမှာမီးအုပ်ဆောင်းလို ဟာလေး ကို သားရေကြိုးနဲ့ ခေါင်းကို ပတ်စီး ပြီး တပ်ဆင် ထားလေရဲ့ လက်ထဲမှာလဲ လှံ တစ်ချောင်း ဓါးမ တစ်လက် နဲ့ ပေါ့ ကျွန်တော့် ကိုလဲ လှံအသေး တစ်ချောင်း ပေးပါတယ် ပြီးတော့ နှစ်ယောက်သား ရွာပြင် လယ်ကွင်းတွေ ဘက်ကို ထွက်ခဲ့ ကြရာမှာ ကျွန်တော် ကတော့ လှံ ကြီး ကိုင်ပြီး ကိုယ့်ကို ကိုယ် မုဆိုးကြီး အလန်ကွာတာမိန်း လိုလို မုဆိုးကျော် ဖိုးထော် လိုလို ပေါ့လေ ( အဲဒီအချိန်က မြိုင်ရာဇာ တွတ်ပီ မပေါ်သေးပါ မုဆိုးကျော်ဖိုးထော်ပဲ ရှိပါသည်)ရွာထိပ်နားရောက် တော့ ကိုကြည်လင်း က အုန်းပင် ပုလေး မှ အုန်းလက် ကလေး သုံးလေးခု ကို ဓားဖြင့် ဆွဲဖြတ်လိုက်ပြီး ဘေးသား တွေ ကို သင်လိုက်ပါတယ် ပထမ တော့ ဘာလုပ်မှန်း ကျွန်တော်လဲ မသိပါ နောက်တော့ လယ်ကန်သင်းရိုး တွေ ပေါ်မှာ လှံကို မြေကြီးပေါ်ကို ရိုက်ရင်း ဆက်လျှောက်လာကြပါတယ် အဲဒါက အကောင်ရှည်(မြွေကို အကောင်ရှည်ဟုခေါ်ကြသည်) တွေ ပြေးအောင် တဲ့.။
ဒါနဲ့ပဲ လယ်ကွင်းတွေ ထဲရောက်လာတဲ့ အချိန်မှာ အရှေ့ဆီကလဲ မိုးသောက်အာရုဏ် အလင်းတန်းတွေက ထွက်ပြူလာနေပါပြီ ပတ်ဝန်းကျင် တစ်ခုလုံးဟာလဲ တိတ်ဆိတ် ငြိမ်သက်လို့ ပိုးကောင်လေး တွေ အော်သံနဲ့ချောင်းထဲက အစာရှာနေတဲ့ ဘဲအုပ်ဆီက ပျော်မြူးနေကြတဲ့ အသံတွေပဲ ကြားနေရပါတယ် လယ်ကန်သင်းဘေးက မြက်ပင်လေးတွေ ပိန်းပင် လေးတွေ ချုံနွယ် ပိတ်ပေါင်း တွေမှာတော့ နှင်းရည် လေးတွေ တင်ကျန်ပြီး အားလုံး ဟာ စွတ်စို လို့ပေါ့ မူလတန်း တုန်းက သင်ခဲ့ ရတဲ့
ဆိုတဲ့ ကဗျာလေးလို ပါပဲ..
ဒါနဲ့ လမ်းမှာ တွေ့တဲ့ အဲဒီ ကန်စွန်းရွက်လေး တွေ ကညို့ တွေ ကို ခူးပြီး ကျောပေါ်က ပလိုင်းထဲ ပစ်ထည့် ရင်း သားကောင် ရှာလာခဲ့လိုက်တာ ဟော တွေ့ပါပြီ ပထမဆုံး သားကောင် ထူးထူး ခြားခြားပါပဲ ချောင်းနဲ့ ကပ်နေတဲ့ လယ်ကွက်ထဲမှာ ညက ရေအတက် နဲ့ပါလာပြီး ရေကျ သွားချိန် တင်ကျန် နေခဲ့တဲ့ ငါးဘတ် ကြီး နှစ်ကောင် ပါဗျာ ရေစပ်စပ် ကျန်နေတဲ့ လယ်ကွင်းထဲ တဝုန်းဝုန်း နဲ့ ဗိုက်သား ဖြူဖြူ ကြီးတွေ ပေါ်အောင် သူ့ထက်ငါ အလုအယက် ချောင်းထဲဆင်းမယ့် လမ်းကို ရှာဖွေရင်း ကူးခပ်နေကြလေရဲ့ ..။
ကိုကြည်လင်း က အသာအယာ ပါပဲ ပါလာတဲ့ ဆောင်ဓားရှည်နဲ့ ခေါင်းကိုမှန်းပြီး ခုတ်လိုက်တာ ငြိမ်သွားပါလေရော ထုံးစံ အတိုင်း ပလိုင်းထဲ ကောက်ပစ်ထည့် ပြီး ခရီး ဆက်လာခဲ့ ကြတယ် လယ်ကန်သင်း ရိုး တစ်လျှောက် က မြင်ရတဲ့ တွင်းတွေ ကိုလဲ မျက်ချည် မပြတ် ကြည့်လာတယ် ကျွန်တော့် အမြင် မှာတော့ တွင်းတွေ ကအကုန် တူတူပဲဗျ ဒါပေမယ့် သူတို့ ရွာသူရွာသား တွေကတော့ သိတယ် ဒါက ကြွက်တွင်း ဒါက မြွေဝင်ထားပြီးပြီ ဆိုတော့ မြွေပဲ ရှိတော့မယ် လို့ ပြောပြရင်းနဲ့ ..
“ဟော တွေ့ပြီ ကိုလင်း ရေ ဒါက ပုဇွန်လုံး တွင်းကွ”
ပြောပြောဆိုဆို ငုတ်တုတ် ထိုင်ချလိုက်ပါတယ် နောက်တော့ သူအသင့် ယူလာတဲ့ အုန်းလက် အလယ်သား ရဲ့ထိပ်လေး မှာ ညက ကြက်သား ချက်တုန်းက အရေခွံလေး ကို ချည်လိုက်ပြီး တွင်းထဲ ကို အသာလေး ချလိုက် တယ် ဖြည်းဖြည်းချင်း တွင်းထဲ ကို ထိုးထည့် သွားလိုက်တာ ခဏနေတော့ အုန်းလက် ကလေး ဟာ လှုပ်ရှား လာပါတယ် ဒါနဲ့ ကိုကြည်လင် ပြန်ဆွဲထုတ် တာ လားလား စီဒီ အပြားလောက် ရှိမယ့် ဂဏန်း ကြီးဟာ သူ့ရဲ့ သန်မာတဲ့ လက်မကြီး နှစ်ချောင်းနဲ့ ကြက်ရေခွံ ကိုညှပ်ထားလိုက်တာ အပေါ် ကိုရောက်လာတဲ့ အထိပါပဲ ဒါနဲ့သူလဲ ပလိုင်းထဲရောက်ပေါ့ အဲလို နဲ့ လယ်ပုစွန် လုံး တွေ ၁၀ ကောင်လောက်လဲ ရရော ငါးလဲ ရထားတယ် ဆိုတော့ အိမ် ကို ပြန်လာ ခဲ့ကြပါတယ် အိမ်ပြန်လမ်း မှာ ကင်ပွန်းရွက်လေး တွေ ကင်းမုန် သီးလေး တွေလဲ ခုူးလာပါသေးတယ်..။
အိမ်ရောက်တော့ ပွဲပေါ့ဗျာ တောချက်ကလေး တွေ ချက်ပြီး ကျွေးတာ အဲဒါ က ညက ကြက်သား ဟင်းထက် အရသာ မှာ ဘာမှ မယှဉ် နိုင်လောက်အောင် ကောင်းပါ့ဗျား...။
ကိုစိုးမောင် တို့ အိမ်မှာ တည်းခဲ့စဉ်..။
ညနေစောင်းတော့ တစ်ခါ ကိုစိုးမောင် ကလာခေါ်ပါလေရော ကိုကြည်လင်းက မထည့်ချင် ထည့်ချင် နဲ့ ထည့်လွှတ်လိုက်တယ် ...
ကိုစိုးမောင် အိမ် က ချောင်းကမ်းပါး လေးမှာ ကပ်ပြီးဆောက်ထားတာဗျ အိမ်နောက်ဖေး ရေကပြင်က ချောင်းရေ နဲ့ ကွက်တိ အဲဒီမှာ ကိုစိုးမောင် ရဲ့ ပါဂျဲရိုး ကြီး အဲလေ သူ့ရဲ့ လှေ ကို ကြိုးနဲ့ ချည်ထားတာ တွေ့တယ် ..။
“ကိုလင်း အခု ခဏလောက် အိပ်ချင် ရင် အိပ်ထား လေ ညနေ ရေစစ် ခါနီးလောက်မှ ထွက်မယ်” လို့ ဆိုတာနဲ့ ကျွန်တော်လဲ အိမ်ရှေ့ လေးမှာ ဖျာလေး ခင်းပြီး ခဏမှေး နေလိုက်တယ်
ညဆယ်နာရီလောက် လဲ ကျရောရေပြန်တက်လာတဲ့ အချိန်မှာ လှေကလေး ပေါ်မှာ တောင်းတွေ ငါးဖမ်း ကိရိယာ ပိုက်တွေ နဲ့ မီးအိမ်လေး ထွန်းပြီး သူ့ ငါးဖမ်း အကွက် ကို လှော်ခတ် လာခဲ့ ကြပါတော့တယ် သူတို့ ငါးဖမ်း အကွက်လေး တွေက ရွာကနေပြီး တစ်နှစ် တစ်ခါ ရွာပိုင် ဧရိယာ ထဲက ချောင်းလက်တက် လေးတွေ ကိုလေလံ စနစ်နဲ့ အငှား ချထား ပေးတာပါ..။
သူ့ငါ့းဖမ်း ကွက် ကိုရောက်တော့ အသင့် ဆောက်ထားပြီးသား ချောင်းနဘေး က လယ်စောင့်တဲ လိုတဲ လေး ပေါ်မှာ ပစ္စည်း တွေ နေရာ ချပြီး အသင့် ရှိနေတဲ့ မီးဖိုလေး ကို မီးမွှေးလိုက် ပါတယ် တဲကလေးက လူ လေးယောက် လောက်တော့ ကောင်းကောင်း နေနိုင်လောက်တဲ့ အကျယ် အဝန်း ရှိတယ်..
ရေတက်လာပြီး ရေအီ သွားတဲ့ အချိန် (ရေတက်စရာ မရှိတော့လို့ ရေတွေ မစီး တော့ပဲ ငြိမ် သွားတာပါ) ကျတော့မှ ကိုစိုးမောင် တစ်ယောက် ဒီဘက် ကမ်းက ငုတ်တိုင်မှာ ပိုက်တစ်ဖက် ကို ချည် နောက်တစ်ဖက် ကို ဟိုဘက်ကမ်း ကို လှေနဲ့ သွားပြီး ထပ်ချည်လိုက်ပါတယ် ဒီပုဇွန် ထောင်တဲ့ ပိုက်က မြင်အောင် ပြောရမယ် ဆိုရင်တော့ ရေစစ် လိုမျိုး အဝကျယ် ပြီး အဆုံးမှာ ကျဉ်းသွားတာပါ ဒါပေမယ့် သူ့ပိုက်က အဆုံးမှာ အပွင့်ပါ အဲဒါကိုမှ ကြိုးနဲ့ ချည်ပြီး ပိတ်ထားပါတယ်...
ပြီးသွားတော့ တဲပေါ် ပြန်တက်လာပြီး ရေနွေးလေး သောက်ပြီး စောင့်နေပါတယ် ရေအီရာ ကနေ တစ်ဖြည်းဖြည်း ပြန်ကျလာနေပါပြီ မိနစ် ၂၀ လောက်နေတော့ လှေပေါ် တောင်းလေး တင်ပြီး ရေလည်ခေါင် က ပိုက်အဝ က ပိုက်ကို ကိုင်ပြီး ဖြည်းဖြည်းချင်း ဆွဲတင်နေပါတယ် ပေါ်လာတဲ့ အချိန်မှာ အဲဒီပိုက် အတိုင်း ဟိုး ပိုက်ရဲ့ အဆုံးထိ လှေနဲ့ လိုက်သွားပြီးတော့မှခါးလည်ခေါင် ကနေကျန်တဲ့ ပိုက် အဆုံးပိုင်း ကို လှေပေါ်ဆွဲတင်လိုက်တဲ့ အချိန်မှာတော့ ပိုက်ရဲ့ အဆုံးပိုင်းမှာ အထုပ်ကြီး တစ်ထုပ်လို ဖြစ်နေပြီး အဲဒီထဲမှာ ငါးတွေ ပုဇွန် တွေ အပြည့်နဲ့ပေါ့..။
အဲဒီ အထုပ်လိုက် တောင်းကြီးထဲ ကိုထည့် နောက်တော့ အဝက ချည်ထားတဲ့ ကြိုးကို ဖြေပြီးသွန်လိုက်တဲ့ အချိန်မှာ ငါးတွေ၊ပုဇွန်ထုပ် ကြီးတွေ က တဖြတ်ဖြတ် ခုန်လို့ ပိုက်ကို ကြိုးပြန်ချည် ရေထဲ ပြန်ချ ထားပြီး တဲ့ အချိန်မှာ ကမ်းကို ပြန်ကပ်လာပြီး တောင်းနဲ့တဲပေါ် ပြန်တက်လာပါတယ်...
ပါလာတဲ့ အမှိုက်တွေ ရွေး ငါးသေး ငါးမွှား တွေ ချောင်းထဲ ပြန်လွှတ် ပြီး သန့်သွားချိန်မှာတော့ ပုဇွန်တွေကို တစ်ခါ အမျိုးအစားပြန်ခွဲ ပြန်ရော ပုဇွန်ထုပ်ကြီး ပုဇွန်ဆပ်ထုပ် ပုဇွန်ကျော့ ဆိုပြီးတော့ပေါ့ ငါးတွေက သပ်သပ်တစ်တောင်းပေါ့ဗျာ ပြီးသွားတော့ ထွားပေ့ ဆိုတဲ့ ပုဇွန်ထုပ်ကြီး ငါးထုပ် ဆယ်ထုပ်လောက် ကို သီတံနဲ့ ထိုးပြီး မီးကင် ၊ ပြီးတော့ လွယ်အိပ် ထဲက ပုလင်း နှစ်လုံး ထုတ်ပြီး ဖန်ခွက် တစ်ခွက်ထဲ ငှဲ့ ၊ ဒါနဲ့ ကျွန်တော်လဲ ကြည့်လိုက်တော့ ထန်းရည် တွေလို့ ထင်ပါတယ် ..
ကိုစိုးမောင် လဲ ပုဇွန်ကင် နဲ့ ထန်းရည် ခွက်လေး ကိုင်မြှောက်ပြီး မှောင်မဲ တိတ်ဆိတ်နေတဲ့ ကွင်းကြီး ဘက်ကို လှည့်လို့ ကွင်းပိုင် အဖိုး သုံးဆောင်ပါ ဘာညာ နဲ့ တတွတ်တွတ် ရေရွတ် ပြီး ကွင်းပိုင်မြှောက် လိုက် ပါတယ် ..
ကွင်းပိုင် အလှည့် လဲ ပြီးရော ဒီက မြို့ပိုင်လေး အလှည့်ပေါ့ဗျာ ဟိ ဟိ.. ပုဇွန် ကင်နံ့လေး မွှေးလာကတဲ က တံတွေးမြိုမြို ချနေရတာ ထွက်စရာ တံတွေးတောင် အလျှင်မမှီ ဖြစ်လောက်တယ် ဒါနဲ့ ကျွန်တော့် အတွက် ခွက်တစ်ခွက် ချပေးပြီး ပုလင်းထဲ က အရည် တွေ ထည့်ပေးပါတယ်..
“ကိုစိုးမောင် က ထန်းရည် တောင် အဆင်သင့် ထည့်လာပါလားဗျ..”
“ဟား ဟား ကိုလင်းကလဲ အဲဒါ ထန်းရည်မှ မဟုတ်တာ ဓနိရည်ဗျ ကျွန်တော် တို့ မြစ်ဝကျွန်းပေါ် ဘက်တွေ မှာ ထန်းရည် ထက် ဓနိရည် ကပိုပေါတယ်လေ ထန်းရည် က အညာဖက်မှာ ပိုပေါ တာ”..
အဲဒီတော့မှ ထန်းရည် ဆိုတာ အပြင် ဓနိရည် ဆိုတာ ပါ ရှိပါလား ဆိုတာ သိလာတယ် ..
ထင်တော့ ထင်သားဗျ မနေ့ကတဲက ကိုကြည်လင်း တို့ အိမ် မှာ ခွဲကျွေးတာ ဓနိသီး ဆိုတာ ထန်းသီးနဲ့ အတူတူ ပဲနော် လို့တောင် ပြောမိသေး ကြည့်စမ်း အခု ဓနိရည် ဆိုတာကလဲ ထန်းရည် နဲ့ အတူတူ ပဲ ဗျ..
ဒါနဲ့ပဲ ဓနိရည် တစ်ကြိုက် ပုဇွန်ကင်လေး ကို သံပရာ ရည်လေး ညှစ်ပြီး တစ်ကိုက် ကိုက်လိုက် နဲ့ ကျေးတော ရွာလေး ထဲက ကျယ်ပြန့်လှတဲ့ ကွင်းပြင်ကြီး ကို ဖြတ်သန်း တိုက်ခတ် လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေ ကိုရှုရှိုက်လို့ ရန်ကုန် ဟော်တယ် ကြီးတွေ ပေါ်က စည်းစိမ် မျိုးကို အရသာ ခံနေမိတယ် ..
ည ၂ နာရီလောက်ကျတော့ တောင်းကြီးတွေနဲ့ လေးငါးတောင်းလောက်လဲ ပုဇွန်တွေ ငါးတွေ ရပြီ ဆိုတော့ ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်လာခဲ့ကြတယ် အိမ်ရောက်တော့ ခြင်ထောင်ထဲ ဝါးလုံးထိုး ဝင်ပြီး အိပ်လိုက်တာ မိုးဘယ်အချိန်လင်း သွားမှန်းတောင် မသိဘူး နိုးလာတော့လဲ ကောက်ညှင်းပေါင်း ပူပူလေး နဲ့ ငါးရံ့ခြောက်ကလေး ကို ရေနွေးလေး နဲ့စားရတာ နတ်သုဓ္ဒါ အလားပဲ ...
အဲဒီအချိန်မှာပဲ ကိုအောင်သူရောက်လာပြီး
“ကိုလင်း မနက်ဖြန် ကျောင်းတက် ရမယ် မဟုတ်လား ဒီနေ့ မော်တော်ရန်ကုန် ပြန်တက်မယ် သွားကြရအောင် ”
ဆိုပြီးလာခေါ်လို့ ကျောပိုးအိတ်လေး လွယ် ပြီး မော်တော် ပေါ် တက်လာခဲ့ ရပါတော့မယ် မော်တော် ထွက်ခါ နီးတော့ တံတားပေါ် မှာ ရွာလည်ကျွတ်နီးပါး လာပြီး နှုတ်ဆက် လက်ပြ ကြတာကို မော်တော် ပေါ်ကနေ ပြန်လက်ပြရင်း ကြည်ဆိပ် ရွာကလေး ဟာ ကျွန်တော့် ရဲ့ အမြင် အာရုံမှာ တဖြည်းဖြည်း သေးငယ် မှုန်ဝါး ပျောက်ကွယ် ပြီး ကျန်နေခဲ့ပါတော့တယ် ...
ဒီခရီးလေး နဲ့ ရွာသူ ရွာသားတွေရဲ့ ရိုးသားဖြူစင်မှု တွေ ခင်မင် ဧည့်ဝတ်ကျေပွန် မှုတွေ ကိုတော့ ကျွန်တော့ ဘဝ တစ်သက်မှာ ဘယ်သော အခါ မှ မေ့ပျောက်အောင် လုပ်နိုင်စွမ်း မရှိတော့ပါဘူး..။

ရိုးတစ်လျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပဒူ
အရွက်ချွန်း ကန်စွန်း ပုဇွန်စာနဲ့
လွန်တရာ ကညို့ပေါတယ်
တောဖြစ်လို့ထူ

Tuesday, January 27, 2009
//
အမ်ိဳးအစားက:
Travel
//
11
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
11 ယောက်ကဒီလိုမြင်တယ် to "ကျေးတောရွာ သို့ အလည်တစ်ခေါက်"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
Anonymous says:
ဆရာရေ ရေးထားတဲ့ နောက်ခံအကြောင်းလေးကတော့ တူနေပြီဗျာ ကျနော်လဲ တောရွာလေး နောက်ခံရေးထားတာဗျ
ဟိ မိုက်တယ်ဗျာ ဒီတခါဆရာရွာသွားရင် ကျနော်လဲ လိုက်မယ်ဗျာ ပုဇွန်လုံးလောက်ကတော့ဗျာ ဘာမှ ရှာမနေဘူး
လက်နဲ့ပဲနှိုက်တာဗျ ကိုယ့်လက်ကိုယ် အညှပ်ခံ ပြီးတော့ကို
နှိုက်တာ ဟဲဟဲ ဒါနဲ့ဆရာပြောတဲ့ ပုဇွန်ထောင်တဲ့ပိုက်က ကျား
ပါးစပ်လို ဟာမျိုးပဲနော် ကျနော်အဲဒါမျိုး မြင်ဖူးသုံးဖူးတယ်ဗျ
ကျနော်တို့ ရွာကအခေါ်ကတော့ ကျားပါးစပ်လို့ ခေါ်တယ်ဗျ
ဓနိရည်တော့ မသောက်နဲ့ဆရာ မကောင်းဘူး အဲဒီကောင်က
ချွဲကျိကျိနဲ့ ပြီးတော့ အမူးပြေရင် ခံရခက်တယ်ဗျ သောက်စ မရှိရင်ပြေတာပါ။
Apprenticeship says:
အင်း.. ကိုလင်းပြောတဲ့မယားတော်သူက ဒီရွာကလား :P
BLACK DREAM says:
အင်း...။ ကော်မန့်ဘယ်လိုရေးရမလဲ...။ အစ်ကို့နဲ့ ကျွန်တော် ဒီပို့စ်ဖတ်ရင်း ထိုင်ပြောနေတဲ့ဟာတွေသာရေးလိုက်ရလို့ကတော့ ကော်မန့်မဟုတ်ဘူး.. တစ်လလောက် အခန်းဆက် အနေနဲ့တင်လို့ရမယ်ထင်တယ်...။ သေတာပဲ လူလဲ လိမ်ပိန်နေပြီ :(
Anonymous says:
ုပုဇွန်လုံးကို ပြုတ်ပြီး ထန်းရေနဲ့ မြည်းချင်သကွာ... ပြောရင်းနဲ့ သားရည်ကျလာပြီ... ဘီယာ သွားသောက် လိုက်ဦးမယ်... း)
ATN
ယမင်း says:
အကိုရေ တစ်ခါမှ တောရွာတွေကို မရောက်ဖူးဘူး
ငယ်2ကတော့ ပဲခူးက တောရွာကိုရောက်ခဲ့ဖူးပေမယ့် မသိတော့ဘူး
အကို့စာကိုဖက်ပြီး အဲလိုဓလေ့တွေ ဒီအချိန်မှာရော ရှိသေးရဲ့လားလို့
တွေးမိတယ် ။
အောင်မြေ says:
ပျော်စရာ ရွာတောလေးထဲ အလည်တစ်ခေါက် အရောက်လှမ်းခဲ့ပါတယ်။
Anonymous says:
ဟင်းနာမည်တွေက တစ်ခါမှ မကြားဖူးတဲ့ နာမည်တွေပါလား အစ်ကိုကြီးရေ့ ညီကတော့ အိမ်ကို ဧည့်သည် လာရင်ပျော်တယ် ဟင်းကောင်းစားရလို့ ဟိဟိ ရွာတွေ ဘက်ဆို ဒီလိုခရီးလေးတွေ ကြည်နူးဖို့ကောင်းတယ်ဗျ.။ တစ်ခါလောက်တော့ ညီအစ်ကိုတွေ ခရီးထွက်ဖူးကြည့်ချင်တယ် ။ =)
ဒေါင်းမင်း says:
ကွင်းပိုင်ဆိုတာ..ဘာကိုပြောတာလဲ..သရဲလား..နတ်လား...
ဟီးမသိလို့မေးတာ....လိုက်ပါရဲ့..ဒီတခါသွားရင်လက်တို့လိုက်ပါဗျ..
ကိုဒေါင်းမင်းရေသွားမလိုသာပြော..ချက်ချင်းကောက်လိုက်မယ်..
အဂယ်ပြောတာနော်..စိတ်ဝင်စားတယ်
ပျူနိုင်ငံ says:
ဓနိရည်က စစ်စစ်ဆိုရင်တော့ ကောင်းမယ် ထင်တယ်။
မွန် says:
ဒီလိုကျေးတောရွာပို့စ်လေး ဖတ်လဲဖတ်ချင်တယ် ရေးလဲရေးချင်တယ် ခက်တာပဲ ကိုလင်းထက်လိုလဲ စုံအောင်မရေးတတ်ဘူး စားစရာတွေကလဲ သွားရည်ကျရပါလားနော် ခိန်းကလေးဖြစ်ပြီး ငါးဘတ်ခေါင်းခုတ် ပုဇွန်လုံးနှိုက်ချင်နေတယ် ဟီး တော်တော်သိမ်မွေ့တယ်ခေါ်ရမယ်
ဒါပေမယ့် ဒီအရွယ်ကြီးရောက်မှ ဓနိပင်မြင်ဖူးတာတော့ဆိုးတယ် ဟိ ဒါကြောင့်ကလေးကြီးရုပ်ပေါက်နေတာ သာမီးတို့ဆို ၇နှစ် ၈နျစ်သီးထဲက မြင်ဖူးတာ အဲဒါကို ဟားဟား
win naing says:
ဒါဟာ ကျွန်တော်တို့ရဲ့တောဓလေ့ကို ပုံဖေါ်ပေးထားတာပဲ
ကြိုက်တယ်...လွမ်းတယ်ဗျာ အိမ်ကို..