"ဒုန်း" "ဒုန်း" "ဒုန်း"
ကျယ်လောင် လှသော တံခါး ကိုထုနှက်သံ ကြောင့် ဇော်အောင် တစ်ယောက် အိပ်ရာ နံဘေး မှ နာရီ ကို ကြည့်လိုက်မိတော့ နံနက် ၂ နာရီ စွန်းစွန်း သာရှိသေးသည်...
အိမ်အပြင် တံခါးဝ မှ အမျိုးသမီး တစ်ယောက် ၏ အသံကို မသဲ မကွဲ ကြားနေရ သဖြင့် မနေနိုင်တော့ ပဲ တံခါး ကို သွား ဖွင့်ကြည့်လိုက်ရာ....
အိမ်နီးချင်း ဖြစ်သူ မတိုး ကို ပူပန်မှု စိုးရိမ် မှု တို့ ရောပြွန်း နေသော မျက်နှာ ဖြင့်တွေ့လိုက်ရသဖြင့် ဇော်အောင်လဲ အထိတ်တလန့်ဖြင့် မေးလိုက်မိ၏...
“ဟဲ့ မတိုး ပါလား ညကြီး မင်းကြီး ဘာဖြစ်လို့လဲ အလန့်တကြားနဲ့ဟာ”
ထိုသို့မေးလိုက် တာနှင့် တပြိုင်နက် မတိုး တစ်ယောက်လဲ ငိုချင်ရက် လက်တို့ဖြစ်သွား သလို ရှိုက်ကြီး တငင်ဖြင့်...
“ကိုဇော်အောင် ကျမ ယောင်္ကျား ကို ကယ်ပါအုံး သူ အခု အရမ်းအသက်ရှု ကြပ်နေတယ် ဆောင်နေကျ ပန်းနာ သမားတွေ သုံးတဲ့ ရှုဆေး ရှုတာလဲ မရဘူး ဆေးရုံသွားမှ ဖြစ်မယ် ဒီအချိန်ကြီး ဆိုတော့လဲ ဘယ်မှာမှ ကားငှား လို့ ကရမှာ မဟုတ်လို့ ကိုဇော်အောင့် ကားနဲ့ပဲ ဆေးရုံ လိုက်ပို့ပေးပါရှင်.. ဟီး ဟီး ဟီး ”
မတိုး တစ်ယောက် ပြောလဲပြော ငိုလဲ ငိုချလိုက် ပါသည်...။
ဒါနှင့် ဇော်အောင် တစ်ယောက် အိမ်နီးချင်း ဖြစ်သည့် အပြင် မတိုး ၏ အမျိုးသား ဖြစ်သူ ကိုရွှေသန်း နှင့်လဲ ငယ်သူငယ်ချင်း များ ဖြစ်သည့် အတွက် သူငယ်ချင်း အတွက်လဲ စိုးရိမ်သွားပြီး..
“ကဲ ကဲ မတိုး ဒါဆိုလဲ ငိုမနေ နဲ့တော့ မြန်မြန် ဆေးရုံ ကိုသွားရအောင် ငါ ကားထုတ်ပြီး လိုက်ခဲ့မယ် အိမ်က လိုတဲ့ ပစ္စည်းလေး တွေထည့်ပြီး စောင့်နေ ခုချက်ချင်းလာ ခဲ့မယ် ”
ပြောပြီးသည်နှင့် သူလဲ အိမ်ခန်းထဲ ကမန်းကတန်း ဝင် အပေါ် ရှပ်အကျႌ ကောက်စွပ် ပြီး ကားသော့ ယူကာ ဂိုထောင်ထဲ မှ ကား ထုတ်ကာ ဘေးအိမ် သို့ မောင်းသွားလိုက်၏.
အိမ်ရှေ့ရောက်တော့ မတိုးရော သူငယ်ချင်း ဖြစ်သူ ရွှေသန်း ကိုပါ အဆင်သင့် အိမ်ရှေ့တွင်စောင့်နေသည် ကို တွေ့လိုက်ရသည်...
ရွှေသန်း ကတော့ အသက်ရှု ကြပ်နေပေ မယ့် ဆိုးဆိုး ဝါးဝါး ပုံစံ သိပ်မရှိ ပုံရသဖြင့် အနည်းငယ် စိတ်အေးသွား ရသည် ဒီလောက် ဆို ရင်တော့ ဆေးရုံ ရောက်ရင် သက်သာ သွားမည်ဟု စိတ်ထဲ တွေးလိုက်မိသည်...။
ဒါနဲ့ လင်မယား နှစ်ယောက် ကိုတင်ပြီး အနီးစပ် ဆုံးဖြစ်သည့် မြောက်ဥက္ကလာဆေးရုံ သို့ကားလေး ကို ခပ်သွက်သွက်လေး မောင်းနှင် လာလိုက်၏..။
ဆေးရုံသို့ ရောက်ပါပြီ သို့နှင့် ထုံးစံ အတိုင်း တွေ လိုက်လုပ်ပြီး သကာလ အရေးပေါ်လူနာလက်ခံ ရာကို ရောက်လာသည့် အချိန် တွင် ကိုယ်တွေက သာ ကာယကံရှင်တွေမို့ အစိုးရိမ် အပူပန် ကြီးလွန်း နေသလား မသိ ဆရာဝန် ဆရာမ များကတော့ သွေးအေး လှ၏ ....
ဆရာမ တစ်ယောက် ကသာ ထွက်လာပြီး အဝင်ပေါက် လူနာ လက်ခံရာ နေရာမှ ရေးသား ပေးလိုက်သော ဆေးမှတ်ချက် ကို မျက်လုံး ဖြင့် တချက်သာ ဝေ့ကြည့်ပြီး ...
“ကဲ ဒီ စင်္ကြန် မှာ စောင့်နေ အောက်ဆီဂျင် ပေးရမယ် အောက်ဆီဂျင်ဗူး က ဟိုဘက် အဆောင် ရောက်နေတယ် ကဲ မူတူးရေ ဟိုဘက်ဆောင်မှာ အောက်ဆီဂျင်ဘူး သွားယူလိုက်ပါအုံး”
ဆရာမက လူနာလှည်း တွန်းလားသူ ကုလား ကို အောက်ဆီဂျင်ဘူး သွားယူ ရန်ပြောပြီး လူနာ ကိုတစ်ချက်မှ မကြည့်ပဲ အခန်းထဲ ပြန်ဝင်သွားပြီး အခန်းထဲ မှ ဆရာဝန် ဖြစ်ဟန်တူသူ နှင့် ဘာတွေ ကိုသဘောကျသည် မသိ တဟိ ဟိ တခွိခွိ ဖြင့် ရယ်မော နေလေ တော့သည်...။
အောက်ဆီဂျင်ဘူး သွားယူသူ ကိုယ်တော်ချော ကလဲ တော်တော်နှင့်ပေါ်မလာပါ..
မတိုး မှာ သူ့လင်ဖြစ်သူ လက်ကလေး ကို ကိုင်ရင်း လင်တော်မောင် အားနှစ်သိမ့်နေ၏
၁၅ မိနစ် ခန့်ကြာသွား၏ ကိုရွှေသန်း မျက်နှာ ပြာတက် လာ၏ အသက်ဘယ်လိုမှ ရှုမရတော့
“ဆရာမ ဆရာမ လုပ်ပါအုံး ဒီမှာ အသက်ရှုလို့ မရတော့ဘူး”
ဆရာမ အေးဆေးစွာ ထွက်လာ ချိန်တွင် မတော့ ကိုရွှေသန်း တစ်ယောက် အသက်ရှု မရတော့သည့် လောကကြီးကို စိတ်ကုန်ပြီး ထားခဲ့လေပြီ....
မျက်စိရှေ့တွင် ပင် လူတစ်ယောက် ကြီးမားသော ဒဏ်ရာ ဒဏ်ချက် မရှိပဲ ဆေးရုံသို့ အသက်ရှင်လျှက် ရောက်လာပြီး အသက်ကလေး ရှုနိုင်အောင် လုပ်ပေးလိုက် လျှင် လူ့ဘဝကြီးတွင် ဆက်လက် ရှင်သန် သွားနိုင်ပါ ရက်နှင့် ........
အရေးပေါ် ဟု စာရေးထား ပြီး အေးဆေးစွာ နေနိုင်သူများ ကြောင့်လား ?
ဆေးရုံဆေးခန်း တွင် အောက်ဆီဂျင်ဘူး လေး တောင် ပြည့်စုံစွာ မထားပေးနိုင်သူ တာဝန်ရှိသူများ ကြောင့်လား ?
တော့မသိပါ ဝေဒနာ ရှင်ကတော့ ယခုလောက်ဆို လျှင် လွပ်လပ်သန့်ရှင်းသော လေထုထဲ တွင် သူ၏ ဝိညာဉ် က လေကောင်းလေသန့် များ ကို အားရပါးရ အဆုပ် ထဲ ရှိုက်သွင်းနေလောက် ပေပြီ....။
ဤကဲ့ သို့ သော လူနာ များ မြန်မာပြည် တွင် မည်မျှ သေဆုံးခဲ့ ပြီလဲ ဆိုတာ စဉ်းတောင် မစဉ်းရဲ တော့ပါ ဘူးဗျာ...။
Tuesday, July 8, 2008
//
အမ်ိဳးအစားက:
Feeling
//
9
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
9 ယောက်ကဒီလိုမြင်တယ် to "ဘာကွောငျ့လဲ ?"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
Apprenticeship says:
ကောင်းတယ် ကိုလင်း ဘဝ..ဘ၀ လေးတွေကဆိုးပကွား…
ဝေလေး says:
စာနာတတ်တဲ့စိတ်လေးတွေထားပေးရင်ကောင်းမယ်နော်.
ကိုရွှေသန်းနေရာမှာသူတို့အမျိုးတွေဆိုရင်ဘယ်လိုလုပ်မလဲ
မသိဘူးနော်.........
ဇောင်း says:
ကိုလင်းရေ..
ရုတ်တရက် ဝမ်းသာ
ဗျာကယာ ဝမ်းနည်းဆိုတာဒါမျိုးပေါ့ဗျာ...
ညမီးအိမ် says:
အစ်ကိုရေဖတ်ရတာစိတ်မကောင်းဘူးဗျာ။ တစ်ခါတစ်လေကျရင်လူတွေက ခက်တယ်ဗျာ။
ကိုယ်ချင်းစာစိတ်လေးရှိရင်သိပ်ကောင်းမှာပဲ
BLACK DREAM says:
ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မကြုံတွေ့ရအောင် ကြိုးစားကျဖို့ အားလုံးမှာတာဝန်ရှိတယ်။
ein says:
ပို့စ်လေးကိုဖတ်လိုက်ပြီး ရင်ထဲမှာ ဖော်မပြတတ်အောင် နင့်ခနဲ ခံစားသွားလိုက်ရတယ် အကိုလင်းထက်ရေ
ဒီလို အဖြစ်ဆိုးမျိုးတွေ နောင်ထပ်မကြုံကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ...
Taungoo says:
အင်း..
လာပြန်ပြီ ဒီလိုကိစ္စတွေ
ကျွန်တော် အရင်အလုပ်က ထွက်ခဲ့တာ အဲလိုဆန်ဆန်ကိစ္စမျိုးတွေ တွေ့ရတာမို့လည်းပါတယ်
ရှိသေးတယ် လူကြားမကောင်းတဲ့ကိစ္စတွေ
နောက်တော့ရေးပါဦးမယ်
မေတ္တာဖြင့်
ဖုန်း မြင်. says:
ဒီလိုခောတ်ကြီးထဲမှာ...
ဒီလိုမျိုးအဖြစ်တွေ....ကြုံရ..တွေ့ရတာ
ကျွန်တော်တို့.. တိုင်းပြည်မှာပဲ ရှိတော့မယ်ထင်တယ်....။
စိတ်ထဲမကောင်းဘူးဗျာ.......။
ဘယ်တော့များမှ လူလို ..သူလို ဆက်ဆံခံရပါမလဲနော်...
Tea says:
ဒုန်းဒုန်းဒုန်း..
ဒုန်းဒုန်းဒုန်း..
ဒုန်းဒုန်းဒုန်း..