ခဏ ဧည့်သည်


ဒီကနေ့ ညီလေး လင်းထက် မွေးနေ့၊ တခုခု ရေးမယ်ကြိုတင်စိတ်ကူးထားတယ်။ ခု ဒီကဗျာလေး
ရေးဖြစ်တော့ (သူလဲ ကိုယ့်မရေးရသေးတဲ့ စာအုပ်တွေထဲက အဓိကဇာတ်ကောင် တစ်ကောင်ပဲမို့)
သူ့ကို ဒီကဗျာလေး မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။

ခဏ ဧည့်သည်

ကောင်းစွာ ချုပ်ထိန်းထားပြီးဖြစ်လို့ ပုံစံကျနေတဲ့ စိတ်ကို
ညက ဖြည်လွှတ်ပေးကြည့်တယ်။

ဝရံတာလိုလို ကပြင်လိုလို ဖိနပ်ချွတ်လိုလို
အလှကြွေပြားတွေ အပြည့်ခင်းထားတဲ့ အုတ်ခုံစွန်းတစ်ခုမှာ
စိတ်ကူးယဉ်တာလိုလို ခံစားနေတာလိုလို အတွေးပြန့်လွင့်နေတာလိုလို
ထုနဲ့ထည်နဲ့ ငွေ့ရည်စိုင်ခဲဖွဲ့ခဲ့သမျှ နှစ်ငါးဆယ်ကျော်ကျော်ရဲ့ အစွန်းအစပ်မှာ။

စကားဝါ ပန်းနံ့က မွှေးအီအီ
ခပ်လှမ်းလှမ်း တောစပ်(လိုလို) ထဲက ဘုတ်သံက တအီအီ
ဆာကုရ ဆိုတဲ့ မိတ်ဆွေရဲ့အချစ်တော်ခွေးကလေးကလဲ တအီအီ
ငါ တောင်တောင်အီအီ တွေးမိသမျှ အားလုံး မအီမလည်ချည့်သာ။

ငါ့ နောက်ကျောမှာ
စင်တွေနဲ့အပြည့် စီရီဖြည့်တင်းထားတဲ့ စာအုပ်တွေအများကြီး
(ငါ ဟာ နယ်စွန်နယ်ဖျားက စာကြည့်တိုက်ကလေးတခုမှာ တည်းခိုနေတာပါ)
ငါ့ အနောက်မှာ
ဖတ်ရှုလို့ မကုန်နိုင်အောင် ထွေပြား ရှည်လျား ရှုပ်ထွေးမှုများ တပုံတခေါင်းနဲ့
မရေးသားရသေးတဲ့ ဘဝဇာတ်ကြောင်း စာအုပ်တွေအများကြီး
(ငါ ဟာ ဆုံးစမရှိတဲ့ သံသရာခရီးသွားတစ်ယောက်အဖြစ် ခုလက်ရှိဘဝမှာ တည်းခိုနေတာပါ)

ညနက်လာလေ
ဖွင့်ထားတဲ့ သီချင်းသံ (လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က သီချင်းတွေ) လေးနက်လာလေ
ငါ့ ရဲ့ စားမြုံ့ပြန် လုပ်ငန်းဟာ အရသာ ပျစ်ချွဲထူးအမ်းနက်ရှိုင်းလာလေလေနဲ့ပေ့ါ။

နောက်ဆုံးတော့
အဆုံးသတ်တခုဟာ ရှိနှင့်ဖြစ်တည်ခဲ့ပြီးသား အဆုံးသတ်ကလေးပေါင်း
အရာအထောင်အသောင်းတို့လိုပဲ အဆုံးသတ်ခဲ့ပါတယ်။
(အောက်ဖော်ပြပါအတိုင်း အဆင့်ဆင့်)



- ကော်ဖီခွက်ကို ဘေစင်ထဲထည့်ခဲ့
- ရေအိမ်ဝင်ကာ ပုံမှန်ညစဉ်လုပ်နေကျအစီအစဉ်တွေ ဆောင်ရွက်ပြီးစီးခဲ့
- မသုံးဖြစ်ပဲ ပွင့်နေတဲ့ ကွန်ပြူတာကို ရှပ်ဒေါင်းလုပ်ခဲ့
- အသင့်ခင်းပြီးသားအိပ်ယာထဲ မဝင်မီ မီးခလုပ်ကို ပိတ်ခဲ့
- စိတ်တံခါးကို ပုံစံကျ ဖြည်းညှင်းငြင်သာစွာ အနှေးမှိန်ချခဲ့…..

ခင်အောင်အေး
၉၊ ဇွန်၊ ၂၀၁၁ မဲဆောက် ရး၂၆ နာရီ
Read more


ဇာတ်စင်ပေါ်တွင်ကား ဖရိုဖရဲ လွင့်ပျောက်သွားသော မပီမသ ညည်းတွားသံအသွင်ဖြင့်


(သမီး အလတ်မ သို့)

သေတ္တာကိုဖွင့်လိုက်သည်နှင့် နှင်းဆီပွင့်ပုံ သကြားလုံးက မွှေးမြလျက် ငှက်နှစ်ကောင်ထူးဆန်းစွာသေဆုံးပုံ
ခုလောလောဆည်(မတ်လရောက်နေပြီ) ပြက္ခဒိန်အဟောင်းပေါ်မှာပဲ လက်ရေးနဲ့ပြင်ပြီး သုံးတယ် တဂျစ်ဂျစ်
မြည်နေတဲ့ မော်တာလေးရဲ့အားနဲ့ကုတ်ကပ်တရွေ့ရွေ့တက်သွားငုံ့ကြည့်ရတာများတော့ဇက်ကြောတက်လာ
ဟန်တူရဲ့ အပျော်ရေးနဲ့ အပျော်ကြံ မျက်မှန်ထူထူ စာအုပ်ထူထူ စကားလုံးထူထူ သုံးပုံဖဲမှာ အကြီးအကျယ်
ချွေးပျံလို့ ပတ်မကြီး ထီ ကနဲထုလိုက်သံ မိုက်ခွက်ကို တတောက်တောက်ခေါက်သံ ဟယ်လို တက်စ်တင်
ဝမ်း တူး သရီး.. ‘ဟေးးးးသမီးတို့ပြည်ထောင်စုပွဲ’ မျက်ရည်များ တစုံတရာတွန်းအားမပါပဲ လိမ့်စီးကျလာ
ကြက်လျှာစွန်းက ကွေ့ပတ်ပြီး ဆုတောင်းပြည့်ဘုရားဆီ လူတယောက်ရဲ့အဓိပ္ပါယ် တကယ်ပဲထူထဲခဲ့ပြီလား
ပြက္ခဒိန်တွေ အလိုလိုပြောင်းသွားကြ နောင်တ ရမိတဲ့နေ့တွေကို အနီရောင်ကြက်ခြေခတ်နဲ့မှတ်သားထား
ခဲ့တယ် (ရဲပတောင်းခတ်လို့) ထောင့်ကွေးတခုမှာ ခြေတွေလက်တွေအားလုံးကွေးကျစ်ပြီး ဂျင်းဘောင်းဘီ
အနွမ်းရယ် ရာတန်ညစ်ညစ်တရွက်ရယ် စက်လှေအင်ဂျင်သံ တဂျုံးဂျုံး ပြန်လည်ပြောပြဖို့ ပုံပြင်တွေအထပ်
လိုက်နဲ့ အစွယ်ပေါက်မလာမချင်း ပျင်းရတယ်ကိုမရှိဘူး နောက် ဆယ်နှစ် အနှစ်နှစ်ဆယ် ကြော်ငြာတွေချည့် 
မင်း လာတို့စ်လုပ်တဲ့ ဖန်ခွက်ထဲမှာ ရှန်ပိန်လား မာတီနီလား ငါ့ဖန်ခွက်ထဲမှာ ကဗျာ ငါးပိဖုတ်နံ့သင်းလာပြီဆို လျှာရည်ယိုလာသလိုပဲ ကိုယ်ဟာနေ့တွေကို အငမ်းမရလိုက်စုပ်ယူနေမိတယ် ကြွေးကြော်သံများကို စွန့်လွှတ် 
(စွန့်လွှတ်) ခဲ့ပါသည် ရှပ်အင်္ကျီအဝါကို စွန့်လွှတ်ခဲ့ပါသည် စွန့်လွှတ်တာ မဟုတ်ဘူးလေ အဲ စွန်လွှတ်တာ စွန်လွှတ်တာ ပန်းတွေနဲ့ဝေ ဇာတ်ကားထဲကကိုအောင်ပြည့် သရုပ်ဆောင်ကွက် အထီးကျန်နေရခြင်းမှာ
သူ(မာရီနာ) နေချင်၍ နေရသော နေထိုင်နည်းမဟုတ်ပါ ကျိန်စာတခုသာဖြစ်ပါသည်။ ။

ခင်အောင်အေး
၁၀၊ မတ်၊ ၂၀၁၁ ဘန်ကောက် ၁၀း၃၅ နာရီ
inspired by ilya ehrenberg’s memoirs
Read more


မီးပြတိုက်


နေ့ဆို ကမ်းမမြင်လမ်းမမြင်
နေသွားပုံကိုကြည့်၍သာ လမ်းရှာရ

ညဆို ကြယ်ပွင့်ကလေးတွေ ကြည့်ကာ
တွက်ချက်ကာ လသာ တဲ့အခါအခိုက်တွေလဲ ရှိ

မီးပြတိုက် တစ်ခုတစ်လေတွေ့နိုး
ပင်လယ်ထဲ လမ်းပျောက်နေတဲ့ အခါများ အားကိုးတကြီးနဲ့

ဟော ဟိုက ပျပျမှုန်မှုန် မှိတ်တုတ်မှိတ်တုတ်
မီးပြတိုက်တခုလား..သေးရာမှ ကြီးလာ..နီးလာ..

ကြည့်နေရင်း မီးပြတိုက်ဟာ ရုတ်တရက်
မြင်ကွင်းထဲက ပျောက်သွား နတ်ဖွက်သွားတာလို
ပင်လယ်မှောက်တာလို စိတ်ကယောက်ကယက်များ…

သွေးလေ ခြောက်ခြား မျက်စေ့မှားတာလား
မီးပြတိုက်တခုကို တကယ်တွေ့ခဲ့တာလား။ ။

ခင်အောင်အေး
၂၂၊ ဧပြီ၊ ၂၀၁၁ ဘန်ကောက် ၁၁း၁၂ နာရီ
Read more


သား ဝေယံအတွက် မွေးနေ့လက်ဆောင် (ဧပြီ၊ ၁၃)


ဝရံတာ၊ သံသရာစက်ဝန်းနဲ့ ကော်ဖီတခွက်

ကျေနပ်ချင့်စဖွယ် နံက်ခင်းတခုရတယ်။ ကော်ဖီနံ့တသင်းသင်း။ မစားရတာကြာပြီဖြစ်တဲ့ မုန့်ဟင်းခါးနဲ့။ တီဗွီ
အစီအစဉ်တွေ စက်ရပ်သတင်းတွေကနေ ထွက်ပြေးလွတ်မြောက်နေတဲ့အရသာ၊ အင်တာနက်ပါ ပိတ်ထား
လို့ ဘာမှသိခွင့် မရတဲ့ အရသာ၊ မုန့်ဟင်းခါးနဲ့ ကော်ဖီရဲ့ အရသာအပေါ်မှာပဲ စိတ်ကို စိုက်နှစ်ထားလိုက်
ရတဲ့ အရသာ…။

တဘဝလုံး ဟာ ပြေးလွှားနေခဲ့တယ်။ ကလေးလိုပြေးလွှား၊ ကျောင်းသားတယောက်လိုပြေးလွှား၊ လူငယ်တ
ယောက်လိုပြေးလွှား၊ ကဗျာဆရာတယောက်လိုပြေးလွှား၊ အိမ်ထောင်သည်တယောက်လိုပြေးလွှား၊ အောက်ခြေလူတန်းစားလိုပြေးလွှား၊ လွတ်မြောက်မှု ဆာလောင်နေသူတယောက်လိုပြေးလွှား၊ မှောင်ခို
ကုန်သည် တယောက်လိုပြေးလွှား၊ စီးပွားရှာတယ် ဆီသည်မလက်သုတ်ပဝါ စကားလုံးအောက်မှာပြေးလွှား၊ ညီအကိုမသိတသိ ညနေခင်းတွေမှာပြေးလွှား၊ တဂျုန်းဂျုန်း ခုတ်မောင်းနေတဲ့ အင်ဂျင်ကြီးတွေနဲ့ အပြိုင်
ညလုံးပေါက် ညတွေ ပြေးလွှား၊ သားသမီးတွေ ပြေးလွှား၊ စိတ်ဇောအဟုန်တွေ ပြေးလွှား..။

နောက်ဆုံး ကော်ဖီ တငုံစာလေးကို မော့ချလိုက်တယ်။

မနေ့ကနဲ့၊ မနေ့တနေ့ကနဲ့၊ လွန်ခဲ့ လအနည်းငယ်ကနဲ့၊ သိတ်မကွာပါဘူး။ တမြန်နှစ်ကနဲ့၊ လေး ငါး ခြေက်နှစ် လောက်ကနဲ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကနဲ့၊ အနှစ်နှစ်ဆယ် သုံးဆယ် ဘာကွာလို့တုန်း။ ဒါပဲ
ဒီရုပ်ပဲ ဒီခန္ဓာပဲ မိစ္ဆာဒိဌိ လိုတွေးတယ်။ ကုသိုလ်တပဲ ငရဲတပိသာ ဟာ ဂျိုးတက်နေခဲ့ ပေါ့။ မောလှပြီ..။ ငါ
နားချင်ပြီ၊ ငါ အပြေးရပ်ချင်ပြီ၊ ကိုင်း ငါခဏနားမယ်။ ခုန စားခဲ့တဲ့ မုန့်ဟင်းခါး ရဲ့အရသာကိုစားမြုံ့ပြန်မယ်။
ကော်ဖီမွှေးမွှေးလေး အကြောင်းပြန်တွေးမယ်။ မြည်နေခဲ့လျက် မကြားမိခဲ့တဲ့ ငှက်သံလေးတွေရဲ့ အသံကို
ကိုငါ နားစိုက်ထောင်မယ်။ ငါ အပြေးခဏရပ်မယ်။ နောက်တနာရီမှာ ငါ ဘာလုပ်နေမလဲ ဆိုတာမျိုးတောင်
ငါ့ အတွေးထဲ အဝင်မခံတော့ဘူး၊

ငါထိုင်နေတယ်၊ ဝရံတာ ကလေးမှာ ငါထိုင်နေတယ်၊ မြစ်တခုနဲ့မနီးမဝေးမှာ ငါထိုင်နေတယ်၊ အရှေ့တောင်
အာရှ နိုင်ငံတခုရဲ့ မြို့တော်အစွန်အဖျား တနေရာမှာ ငါထိုင်နေတယ်၊ ငါ အေးအေးဆေးဆေး ထိုင်နေတယ်၊
ဘာရောဂါအနာတရမှ ဖြစ်မနေသလို၊ ဘယ်လိုဘေးအန္တရာယ်မျိုးမှ မကျရောက်နိုင်တော့သလို၊ ဘာတခုမှ အရေးတကြီးထလုပ်စရာမလိုတော့သလို၊ ဘယ်အဖြစ် ဘယ်အပျက်မှ ကိုယ်နဲ့မဆိုင်တော့သလို၊
လေမုန်တိုင်းကြီးတွေအကြောင်းမေ့လျော့ကာ ခု လက်ငင်းဒိဌမှာ ကိုယ့်အသားကိုကြည်စယ်ကလူလာတဲ့
လေညှင်းကလေးအပေါ်သာယာလျက်၊ ပန်းချီမောင်ဒီကိုဖြတ်ကနဲ သတိရလျက်၊ မောင်းမကန်ကမ်းခြေကို
သတိရလျက်၊ ၁၉၉၀ မန္တလေး နန်းရှေ့နေ ကာလများကိုသတိရလျက်၊ ဖေဖေ လို့မပီကလာ စ အခေါ်ခံရတဲ့ နေ့များကို သတိရလျက်၊ ငါ ပြုံးလိုက်မိသလား၊ ပါးပြင်ကို လက်နှစ်ဘက်က ကိုင်စမ်းမိတယ်။

ငါ တော်တော်ပြေးခဲ့ရတာ၊ ငါ မရပ်မနားပြေးခဲ့တာ၊ ငါဟာပြေးလွှားခြင်းနဲ့အသားတကျ၊ ပြေးလွှားခြင်းဟာ ငါ့ဘ၀ တလျှောက်လုံးမှာ ကပ်စေးနဲပင်ကအသီးလို ကပ်ပါနေတယ်။ မောနေရက်နဲ့ မမောနိုင်မပန်းနိုင် ဆက်ပြေးနေရတယ်၊ သံသရာစက်ဝန်းကြီး တဝူးဝူးလည်ပတ်နေသလို ငါဟာ ပြေးလွှားခြင်းစက်ဝန်းကြီးထဲမှာ
တရစပ်လည်ပတ်နေရတယ်။

အခုနက ကော်ဖီသောက်တယ်၊ မုန့်ဟင်းခါးကတော်တော်ကောင်းတယ်၊ လေပြေကလေးက ဝေ့ပတ်လို့၊
အိမ်ပေါ်ကဆင်းပြီး ခြေလှမ်း တစ်ရာသာသာလောက်လှမ်းလိုက်တာနဲ့ မြစ်ကိုတွေ့နိုင်တယ်ဆိုတဲ့ အသိဟာ
လူကို စိတ်ဖိစီးမှုဒဏ်က လျော့ကျစေတယ်၊ လေပြေကလေးတိုးတိုက်နေတဲ့ ငါ့အသားဟာ အေးမြစပြုလာ၊
အရေပြားပေါ်က အအေးဓါတ်ဟာကိုယ်ထဲကိုစိမ့်တိုးဝင်သွားတယ်၊ သွေးကြောမွှာ လေးတွေကတဆင့် ခန္ဓာ
တခုလုံးကို အအေးဓါတ်တွေပျံ့နှံ့သွားတယ်၊ စိတ်အပြေးကိုရပ်လိုက်လို့ ငြိမ်သွားတဲ့ အငြိမ်းဓါတ်ကြောင့်
နာမ်တရားလေးဟာ အပူရှိန်လျော့ကျလာတယ်၊ ရုပ်တရားနဲ့နာမ်တရားတို့ရဲ့ဆုံရပ်ဖြစ်တဲ့ ဟဒယ မှာ ကိုယ်တွင်းအအေးဓါတ် နဲ့ စိတ်အအေးဓါတ်တို့ ပက်ပင်းတွေ့ကြတယ်။ ပေါင်းဖက်လိုက်ကြတယ်။

ပူနွေးနေတဲ့ နှလုံးဟာ တဒုတ်ဒုတ် ပုံမှန်ခုန်ရင်း ကိုယ်အပူချိန်ကို လိုအပ်သလိုထိန်းညှိပေးနေလျက်..

ဝရံတာ၊ မြစ်၊ မုန့်ဟင်းခါး၊ သံသရာစက်ဝန်းကြီး၊ လေညှင်းကလေး၊ ကော်ဖီမွှေးမွှေး၊ မောင်းမကန်ကမ်းခြေ၊
ကိုဒီ၊ မန္တလေးနန်းရှေ့၊ မုန့်ဟင်းခါး၊ ကပ်စေးနဲသီးလိုအပြေး၊ ငှက်ကလေး၊ဝရံတာ၊ကော်ဖီမွှေးမွှေး၊
သံသရာစက်ဝန်းကြီး၊ လေညှင်းကလေး၊ ကော်ဖီမွှေးမွှေး၊ မောင်းမကန်ကမ်းခြေ၊ လေညှင်းကလေး။ ။


ခင်အောင်အေး
၆၊ စက်တင်ဘာ၊ ၂၀၀၉
Read more


စက္ကူပန်းရုံ (ခင်အောင်အေး ကဗျာများ စုစည်းမှု)



ကျွန်တော့် အကိုကြီး ကိုခင်အောင်အေးရဲ့ ကဗျာတွေ စုစည်းမှုလေးပါ အောက်မှာ တိုက်ရိုက် PDF နဲ့ ဖတ်နိုင်သလို အောက်ဆုံးက ဒေါင်းလုဒ် လင့်ကလဲ ဒေါင်းလုဒ် လုပ်နိုင်ပါတယ်..








Read more


Firefox 4 Beta


Firefox 4 Beta စမ်းသပ် ဗားရှင်း ထွက်လာပါပြီ ဖိုင်းယားဖောက်စ် နှစ်သက် သူများ အတွက် အသိပေး လိုက်တာပါ စမ်းသပ် ကြည့်ကြပါအုံး...

အတော်လေး ပြုပြင် ပြောင်းလဲမှုလေးတွေ လုပ်ထားပါတယ် အရင် စတိုင်နဲ့ အတော်လေး ကွာခြား သွားသလို မြန်လဲ အတော်လေး ပိုမြန်လာပါတယ်..

အောက်မှာ သူ့ရဲ့ မူရင်း လင့်နေရာမှာ ဒေါင်းလုဒ် လုပ်နိုင်ပါတယ်..



PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


Prevent Image Copying မိမိပိုစ့်မှ ပုံများကို ကာကွယ်လိုသူများ အတွက်

ညီမငယ် သိင်္ဂါကျော်က ကွန်မန့်ထဲမှာ မေးလာပါတယ်...
ဓါတ်ပုံတွေကိုကော ကော်ပီ လုပ်လို့ မရအောင် ဘယ်လို လုပ်ရပါမလဲ ဆိုပြီးတော့
ဒါကြောင့် ဓါတ်ပုံတွေ အလွယ်တကူ ကော်ပီ လုပ်ခံရခြင်းမှ ကင်းဝေးဖို့ (အလွယ်တကူ လို့ သုံးတာက တကယ် ခိုးယူချင်တဲ့ သူတွေ အတွက်ကတော့ နည်းလမ်းပေါင်းစုံ ရှိပါတယ် အကောင်းဆုံးကတော့ ဓါတ်ပုံပေါ်မှာCopyright စာတန်း မိမိဘလော့ အမည် သို့ နာမည် ရေးထည့်ထားတာ အကောင်းဆုံးပါ)အောက်က နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်..။

မိမိ ပိုစ့်ထဲ တွင် ထည့်လိုသော ပုံများ အားလုံးကို တင်လိုက်ပါ..
ပြီးတဲ့ အခါမှာ ပိုစ့်တင်တဲ့ အကွက်ရဲ့ ညာဘက် အပေါ်မှာ ရှိတဲ့ Edit HTML နဲ့ Compose နှစ်ခု အနက်က Edit HTML ကို ရွေးလိုက်ပြီး မိမိ တင်ထားတဲ့ ပုံတွေရဲ့ ကုဒ်ကို ရှာလိုက်ပါ အောက်ကလို ဖြစ်ပါလိမ့်မယ်..




<div class="separator" style="clear: both; text-align: center;">
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8H-GWEtbbxj37JgoqbeFLFb2McRRG-MTtL_9EM3EIDSWvXjQBAtiajSc_pMgZjlPCpy0xSaV0e6rkeE8UJ6_Jcx-sp4mt2ZWel25wfHUvzOAGSwIu6YTurjlPGlY5OW09kMtmvfCRNg/s1600/no+copy+image.png" imageanchor="1" style="margin-left: 1em; margin-right: 1em;"><img border="0" height="311" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8H-GWEtbbxj37JgoqbeFLFb2McRRG-MTtL_9EM3EIDSWvXjQBAtiajSc_pMgZjlPCpy0xSaV0e6rkeE8UJ6_Jcx-sp4mt2ZWel25wfHUvzOAGSwIu6YTurjlPGlY5OW09kMtmvfCRNg/s400/no+copy+image.png" width="400" /></a></div>

ပြီးသွားရင် အနီနဲ့ ပြထားတဲ့ စာသားတွေကို ဖယ်ထုတ်လိုက်ပါ ဒါဆိုရင် ဒီလိုမျိုးလေး ဖြစ်သွားပါမယ်..

<div class="separator" style="clear: both; text-align: center;">
<img border="0" height="311" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8H-GWEtbbxj37JgoqbeFLFb2McRRG-MTtL_9EM3EIDSWvXjQBAtiajSc_pMgZjlPCpy0xSaV0e6rkeE8UJ6_Jcx-sp4mt2ZWel25wfHUvzOAGSwIu6YTurjlPGlY5OW09kMtmvfCRNg/s400/no+copy+image.png" width="400" /></div>

ပြီးသွားပြီဆိုရင် အဲဒီ ကုဒ်တွေထဲမှာ oncontextmenu="return false;" ဆိုတာလေး ထည့်ပေးရပါမယ် အောက်က နမူနာ အတိုင်းပါ

<div class="separator" style="clear: both; text-align: center;">
<img oncontextmenu="return false;" border="0" height="311" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8H-GWEtbbxj37JgoqbeFLFb2McRRG-MTtL_9EM3EIDSWvXjQBAtiajSc_pMgZjlPCpy0xSaV0e6rkeE8UJ6_Jcx-sp4mt2ZWel25wfHUvzOAGSwIu6YTurjlPGlY5OW09kMtmvfCRNg/s400/no+copy+image.png" width="400" /></div>

ပြီးသွားရင်တော့ ပိုစ့်ကို Publish လုပ်လို့ ရပါပြီ ဘယ်လို ဖြစ်လာမလဲ ဆိုတာ အောက်က ပုံလေးကို စမ်းသပ် နှိပ်ကြည့် ကော်ပီ လုပ်ကြည့်နိုင်ပါတယ်..။


စမ်းသပ် copy & select လုပ်ကြည့်ရန်

အားလုံး အဆင်ပြေကြပါစေဗျာ..

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more


No Copy No Select မိမိပိုစ့်တွေ ကာကွယ်ချင်သူများ အတွက်


ဟား ဟား ဒါလေးများ ငါတို့ သိတာ ကြာပေါ့ လုပ်ထားပြီးသား လို့တော့ အထင်တော် မမှားကြပါနဲ့အုံးဗျာ အရင်ဆုံး ငါတို့ သိထားတာ ထည့်ထားတာနဲ့ တူသလားလို့ အရင် ဖတ်ကြည့် စမ်းကြည့်ပါအုံး တစ်ကယ်လို့ သိပြီးသား ထည့်ပြီးသား ဆိုလဲ ဆောရီးပါ မသိသေးသူ တွေ အတွက်ပေါ့...

လုပ်ထားကြပါတယ် ဘလော့ အတော်များများ စာတွေကို Select လေး လုပ်ပြီး ကုူးဖို့ အတွက် Right Click နှိပ်လိုက်မှ ကွန်ပြူတာက အလန့်တကြား ထအော်ပြီး ဘရောက်ဇာမှာ Popup ဝင်းဒိုးလေး ပေါ်လာပြီး Right Click လုပ်ခြင်း ခွင့်မပြု ဘာညာ နဲ့ အမိန့်ကြော်ညာတွေ စည်းကမ်း သတ်မှတ်ချက်တွေ ထွက်ပေါ်လာတာ.....

အဲလိုကြီး လုပ်မယ့် အစား ယဉ်ယဉ်ကျေးကျေးလေး အစကတဲက စာတွေကို Selected လုပ်လို့ မရအောင် လုပ်ထားကြရရင် မကောင်းဘူးလားဗျာ...

ဟောဒီမှာ Demo လင့်လေးမှာ သွားစမ်းကြည့်လိုက်ပါ အဲဒီက ပိုစ့်က စာတွေ Right Click နှိပ်ဖို့ အဆင့်ထိ မပြောနဲ့ စာတွေကိုတောင် Select လုပ်လို့ ရရဲ့လား ဆိုတာ...

ဒီတော့ ကူးချင်တဲ့ သူကပဲ ဟင် ငါတို့ ကွန်မကောင်းလို့လား မသိဘူး ၊ ငါတို့ ကွန်ပြူတာ ကြောင်နေလို့လား မသိဘူး ၊ ငါတို့ ဘရောက်ဇာ ဘာဖြစ်နေလဲ မသိဘူး ဆိုတဲ့ ဇဝေ ဇဝါ များစွာနဲ့ ကိုယ့်ကို အမြင်မကပ်တော့ဘူးပေါ့ဗျာ ...နို့မို့ သတိပေးစာ ပြူးတူးပြဲတဲ အသံတွေကလဲ မြည်သေး ဆိုတဲ့ အချိန်ကျရင် တော်တော် အဝှာကျယ်တဲ့ ဘလော့ဂ်ပါလားလို့ မေတ္တာ ပို့ခံရအုံးမယ် မဟုတ်လား...

ကဲ လုပ်ချင်တယ်ဆို အောက်က ကုဒ်လေးတွေကို ကူးလိုက်ဗျာ...

<script type="text/javascript">
var omitformtags=["input", "textarea", "select"]
omitformtags=omitformtags.join("|")
function disableselect(e){
if (omitformtags.indexOf(e.target.tagName.toLowerCase())==-1)
return false
}
function reEnable(){
return true
}
if (typeof document.onselectstart!="undefined")
document.onselectstart=new Function ("return false")
else{
document.onmousedown=disableselect
document.onmouseup=reEnable
}
</script>

အပေါ်က ကုဒ်လေးတွေ ကူးပြီးပြီ ဆိုရင်တော့(ကျွန်တော်ကတော့ ကုဒ်တွေ ကူးစေချင်လွန်းတဲ့ အတွက် ဒီနည်းကို သုံးမထားပါဘူး :P) ....

၁/blogger dashboard ကိုသွားလိုက်ပါ

၂/ပြီးရင် Desing --&-- Page Elements. ကို ဆက်သွားပါ...

၃/နောက်တော့ sidebar က 'Add a Gadget' ဆိုတာကို နှိပ်လိုက်ပါ

၄/'HTML/Javascript' ဆိုတာ ရွေးချယ်ပြီး ကုဒ်တွေ ထည့်ပြီး Save လုပ်ပြီးရင် ပြီးပါပြီဗျာ..

အဲဒီနေရာမှာ တတ်နိုင်ရင် အဲဒီ Gadget ကို အပေါ်ဆုံးမှာ ထားနိုင်ရင် အကောင်းဆုံးပါပဲ.. အားလုံးပြီးရင် ကိုယ့်ဆိုဒ်ထဲ သွားကြည့်လိုက်ပါအုံး စာတွေကို Select လုပ်လို့ ရသေးလားဆိုတာကို...

အားလုံး အဆင်ပြေကြပါစေ အဆင်မပြေခဲ့သော် အောက်က ကွန်မန့်ထဲ မေးထားခဲ့ နိုင်ပါတယ်..။

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။

Read more


ဘလော့ လည်ရင်း သီချင်းသံ ပေါ်လာလို့ လန့်တတ်သူများ အတွက်


တစ်ခြား လူတွေတော့ မသိပါဘူး ကျွန်တော်တော့ လန့်ပါတယ် ဘာလန့်တာလဲ ???
ဘလော့ဂ် တွေ လည်ပါတယ် အဲဒီမှာ တစ်ချို့ ဘလော့ဂ် ပိုင်ရှင်များ သူတို့ ကြိုက်နှစ်သက်သော မြူးဇစ် ပလေယာများ ရေဒီယို ပလေယာများ ထည့်ထားတတ် ကြပါတယ် အဲဒီ ဘလော့ကို ဝင်လိုက်ပြီ ဆိုရင် သီချင်းသံ အကျယ်ကြီး ရုတ်တရက် ထွက်လာရင် ကိုယ်က ည လူခြေတိတ်ချိန် ဘလော့လည်လေတော့ ထွက်ပေါ်လာတဲ့ သီချင်းသံကြောင့် အမြန် ပလေယာကို လိုက်ရှာပြီး အရင် ပိတ်ရပါတယ် ပြီးတော့မှ ဟူးးးးးးးး ကနဲ သက်ပြင်းချပြီး စာကို အေးဆေး ဖတ်နိုင်ပါတော့တယ် အဲဒီလို ဖြစ်နေသူများ နှင့် ဘလော့ဂ်ပိုင်ရှင် များကို နှစ်ဦး နှစ်ဖက် အဆင်ပြေအောင် တွေ့ရှိတာလေး နည်းနည်း ဝေမျှ ပေးချင်ပါတယ်...
ဝေမျှပေးမယ့် အပိုင်းမှာ အလည်လာသူ အပိုင်း နဲ့ အိမ်ရှင် ဘလော့ဂါ အပိုင်း နှစ်ပိုင်း ခွဲပြီး တင်ပြပေးပါ့မယ်..

အိမ်လည်သူများ အတွက်....

အိမ်လည်သူတွေ မိုဇီလာ ဖိုင်းယားယောက်စ် သုံးစွဲပြီး လည်စေချင်ပါတယ် မြန်မာဘလော့ အများစုကလဲ ကျွန်တော်/ ကျွန်မတို့ ဘလော့သည် ဖိုင်းယားဖောက်စ် ဖြင့်ကြည့်လျှင် ပိုအဆင်ပြေပါသည် ဘာညာ သာရကာ တွေ တင်ထားတတ်ပါတယ်.. ကျွန်တော်လဲ တိုက်တွန်းပါတယ် ဘာကြောင့်လဲ ဆိုတော့ အခု ပြောမဲ့ အိမ်လည်သူများ အတွက်က ဖိုင်းယားဖောက်စ် နဲ့မှ အဆင်ပြေမှာ မို့လို့ပါ.. :P

ကျွန်တော်တို့ ဝဘ်ဆိုဒ်တွေ ဘလော့ဂ် တွေမှာ  Java script တွေ ads တွေနဲ့ ကြော်ညာတွေ ဗွီဒီယိုတွေ သီချင်းပလေယာ တွေ ထည့်ထားတတ်ပါတယ် အဲဒါတွေကို ဟန့်တားနိုင်ဖို့ အကောင်းဆုံး Firefox add on နှစ်မျိုး ရှိပါတယ်..  Adblock Plus ဆိုတာနဲ့ No Script ဆိုတာ နှစ်ခုပါ..

အဲဒီ နှစ်ခုမှာ ကျွန်တော်ကတော့ Adblock Plus ဆိုတာကို ပိုနှစ်သက်ပါတယ် ဘာလို့လဲ ဆိုတော့ သူက ကိုယ်လိုသလို စီမံလို့ ရလို့ပါ ကိုယ်လိုတာပဲ ပိတ်မယ် ကြည့်ချင်တာတွေကို ဖွင့်ထားမယ် အဲလို လုပ်လို့ ရပါတယ် ဒီတော့ ဝဘ်ဆိုဒ် တစ်ခုကို ဝင်လိုက်ရင် ဆိုဒ်ပိုင်ရှင်က ဘာပေးချင်လဲ အရင် ကြည့်ပါ ကိုယ်မကြိုက်တာတွေကို Block ပါ No Script ကတော့ အကုန် block ထားတော့ ဆိုဒ်ပိုင်ရှင် ဘာပေးချင်လဲ ဘာပြချင်လဲ ဆိုတာ မမြင်ရပြန်တော့လဲ ကိုယ် မမြင်လိုက်ရ မသိလိုက်ရတာတွေ ရှိလာနိုင်ပါတယ် ဒါကြောင့် Adblock Plus ကို ကျွန်တော် သဘောကျတာပါ ဒီတော့ Adblock Plus ကို ဒီနေရာက သွားထည့်ပါ.. ဒါကတော့ သူ့ သုံးစွဲရမယ့် Screenshots လေးတွေပါ...အောက်မှာ သုံးစွဲနည်း ဗွီဒီယိုလေးလဲ ပြထားပါတယ် ...


နောက် ဝဘ်ဆိုဒ် တွေ ဘလော့တွေထဲက သီချင်းပလေယာတွေ ဗွီဒီယိုတွေ အော်တို အသံတွေ ထွက်လာတာ တွေကို တော့ အောက်က ပုံမှာ ပြထားသလိုပါပဲ ပလေယာပေါ် မောက်စ်ကာဆာလေး တင်လိုက်ပါ ဒါဆို block ဆိုတဲ့ ခလုတ်လေး ပေါ်လာပါမယ် အဲဒါလေး နှိပ်ပေးလိုက်ရင် နောက် အဲဒီ ဆိုဒ်ကို သွားလည်ရင် အသံတွေ ရုတ်တရက်ကြီး မပေါ်လာတော့ပါဘူး..... ဥပမာ အနေနဲ့ မြန်မာ ဘလော့တွေမှာ အများဆုံး တပ်ထားတတ်တဲ့ ဟာလေး တစ်ခုနဲ့ ပြထားပါတယ်...


တစ်ခြား ဘာ ပလေယာ ဖြစ်ဖြစ် အဲလိုလေး သာလုပ်ပေးပါ လန့်ဖြန့်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်..

ဘလော့ဂ် ပိုင်ရှင်များ အတွက်..

မိမိက ဧည့်သည်များကို အိမ်လာလည်တဲ့ အချိန်မှာ စာလေး ဖတ်ရင်း သီချင်းလေး နားထောင် ပါစေတော့ရယ်လို့ စေတနာနဲ့ ဖြစ်ဖြစ် ကိုယ့်ဆိုဒ်လေးထဲ ဘယ်သူတွေလာလဲ စီဘောက်ထဲက နုတ်ဆက်စကားလေး ပြောရင်း သီချင်းလေး နားထောင်ရအောင် ဆိုပြီး ဖြစ်ဖြစ် တတ်ထားပေမယ့် လာတဲ့ ဧည့်သည် အနေနဲ့စိတ်အနှောက် အယှက် ဖြစ်တာမျိုး ဖြစ်တတ်လို့ သူနားထောင်ချင် မှ ခလုတ်လေး ဖွင့်ပြီး နားထောင်လို့ ရအောင် လုပ်ထားပေးတာဟာ နှစ်ဦး နှစ်ဖက် ပိုပြီး အဆင်ပြေမယ်လို့ အကြံပေးချင်ပါတယ် ဒီတော့ ဘယ်လို လုပ်ရမလဲ...

ရုတ်တရက်ကြီး သီချင်းတွေ ဗွီဒီယိုတွေ ထထ ပွင့်တဲ့ ပလေယာတွေမှာ ဟောဒီကုဒ်ကို သုံးထားတတ်ကြပါတယ်..

autostart="1" သို့မဟုတ် autostart="true"

အဲဒီကုဒ်လေးတွေကို ဟောဒီလို ပြန်ပြင်ပေးပါ..

autostart="false"

ဒါဆိုရင် ပလေယာက သီချင်းတွေ ရုတ်တရက် အော်တို မပွင့်လာတော့ပဲ နားထောင်ချင်သူများ ပလေး ခလုတ်နှိပ်မှ သီချင်းသံ ထွက်လာမှာ ဖြစ်တဲ့ အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြမှာပါ...။


PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts