ရင်ခွင်ကိုထိမှန်ခဲ့သောသီချင်းတစ်ပုဒ် သို့မဟုတ်ဆိုင်သူကိုယ်စီမို့

*** ဒို့နှစ်ယောက်... ခုထက်ပို ...စော.....တွေ့ကြရင် ..ပျော်ကြရမှာ မင်းရော ငါရော ...ပိုင်သူ.. ကိုယ်စီ ရှိပြီးသား.. ဘဝမှာ.. စောင့်ထိန်း ရမယ့် .စည်းကမ်း တွေကို ဒို့နှစ်ယောက်...ကျော်သင့်သလားးး.. ဒို့နှစ်ယောက်......ကျော်ရဲ သလားးးးးးးးးးးးး...***

ဆောင်းဘောက်စ် မှ တစ်ဆင့် ပေါ်ထွက်လာတဲ့ ခိုင်ထူးရဲ့ ဆိုင်သူ ကိုယ်စီ သီချင်းက မိုးဦးကျ အငြိုးကြီးစွာ ရွာချလိုက်တဲ့ မိုးရေတွေ စုစည်းပြီး တောင်ကျချောင်းရေ အဖြစ် စီးဆင်းလာ သလို သူ့ရဲ့ နားစည် မှ တဆင့် သူ့နှလုံး သားထဲ အထိ အရှိန်အဟုန် ပြင်းထန်စွာ စီးဆင်း ရိုက်ခတ်သွားပါတယ်...

သူ့ရှေ့မှာ ထိုင်နေတဲ့ သူငယ်ချင်း ဖြစ်သူ ခင်ဇော် ကို ကြည့်လိုက်တော့ မွန်ထရီ တစ်ရှိုက် လဘ္ဘက်ရည် တစ်ကျိုက် နဲ့ သီချင်း ကို ခံစားချက်မဲ့စွာ စည်းချက်လိုက်နေတာကို တွေ့လိုက်ရတယ်...

အေးပေါ့လေ သူကတော့ စည်းချက်လိုက်နိုင်မှာပေါ့ သူ့ မှာ သီချင်းနဲ့ လိုက်ဖက်မယ့် ခံစားချက် ဆိုတာမှ မရှိတာကိုး ကိုယ့်မှာသာ မထွေးနိုင် မအန် နိုင်တဲ့ ခံစားချက်တွေကို ခါးသီးစွာ ကြိတ်မှိတ် မျိုချလို့............

တိုက်ဆိုင်ချက် ကလဲ ကမ်းကုန် ရော ဒီနေ့မှ ရလာတဲ့ ခံစားချက် ကို သူငယ်ချင်း ဖြစ်သူကို ရင်ဖွင့်မယ်ဟဲ့ ရယ်လို့ လဘ္ဘက်ရည်ဆိုင် ခေါ်လာမိခါမှ ဒီ သီချင်း နဲ့လာတိုး နေတယ်.....

“ဟေ့ရောင် ခင်ဇော်”

“ဟေ”

“မင်းဒီသီချင်း ကို ဘယ်လို ခံစားရလဲ” ?

“မဆိုးပါဘူး ကောင်းသားပဲ”

မေးတစ်ခွန်း ဖြေတစ်ခွန်း အပြီး မှာတော့ စကားဝိုင်း က တိတ်ဆိတ်ခြင်း သာ ဖုံးလွှမ်းသွား ပြီး ကျွန်တော့် ရဲ့ စိတ်တွေ က လွန်ခဲ့သော ရှစ်နာရီ အချိန် ကို ပြန်လည် ရောက်ရှိသွား ပါတော့တယ်..။

ဒီနေ့ ကျောင်းလွှတ် ချိန် သူလေး ကို သူမ ရဲ့ အမ က လာကြိုနေတယ်.....

နောက်တော့ အေးဆေး စကားပြောရအောင် ဆိုလို့ ကျွန်တော် တို့ နှစ်ယောက် အမြဲ ထိုင်နေကျ လ္ဘက်ရည် ဆိုင် ကို သွားပြီး စားပွဲဝိုင်းမှာ ထိုင်မိတယ် ဆိုရင်ပဲ............

"မောင်လေးနဲ့ အမ ညီမလေး နဲ့ ချစ်သူ တွေ ဖြစ်နေကြတယ် လို့ အမ ညီမ ကပြောတယ်"

သူမ နဲ့ အတူ ပါလာတဲ့ သူမ ရဲ့ အမ က စကား စလိုက်တယ်...

အော် ချစ်ရတဲ့ သူလေး က အမ ကိုတောင် ပွင့်ပွင့်လင်းလင်း ပြောထားပြီးပြီ ကိုး ကျွန်တော် ရင်ထဲမှာ ကြည်နူး သွားတယ်...

ဒါမေမယ့် ကြည်နူးမှု က ချက်ချင်း ဆိုသလို ပဲ သူမ အမ ဆီက ဆက်လက် ထွက်ပေါ်လာတဲ့ စကားကြောင့် ဆပ်ပြာ ဗူဘောင်း လေး တစ်ခုလို ပေါက်ကွဲ ကြေမွ သွားတယ်...။

"နောက် လာမယ့် တနင်္ဂနွေ နေ့ သူလက်ထပ်ရတော့မယ်"

ဒီနောက်တော့ မောင်လေး တို့ အေးအေး ဆေးဆေး ပြောကြနော် ဆိုပြီး တစ်ခြား စားပွဲ တစ်လုံးမှာ သွားထိုင်နေတဲ့ သူမရဲ့ အမ ၊ ချစ်သူလေး ရဲ့ တသွင်သွင် ကျဆင်း နေတဲ့ မျက်ရည်တွေ သူ့ကို ရှင်းပြ နေတဲ့ စကားသံ တွေ အားလုံး သူ့အာရုံမှာ အကုန် ရှုပ်ထွေးလို့.................။

"နင်နဲ့ငါနဲ့ ခုထက် ကို စောပြီး ချစ်သူတွေ ဖြစ်ခဲ့ကြရင် ကောင်းမယ် ဟာ"

"နင်ငါ့ ကိုဖွင့် မပြောခင် ပြီးခဲ့တဲ့ နွေရာသီ ကျောင်းပိတ်ရက် တုန်းက တပ်ရင်းအလိုက် ဘောလီဘော ပြိုင်ပွဲမှာ အဖေ တို့ တပ်ရင်း မိသားစု ဘောလီဘော အဖွဲ့မှာ ငါဝင်ပြိုင်ခဲ့မိတယ်...
အဲဒီ ပွဲတွေ ကို အမြဲ လိုက်ကြည့်တတ်တဲ့ ဗိုလ် တစ်ယောက်က ငါ့ ကို သဘောကျ ပြီး တပ်က တပ်ရင်းမှုးတွေ တပ်ခွဲ မှုးတွေ နဲ့ ငါ့ကို အဖေ့ဆီမှာ လာတောင်းတော့ အဖေကလဲ သဘောတူလိုက်တယ် ငါလဲ ငြင်းစရာ မလိုပါဘူးလေ ဆိုပြီး အဖေတို့ သဘောပါလို့ ပြောလိုက်မိတယ်"

***ကျောင်းဆင်းလို့ အိမ်ပြန်ချိန် ရောက်..ခဲ့ကြရင် ... ငိုကြရမှာ... မင်းရော ငါရော ဆိုင်သူကိုယ်...စီ ရှိပြီးသားဘဝမှာ... မဆိုင်တဲ့ကြားနှစ်ယောက်..မနစ်..နာလေအောင်..ဒို့နှစ်ယောက်.... ပျော်ရဲသလားးးးးးးးး
ဒို့..နှစ်ယောက်...ပျော်သင့်သလားးးးးးးးးးးးး***

သြော် ဒီကျောင်းဆင်း ချိန်လေး ကတော့ ကိုယ်တို့နှစ်ယောက် အတွက် တကယ့် ကို နောက်ဆုံး လမ်းခွဲ အချိန်ဖြစ်ခဲ့ ရပြီပေါ့...

ကိုယ့်မှာ ဆိုင်သူရယ် ဆိုလို့ သူလေး တစ်ယောက်သာ ရှိခဲ့ပေမယ့် သူလေးမှာကတော့ ပိုင်သူ ဆိုတာ ရှိနှင့်နေခဲ့ ပြီကိုး....

*** ဆုတ်လဲဆူး စားလဲရူး ဒီအခြေအနေမှာ အားလုံးမေ့ပြီး ထင်ရာ စိုင်းပြစ်လိုက်ချင် ရှိပြီးသား ခံစားချက် ကိုယ်စီ ကို ဒို့ နှစ်ယောက် အသိနဲ့ ထိမ်းသိမ်း လိုက်ကြစို့ ****

အဲဒီ အချိန် အခိုက်အတန့် လေးမှာ တကယ် ကိုပဲ သူတို့ နှစ်ယောက် အားလုံးကို မေ့ပြီး ထင်ရာစိုင်းချင်တဲ့ စိတ်တွေ ပေါ်ပေါက် ခဲ့ကြတာပေါ့ ..

ဒါပေမယ့် သူ လဲ သူ့မိသားစု နဲ့ အဖေ တပ်ရင်း အရာခံဗိုလ် ကြီး ရဲ့ မျက်နှာ ကို ကြည့်ရအုံးမယ်လေ ..
ကျွန်တော် ကလဲ ကျောင်းသား အရွယ် မဟုတ်လား........၊

စိတ်သွားတိုင်း ကိုယ်မပါ နိုင်တဲ့ အရွယ် တွေ ဆိုတော့လဲ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ငိုချင်း ချ ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ ကြပါဘူးလေ....၊

ဒါနဲ့ပဲ ကျွန်တော် တို့ နှစ်ယောက်ရဲ့ ရင်ထဲက ခံစားချက် ကိုယ်စီကို အသိတွေ နဲ့ ထိန်းသိမ်း ပြီး နုတ်ဆက် ထွက်ခွာ ခဲ့ကြရပါတော့တယ်..။

ကျွန်တော့်အတွက်တော့ အခု လ္ဘက်ရည် ဆိုင်ထဲက ဆောင်းဘောက်စ် ကတစ်ဆင့် ပေါ်ထွက်နေတဲ့ ခိုင်ထူးရဲ့ ဆိုင်သူ ကိုယ်စီမို့ သီချင်းဟာ ကျွန်တော့် ရဲ့ ရင်ခွင် ကို ထိမှန်ခဲ့သော သီချင်းတစ်ပုဒ် ပါပဲဗျာ..။


Read more


အချစ်ဆိုသည်မှာ



ဘလော့ဂ် အကိုတွေ ညီတွေ ညီမတွေ လင်းထက်ကို ချစ်လိုက်ကြတာ သူတို့ခံစားရေးဖွဲ့လိုက်တဲ့ ပိုစ့်တွေ ကို သူတို့ရဲ့ အကို တစ်ယောက် ညီတစ်ယောက် ဖြစ်တဲ့ ကျွန်တော် လဲ ဘယ်လို ခံစားမှုတွေ ရှိမလဲ လို့ သိချင်လို့ တဂ်လိုက် ကြတာ အခုတော့ တဂ်ကြွေး များနဲ့ဝိုင်းနေသူ ကို လင်းထက် ဟုခေါ်သည် လို့တောင် ပြောရမလို ဖြစ်နေပြီ mrgreen

ဒီတော့ အခု ပထမဆုံး အကိုကြီး အောင်သာငယ် ရဲ့ တဂ် ကို ပထမ ဆုံး ပြန်လည် ခံစားတင်ပြ ပါရစေ......

အချစ် ဆိုသည်မှာ...................

မြောက်ဝင်ရိုးစွန်း က ရေခဲတုံး တွေ ကြား ရောက်သွားသလို အအေးဓါတ် တွေ ကို ပေးစွမ်း နိုင်သလို..
ဟီရိုရှီးမား နဲ့ နာဂါဆာဂီ မှာ ပေါက်ကွဲ ခဲ့တဲ့ အနုမြူဗုံး ထက်လဲ ပူလောင်မှု တွေကို ပေးစွမ်းနိုင်တယ်..

မျှော်လင့်ချက် တွေကို အသက်ဆက် စေနိုင်သလို..
မျှော်လင့်ချက် တွေကို လဲ သေဆုံးသွား စေနိုင်တယ်..

ကိုယ်ဘယ်လိုမှ မလုပ်နိုင်တော့ဘူး လို့ ထင်ထားတဲ့ အရာတွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ တွန်းအားပေးနိုင်သလို..
လွယ်ကူပါတယ် ဆိုတဲ့ အရာတွေ ကို ဆက်ပြီး မလုပ်နိုင်လောက်အောင် လဲ ဖျက်ဆီး တတ်တယ်..

ပျော်ရွှင် တက်ကြွ မှုတွေ ကို ဆောင်ကြဉ်း ပေးနိုင်သလို..
စိတ်ညစ် အားငယ် မှု တွေကို လဲ ရသ အပြည့် ပေးနိုင်တယ်..

ကမ္ဘာကြီး ကို အပြုံးပန်း တွေ နဲ့ဖူးပွင့် အလှဆင် နိုင်သလို..
မျက်ရည်မိုး တွေ ရွာသွန်းဖြိုးစေ နိုင်တယ်

ဘယ်အာဏာရှင် ဘယ် ဥပဒေ ကမှ တားဆီး ပိတ်ပင် လို့ မရ စကောင်း နိုင်တဲ့ အရာ..

လူတန်းစား မရွေး ဘာသာ မရွေး အားလုံး မှာ တူညီ စွာ ရှိတတ် တဲ့ အရာ..

ရင်ထဲမှာ အစာ မစားပဲ ပြည့်နေအောင် ဖန်တီး နိုင်သလို...
အမြဲတမ်း လဲ ဟာနေအောင် စွမ်းဆောင်နိုင် တယ် ...

ကျွန်တော် ခံစားမိ သလောက် ကလေးပါ....။

ဒီတော့ ထုံးစံ အတိုင်းလေး ရိုးရာ မပျက်ရအောင် အချစ်အကြောင်း ဖွင့်ဆိုမယ့် နောက်ထပ် အချစ်ဒဿနိက ပညာရှင် များ ကတော့....

ဘလက်ဒရင်း , ညမီးအိမ် ,ထိုက်မင်း,ဇောင်း ,ကြယ်ဇင်သွေး ,အိမ် ,မိုးသောက်ယံ,
မောင်မျိုး ကတော့ ကို အောင်သာငယ်တဂ်ထားပြီးဖြစ်ပေမယ့်လို့ ထပ်ထည့်ထားတယ်

နတ်သမီးလေး မွန် ,Apprenticeship,မေမိုးမခ ,မီးငယ် ,မေမိုး ,ဝေလေး ,အမရာ

ကဲ ညီကို မောင်နှမ တို့ရေ အချစ် အကြောင်းလေး ဖွဲ့ဆို လိုက်ကြပါအုံး နော်


Read more


စိတ်ထဲရှိရာ ကဗျာ တစ်ပုဒ်

ဒီနေ့ ကျွန်တော့် ဘလော့ဂ် ထဲက ကွန်မန့် ထဲမှာ အမည် မသိ ညီလေး တစ်ယောက်က သူ့ရဲ့စိတ်ထဲ ရှိရာ အမေ ကို တမ်းတတဲ့ ကဗျာလေး တပုဒ် ရင်ထဲက လွှတ်ချသွားတယ် ဗျာ ..။

တိုက်ဆိုင်လိုက်တာ ကျွန်တော်လဲ ဒီရက်ပိုင်းအတွင်း အမေ နဲ့ပါတ်သက် ပြီး ရင်ထဲမှာ စူးစူးနစ်နစ် ကိုခံစားနေရတာနဲ့ သူ့လွှတ်ချလိုက်တဲ့ ခံစားချက် ကဗျာလေး က ကျွန်တော့ ရင်အစုံ ကို ပြင်းပြင်းထန်ထန် ကို တိုက်ရိုက်ထိမှန် ခဲ့ပါတော့တယ် ဗျာ ဒါနဲ့ပဲ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းအရာတွေ ကို ကိုယ်စားရေးပေး သွားသလို ခံစားလိုက် ရတဲ့ အတွက် သူက အကို စိတ်ထဲ ရှိရာ ခေါင်းစဉ် ပေးလိုက်ပါ ဆိုလို့ ကျွန်တော့ စိတ်ထဲ ရှိတာတွေ ဖြစ်နေတဲ့ အတွက် စိတ်ထဲရှိရာ ကဗျာ တစ်ပုဒ်လို့ ပဲ ပေးလိုက်ပါတယ်...။

အမေ ဆိုတာ က မွေးလာ ကြတဲ့ အားလုံးသော ဘလော့ဂါ ညီကို မောင်နှမ အပေါင်း ခံစားကြည့်ကြပါခင်ဗျာ..။

ဘာမှ တော့ မဆိုင်ဘူး..
အစ်ကို့ရဲ့ blog ကိုကြည့်ပြီး
အမေ့ကို သတိရလို့.. စိတ်မရှိပါနဲ့....
ခေါင်းစဉ်ကတော့ အစ်ကို စိတ်ထဲရှိတာ ပေးလိုက်ပါ.




ဒဏ်ရာတွေ၊ အိပ်မက်တွေ
ပြည်လုနီးပါးနဲ့ ယိုင်နဲ့နဲ့ အိမ်ငယ်
ဖခင်က အဝေးတစ်နေရာမှာ
သားငယ်လေးသုံးယောက်နဲ့
လောကဓံကို ကြံကြံခံခဲ့တဲ့
မိခင်တစ်ယောက်.....
ပျော်စရာတွေ မရှိပေမယ့်
လူတကာကို အောက်မကျို့ခဲ့ပါဘူး။...။
မာနလို့ ခေါ်မလား
ဘဝင်မြင့်တယ်လို့ ပြောမလား မသိနိုင်တဲ့
အတ္တတွေကို ကိုင်စွဲလို့
လူလားမြောက်တဲ့ ဘဝတွေကို
မစိုးရိမ်မကြောင့်ကြနိုင်တဲ့
လူသားရယ်လို့ဖြစ်လာနိုင်အောင်
အဲဒီ မိခင်လေ ရင်နဲ့ ရင်းပြီး
ဖန်ဆင်းပေးခဲ့တယ်။....။
မိုးရေစက်တွေကျနေတဲ့
အိမ်ခေါင်မိုးပေါ်ကို
မော့ကြည့်ရင်း..။
သားတွေကို သူ့ရဲ့ ရင်ငွေနဲ့
အလုံခြုံဆုံး အနွေးထွေးဆုံးဖြစ်အောင်
ထွေးပွေ့ထားခဲ့ဖူးတယ်။....။
အဲဒီ မိခင်လေ
ဘ၀ ခက်နက်နက်ထဲက
လူမှန်း သိတတ်စ ကလေးငယ်တွေကို
တွင်းနှုတ်ခမ်းပေါ်ရောက်အောင်
သူ့ ပခုံးနဲ့ ထမ်းတင်ပေးခဲ့တယ်။...။
စားဖို့မရှိတဲ့အချိန်တွေမှာ
သူလေ..
ထမင်းဝချင်ယောင်ဆောင်ပြီး.
သားတွေအတွက်
ထမင်းခူးပေးခဲ့တယ်။...။.
မေမေရယ်..
သားလေ....
မေမေ့ရင်ခွင်ထဲမှာ
အပူအပင်တွေ၊ ဟန်ဆောင်မှူတွေမရှိပဲ
အိပ်ရေး၀၀ တစ်ရေးလောက်
အိပ်ခွင့်ရချင်သေးတယ်။...။

Read more


ကျွန်တော့်ရဲ့ ပထမဆုံး များ

အကိုကြီး အောင်သာငယ် တက်ဂ် လို့ ကျွန်တော့်ရဲ့ ပထမဆုံး တွေကို မနည်းကြီး ကိုစဉ်းစားပြီး ရေးလိုက်ပါတယ်...။

ပထမဦးဆုံးနေခဲ့သည့်ကျောင်း~~~~~~~~အထက(၅)ကမာရွတ်

ပထမဦးဆုံး ရခဲ့သည့်မုန့်ဖိုး~~~~~~~~~ ၁၀ ပြား ၊ရေခဲချောင်းတစ်ချောင်း ၁ ပြား ၂ ပြားခန့်သာပေးရသည်၊ကပ်စီးနဲ အလုံးကြီးမှ ၂ ပြား..

ပထမဦးဆုံး စီးဘူးသည့် ဘက်စ်ကား~~~~~ (၁၆) ကားကို စီးပြီး ပုဇွန်တောင် ကို ကျောင်းသွားတက် ရစဉ်က ပထမဆုံး စီးဖူးခြင်း ကားခက လှည်းတန်းမှ လမ်း ၅၀ ထိ ၅ ပြား တစ်ခါတစ်လေ စပယ်ယာက ကျောင်းစိမ်းနှင့် ကလေး မို့မတောင်းလျှင် ကျောင်းမုန့်စားတန်း မှ အသုတ်တပွဲ ဝယ်စား၍ ရသည် razz

ပထမဦးဆုံးကျောင်းပြေးဖူးသည့်အချိန်~~~~~~(၆)တန်း ကျောင်းသား ဘဝ တစ်ယောက်ထဲ မြို့ထဲသွားပြီး On The Road ဆိုသည့် ဂျပန် အချစ်ကားလေး သွားကြည့်သည်..။

ပထမဦးဆုံး ဂစ်တာတီး သင်ရင်းဆိုခဲ့သည့် သီချင်း~~~~~~ဖိုးချို ၏ မင်းဘယ်လမ်းသွားသွား သီချင်း သူက C Am Dm G ရောင်းဒ် ကောဒ့် ဆိုတော့ လွယ်တယ်လေ mrgreen

ပထမဦးဆုံး ထိုင်ဖူးသည့် လဘ္ဘက်ရည်ဆိုင်~~~~~တာမွေ ကျားကွက်သစ်ထဲက ရာမကွင်းတွင် ညဘက် ဖွင့်သည့် ဆိုင် သူက ညမှ ကွင်းထဲတွင် ဖျာများခင်း၍ ထိုင်ရသည် ခွေးခြေ ဟုခေါ်သော ခုံပု များ မသုံးပါ..။

ပထမဦးဆုံးသောက်ဖူးသည့် စီးကရက်~~~~~~ဇင်ဇင်း, XinXing ဟုပေါင်းသည်ထင်သည် တရုပ်ပြည်မှ လာသည်

ပထမဦးဆုံးသောက်ဖူးသည့် ဆေးပေါ့လိပ်~~~~~~~ရွှေပြည်စိုး

ပထမဦးဆုံးရည်းစားထားဖူးသည့် အချိန်~~~~~~~~၁၅ နှစ် ၁၀ တန်းကျောင်းသား ဘဝ

ပထမဦးဆုံးဖတ်ဖူးသည့်ဝတ္တုစာအုပ်~~~~~~~~စောညို ၏ စနေထွန်း ထိုစဉ် က ကျွန်တော် သုံးတန်း ကျောင်းသား အမေ ဝတ္တုဖတ်တိုင်း ရင်ခွင်ထဲ ဝင်ပြီး လိုက်ဖတ် တတ်သည် ကျွန်တော် ဖတ်၍မပြီးသေးလျှင် အမေလဲ နောက် တစ်မျက်နှာ မကူးပြောင်းနိုင်၍ အလွန်စိတ်ညစ်သည်..။

ပထမဦးဆုံး ဖတ်ဖူးသည့် ဘာသာရေးကျမ်း ~~~~~~ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ပြုစုသည့် ဇိနထ္တပကာသနီ ဗုဒ္ဒဝင် ကျမ်း

ပထမဦးဆုံး အရက်မူးဖူး သည့်အချိန်~~~~~~~~~ တက္ကသိုလ်ကျောင်းသား အကို က သူ့သူငယ်ချင်း မင်္ဂလာဆောင် မင်္ဂလာဦးည နန်းသီတာတွင် သူငယ်ချင်းများ ကိုပြုစုသည့် ပွဲ သို့ခေါ်သွားပြီး အကို့သူငယ်ချင်းများ တစ်ယောက်နည်းနည်း စီ ဝိုင်းတိုက် ရာ မှ ဒေါင်ချာစိုင်းအောင် စ၍ အရက်မူးဖူးသည် ထိုစဉ်က ကျွန်တော် သူငယ်တန်းကျောင်းသား redface


ပထမဦးဆုံး ပစ်ဖူးသည့် သေနတ်~~~~~~~~~သူကြီး ဘစီ ကိုင်သော နှစ်လုံးပူးဟု ခေါ်သည့် သေနတ် ဘာကြောင့်လဲဆိုတော့ အဖေ့ မှာ က နှစ်လက်တောင် ရှိသည် အဖေက တပ်မတော် က အငြိမ်းစား ပီပီ သေနတ်မရှိ မနေတတ် :P အဖေ့ ကို နယ်က တပည့်တွေ လာခေါ်လို့ အမဲလိုက် သွားတုန်းက ကျွန်တော် ပါလိုက်သွားပြီး ပစ်ဖူးတာ...။

ပထမဦးဆုံး ရောက်ခဲ့ဖူးသော နိုင်ငံခြား~~~~~~~~ စင်္ကာပူ

ပထမဦးဆုံး ရေးခဲ့သော ဘလော့ဂ် ပိုစ့်~~~~~~~~လူပျိုကြီးနဲ့ခွေးပါရဂူ

ကဲ ကျွန်တော် သတိရသလောက် ပထမဆုံးလေး တွေပါ အပြည့်အစုံတော့ မဟုတ်ဘူးပေါ့ ဒီတော့ ကျွန်တော်လဲ ကိုယ်ချည်းပဲ အတဂ် ခံနေရတော့ ဒီတစ်ခါ ညီတွေ ညီမတွေ ကိုပါ ဆွဲခေါ်တော့မယ် ဟီး ဟီး

ကိုယ့်စိတ်ကူးထဲ ရှိရာ ပထမဆုံး တွေ ဖြစ်ရင် ပြီးတာပါပဲ ကျွန်တော် ရေးထားသလို ဖြစ်စရာမလိုပါဘူး

ကျွန်တော် ဆက် တဂ် မည့် ညီတွေ ညီမတွေ ကတော့

ဘလက်ဒရင်း(ရေးပြီး) , ညမီးအိမ်(ရေးပြီး) ,ထိုက်မင်း(ရေးပြီး) ,ဇောင်း(ရေးပြီး) ,ကြယ်ဇင်သွေး(ရေးပြီး) ,အိမ်(ရေးပြီး) ,မိုးသောက်ယံ(ရေးပြီး) ,
မောင်မျိုး(ရေးပြီး) ကတော့ ကို အောင်သာငယ်တဂ်ထားပြီးဖြစ်ပေမယ့်လို့ ထပ်ထည့်ထားတယ်

နတ်သမီးလေး မွန်(ရေးပြီး) ,Apprenticeship(ရေးပြီး) ,အိမ်လေး ,မေမိုးမခ(ရေးပြီး) ,မီးငယ်(ရေးပြီး) ,မေမိုး(ရေးပြီး) ,ဝေလေး(ရေးပြီး) ,အမရာ(ရေးပြီး)

ပထမဦးဆုံး တဂ် တဲ့ တဂ် ပိုင်ရှင် ကိုအောင်သာငယ် ပြောသလို ပါပဲ အဆင်ပြေမှ ရေးပါ အဆင် မပြေလဲ ကိစ္စမရှိပါဘူး ဝိစ္စ လောက်ပဲ ရှိမှာ ...။



Read more


Baby Loading

အရင်သငေ်္ဘာ လိုက်တုန်းက အဖြစ်အပျက် လေး တစ်ခုကို ပြန်သတိရလို့ ရေးလိုက်တာပါ..

ဖတ်ပြီး ပြုံးရုံကလေး ပြုံးရတယ် ဆိုရင်ပဲ ကျွန်တော် ရေးရကျိုး နပ်ပါပြီ ..

ဒီလိုဗျ

ကျွန်တော် တို့ သငေ်္ဘာ က ကွန်တင်နာ တင်တဲ့ သငေ်္ဘာ အိန္ဒိယ ကလကတ္တား မြို့ကို အမြဲ ရောက်လေ့ ရှိတယ်..

အဲဒီမှာ အိန္ဒိယ အခံ ကုမ္ပဏီ ကနေ သငေ်္ဘာပေါ် မှာ ကုန်တင် ကုန်ချ လုပ်ရင် ကူညီဖို့ စောင့်ကြည့်ဖို့ ကုမ္ပဏီ ကလူယုံ တွေခန့်ထားပေးတယ် ..

အမြဲတန်း တွေ့နေကြ ဆိုတော့လဲ ခင်သွားကြတယ်ပေါ့ဗျာ ...

ဒီလိုနဲ့ အဲဒီထဲက ကောင်လေး တစ်ယောက် လက်ထပ် သွားတယ် ဗျ

သူ လက်ထပ်ပြီး သွားချိန်မှာပဲ ကျွန်တော် တို့ သငေ်္ဘာလဲ ၄ လ လောက် အိန္ဒိယ ကို မရောက် ဖြစ်တော့ဘူး

အဲ ၄ လ ကြာပြီးသော အခါပေါ့ဗျာ

ပထမ ဦးဆုံး အကြိမ် အိန္ဒိယ ကိုပြန်ရောက်ပါတော့တယ်..

အဲဒီမှာ ထုံးစံ အတိုင်း အလုပ်သမား လေး တွေနဲ့ပြန်တွေ့ကြပါလေရော..

ခုနက လက်ထပ် သွားတဲ့ ကောင်လေး ကိုလဲ ပြန်တွေ့ပါတယ်

ဒါနဲ့ ထုံးစံ အတိုင်း နေကောင်းလား အဆင်ပြေလား မရောက်တာကြာပြီ ဘာညာ သာရကာ နေကြာကွာစိ ဘလာ...ဘလာ...ဘလာ ပေါ့ဗျာ ပြောကြရင်းနဲ့...

ကောင်လေးက ပြုံးဖြီးဖြီး နဲ့ သူ့ဗိုက်ရှေ့မှာ လက်ကလေး ဝေ့ဝိုက်ပြီး ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် တို့ အားလုံး မျက်နှာပိုး မသပ် နိုင်လောက်အောင် ရီမော မိကြပါတယ်

သူက ဘာပြောလဲဆိုတော့

Now my wife is Baby Loading.
ပါတဲ့ ခင်ဗျာ သူအမှန်တကယ် ပြောချင်တာ ကတော့ အခု သူ့မိန်းမ ကိုယ်ဝန်ဆောင် ထားပြီလို့ ပြောချင်တာပါ

ဒါပေမယ့် ကိုယ်ဝန်ဆောင် တာကို ဘယ်လို့ပြောရမှန်း မသိတာနဲ့ သငေ်္ဘာ ပေါ် ကုန်တင်ရင်Cargo Loading လို့ ပြောတာ ကို သူကလဲ သူ့မိန်းမ ဗိုက်ကြီးနေတာ ကို အစားထိုး သုံးလိုက်တာပါ...



Read more


တက်(Tag)လိုက်ကြစို့သူငယ်ချင်း

ဟို တစ်နေ့က အလုပ်က အပြန် ကိုယ့်ဘလော့ဂ်လေး ဖွင့်ကြည့်လိုက် တာ မျက်လုံးပြူးသွားတယ်
သွားပါပြီဗျာ..။

ဘာဖြစ်သွားသလဲ လို့တော့ မမေးနဲ့ ဟိုကောင်မလေးလေ ကျွန်တော် ကတော့ မိဆိုးလေး လို့ပဲခေါ်တယ်
ဆိုးသော..ပျင်းသော.. စာမကျက်သော.. ဂျီကျတတ်သော....ဝက်ဝံရုပ်ကလေး များ ကို ချစ်လွန်းလို့ ဝက်ဝံရုပ် ပေါက်နေသော အဟိ mrgreen မီးငယ် လို့ခေါ်တဲ့ သရဲနီ ကောင်မလေး လေ တက်ထားတယ်တဲ့...

ဘလော့ဂ်မှာ ကိုယ့်ဖာသာတောင် ကိုယ် ပိုစ့်မရေး နိုင်လို့ ပစ်ထားတာ ကို သူက လာတက်သွားတယ်လေ

ဒါနဲ့ အလုပ်နားတော့ မှ ရေးမယ် ဆိုပြီး ထား ထားတာ ဟော နေ့လည်က တစ်ခါ နောက်ထပ် ညီမခပ်ဆိုးဆိုး နတ်သမီးလေး ဆိုတဲ့ နာမည် နဲ့မလိုက် အောင် ဆိုးတဲ့ မေချောက်ဖုံ ဆိုတဲ့ နာမည် နဲ့ အရမ်းလိုက်တဲ့ နှပ်သမီးလေး မေချောက်ဖုံ ကလာထပ်ပြီး ဒီ ကိုယ့်အကြောင်းရေးပါ ဆိုတာ လာတက် သွားပြန်ပါရော..။

အဲဒီတော့လဲ မတတ်နိုင်တဲ့ အဆုံးတော့ညီမ ဆိုးတွေနဲ့ပဲ တွေ့ရတဲ့ ကိုယ့်ဘဝလေး ကို ကိုယ်သနားပြီး နားရက်ကလေး ကို သူတို့ တက်ဂိမ်း ကြီး အတွက် ပေးလိုက်ပြီး ရေးလိုက် ရပါတော့တယ် အောက်မှာ သာ ဆက်ဖတ် ကြည့်ကြ ပါတော့ဗျို့...။

ကိုယ့်ရဲ့နာမည်….................................................... လင်းထက်
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်….................................................... စိန်လင်းထက်၊ဆရာလင်းထက် :P
ကိုယ်ဒီမှာနေတယ်….................................................... အမိုးကောင်းကင် အခင်းမြေကြီး
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….................................................... ၀၀၄၉-၁၇၄၅၇၅၂၀၄၄
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..
အရောင်ဆိုရင်….................................................... အညိုရောင် (ယောဂီရောင်ပေါ့)
အဝတ်အစားဆိုရင်….................................................... လူတောထဲ သွားနိုင်ရင် ပြီးတာပါပဲ
အစားအစာဆိုရင်….................................................... အဟဲ ဒါတော့ နဲနဲ များလို့ မပြောတော့ ပါဘူး
ပစ္စည်းဆိုရင်….................................................... လျှပ်စစ် အီလက်ထရောနစ် ပစ္စည်းမှန်သမျှ
သီချင်းဆိုရင်….................................................... ဆိုင်သူကိုယ်စီမို့ (ခိုင်ထူး)
စာရေးစာဆရာ….................................................... ချစ်ဦးညို
စာအုပ်….................................................... ဖတ်လို့ရသမျှ အကုန်ကြိုက်
Life style….................................................... မတောင့်မတ မကြောင့်မကျ လေး နေရရင် တော်ပါပြီ
ကိုယ့်ရဲ့ဝါသနာ….................................................... စာဖတ်ခြင်း
အလိုချင်ဆုံးလက်ဆောင်….................................................... ဟဲ ဟဲ သူများပေးရင်တော့ မလိုချင်တာ မရှိဘူးထင်တာပဲ
ကိုယ့်ရဲ့ အချစ်ဆုံးသူက….................................................... ကိုယ့်ကို အရမ်းချစ်တဲ့သူ
ကိုယ့်ရဲ့ အလေးစားဆုံးသူက….................................................... လေးစားထိုက်သူမှန်သမျှ ပါပဲ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက….................................................... မရှိတာ ကြာပေါ့
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….................................................... ကိုယ့်လောက် တော့ ဘယ်သူမှ ကိုယ့်ကို နားလည်မပေးနိုင်ကြဘူး
ကိုယ့်ရဲ့ အမုန်းဆုံးသူက ….................................................... ကိုယ့်ကိုယ် အတင်းပြောတဲ့သူ
ရင်အခုန်ဆုံးအချိန်….................................................... ရည်းစား အသစ်တစ်ယောက်ရတိုင်း
အကြောက်ဆုံးအချိန်…..............................................လူကြားထဲအိမ်သာတက်ချင်တာ အိမ်သာရှာမတွေ့တဲ့ အချိန်
အပျော်ဆုံးအချိန်…................................................ကိုယ်စမ်းသပ်လုပ်ကိုင်တာတစ်ခု အောင်မြင်တဲ့အချိန်
အမှတ်တယနေ့….................................................... အများကြီးပဲ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….................................................... ဆုတောင်းတိုင်းပြည့်ရလိုပါ၏
အချစ်ဆိုတာ….................................................... ပူလိုက် အေးလိုက်နဲ့ခံစားရတော်တော်ခက်တဲ့ အရာ
အမုန်းဆိုတာ….................................................... သူလဲ အချစ်နဲ့ခပ်ဆင်ဆင်ပါပဲ
အလွမ်းဆိုတာ….................................................... ဝေးကွာသွားသူတို့ဖြစ်တတ်တဲ့ အရာ
သံယောဇဉ်ဆိုတာ….................................................... အချစ်ထက် ကို ပိုမို ခိုင်မာတဲ့အရာ
ဘဝဆိုတာ….................................................... ရုန်းကန်ခြင်း
သူငယ်ချင်းဆိုတာ….................................................... နှိပ်စက်မယ့်သူ
ချစ်သူဆိုတာ….................................................... အမြဲသောကတွေ ပျော်ရွှင်မှုတွေ ပေါင်းစပ်နေတဲ့သူ
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….................................................... ငါခုချိန်ထိ ဘာမှ မလုပ်ရသေးပါလား
ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က….................................................... မလုပ်နိုင်တာ မရှိ မလုပ်တတ်သေးတာပဲရှိမယ်
အပြောချင်ဆုံးစကားတစ်ခွန်း….................................................... အခုစာကို ဖတ်ရသူတိုင်း ကျွန်တော့် ကို ထပ်ပြီး မတက် (Tag ) ကြပါနဲ့ဗျို့

Read more


Blogger များအတွက် Flash Animated Label Cloud

ကဲ ကျွန်တော့် ရဲ့ ဘလော်ဂါ ညီအစ်ကို မောင်နှမ အပေါင်းတို့ ထူးဆန်းလှပတဲ့ ဆိုဒ်ဘား အတွက် widget လေးတစ်ခု တွေ့မိလို့ ကိုယ့် ဘလောဂ်ဂါ ညီကိုမောင်နှမ အပေါင်းကို ဝေမျှ လိုက်တာပါ ...။

ကဲ ကျွန်တော့် ရဲ့ ဆိုဒ်ဘား ညာဖက်ခြမ်း က ရေးခဲ့သမျှစာစုများ ဆိုတာလေး ကို ကြည့်လိုက်ပါ Label Cloud လေး မောက်စ်သွား ရာလမ်းကြောင်းအတိုင်း ဝေ့လည် လှုပ်ရှားနေတာ လေး မမိုက်ဘူးလား...။

ဟုတ်ပြီ ကြိုက်တယ် ဆိုရင် ဘယ်လို လုပ်ကြမလဲ

အရမ်းရိုးရှင်း လွယ်ကူပါတယ်ဗျာ ကုဒ်လေး တွေကို လိုတဲ့နေရာမှာ Copy & Paste လုပ်ပေးရုံပါပဲ..။

ကဲ ဒါဆို စလိုက်ကြရအောင်....
Blogger dashboard ကနေတဆင့် Layout>Edit HTML ထဲကို သွားလိုက်ပါ..

ပြီးသွားရင် ဟောဒီအောက်က ကုဒ်လေးကို တွေ့အောင် ရှာလိုက်ပါဗျာ...

<b:section class='sidebar' id='sidebar' preferred='yes'>

အိုကေ အဲဒီကုဒ်ကို တွေ့ပြီ ဆိုတာနဲ့ သူ့ရဲ့ အောက်မှာ ဒီကုဒ်လေး တွေ ကို Copy & Paste လုပ်ပြီး ဖြည့်ပေး ရုံပါပဲ...

<b:widget id='Label99' locked='false' title='Labels' type='Label'>
<b:includable id='main'>
<b:if cond='data:title'>
<h2><data:title/></h2>
</b:if>
<div class='widget-content'>
<script src='http://halotemplates.s3.amazonaws.com/wp-cumulus-example/swfobject.js' type='text/javascript'/>
<div id='flashcontent'>Blogumulus by <a href='http://www.roytanck.com/'>Roy Tanck</a> and <a href='http://www.bloggerbuster.com'>Amanda Fazani</a></div>
<script type='text/javascript'>
var so = new SWFObject("http://halotemplates.s3.amazonaws.com/wp-cumulus-example/tagcloud.swf", "tagcloud", "240", "300", "7", "#ffffff");
// uncomment next line to enable transparency
//so.addParam("wmode", "transparent");
so.addVariable("tcolor", "0x333333");
so.addVariable("mode", "tags");
so.addVariable("distr", "true");
so.addVariable("tspeed", "100");
so.addVariable("tagcloud", "<tags><b:loop values='data:labels' var='label'><a expr:href='data:label.url' style='12'><data:label.name/></a></b:loop></tags>");
so.addParam("allowScriptAccess", "always");
so.write("flashcontent");
</script>
<b:include name='quickedit'/>
</div>
</b:includable>
</b:widget>

ဒါဆိုရင် ညီကို မောင်နှမ အပေါင်းတို့လဲ ကျွန်တော့်လိုပဲ အမြင်ဆန်းဆန်း ထူးခြားလှပတဲ့ Tag Cloud Label လေးတစ်ခုကို ပိုင်ဆိုင်ပြီပေါ့ ..

အော် တစ်ခုတော့ ရှိတယ်ဗျ သူက Post Label တွေကို မြန်မာလို ပေးထားရင် မမြင်ရတာ လေး တစ်ခုတော့ ချွင်းချက် ရှိတယ်ဗျ ကျွန်တော်လဲ အကုန် အင်္ဂလိပ် လိုတွေ လိုက်ပြောင်းလိုက် ရတယ် mrgreen လိုချင်တာကိုးဗျ..။

အဲနောက်တော့ နောက်ခံ ဘက်ဂရောင်း အရောင်တွေ စာလုံးအရောင်တွေ ကိုယ်လိုချင်သလို ပြောင်းချင် ရင်တော့ ဒီအောက်မှာ ပြထားတဲ့ ကုဒ်လေး တွေ မှာ ကာလာ ကုဒ်တွေကို လိုက်ပြောင်း လိုက်ရုံ ပါပဲ..။

var so = new SWFObject("http://halotemplates.s3.amazonaws.com/wp-cumulus-example/tagcloud.swf", "tagcloud", "240", "300", "7", "#ffffff");

အနီရောင်နဲ့ပြထားတဲ့ ဂဏန်းတွေက ကိုယ်လိုချင်တဲ့ ဆိုဒ် အကျယ် နဲ့ အမြင့် ပါ အဝါရောင်နဲက ပြထားတာ ကတော့ နောက်ခံ ဘက်ဂရောင်း ကာလာကုဒ်ပေါ့ အဲဒီနေရာတွေမှာ ကိုယ်လို သလို ချိန်ညှိ နိုင်ပါတယ်..

စာလုံး အရောင် ပြောင်းချင်ရင် ဒီကုဒ်ထဲက

so.addVariable("tcolor", "0x333333");

အဝါရောင် ပြထားတဲ့ နေရာမှာ ကိုယ်လိုချင်တဲ့ ကာလာကုဒ်လေး ထည့်လိုက်ပေါ့ဗျာ...

စာလုံး အရွယ် အစား ပြောင်းချင်တယ် ဆိုရင်တော့ ...

so.addVariable("tagcloud", "<tags><b:loop values='data:labels' var='label'><a expr:href='data:label.url' style='12'><data:label.name/></a></b:loop></tags>");

အနီရောင်ပြထားတဲ့ ဂဏန်းလေး ကို လိုသလို ကြီးသေးလုပ်နိုင်ပါတယ် ....

ကဲ အားလုံးပဲ widget အသစ်လေးနဲ့ ပျော်ရွှင် နိုင်ကြပါစေ နော်....။

Read more


စောင့်မျှော်မိတဲ့အလင်း


သူခပ်သွက်သွက်လေး ခြေကို လှမ်းလိုက်တယ် လက်ထဲကိုင်လာတဲ့ ဟန်းဖုန်းကို ကြည့်လိုက်တော့ ဘာ Miss Call မှ မတွေ့ရ သဖြင့် သူပြုံးလိုက်မိသည်။ ဒါဆို စန္ဒီ တစ်ယောက် အလုပ်မသွားဘူးပေါ့...

စန္ဒီ အလုပ်သွားရမယ် ဆိုတိုင်း သူ့ဖုန်းကို ဆက်နေကြ သူအလုပ်ထဲမှာ ဖုန်းမကိုင်နိုင်မှန်း သိသိနှင့် ဆက်နေကြ ဒါဆို သူသိပြီ စန္ဒီ အဲလိုနေ့မျိုးဆို သူ့ဆီ မလာနိုင်တော့ဘူး ဆိုတာကို.....

သူ့ခြေလှမ်းတို့ အိမ်ကို အမြန်ရောက်ချင် ဇောဖြင့် ပိုလို သွက်လာသည်၊
အိမ်နားရောက်တော့ ထုံးစံ အတိုင်း သူ့အခန်းရှိရာ ကို လှမ်းလို့ မော့ကြည့်မိသည်၊ ဒါပေမယ့်လည်း ထုံးစံ အတိုင်းပါပဲ သူ့အခန်း ပြူတင်းပေါက် များ ဆီမှ မီးအလင်းရောင် ကို မတွေ့ရ ဒါလဲ အထူးအဆန်း တစ်ခုတော့ မဟုတ် စနီ္ဒ က သူ အလုပ်ပြန်လာချိန် ကို မှန်းပြီး မီးများ ပိတ်ထားတတ် သည်လေ..။

ဒါနှင့် လှေခါးထစ်များ ကို ခုန်ပျံ ကျော်လွှား ပြီး အခန်း တံခါး ဝ ဆီသို့ အရောက်မှာတော့ မျှော်လင့်ချက် တို့ကြောင့် ခုန်နေသော နှလုံးခုန်သံ နှင့် ထပ်တူ တုန်ရင် နေသော လက်ထဲ မှ သော့ဖြင့် တံခါး ကိုဖွင့်လိုက်ပြီး အခန်းထဲ လှမ်းဝင်လိုက်သည်....။

အခန်းထဲတွင်တော့ မည်းမှောင် တိတ်ဆိတ် ခြင်း က သာ လွှမ်းမိုးထားလေရဲ့.........။

သူမသိချင် ယောင်ဆောင်ပြီး တံခါးပေါက် ကို ဖြတ်သန်း ဝင်ရောက် လိုက်ချိန် မှာတော့........

"ဟင်" သူထင် သလို မီးလဲ လင်း မလာပါလား

ဟုတ်ပါတယ်လေ သူ တစ်ခု သတိမေ့ သွားတယ်

စန္ဒီ သာ ရှိနေတယ် ဆိုရင် သူ့အတွက် ညစာ ချက်ထား တဲ့ ဟင်းနံ့ ကြောင့် ရယ် သူလာခါနီးမို့လို့သာ ကမန်းကတန်း မီးတွေ လိုက်ပိတ် လိုက်ပေမယ့် အမြန် မပိတ်နိုင်တဲ့ ကွန်ပြူတာ ကြောင့် ရယ်ကြောင့် စန္ဒီ သူ့အခန်းထဲ ရောက်နေတာ ကို သူအမြဲတမ်း သိနေကြ....။

သူသိတယ် ဆိုတာကိုလည်း စန္ဒီ ကလဲ သိတယ် သဲလွန်စတွေ ဘယ်လိုမှ ဖျောက်လို့မရမှန်းလဲ စန္ဒီ သိတယ် ဒါပေမယ့် ချစ်သူ ကို အမြဲတမ်း စိတ်လှုပ်ရှား မှု လေးတွေ ပေးချင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလို အမြဲတမ်း တူတူရေ ဝါး ဆိုတဲ့ ကလေး ဆန်ဆန် တူပုန်းတန်း ကစားတာ ကို ခုံခုံမင်မင် စွဲစွဲလမ်းလမ်းနဲ့ လုပ်နေကြ........။

သူအခန်းထဲ ရောက်ပြီ ဆိုတာနဲ့ မီးခလုတ် ဘေးမှာ ပုန်းနေတတ်တဲ့ စန္ဒီ က မီးကို ရုတ်တရက် ဖွင့်ပြီး ဟေး လို့ လှန့်မယ် ပြီးရင် သူ့ရင်ခွင်ထဲ ဝင်လာပြီး စန္ဒီ့ ကို ရုတ်တရက် ဒီလို တွေ့လိုက်ရလို့ ဝမ်းမသာဘူးလား လို့မေးမယ် ဒါဟာ သူ့ရဲ့ ချစ်သူလေး လုပ်နေကြ အလုပ်တွေပေါ့ ..။

အဲဒါပေမယ့် ချွင်းချက်တော့ ရှိတယ် သူတို့နှစ်ဦး ချစ်သူဖြစ်တဲ့ နေ့တို့ ချစ်သူများနေ့တို့ နှစ်ယောက်သားရဲ့ မွေးနေ့ တို့ လို နေ့မျိုးတွေ မှာတော့ တစ်ခန်းလုံး ဖယောင်းတိုင် မီးများနဲ့ လင်းကျင်း နေလို့ပေါ့လေ အဲလို နေ့မျိုးဆိုရင်တော့ သူအလုပ်က ပြန်လာရာ လမ်းကနေ သူ့အခန်းလေး မီးလင်းထိန်နေတာကို တွေ့ရတတ်တယ်...။

"ဟင်းးးး"

သူသက်ပြင်း ကို လေးကန်စွာ တစ်ချက် ချလိုက် ရင်း ရေခဲသေတ္တာထဲက ဘီယာတစ်လုံး ကို ဆွဲယူ ပြီး ဆိုဖာပေါ် ပစ်ထိုင် လိုက်မိတယ်.......

ဒီ့နောက် မှာတော့ ရွှေရောင် ရေခဲမြစ် တစ်စင်းကို အလွမ်းမီး တွေ တောက်လောင် နေတဲ့ သူ့ရဲ့ ရင်ခွင်ထဲ ကို စီးဆင်းခွင့်ပေးလိုက်တယ် အလွမ်းမီးတောက် တေ ွငြိမ်းပါစေ တော့ ရယ်လို့လေ..

ဒါပေမယ့် စီးဝင်သွားတဲ့ ရွှေရောင်ရေခဲမြစ် တစ်စင်းလုံး သူ့ရင်ခွင်ထဲ က အပူမီးတွေကြောင့် အကုန်အငွေ့ပျံ ကုန်လားတော့ မသိဘူး သူ့မျက်ဝန်းအိမ် ကို ငွေ့ရည်ဖွဲ့နေတဲ့ တိမ်စိုင် တိမ်ခဲတွေ ဖြတ်သန်း သွားသလို ခံစားလိုက်ရပြီး သူ့မျက်ဝန်း တွေ ဝေဝါး သွားတယ်....။

သူမျက်တောင် ကို ပုတ်ခပ် ပုတ်ခပ် လုပ်လိုက် ပြီး ငွေ့ရည်ဖွဲ့ နေတဲ့ တိမ်စိုင် တွေ မိုးလို မရွာ သွန်းနိုင်မှီ အချိန်မှီ တားဆီးလိုက်မိတယ်....။

ပြီးတော့ စက္ကူဘူးလေး ထဲမှာ လှောင်ပိတ်မိနေတဲ့ အဖြူရောင် စီးကရက် တစ်လိပ်ကို ထုတ်ပြီး မီးညှိ ဖွာရှိုက် လိုက်တော့ မီးခိုးလုံး တွေထဲ မှာ သူမလေး က လူးလွန့်လှုပ်ရှား နေလေ ရဲ့ ကိုယ့် ကိုပဲ စကားတွေ လှမ်းပြော နေသယောင်ယောင်...။

ဧည့်ခန်း က တစ်ဆင့် လှမ်းမြင်နေရတဲ့ သူ့ရဲ့ အိပ်ခန်းဆီ လှမ်းကြည့် မိပြန်တော့ သူမ နောက်ဆုံး အိပ်သွားတဲ့ ပုံစံ အတိုင်း ရှိနေတဲ့ သူ့ရဲ့ အိပ်ရာ ကို မြင်နေရတယ် သူမ အဲဒီ မှာ အိပ်သွားတဲ့ နောက်ဆုံးညက ပြောသွားတဲ့ စကားတွေ ကို အမြဲတမ်း သူ့ရဲ့နားထဲ ကြားယောင်နေဆဲပဲ...

"ကံမကုန်လို့ အခြေအနေပေး ရင် ပြန်ဆုံကြတာပေါ့" တဲ့လေ...

ကံကုန်ခဲ့လို့ ပြန်မဆုံ ဖြစ်ခဲ့ရင် သူမ နောက်ဆုံး အိပ်စက် သွားရာ နေရာလေး ကို အမြဲ အမှတ်တရ ကြည့်နိုင်အောင် သူ အဲဒီ အိပ်ရာပေါ် မအိပ်ဖြစ်တာ ကြာပါပကောလေ သေသေချာချာ ရေတွက်ကြည့်မယ် ဆိုရင် ရက်ပေါင်း ငါးဆယ် ရှိခဲ့ပြီပေါ့....

ဒါပေမယ့် ရက်ပေါင်း ငါးဆယ် အတွင်း သူကတော့ အလုပ်က ပြန်တိုင်း ဖုန်းလေး ကိုထုတ်ကြည့်မိမြဲပါ Miss Call မတွေ့တိုင်း စန္ဒီ အလုပ်မသွားလို့ သူ့အိမ်မှာစောင့်နေတယ် လို့ သူထင်နေမိတုန်း ပါ ပဲ...။

ဘယ်လိုပဲ ဖြစ်ဖြစ်လေ..

သူကတော့ စောင့်မျှော်နေဆဲပါ

တစ်နေ့တော့ အလုပ်ကအပြန် မည်းမှောင်နေတဲ့ အခန်းထဲ သူမဖွင့်ပဲ မီးလင်းလာ မည့် အချိန်ကိုပေါ့.....။


Read more


ဘဝစာမျက်နှာထဲက ၈.၈.၈၈




Don't need more 8888
************************
ပြီးခဲ့ပါပြီ အတိတ်က ဖြစ်ရပ်တွေ

ငါ့ရဲ့ အသွေးသားတွေ

ငါ့ရဲ့ခန္ဓာကိုယ်တွေ

ကြက်သီးတွေ တစ်ဖြန်းဖြန်းထခဲ့ရတယ်

အသက်အပေါင်းများစွာကို

အမျိုးမျိုးစတေးခဲ့ရတဲ့

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကပေါ့…

အဆက်မပြတ် ထွက်ပေါ်လာတဲ့ သေနတ်သံတွေ

ငိုသံတွေ အော်သံတွေနဲ့

ငါ့ရဲ့နားထဲမှာ ပြန်ကြားယောင်မိတယ်

လွန်ပါစေတော့ အဲ့ဒီဖြစ်ရပ်တွေ…

ညီအကိုတော် တစ်ဦး၏ ခံစားချက် ကဗျာ ဖြစ်ပါသည်။

ဒိုင်ယာရီ အမှတ် (၁၅) သြဂုတ်လ (၈) ရက်...
***********************************
ဒီနေ့ ကျွန်တော် တစ်ယောက် အထူး စိတ်လှုပ်ရှား နေသည်..။

ဘာကြောင့်လဲ ဆိုတော့ ဒီနေ့က ိုရောက်လာဖို့ သူတို့ အချိန်အတော် ကြာကြာ စောင့်ခဲ့ ရသည်..။

အခု ကျောင်းသွားပြီး ကျောင်းမှာ သူတို့ အ.က.သ (အခြေခံပညာ ကျောင်းသားများ သမဂ္ဂ) အဖွဲ့တွေ ပြည်လုံးကျွတ် ဆန္ဒပြပွဲ ကြီးမှာ ပါဝင်လှုပ်ရှား ဖို့ကျောင်းက ကျောင်းသား များ ကို ဦးဆောင် ပြီး လမ်းပေါ် ထွက်ဖို့ သူတို့၏ နောင်တော် များ ဖြစ်သည့် တ.က.သ(တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ) နှင့် ဗ.က.သ (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ) တို့မှ လမ်းညွှန်ချက် အတိုင်း လုပ်ဆောင် ရန် ဖြစ်သည်...။

ကျောင်းသို့ရောက်ပြီ အဖွဲ့ဝင် များ ကတော့ အဆင်သင့် ဒါပေမယ့် ကျန် ကျောင်းသား အင်အား ကတော့ နည်းပါးလှသည် ဘာကြောင့် လဲဆိုတော့ ဒီနေ့မှာ ကျောင်းသား များ ဦးဆောင် ဆန္ဒပြ ကြမည် ဆိုတော့ မိဘ များ ကကျောင်းသို့ သားသမီး များ ကို ပေးမလွှတ်တော့...။

ကျောင်းရှေ့တွင် လည်း စစ်ကား သုံးစီး က အဆင်သင့် နေရာ ယူထားလို့....

ဘာကြောင့် လဲဆိုတော သူတို့ကျောင်း က တာမွေ အထက (၅) .....ကျောက်မြောင်း ဈေးလမ်းဆုံ အနီးရှိ တာမွေ မြို့နယ်ကောင်စီရုံး နှင့် ကလဲနီးသည်....။

ယောကျၤား လေးကျောင်း ပီပီ နောင်တော် များ စလိုက် သည့် နောက်ပိုင်း သူတို့ကလဲ နေ့စဉ် ကျောင်းဆင်းချိန် တိုင်း တရားဟောချင်း ကြွေးကျော် သံများ အော်ဟစ် ခြင်းတို့ ကိုလုပ်လေ့ ရှိရာ မြို့နယ်ကောင်စီ ရုံးမှ သူတို့ကျောင်း ကို စစ်ကား သုံးစီး အစောင့်ချထားလိုက်သည်....။

ဒီနေ့ ၈.၈.၈၈ နေ့

ကျောင်းက ဆရာမကြီး ထံ အထက်မှ ကျောင်းသား များကို ကျောင်းတွင် လူမစုစေရန် အိမ်သို့ ပြန်လွှတ်ခိုင်း သဖြင့် ကျွန်တော် တို့ အိမ်ပြန်လာခဲ့ ရသည် ဘာဆက်လုပ်မည် နည်း ကျွန်တော် တို့ တာဝန်က ကျောင်းမှာ လူစု ထားပြီး ချီတက်လာမည့် အကိုတော် အဖွဲ့များ ထံပူပေါင်းရန် ဖြစ်သည် အခုတော့ ကျောင်းတွင် လူမစုနိုင်တော့ အကိုတော်များကလဲ ဒီအချိန် ဘယ်ကို ရောက်နေသည် ဆိုတာ မသိနိုင် (ယ္ခု ခေတ်လို ဟန်းဖုန်း များရှိလျှင် တော့ကောင်းလေစွ) ဒီလိုနှင့် နေ့လည် ချိန်လောက် ရောက်လာရာ ကျွန်တော် တို့လမ်းမပေါ် ထွက်မျှော် နေမိသည် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့မှာ ကျောင်းသား ပြည်သူတွေ အကုန် လမ်းပေါ် ထွက်လာ ကြမည် ဆိုတာ ယုံကြည်သည် ...

ကျွန်တော် တစ်ယောက်ထဲ မဟုတ်ပါ အားလုံးသော ပြည်သူများကလဲ ယုံကြည်ကြသလို ပူးပေါင်းပါဝင်ရန်လည်း စောင့်ဆိုင်း နေကြသည်...။

ကျွန်တော် မြို့နယ်ကောင်စီရုံး ဘက်ကို လှမ်းကြည့် နေချိန် တွင် ကောင်စီရုံးဝင်း အတွင်း စစ်ကား ခြောက်စီး ခန့် ထိုးထားသည် ကို မြင်နေရသည်...

လမ်းမ ဘေး ပလက်ဖောင်းများတွင်တော့ ကျွန်တော် တို့လိုပဲ လည်ပင်း တစ်မျှော်မျှော် ဖြင့် ဘယ်အချိန် မှာ များ လူထု ကြီး ချီတက်လာမလဲ ဆိုတာ စောင့်ဆိုင်း နေသူများ ပြည့်နေသည်...။

နေ့လည် ၃ နာရီ ခန့်တွင် မြို့နယ် ကောင်စီ ရုံး အတွင်း စစ်သားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ကို တွေ့လိုက့်ရသည် သူတို့အကုန်လုံး ကားများပေါ် အပြေးအလွှား တက်ပြီး ကားများကို ရန်ကုန်မြို့ထဲ ဘက်ဆီသို့အပြင်းမောင်းနှင်သွားကြသည် ..။

ကောင်စီရုံး မှ လူများလည်း အကုန်ထွက်လာပြီး ကောင်စီရုံး ကို တံခါးတွေ အကုန်ပိတ် သော့ခတ် ကာ ထွက်သွားကြ၏...

ထိုအချိန် မှာ ပင် ......

တာမွေ ဈေး ဘက်မှ လူများ အော်ဟစ်လိုက်သည့် အသံကြီးက ဟိန်းထွက်လာ၏...
တဆက်ထဲ မှာ ပင် ဆိုင်ကယ် သံများ ဆူညံစွာ ကြားလိုက် ရသလို ကျွန်တော် တို့မြင်ကွင်းထဲ သို့လည်း ဆိုင်ကယ်များ အုပ်စုလိုက် မောင်းနှင်လာ၏ ရှေ့ဆုံးမှ မောင်းနှင်လာသည့် ဆိုင်ကယ် တွင် ကျောင်းသား တို့၏ သငေ်္ကတ ဖြစ်သည့် မြန်မာ နိုင်ငံလွပ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် လည်း အမြဲ ရှေ့ဆုံးမှ ဦးဆောင် ချီတက်မြဲ ဖြစ်သည့် ခွပ်ဒေါင်း အလံ ကြီး က လေထဲတွင် တလူလူ လွင့်လို့ ဆိုင်ကယ် သမားများ က...

" ကျောင်းသား များ ဦးဆောင် ပြီး ဆန္ဒပြ လူထုကြီး ချီတက် လာပါပြီ အားပေးကြပါ အားပေးကြပါ" ဟု

အဆက်မပြတ်အော်သွားသည် ဆိုင်ကယ် များ ကတော့ များသလား မမေးနှင့် အစီးရေ ရာကျော်မည် အားလုံးကလဲ ခွပ်ဒေါင်း အလံများ တလူလူ နှင့် ခွပ်ဒေါင်းတံဆိပ်ပါ နဖူးစည်းများ စီးထားကြသည်..ကျွန်တော်ဖြင့် ကြက်သီးမွေးညင်း များ တဖြောင်းဖြောင်း ထသွားသည် လမ်းနဘေးမှ ကြည့်နေသူများ အားလုံး ပျော်ရွှင်စွာ ဖြင့် ဟေး ကနဲ အော်လိုက်ကြသည် အားလုံးခုန်ပေါက် ပျော်ရွှင် နေကြသည် ကသည့်လူက လဲ က လို့ ....

ဆိုင်ကယ်သမားများ ကျောက်မြောင်းဈေး မီးပွိုင့် လမ်းဆုံ မြို့နယ်ကောင်စီရုံး ရှေ့ တွင် ဆိုင်ကယ်များ ကို လှည့်ပတ် စီးနင်းပြီး နောက်မှ ချီတက်လာ သည့် လူထု ကြီးကို စောင့်ဆိုင်းနေ၏..။

မကြာပါ ကြွေးကျော် သံများ အော်ဟစ် လာသည့် လူထု ကြီး ကို တဖြည်းဖြည်း မြင်ကွင်းထဲ ဝင်လာသည် ကိုတွေ့လိုက်ရ ပါသည်...

ရှေ့ဆုံးတွင်တော့ အဖြူအစိမ်းကျောင်း သားလေးများက ခွပ်ဒေါင်းအလံ ကိုကိုင်သူကိုင် ဗိုလ်ချုပ်ပုံ သခင်ကိုယ်တော်မှိုင်း ပုံ များကိုင်ဆောင်သူကကိုင် ဖြင့် အလံများ ရဲရဲ တောက်လျှက် ချီတက်လာကြပါပြီ...။

လမ်းမနဘေး ကြည့်နေသူများ မိမိတို့ အိမ်အတွင်း အပြေးအလွှား ပြန်လည် ဝင်ရောက် သွားကြ၏...

ပြန်ထွက်လာသော အခါတွင် မတော့ ရေအိုးများ ချိုချဉ်များ ပေါင်မုန့်များ စားစရာ သောက်စရာ များက လူတိုင်း၏ လက်ထဲမှာ အပြည့် ပြီးတော့ ချီတက် လာသူများ ကို ကမ်းပေး ကြ၏..

လူငယ် လူလတ် ပိုင်းများ ကတော့ ချီတက်လာသည့် လူထုထဲ ပြေးဝင် သွားပြီး လူစီးကြောင်း ကြီးနှင့် တစ်သား ထဲ စီးဝင် လိုက်ပါ သွားကြ၏.. လူငယ် လူလတ် ပိုင်းများ သာ မက ပါ လူကြီးများ အမျိုးသမီး များ လဲ လူထု တပ်ကြီးတွင် ပါဝင် ကြပါသည်...။

လူတန်းစားပေါင်းစုံ အသက်အရွယ် မျိုးစုံ ပါပဲ

ကျွန်တော် တို့ အဖွဲ့လဲ လူစီးကြောင်းထဲ ပြေးဝင် စီးမျော လိုက်ပါ လိုက်ပါသည်...

ဒီနောက်တွင် မတော့သိမ်ဖြူလမ်း မကြီး အတိုင်း ရန်ကုန် မြို့ထဲသို့ ဆက်လက် ချီတက် ခဲ့ကြသည်..

လမ်းတောက်လျှောက် တွင် ပါဝင် ပူးပေါင်း လာသူများ က မနည်းလှ ရပ်ကွက် တိုင်း လိုလိုတွင် လူများ အကုန်ထွက် လိုက်လာကြ၏...

မြို့ထဲရောက်တော့ အခြား နေရာပေါင်း စုံ မှ ချီတက် လာကြသူ များလည်း ရန်ကုန် မြို့၏ အသည်းနှလုံး ဆူးလေ စေတီ နှင့် မဟာဗန္ဓုလ ပန်းခြံ ပတ်ပတ်လည် တွင် ပြည့်နှက်နေပြီ...

မြို့တော်ခန်းမ ရှေ့တွင် တော့ ထိုစဉ်က ကျွန်တော် တို့ခေါ်သည့် အန်းမတ် ကား ခေါ် ဘရင်းကယ်ရီယာ စက်သေနတ် များ တပ်ဆင်ထားသည့် သံချပ်ကာ ကား များ က အသင့်အနေ အထား ဖြင့်စောင့်ဆိုင်းလို့....

ဒီလိုနဲ့ မြို့ထဲ မှာ ပတ်နေရင်း ည ၁၁ နာရီ ခွဲခန့်တွင် ကျွန်တော် တို့ အဖွဲ့ မှာ အိမ်က လူကြီးများ စိတ်ပူ မည်စိုး သဖြင့် လူစု လူဝေး ကြီးထဲမှ ခွဲထွက်လာ ပြီး အိမ်သို့ပြန်လာ ကြသည်.....

ကျွန်တော် တို့ ကန်တော်လေး အထက (၁) နား သို့ အရောက်တွင်တော့ ဝမ်းနည်း တုန်လှုပ်ဖွယ် ရာ သတင်းစကား ကြားလိုက်ရတာ ကတော့ မြို့တော်ခန်းမ ရှေ့တွင် ဆန္ဒပြသူ များ ကို အစိုးရက ပစ်ခတ် သဖြင့် အတော် များများ သေဆုံးသွားကြောင်း လူများလည်း ပြေးရင်း လွှားရင်း ဒေါသ ဖြစ်သဖြင့် အစိုးရ ပိုင် အဆောက် အဦးများ ရုံးကားများ ကို ဖျက်ဆီး မီးရှို့ကြကြောင်း စသဖြင့် သတင်းများ ကြားရပါတော့သည်....

ဤ ကား သမိုင်းတွင် လူမဆန်သော လူသတ်ပွဲကြီး ၏ အစ ပဏာမ ပတ်ပျိုး ပင်ဖြစ်ပါတော့ သည်...။

၉.၈.၈၈ နေ့ကျွန်တော် တို့စတော့ဂိတ် ကုန်း ယ္ခု သိမ်ဖြူကုန်း တွင် အပစ်ခံရသည်ကို ဘဝထဲကစာမျက်နှာများ တွင် ဆက်လက် ရေးသားတင်ပြ သွားပါမည်..။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts