လွန်ခဲ့သော တစ်နှစ် ၂၀၀၈ ခုနှစ်၏ ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှာ ဘလော့ဂ် တွေ လိုက်ဖတ်ရင်း ဘလော့ဂ် တစ်ခု ကိုရောက်သွားပြီးတော့ ဝတ်ရုံတစ်ခုရဲ့ ရာဇဝင် ဆိုတဲ့ ပိုစ့်လေး ကို ဖတ်မိတယ် ..
သူဘယ်သူလဲ ဘယ်ကလဲ နာမည်ကြီး ဘလော်ဂါ လား တက်သစ်စ ဘလော်ဂါလား ကျွန်တော် အဲဒီအချိန်က လုံးဝ မသိပါဘူး...
အဲဒီ အချိန်က ကျွန်တော် ဟာ ဘလော့ဂ်ဖတ်သူ အဆင့်မှာတောင် အသစ်စက်စက် ပဲရှိသေးတဲ့ ဘလော့ဖတ်သူ တစ်ယောက်ပါ..
အဲဒီ ပိုစ့်လေး ကို ဖတ်ပြီးတော့ အရမ်းကြိုက် အရမ်းလေးစား မိပြီး တစ်ဆက်ထဲ ဆိုသလို သူ့ဘလော့ဂ် ဆိုဒ်ဘားလေး မှာ တင်ထားတဲ့ ကောင့်ဒေါင်းလေး တစ်ခု အရ နောက် တစ်ပါတ် မှာ သူ့မွေးနေ့ ရောက်တော့မယ် ဆိုတာ သိလိုက်ရတဲ့ အခိုက်အတန့်လေးမှာ အချိန်မဆိုင်းပဲ မွေးနေ့ဆုတောင်း E-Card လေးတစ်ကဒ် ကြိုပြီး ပို့်လိုက်မိတယ်..
ဒီလိုနဲ့မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီး အဲဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မှာ ကျွန်တော့် ဆီကို အီးမေးလ် တစ်စောင် ပြန်ဝင်လာတယ် ကျေးဇူးတင်တယ် ဆိုတဲ့ E-Card လေး ပေါ့ ..
ညနေစောင်းမှာပဲ ကျွန်တော့်ရဲ့ ဂျီတော့မှာ အဲဒီဘလော့ဂ် ပိုင်ရှင် က သူ့ဂျီတော့ ကို အက်ဒ်လာပြီး စကားတွေ ပြောဖြစ်ကြရင်းက အခုအချိန်မှာ ကျွန်တော့် မှာ ညီလေးတစ်ယောက် ကောက်ရလာခဲ့ပြီလေ..
သူကတော့ ဘလော်ဂါ တွေ အတော်များများ သိကြတဲ့ ESSAY တွေ အရေးကောင်းပြီး သူ့ပိုစ့်လေး တွေဟာ စကားလုံး အလန်းလေးတွေ အတွေးအခေါ် အသစ်အဆန်း လေးတွေ နဲ့ ဘယ်လို ဇာတ်သိမ်းမယ် ဆိုတာ ခန့်မှန်းလို့ မရအောင် ရေးတတ်တဲ့ မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ ဆိုတဲ့ ဆောင်ပုဒ် ကိုလက်ကိုင် ထားတဲ့ အိပ်မက်မက်ရင်တောင် အမဲရောင် အိပ်မက်တွေကို ပဲ မက်တတ်တယ် လို့ ဆိုတဲ့ အနက်ရောင်အိပ်မက်တစ်ခု၏ ဝိဉာဉ်များ ဆိုတဲ့ ဘလော့ဂ်ပိုင်ရှင် ဘလက်ဒရင်းပဲ ဖြစ်ပါတယ်...။
ဒီနေ့ဟာ ဆိုရင် သူနဲ့ ကျွန်တော် တို့ရဲ့ ညီအကိုလို ခင်မင်ခွင့် များစတင်ခဲ့ ရာနေ့တစ်နေ့ ဖြစ်သလို သူ့ရဲ့ ၂၄ ချပ်မြောက် တံခါးတစ်ချပ် ကိုအသာလှစ်ဟလို့ နောက်ထပ် နောက်ထပ် တံခါးချပ် များရှိရာကို ခြေလှမ်း များ စတင်တော့မယ့် ၂၄ နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်..
ယနေ့ မှ သည် နောက်နှစ်ပေါင်း များစွာထိ ငါ့ညီလေး ပျော်ရွှင်ဖွယ်ရာ မွေးနေ့များ ကို ပိုင်ဆိုင်နိုင်ပြီး ဘဝလမ်းခရီးတစ်လျှောက် မှာလဲ သာယာဖြောင့်ဖြူးငြှောင့်ဆူး ကင်းတဲ့ ပန်းခင်းသော လမ်းကို လျှောက်လှမ်းနိုင်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးကို သယ်ပိုး နိုင်တဲ့ နိုင်ငံ့သားကောင်း ရတနာ အဖြစ် ကိုရောက်ရှိ နိုင်ပါစေ လို့ ဆုတောင်းပါတယ် ညီရေ..

Saturday, February 21, 2009
//
အမ်ိဳးအစားက:
Birth Day Memorial
//
15
ယောက်ကဒီလိုမြင်တယ်
//
အခန်း(၃)
သားကောင်များ
ကစားပွဲ စသည်နှင့် ရောက်ရှိသွားသည်ကတော့ အုတ်ဂူများ အလည်ပဲ ဖြစ်သည်...
သူတို့က အုပ်စုတောင့် သလို လက်နက်များကလဲ စုံလင် သဖြင့် ထွက်လာ သမျှ အားလုံး ကို အလွယ် တကူ နှိမ်နင်း နိုင် သဖြင့် ပျော်စရာ တောင်ဖြစ်နေသည်...
ပတ်ဝန်းကျင် ကို လှည့်ပတ်ကြည့်လိုက်တော့ သင်းချိုင်းဆိုသော်လည်း အများဆိုင် ဟုတ်ပုံ မရ အရှေ့ဘက်တွင် ကြီးမားလှသည့် အိမ်ကြီးတစ်လုံး အနောက်ဘက်တွင် လူသေအလောင်း ထားရန် မီးသဂြိုလ် စက်ကဲ့သို့ အဆောက်အဦး တစ်ခု ဖြစ်နိုင်သည်မှာ ကြီးမားသော မိသားစု ဝင်များ နေထိုင်သော အိမ်နှင့် မိသားစုဝင်များကို မြုတ်နှံ သဂြိုလ် သည့်မိသားစု သင်းချိုင်း ဖြစ်ပုံရပေသည်..
ဒါနှင့် သုံးယောက်စီ နှစ်အုပ်စု ခွဲ၍ တစ်အုပ်စုက အိမ်ကြီးဆီသို့ နောက်တစ်အုပ်စုက အနောက်ဖက်ရှိ အိမ်ငယ် ဆီသို့ သွားရန် လူစုခွဲလိုက် ကြသည်..
အိမ်ကြီးသို့ သွားရန် အုပ်စုတွင် အေးမောင်၊ဘကျော် နှင့် သောင်းအေး တို့ ဖြစ်ပြီး နောက်တစ်အုပ်စုမှာ ဆန်းကျော်၊ဟန်သန်းနှင့်မောင်မြင့် တို့ဖြစ်ကြသည်...
ပထမ အုပ်စုကော ဒုတိယ အုပ်စုပါ ဘာမှ ထွေထွေ ထူးထူး မတွေ့ကြပဲ ပစ်ရင်း ခတ်ရင်း ညဥ့်နက် လာခဲ့ပြီ..ထိုအချိန် တွင် မောင်မြင့် တစ်ယောက် အပေါ့ သွားချင် လာသဖြင့် ဂိမ်း ကို ခေတ္တရပ် နားသောခလုတ် ကိုနှိပ်၍ အိမ်သာ သို့ထွက်ခွာ လာလိုက်သည်..
ဆန်းကျော် နှင့် ဟန်သန်း တို့ နှစ်ယောက်လဲ ဂိမ်းထဲ တွင် ရပ်တန့်နေသော မောင်မြင့် ကို ထားပြီး တစ်ခန်းဝင် တစ်ခန်း ထွက် လိုက်လံကြည့်ရှု နေရာ မှ နောက်ဆုံး တွင် မောင်မြင့် ရပ်တန့်နေသော နေရာ သို့ ပြန်ရောက်လာ ကြရာ မောင်မြင့် အနားတွင် နာနာ ဘာဝများ ဝိုင်းဝန်း နေကြသည် ကို တွေ့ရသဖြင့် နှစ်ယောက်သား အပြေးအလွား တိုက်ခိုက် လိုက်ကြသော်လည်း နာနာဘာဝ တစ်ကောင်မှာ လွတ်ထွက်သွားပြီး မောင်မြင့်အား သစ်သားချွန် ကြီးဖြင့် ထိုးစိုက် လိုက်သည် ကို တွေ့လိုက်ရသည်..
ထိုအချိန် တွင် အိမ်သာ ထဲမှ မောင်မြင့် မှာ အပေါ့ သွားနေစဉ် သူ၏ ခေါင်းထက် အမိုးမျက်နှာကျက် နားတွင် လှည့်ပတ် နေသော အရိပ်မည်းများကို မမြင်မိ သော်လည်း ကြက်သီးများ ထ၍ လူမှာ တုန်တက် သွားမိသည် သို့သော် ရံဖန်ရံခါ အပေါ့ သွားလျှင် ဖြစ်နေကျ သလိုဖြစ်သည် ဟုထင်၍ ဂိမ်းဆော့ နေသည့် အခန်းရှိရာ ပြန်လာခဲ့ရာ သူ၏ နောက်ဖက် နံရံများ မျက်နှာ ကျက်များတွင်လဲ အရိပ်မည်း များက ထပ်ချပ် မကွာ လိုက်ပါလာလေပြီ..
သူအခန်း ထဲသို့အရောက် ဂိမ်းထဲမှ မောင်မြင့် ကိုလဲ သစ်သားချွန်ကြီးဖြင့် ထိုးစိုက် အပြီး ဖြစ်သွား သဖြင့်မောင်မြင့်တစ်ယောက် ခုံပေါ်စိတ်ပျက် လက်ပျက် ထိုင်ချ လိုက်ပြီး....
“ဟ ဘာလဲကွ ငါဂိမ်း ကို ရပ်ထားခဲ့တာကို ဘယ်လိုဖြစ်လို့ ငါ့ကောင် ကသေသွားတာလဲ မဟုတ်သေးပါဘူး”
သူထိုသို့ပြော ရင်း ကွန်ပြူတာထဲ လှမ်းအကြည့် သူ့အလောင်းကောင် ဘေးတွင် မိန်းမတစ်ယောက် ရောက်နေပြီး တစ်ဖြည်းဖြည်း ကွန်ပြူတာ စကရင်နား ကပ်လာပြီး ပြူတင်းပေါက်မှ ချောင်းကြည့်သကဲ့ သို့ မောင်မြင့်ကို မျက်ဆံမရှိသော အနက်ရောင် ဗြောင်မျက်ဝန်း တစ်စုံဖြင့် လှမ်းကြည့်ပြီးနောက်...
“G..A..M..E.. O..V..E..R”
ဟုလှမ်းပြော လိုက် သည်ကို သူတို့ အားလုံး မြင်တွေ့လိုက်ကြီးနောက် တစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားခဲ့လေသည်..။
“ကဲသူငယ်ချင်းတို့ ငါလူတော့ ဂိမ်းအိုဗာ ဖြစ်သွားပြီဆိုတော့ ဆက်ကစားလို့ မရမယ့် တူတူ ပြန်တော့မယ် ကွာ ဘာမှလဲ မဖြစ်ပါဘူး သာမန် သရဲဂိမ်းလေး တစ်ခုပါ မင်းတို့လဲ အလကား အပင်ပမ်း ခံမနေနဲ့တော့ ကဲ သွားပြီဟေ့ ”
မောင်မြင့်ပြောပြောဆိုဆို ထထွက် သွားသဖြင့် အိမ်နားနီးပြီး ကားမရှိသဖြင့် ကပ်လိုက်လာသော ဆန်းကျော်နှင့် ဟန်သန်း တို့ ကလဲ ..
“ ဟေ့ ဟေ့ မောင်မြင့် နေအုံးလေ ငါတို့ လဲ လိုက်မယ် ဆက်မကစားတော့ ဘူးကွ”
ဟုဆိုရင်း အေးမောင်တို့ကို သုံးယောက်သား နုတ်ဆက် ၍ အိမ်အောက် ဆင်းသွား ကြလေသည်..
ခဏအကြာတွင် အေးမောင်တို့ အိမ်အောက်မှ ကားမောင်း ထွက်သွား သည့် အသံသည် တစ်ဖြည်းဖြည်း ဝေး၍ ဝေး၍ ပျောက်ကွယ် သွားပေတော့သည်..
အေးမောင်တို့၏မြင်ကွင်း
ယခု အခန်းထဲ တွင် အေးမောင် နှင့် သူ၏ အချစ်ဆုံး သူငယ်ချင်း ဘကျော်၊သောင်းအေး တို့သာ ကျန်နေခဲ့ ပြီး ဂိမ်းထဲ မှ အိမ်ကြီး ရှေ့တွင် ဘာဆက်လုပ်ရမှန်း မသိပဲ သုံးယောက် သား ရပ်နေမိကြစဉ်..
သူတို့ သုံးယောက် လုံး ၏ ကွန်ပြူတာ ဖန်သားပြင် တွင်ပေါ်လာသည်က မဲမှောင် ပြောင်လက်နေသော ကတ္တရာ လမ်းပေါ်တွင် အပြင်းမောင်းနှင် နေသော ကားလေး တစ်စီး ကားမောင်းသူနေရာ တွင် မည်သူမှ မရှိပဲ ကားနောက်ခန်းတွင် ဟန်သန်းနှင့် ဆန်းကျော် တို့ ကားဆိုဖာ နောက်မှီကို ခေါင်းတင်၍ အိပ်နေကြသည့်ပုံ ရသည်..
ကား ရှေ့ ဘောနက် အဖုံးပေါ်တွင် ဇာအကျီ ပါးဝတ်ဆင်ထားသော ဆံပင်ဖားလျှား နှင့် အမျိုးသမီးက မက်တပ် ကြီးရပ်လို့ ကားခေါင်မိုးပေါ် နှင့်ဘေးနောက် တို့တွင်လဲ အရိပ်မည်း ကြီးများ ...
“ဟင် မောင်မြင့်တို့ ကားပါလား”
ဘကျော် အလန့်တကြား ရေရွတ်လိုက်မိသည်..
“ဒုက္ခပဲ သူတို့တော့ ဒုက္ခရောက် တော့မယ် ထင်တယ် ငါတို့ နောက်က အမြန်လိုက်သွား ကြည့်မှ ဖြစ်မယ် ကဲ လာကြ သူငယ်ချင်းတို့ ငါတို့ ကွန်ပြူတာ တွေပါ ယူလာခဲ့ကြ အခုအချိန်က စပြီး ဒီကွန်ပြူတာတွေနဲ့ ဒီဂိမ်း ကို ကိုယ်နဲ့ခွာထားလို့ မရတော့ဘူး လို့ ငါတော့ထင်တယ်.”
သောင်းအေး ရဲ့ စကားအပြီး အေးမောင် နှင့် ဘကျော် တို့ ကွန်ပြူတာများ ပါ သယ်၍ ကားနှင့် မောင်မြင့်တို့ သုံးယောက် သွားရာ လမ်း အတိုင်း မောင်းနှင် လာခဲ့ပေပြီ..။
ကားပေါ်တွင် ကွန်ပြူတာ ထဲ လှမ်းကြည့် လိုက်ရာ အရိပ်မည်းများက မောင်မြင့်တို့ ကားဘေးပြူတင်းပေါက် မှ ကားအတွင်းသို့ ဝင်ရောက် သွားကြပြီး သူတို့ ၏ လက်သည်းရှည် ကြီးများ ဖြင့် ဟန်သန်းနှင့်ဆန်းကျော် တို့၏ လည်ပင်း များကို ဖြတ်တောက် လိုက်သည် ကို နောက်ဆုံး မြင်လိုက်ရပြီး သူတို့ နောက်ဆုံး တည်ရှိခဲ့ရာ ဂိမ်းအတွင်းမှ အိမ်ကြီးရှေ့ မြင်ကွင်းပြန်ပေါ်လာသည် ကိုတွေ့ကြရသဖြင့် အားလုံး စိတ်ထဲ သူတို့သူငယ်ချင်း သုံးယောက်တော့ လူ့လောကကြီးကို စွန့်ခွာ သွားကြပြီလား ဟု အတွေးတွေ ကိုယ်စီဝင်လာပြီး ကြောက်ရွံ့စိုးရိမ် စိတ်များ အနည်းငယ်စီ ဝင်လာခဲ့ ကြလေသည်..
မောင်မြင့်တို့၏ဖြစ်ရပ်မှန်
မောင်မြင့် ဟန်သန်း ဆန်းကျော် တို့ အိမ်အောက် သို့ဆင်းလာပြီး ကားကို မောင်းထွက် လာစဉ် ဟန်သန်းနှင့် ဆန်းကျော် တို့က ကားထိုင်ခုံ နောက်မှီ တွင် ခေါင်းတင်၍ အိပ်လိုက် လာကြသည်..
မောင်မြင့် ကားကို မောင်းရင်း ကားမောင်းရသည်မှာ လေးလံ လာသကဲ့ သို့ စိတ်ထဲတွင် ထင်လာသလို ကြက်သီးမွေးညင်း များ တဖြန်းဖြန်း ထလာ သဖြင့် ပတ်ဝန်းကျင် ကို ဟိုသည် ကြည့်လိုက် မိရာ ကားပြူတင်းမှန် တွင် သွေးဆုတ်ဖြူလျှော်သော မျက်နှာကြီးဖြင့် အနက်ရောင်ဗြောင်မျက်လုံး ပိုင်ရှင် အမျိုးသမီး သည် သူ့အား စူးစူး စိုက်စိုက် ကြီးကြည့်လျှက်
မောင်မြင့် ကားလီဗာ ကို တစ်ဆုံး ဖိနင်းလိုက် သဖြင့် ကားလေးက ရှေ့ကို တဟုန်ထိုး လေးမှ လွှတ်လိုက်သော မျှားကလေး တစ်စင်းကဲ့သို့ ပြေးထွက် သွားသည် ထိုအချိန် တွင် ကားဘောနက် ဖုံးပေါ်တွင် သရဲမ က သူ့ကို ပြုံးပြုံးကြီး ကြည့်နေပြီး ဖျက်ကနဲ ပျောက်ကွယ် သွားချိန် သူ့ကားရှေ့တွင် ပေါ်လာတာက သစ်ချောင်းများ တင်လာသော ကားတစ်စီး မီးမရှိပဲ လမ်းပေါ် ရပ်ထားသည် သူ့မြင်ကွင်းထဲ ဝင်လာချိန်တွင် အရာရာ နောက်ကျ သွားခဲ့ပြီ ကားကို ဘရိတ်အုပ်ပြီးရပ်တန့်ရန် ကြိုးစားသော်လဲ ကားနောက်မှ ကျော်ထွက်နေသော သစ်ချောင်းများ ရှိရာသို့ ကားက အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့လေပြီ....
သိပ်မရှေးမနှောင်းလေးမှာပဲ အေးမောင်တို့ ကား အဲဒီ အနားကို ရောက်လာ ခဲ့ပြီး သူတို့ သူငယ်ချင်းများ ကို အဖြစ်ဆိုးစွာ သေဆုံးနေကြတာကို တွေ့လိုက်ကြရပါတော့တယ်..
မောင်မြင့် က ရှေ့ကားက သစ်ချောင်း တစ်ချောင်းက ခန္ဓာကိုယ်မှာ စိုက်ဝင်လို့ ကျန်တဲ့ နှစ်ယောက် ကလဲ ရှေ့က လေကာမှန် တွေ ကွဲထွက်လာပြီး သူတို့တွေရဲ့ လည်ပင်း ကိုယ်စီမှာ စိုက်ဝင်လို့ ....
အခန်း(၄)
ကစားပွဲ၏နိဂုံး
အေးမောင် တို့ သူငယ်ချင်း သုံးယောက် ဘာလုပ်ရမှန်း မသိ ဖြစ်နေပြီ ဂိမ်းထဲမှာ လည်း သရဲခေါင်းဆောင် ကို ရှာမတွေ့ပါ....
ဒါနဲ့ ဂိမ်းဆိုင် ကို သွားပြီး ထိုထူးဆန်းသော ဂိမ်းခွေ ကို ဘယ်က ထုတ်လုပ်သလဲ သွားမေးတော့လဲ ဘယ်သူမှ ရေရေ ရာရာ မဖြေနိုင် လူတစ်ယောက် ညကြီး အချိန်မတော် ရောက်လာပြီး ဒီဂိမ်းခွေ ကို ထိုးပေး သွားပြီး ပြန်ထွက် အသွား မှာ လမ်းပေါ် မှ ကုန်ကား တစ်စီးနဲ့ တိုက်မိပြီး သေဆုံးသွားကြောင်း ဒါနှင့် ဂိမ်းအခွေကို ကောင်တာပေါ်တင်ထားမိရာမှ ကိုရွှေသန်း က အတင်းဝယ်ယူသွားကြောင်းသာ သိလာခဲ့ရသည်..။
ဒါနှင့် ဂိမ်းအခွေပေါ်ကို ကြည့်လိုက်မိတော့ လိပ်စာ တစ်ခု ဒီလိပ်စာ အတိုင်း လိုက်သွားကြည့်ကြရန် ဆုံးဖြတ်လိုက်ပြီး သူငယ်ချင်း သုံးယောက် ထွက်ခွာလာခဲ့ကြသည်..
သူတို့ ကားလေးနှင့် လိပ်စာ ရှိရာ နေရာကို ရောက်တော့ ညနေစောင်းနေခဲ့ပြီ အဲဒီလိပ်စာ တည်ရှိရာ နေရာကလဲ လူသူကင်းဝေးရာ နေရာ တစ်ခု ရှိ ကွင်းပြင်ကြီးထဲ ရှိ တောအုပ်တစ်ခုလို ဖြစ်နေသော ကြီးမားလှသည့် စံအိမ်ကြီး ထိုစံအိမ်ကြီးကလဲ သူတို့ ယခုမှ ရောက်ဖူးပေမယ့် အစိမ်းသက်သက်တော့ မဟုတ်ပါ ဂိမ်းထဲတွင် တွေ့ဖူးနေသည့် စံအိမ် ကြီးပင် ဖြစ်တော့သည်..
သူတို့သုံးယောက်သား ကွန်ပြူတာ တွေ ကိုယ်စီဖွင့် ကြည့်လိုက် မိတော့လဲ ကွန်ပြူတာထဲတွင် စံအိမ်ကြီးရှေ့ သူတို့ကား ရပ်ထားပြီး သူတို့ သုံးယောက် ကို သူတို့ ပြန်လည် တွေ့မြင်နေရသည်..
“ကဲ သူငယ်ချင်းတို့ ငါတော့ ဒီဂိမ်း ကြီးကို အဆုံး သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ငါ့ တစ်ဦးတည်းသော အကိုရယ် အချစ်ဆုံး သူငယ်ချင်းတွေ ရယ် ကို ရက်ရက်စက်စက် ဝိညာဉ်နုတ် သွားတဲ့ ဒီဂိမ်း ကို နောက်ဘယ်သော အခါမှ ပြန်ပြီး ဆော့လို့ မရအောင် အဓိက မိန်းဖြစ်တဲ့ ဟို သရဲမ ကို ရှာပြီး အနိုင်တိုက် မယ်..”
“အေး ကောင်းတယ် ငါလဲ အိမ်ခဏ ပြန်တုံး လိုရမယ်ရ ယူလာတဲ့ လက်နက်တွေ ပါလာတယ် ဒီမှာ ကြိုက်ရာ ရွေးယူကြ ပေတော့”
သောင်းအေး က ပြောပြောဆိုဆို ကားနောက်ခန်း ထဲမှ သူ့အထုပ် ကြီးကို ဖွင့်ပြီး သူကြိုက်ရာ လက်နက် ကို ရွေးယူနေသည်.. အေးမောင် နှင့် ဘကျော် တို့လဲ လေဆာပွိုင်တာ နှင့် ဓါတ်မီး အသင့် တပ်ဆင် ထားသော ပစ္စတို တစ်လက်စီ နှင့် ဓါးတစ်ယောက် တစ်ချောင်းစီ ယူလိုက်ကြသည်...
ပြီးတော့ အေးမောင် တစ်ယောက် လမ်းနဘေး တွင်ပေါက်နေသော သစ်ပင်မှ သစ်ကိုင်း တစ်ကိုင်းကို ခုတ်ယူပြီး ထိပ်ကို ချွန်လိုက်ရာ လှံတစ်ချောင်း ကဲ့သို့ ဖြစ်သွားသည်..
“ငါတို့ သရဲမ ကို ရှာပြီး ဒီသစ်သားချွန် နဲ့ သူ့ရဲ့ နှလုံးသား တည့်တည့် နေရာကို ထိုးစိုက် နိုင်မှ သရဲမ သေမှာကွ”
ဟူသော အေးမောင် ၏ စကားကို ကျန်သူငယ်ချင်း နှစ်ယောက်ကလဲ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ပြီး သူတို့လဲ အေးမောင် လုပ်သလို လိုက်လုပ်လိုက်ကြရာ သုံးယောက်သား ကိုယ်စီ သစ်သားချွန် တစ်ချောင်း စီဖြင့် တိုက်ပွဲ ဝင်တော့မည့် ရှေးဟောင်း ရောမ ဂလက်ဒီရေတာ သူရဲကောင်းများ ကဲ့သို့ တိုက်ပွဲ ဝင်ရန် အသင့် ဖြစ်နေကြလေပြီ..
ထိုနောက်တော့ အိမ်ကြီး၏ ခြံဝင်းတံခါး ရှိရာဆီ လျှောက်လှမ်း လာခဲ့ကြရာ ခြံဝင်းတစ်ခါး ကြီးသည် သူ့အလိုလို သူတို့အား ကြိုဆိုနေသကဲ့ သို့ပွင့်လာသည်ကို တွေ့ရှိလိုက်ကြရပေသည်...
“ကျွီ..”
သူတို့သုံးယောက်လဲ အသက်သေချင်သေပစေတော့ ဟု ဆုံးဖြတ်ထားကြပြီး ဖြစ်လေရာ ကြောက်ရွံ့မှု မရှိတော့ပဲ ခြံဝင်းကြီးထဲသို့ တစ်လှမ်းခြင်း ဝင်ရောက်လာခဲ့ ကြပေတော့သည်..
အိမ်ကြီးသည် ခြံဝင်းပေါက်မှ အတော်လေး လှမ်း၏ ခြံဝနှင့် အိမ်၏ ဆင်ဝင် အောက် တံခါးမ ကြီးထိကို ကားလမ်းဖြင့် ဆက်သွယ် ထားလေသည် ယခင် က မိသားစုဝင်များ ဖြင့် စည်ကားနေမည် ဖြစ်သော အိမ်ကြီးနှင့် ခြံကြီးမျာ ယခု အချိန်တွင်တော့ ခြောက်ချား ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက် နေပြီး အလှစိုက်ပျိုးထားသော ပန်းပင်များမှာလဲ ပျက်စီးသည်က ပျက်စီး အရိုင်းပင်များ ဖြစ်သည်က ဖြစ်လျှက် နေသည်ကို တွေ့ရှိ ကြရသည်..
သူတို့ အိမ်ကြီးထဲ ဝင်ရောက် သွားသည်နှင့် ကြိုဆိုပုံ ကလဲ သင်းလှပါသည် မီးပန်းဆိုင်းများက သူ့အလိုလို ဟိုယိမ်း သည်ယိမ်း ဖြစ်လာသည် နံရံတွင် ချိတ်ထားသော ဓါတ်ပုံများ ကလဲ အကုန် ပြုတ်ကျသည်က ကျ လူမရှိသည့် အိမ်ကြီးတွင် အပေါ်ထပ် အခန်းများထဲ မှ စကားပြောသံများ ရယ်သံများ ကို လဲ ကြားနေကြရသည်..
သူတို့လဲ ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခိုက် အပေါ်ထပ် လှေကားထိပ်နားမှ အရိပ်တစ်ခု လှစ်ကနဲ လမ်းလျှောက် သွားသည်ကို တွေ့လိုက်ကြရသည်..
အေးမောင် စဉ်းစားရင်း အကြံတစ်ခုရသွား သလို ထိုအကြံအတိုင်း အကောင်အထည် ဖော်ဖို့လဲ ဆုံးဖြတ်လိုက်သည်.
“ကဲ ဘကျော် မင်းက ဒီဧည့်ခန်းမကြီးထဲက ဘယ်မှ မသွားနဲ့ ကွန်ပြူတာဖွင့်ပြီး ငါနဲ့ သောင်းအေး နဲ့ သွားရာ လမ်းကို ကြည့်ပြီး လမ်းကြောင်းညွန်ပြ ပေး ငါတို့နှစ်ယောက် သရဲမ ကိုလိုက်ရှာမယ် ဖြစ်တယ် မဟုတ်လား..”?
“ဟ သိပ်ဖြစ်တာပေါ့ ကွာ မင်းတို့ နှစ်ယောက် သာ သတိဝီရိယ ရှိကြပစေ”
“ကဲ ဒါဆို ငါဖုန်းဖွင့်ထားပြီး နားကြပ် တပ်ထားမယ် မင်းတွေ့တာ တွေကို ငါ့ကို ပြောပေတော့ လာဟေ့ သောင်းအေး သွားမယ် ”
အေးမောင်ပြောပြောဆိုဆို သောင်းအေးကို ခေါ်ပြီး အိမ်ပေါ်သို့ တက်သွားလိုက်သည်..
အိမ်ပေါ်တွင် သူတို့ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာသော်လည်း ဘာမှ မတွေ့ပါ ဒါနှင့် အောက်ပြန်ဆင်းလာခဲ့ ကြသည်..
ပြီးနောက် အိမ်အောက်ထပ် မီးဖိုချောင် ဘက်ဆီသို့ ရောက်သွားချိန် တွင် မီးဖိုချောင် နှင့် ကပ်ရပ် ဘီဒို တစ်လုံး ကဲ့သို့ ဖြစ်နေသာ နေရာမှ တံခါး သည် ဖြည်းဖြည်းချင်း ပွင့်လာပြီး အမျိုးသမီး တစ်ယောက် လှစ်ကနဲ ထိုအထဲ ဝင်သွားသကဲ့ သို့ တွေ့လိုက် သဖြင့် သတိနှင့် အနားကပ် သွားပြီး ကြည့်ကြည့်လိုက်ရာ ဘီဒို မဟုတ်ပဲ မြေအောက်ခန်း ထဲသို့ ဆင်းသည့် လှေကား ဖြစ်နေသည်..
ထိုအချိန်မှာပင်..
“ဟေ့ အေးမောင် မင်းရှေ့မှာ သရဲမ ရပ်နေတယ် သတိထား”
ဘကျော်၏ အသံက နားကျပ် ထဲမှ တစ်ဆင့် ထွက်ပေါ်လာ သဖြင့် အေးမောင် မြေအောက်ဆင်းသည့် လှေကားကို ကြည့်သော်လည်း ဘာမှ မတွေ့..
“ဘယ်မှာလဲကွ”
“ငါ ကွန်ပြူတာထဲ မှာ မင်းတို့ မြေအောက်ဆင်းတဲ့ လှေကားနား သွားတာလဲ တွေ့လိုက်တယ် အဲဒီအထဲ ကို သရဲမ ဆင်းသွားတာလဲ တွေ့တယ် သူက ဝင်ဝင်ခြင်း မဆင်းသွားသေးဘူးကွ အဲဒီနား ရပ်နေတာ မင်းတို့ ရောက်လာတော့ မင်းကို သူ တစ်ခုခု လုပ်ဖို့ ကြံသေးတယ် ငါက ဒီမှာ ဂိမ်းထဲကနေသူ့ကို ဓါးနဲ့လှမ်းခုတ်လိုက်လို့ သူပြေးသွားတယ် အခု ငါ မင်းတို့နားမှာ ရှိနေတယ် ကဲ ဆက်ဆင်းကြရအောင် ငါရှေ့ကနေ သွားမယ် ပြီးရင် အခြေအနေ တွေ မင်းတို့ကို ပြောပြမယ်”
ဘကျော် တစ်ယောက် ဂိမ်းထဲ မှ လှေကား အတိုင်း ဆင်းသွား သည် နောက်မှလဲ အေးမောင် တို့ နှစ်ယောက်ကလိုက်လာသည် ကို တွေ့နေရသည်.. ဒါပေမယ့် သူမတွေ့ တာကတော့ သူအပြင်မှာ ကွန်ပြူတာကို အာရုံစိုက်နေတုံး သူ့နောက် တွင် လာရပ် နေသည့် သရဲမ ကို သာ ဒီနောက်တော့ အေးစက်စက် အရာ တစ်ခု သူ့လည်ပင်း ကို လာထိတွေ့သဖြင့် လှည့်ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်မိသွားတာကတော့ သရဲမ ၏ မျက်နှာက သူ့မျက်နှာနှင့် ကပ်လို့ သရဲမက သူ့လည်ပင်းကို လျှာဖြင့် လာတို့ထိနေသည် ကို တွေ့လိုက်ရသည်.. ဘကျော် တစ်ယောက် နှလုံးသား တစ်ခုလုံး သူ့ခန္ဓာကိုယ် အပြင်သို့ ဖောက်ထွက် သွားသကဲ့ သို့ခံစား လိုက်ရပြီး တစ်ချက်သာ စူးစူး ဝါးဝါး အော်လိုက်နိုင်သည်..
“အားးးးးးးးးးးးးးး”
ဒီနောက်တော့ ဘကျော်တစ်ယောက် သူ့ကွန်ပြူတာ ပေါ်ခေါင်းငိုက်စိုက် ကျသွားခဲ့လေပြီ...
“ဘကျော် ဘကျော် သူငယ်ချင်း”
နားကြပ် ထဲမှ ဘကျော်၏ စူးဝါးသော အော်သံကို ကြားလိုက်ရသဖြင့်အေးမောင် တစ်ယောက် ဖုန်းထဲမှ လှမ်းခေါ်ပါသော်လည်း အဖြေက ပြန်မလာ ပါတော့..
“တောက်”
အေးမောင် တောက်တစ်ချက်သာ ပြင်းပြင်းထန်ထန် ခေါက်လိုက်မိသည်..
သူငယ်ချင်း တစ်ယောက် သွားပြန်ပြီပေါ့..
သူတို့ မြေအောက်လမ်း အတိုင်း တစ်လှမ်းချင်း ဆက်တိုးသွားရာ အဆုံး တွင် မတော့ အပေါ်သို့ ပြန်တက်သည့် လှေကား ကို တွေ့သဖြင့် လှေကားအတိုင်း တက်သွားပြီး တံခါးကို ဖွင့်လိုက်ရာ ဆေးရုံ တစ်ခု ၏ ရေခဲတိုက် ကဲ့သို့သော အခန်းတစ်ခန်း အတွင်းသို့ ရောက်သွားသည်..
အခန်း၏ အလည်ခေါင် တွင် အလောင်း တင်၍ ပြင်ဆင် ရန်ဖြစ်ပုံ ရသော စတီး ကုတင်တစ်လုံး ရှိနေသည် ထိုခုတင်ပေါ်တွင်တော့!!!
“ဟင် ဘကျော်”
ဟုသာ အေးမောင် တစ်ယောက် ရေရွတ် လိုက်နိုင်တော့သည်..
သေခါနီး အလွန်ထိတ်လန့်စရာ တစ်ခု ကို မြင်တွေ့ခဲ့ရပုံ ဖြင့် ဘကျော် ၏ မျက်ဝန်း များ က ဝိုင်းစက် ပြူးကျယ် လို့ လည်ပင်းတွင်လည်း အကောင်တစ်ကောင် ကိုက်ခဲ ခံထားရ သကဲ့သို့ အသားများက စုတ်ပြတ်ပြီး သွေးများက ယခု အချိန်ထိ ယိုစိမ့်ထွက်နေဆဲ..
သူတို့ အခန်းအပြင် သို့လှမ်းထွက် လိုက်ရာ အတန်အသင့် ကျယ်ဝန်းသော အခန်း တစ်ခန်းထဲ ရောက်သွားသည်..
ထိုအခန်းထဲ တွင်တော့ လူများ ထိုင်ရန် ခုံများ အစီအရီချ ထားသည်ကို တွေ့ရသဖြင့် သေသူကို နောက်ဆုံး အနေဖြင့် အသုဘ ရှုရန် လာသူများကို ဧည့်ခံသည့် နေရာ ဖြစ်မည် ဟုတွေးလိုက်မိသည်..
ထိုအခန်း အတွင်းရှိ ပြူတင်းပေါက် မှ လှမ်းကြည့်လိုက်ရာ မလင်းတလင်း မသာချင့်သာချင် သာနေသော လရောင် မှုန်ဝါးဝါး ၏ အောက်တွင် ထိုးထိုးထောင်ထောင် ဖြစ်နေသော အုတ်ဂူများကို ဖြတ်၍ အမှောင်ထဲ ထီးထီးကြီး ဖြစ်နေသော စံအိမ် ကြီးကို တွေ့လိုက် ရတော့သည်..
ထို အချိန်ရောက်မှ သူတို့ အိမ်ကြီးနောက်ဖက်က လူသေကောင်များ ထားရာ ပြင်ဆင်ရာ အိမ်လေးထဲ ရောက်နေမှန်း သိရှိလိုက်ရတော့သည်..
သူတို့ ကြည့်နေစဉ်မှာပင် အုတ်ဂူများ လှုပ်ရှား လာသယောင် ထင်သဖြင့် သေချာ ကြည့်လိုက်မိရာ အုတ်ဂူများ လှုပ်ရှား လာခြင်း မဟုတ်ပဲ မီးခိုး လိုလို အရိပ် လိုလို အရာများ အုတ်ဂူ များ ထဲမှ ထွက်လာခြင်းဖြစ်နေသည်ကို တွေ့လိုက် ကြရသည်..
သူတို့ နှစ်ယောက် သရဲမ ကို အမြန်ဆုံး ရှာတွေ့ဖို့ လိုပြီ ဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် ရောက်ရှိနေသော အခန်းနှင့် ဆက်လျှက် ရှိသော အခန်းတွင်း ဝင်သွားလိုက် ကြရာ ..
တွေ့ပါပြီ သန့်ရှင်း သပ်ရပ် စွာ ပြင်ဆင်ထားသော ကုတင်ပေါ်တွင် သူတို့ ဂိမ်းထဲ အမြဲ မြင်ရသော သူရဲမ လှဲလျှောင်း လျှက် ဒါပေမယ့် အပြင်မှာတော့ မျက်ဝန်းနက် ကြီးလဲ မရှိပါ နှစ်ပေါင်းများ စွာဤနေရာ တွင် ထားထားသော်လည်း ပုတ်သိုး ဆွေးမြေ့ခြင်းလည်း မရှိပဲ ပကတိ လူကောင်း တစ်ယောက် အိပ်နေသကဲ့ သို့ ဖြစ်နေသည်..
အေးမောင်နှင့်သောင်းအေးတို့ တစ်ဦးကို တစ်ဦး မျက်ရိပ် ပြလိုက်ပြီးနောက် ကုတင်၏ ဟိုဘက် သည်ဘက် နှစ်ယောက် ခွဲ ၍ တိုးကပ် သွားကြသည်..
ကုတင်ဘေး နှစ်ယောက်သား ရောက်ရှိ သွားသည့် အခိုက်လေးတွင်ပင် သောင်းအေး ၏ နောက်ဘက် အဝင် တံခါးပေါက်မှ အရိပ်မည်း များတိုးဝင်လာပြီး သောင်းအေး ကို ဝိုင်းဝန်း ဆွဲမြှောက် ကိုင်ပေါက် လိုက်သည်မှာ သောင်းအေး တစ်ယောက် တစ်ခန်းလုံး ရှိ နံရံများ မျက်နှာကျက် များ နှင့် မိတ်ဆက် သွားပြီး တစ်ကိုယ်လုံး ကြေမွ သွားသည်ထင် နှာခေါင်း ပါးစပ် နား မျက်လုံး တို့မှ သွေး များ ယိုစီး ကျလာပြီး ကြမ်းပြင်ပေါ်တွင် ငြိမ်သက် သွားခဲ့ လေပြီ..
အေးမောင်တစ်ယောက် သူငယ်ချင် ဖြစ်သူ အတွက် နာကျည်းခံပြင်း စိတ်များဖြင့် သစ်သားချွန် ကို လူသေအလောင်း ၏ နှလုံး တည့်တည့် နေရာသို့ ရိုက်သွင်းရန် တင်လိုက်ချိန်မှာပင် အမျိုးသမီး ၏ မျက်လုံးများ ပွင့်လာပြီး ထရန် လှုပ်ရှားလာသဖြင့် အလျှင်အမြန် ပင် သပ်ချောင်း ကို ရိုက်သွင်းလိုက်ရာ..
“အူးးးးးးးး အီးးးးးးးးးးး အားးးးးးးးး ”
အသံပေါင်းစုံ ရေရွတ်သံ များဖြင့် အေးမောင်ရှိရာ ဦးတည်လာနေသော အရိပ်မည်း များသည် မီးခိုးများ သဖွယ် အပေါ်သို့ လွင့်ပျံ ပျောက်ကွယ် သွားသလို အမျိုးသမီး အလောင်းကောင်မှာလဲ တစ်ဖြည်းဖြည်း လေထွက်သွားသည့် မီးပုံးပျံ ကဲ့သို့ ပိန်ရှုံ့သွားပြီး အရိုးချောက် သာသာ ကျန်နေတော့သည်...
ယခု အားလုံး ပြီးဆုံး သွားခဲ့ ပါပြီ အေးမောင် တစ်ယောက် အိမ်ကြီး ရှိရာ သို့ ပြန်လာ၍ ကွန်ပြူတာများ ကို သိမ်းဆည်း ကားပေါ် တင်ကာ မကောင်းဆိုးဝါးတို့ ပျော်စံရာ အိမ်ကြီးကို စွန့်ခွာ၍ ထွက်လာ ခဲ့ပါတော့တယ်..
အေးမောင် တစ်ယောက် ဘုရားရှစ်ခိုး ကျောင်းတစ်ကျောင်း ၏ ရှေ့တွင် ရောက်ရှိနေသည်.. သူစိတ်ကူးသည်က ဒီဗွီဒီယို ဂိမ်းကို မည်သည့် လူတစ်ဦးတစ်ယောက် ၏ လက်တွင်းကို မှ မကျရောက် စေချင်တော့ ဖာသာကြီး ကိုပြော၍ အပြီး အပ်နှံ ခဲ့ရန် စိတ်ကူး ခြင်းဖြစ်သည်..သူဂိမ်းကို အောင်မြင်အောင် ကစားခဲ့ပြီး ဖြစ်သော်လည်း ဒီအကြောင်း ကို တစ်ဦးတစ်ယောက် သိစေရန် ပြောပြချင်သည် အပြင်လူများကို သွားပြောလျှင် သူ့ကို ရူးနေပြီ ဟု အရူး ထောင်ကို ပို့လိုက် ကြမှာ သေချာသည်... နောက်ပြီး သူ့စိတ်တွေက လေးလံ ထိုင်းမှိုင်းလျှက် ရှိသည်.. တစ်ခုခု ထပ်ဖြစ်မည် ဟုလည်း စိတ်ထဲ ထင်နေသည် ဒါကြောင့် ဖာသာကြီး ကို ဒါတွေ ပြောပြခဲ့ဖို့ သူစိတ်ကူး မိခြင်း ဖြစ်လေသည်..
သူ ဘုရားရှစ်ခိုးကျောင်း တံခါးပေါက် သို့ အရောက် နောက်ဆုံး အနေဖြင့် သူ့ကွန်ပြူတာကို ဖွင့်ကြည့်လိုက်မိသည်...
သူအကြီးအကျယ် အံ့သြ သွားရ ပါပြီ အဘယ်ကြောင့် ဆိုသော် ဂိမ်းထဲတွင် သူရှိနေဆဲ သူကွန်ပြူတာ ကြည့်နေသည့် ပုံ ကို ဘုရားရှစ်ခိုးကျောင်း အပေါ်ခေါင်မိုးပေါ်တွင် စိုက်ထူထားသော လက်ဝါးကပ်တိုင် ကို မြှောက်ပင့် ပေးထားသည့် သံချောင်းကို မှီ၍ သူ့ကို ငုံ့ကြည့်နေသည့် သရဲမ ကို တွေ့လိုက် ရသောကြောင့် ဖြစ်ပါသည်.. ဒါနှင့် သူ ကမန်းကတန်း အပေါ်သို့ မော့ကြည့်မိလိုက်သည့် အချိန် အပေါ်မှ အရာဝတ္တု တစ်ခု သူ့ဆီ တန်းတန်း မတ်မတ် ကြီးကျလာသည် ကိုသာ နောက်ဆုံး တွေ့ရှိလိုက်ရပြီး သူအမှောင် ကမ္ဘာထဲသို့ လွင့်မျောသွားခဲ့ ပါတော့သည်....
အခန်း(၅)
အမွေဆက်ခံသူ
မနက်မိုးလင်း သည့်အချိန် ဘုရားရှစ်ခိုးကျောင်း အတွက် သန့်ရှင်းရေး လုပ်ရန် ကျောင်းသားကလေး ဘုရားရှစ်ခိုးကျောင်း ရှေ့သို့ အရောက် မြင်တွေ့လိုက် ရသည် က အဝင်ပေါက် တံခါး ရှေ့တွင် မိုးပေါ်သို့ မော့ကြည့်နေသည့် ပုံစံဖြင့် မော့နေသော ဦးခေါင်း မှ ဝင်သွားပြီး မြေကြီးပေါ် စိုက်နေသည့် သံချောင်းကြီး တွင် တံကျင်လျှိုထားသကဲ့ သို့ မတ်တပ် ကြီး သေနေသော လူရွယ် တစ်ဦး သူ၏ ဘေး တွင် မြေကြီးပေါ် သို့ ပြုတ်ကျနေသော ကွန်ပြူတာ တစ်လုံး ..
ကျောင်းသားလေး လန့်သွားသော်လည်း ဒီလို ကွန်ပြူတာ မျိုး သူလိုချင်တာ ကြာပြီ သူတို့မှာ မိဘမဲ့ ကလေးများ ဖြစ်သဖြင့် ဘုန်းကြီးကျောင်းမှ ခေါ်ယူ ကျွေးမွေးထားသောကြောင့် ကွန်ပြူတာ နှင့် အလှမ်းဝေး လှသည်..
သူကမန်းကတန်း ကွန်ပြူတာကို ယူပြီး ခြုံတစ်ခု အတွင်း ဖွက်ထားလိုက် ပြီးမှ ကျောင်းထိုင် ဖာသာ ကြီးကို သွားအကြောင်းကြားလိုက် တော့ ဖာသာကြီးက ရဲကို အကြောင်းကြားလိုက် သဖြင့် ရဲများ ရောက်လာပြီး စစ်ဆေးကြသည်..
ကျောင်းသားကလေး တစ်စွန်းတစ်စ ကြားရသလောက်တော့
ညဘက် ရောက်သည့် အချိန် ကျောင်းသားကလေး သူ့အခန်း တံခါး ကိုလုံခြုံ အောင် ပိတ်လိုက် ပြီး ကွန်ပြူတာ ကို စားပွဲ ပေါ်တင်၍ စိတ်လှုပ်ရှား စွာဖွင့်လိုက်သည်..
ကွန်ပြူတာထဲ တွင် အဆင်သင့် ရှိနေပုံ ရသော ဂိမ်းတစ်ခု ကွန်ပြူတာ မျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး...
သင့်..အမည်..ဖြည့်ပါ...
သင်..ကိုင်ဆောင်မည့်.. လက်နက်... ရွေးပါ..
ညဥ့်ကလဲ နက်သထက် နက်လာ လေပြီ.......
“ကဲသူငယ်ချင်းတို့ ငါလူတော့ ဂိမ်းအိုဗာ ဖြစ်သွားပြီဆိုတော့ ဆက်ကစားလို့ မရမယ့် တူတူ ပြန်တော့မယ် ကွာ ဘာမှလဲ မဖြစ်ပါဘူး သာမန် သရဲဂိမ်းလေး တစ်ခုပါ မင်းတို့လဲ အလကား အပင်ပမ်း ခံမနေနဲ့တော့ ကဲ သွားပြီဟေ့ ”
မောင်မြင့်ပြောပြောဆိုဆို ထထွက် သွားသဖြင့် အိမ်နားနီးပြီး ကားမရှိသဖြင့် ကပ်လိုက်လာသော ဆန်းကျော်နှင့် ဟန်သန်း တို့ ကလဲ ..
“ ဟေ့ ဟေ့ မောင်မြင့် နေအုံးလေ ငါတို့ လဲ လိုက်မယ် ဆက်မကစားတော့ ဘူးကွ”
ဟုဆိုရင်း အေးမောင်တို့ကို သုံးယောက်သား နုတ်ဆက် ၍ အိမ်အောက် ဆင်းသွား ကြလေသည်..
ခဏအကြာတွင် အေးမောင်တို့ အိမ်အောက်မှ ကားမောင်း ထွက်သွား သည့် အသံသည် တစ်ဖြည်းဖြည်း ဝေး၍ ဝေး၍ ပျောက်ကွယ် သွားပေတော့သည်..
အေးမောင်တို့၏မြင်ကွင်း
ယခု အခန်းထဲ တွင် အေးမောင် နှင့် သူ၏ အချစ်ဆုံး သူငယ်ချင်း ဘကျော်၊သောင်းအေး တို့သာ ကျန်နေခဲ့ ပြီး ဂိမ်းထဲ မှ အိမ်ကြီး ရှေ့တွင် ဘာဆက်လုပ်ရမှန်း မသိပဲ သုံးယောက် သား ရပ်နေမိကြစဉ်..
သူတို့ သုံးယောက် လုံး ၏ ကွန်ပြူတာ ဖန်သားပြင် တွင်ပေါ်လာသည်က မဲမှောင် ပြောင်လက်နေသော ကတ္တရာ လမ်းပေါ်တွင် အပြင်းမောင်းနှင် နေသော ကားလေး တစ်စီး ကားမောင်းသူနေရာ တွင် မည်သူမှ မရှိပဲ ကားနောက်ခန်းတွင် ဟန်သန်းနှင့် ဆန်းကျော် တို့ ကားဆိုဖာ နောက်မှီကို ခေါင်းတင်၍ အိပ်နေကြသည့်ပုံ ရသည်..
ကား ရှေ့ ဘောနက် အဖုံးပေါ်တွင် ဇာအကျီ ပါးဝတ်ဆင်ထားသော ဆံပင်ဖားလျှား နှင့် အမျိုးသမီးက မက်တပ် ကြီးရပ်လို့ ကားခေါင်မိုးပေါ် နှင့်ဘေးနောက် တို့တွင်လဲ အရိပ်မည်း ကြီးများ ...
“ဟင် မောင်မြင့်တို့ ကားပါလား”
ဘကျော် အလန့်တကြား ရေရွတ်လိုက်မိသည်..
“ဒုက္ခပဲ သူတို့တော့ ဒုက္ခရောက် တော့မယ် ထင်တယ် ငါတို့ နောက်က အမြန်လိုက်သွား ကြည့်မှ ဖြစ်မယ် ကဲ လာကြ သူငယ်ချင်းတို့ ငါတို့ ကွန်ပြူတာ တွေပါ ယူလာခဲ့ကြ အခုအချိန်က စပြီး ဒီကွန်ပြူတာတွေနဲ့ ဒီဂိမ်း ကို ကိုယ်နဲ့ခွာထားလို့ မရတော့ဘူး လို့ ငါတော့ထင်တယ်.”
သောင်းအေး ရဲ့ စကားအပြီး အေးမောင် နှင့် ဘကျော် တို့ ကွန်ပြူတာများ ပါ သယ်၍ ကားနှင့် မောင်မြင့်တို့ သုံးယောက် သွားရာ လမ်း အတိုင်း မောင်းနှင် လာခဲ့ပေပြီ..။
ကားပေါ်တွင် ကွန်ပြူတာ ထဲ လှမ်းကြည့် လိုက်ရာ အရိပ်မည်းများက မောင်မြင့်တို့ ကားဘေးပြူတင်းပေါက် မှ ကားအတွင်းသို့ ဝင်ရောက် သွားကြပြီး သူတို့ ၏ လက်သည်းရှည် ကြီးများ ဖြင့် ဟန်သန်းနှင့်ဆန်းကျော် တို့၏ လည်ပင်း များကို ဖြတ်တောက် လိုက်သည် ကို နောက်ဆုံး မြင်လိုက်ရပြီး သူတို့ နောက်ဆုံး တည်ရှိခဲ့ရာ ဂိမ်းအတွင်းမှ အိမ်ကြီးရှေ့ မြင်ကွင်းပြန်ပေါ်လာသည် ကိုတွေ့ကြရသဖြင့် အားလုံး စိတ်ထဲ သူတို့သူငယ်ချင်း သုံးယောက်တော့ လူ့လောကကြီးကို စွန့်ခွာ သွားကြပြီလား ဟု အတွေးတွေ ကိုယ်စီဝင်လာပြီး ကြောက်ရွံ့စိုးရိမ် စိတ်များ အနည်းငယ်စီ ဝင်လာခဲ့ ကြလေသည်..
မောင်မြင့်တို့၏ဖြစ်ရပ်မှန်
မောင်မြင့် ဟန်သန်း ဆန်းကျော် တို့ အိမ်အောက် သို့ဆင်းလာပြီး ကားကို မောင်းထွက် လာစဉ် ဟန်သန်းနှင့် ဆန်းကျော် တို့က ကားထိုင်ခုံ နောက်မှီ တွင် ခေါင်းတင်၍ အိပ်လိုက် လာကြသည်..
မောင်မြင့် ကားကို မောင်းရင်း ကားမောင်းရသည်မှာ လေးလံ လာသကဲ့ သို့ စိတ်ထဲတွင် ထင်လာသလို ကြက်သီးမွေးညင်း များ တဖြန်းဖြန်း ထလာ သဖြင့် ပတ်ဝန်းကျင် ကို ဟိုသည် ကြည့်လိုက် မိရာ ကားပြူတင်းမှန် တွင် သွေးဆုတ်ဖြူလျှော်သော မျက်နှာကြီးဖြင့် အနက်ရောင်ဗြောင်မျက်လုံး ပိုင်ရှင် အမျိုးသမီး သည် သူ့အား စူးစူး စိုက်စိုက် ကြီးကြည့်လျှက်
“G..A..M..E.. O..V..E..R”
ဆိုသော စကားလုံး ကိုသာ တွင်တွင် ကြီးပြောနေသည်ကို တွေ့လိုက် ရသည် ဒါနှင့် သူငယ်ချင်းများကို နောက်ကြည့်မှန် ထဲမှ ကြည့်လိုက်ရာ ကားနောက် ဖုံးပေါ်တွင်လည်း အရိပ်မည်းများ ထိုင်လျှက် လိုက်ပါလာသည်ကို တွေ့လိုက် ရသည်..မောင်မြင့် ကားလီဗာ ကို တစ်ဆုံး ဖိနင်းလိုက် သဖြင့် ကားလေးက ရှေ့ကို တဟုန်ထိုး လေးမှ လွှတ်လိုက်သော မျှားကလေး တစ်စင်းကဲ့သို့ ပြေးထွက် သွားသည် ထိုအချိန် တွင် ကားဘောနက် ဖုံးပေါ်တွင် သရဲမ က သူ့ကို ပြုံးပြုံးကြီး ကြည့်နေပြီး ဖျက်ကနဲ ပျောက်ကွယ် သွားချိန် သူ့ကားရှေ့တွင် ပေါ်လာတာက သစ်ချောင်းများ တင်လာသော ကားတစ်စီး မီးမရှိပဲ လမ်းပေါ် ရပ်ထားသည် သူ့မြင်ကွင်းထဲ ဝင်လာချိန်တွင် အရာရာ နောက်ကျ သွားခဲ့ပြီ ကားကို ဘရိတ်အုပ်ပြီးရပ်တန့်ရန် ကြိုးစားသော်လဲ ကားနောက်မှ ကျော်ထွက်နေသော သစ်ချောင်းများ ရှိရာသို့ ကားက အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့လေပြီ....
သိပ်မရှေးမနှောင်းလေးမှာပဲ အေးမောင်တို့ ကား အဲဒီ အနားကို ရောက်လာ ခဲ့ပြီး သူတို့ သူငယ်ချင်းများ ကို အဖြစ်ဆိုးစွာ သေဆုံးနေကြတာကို တွေ့လိုက်ကြရပါတော့တယ်..
မောင်မြင့် က ရှေ့ကားက သစ်ချောင်း တစ်ချောင်းက ခန္ဓာကိုယ်မှာ စိုက်ဝင်လို့ ကျန်တဲ့ နှစ်ယောက် ကလဲ ရှေ့က လေကာမှန် တွေ ကွဲထွက်လာပြီး သူတို့တွေရဲ့ လည်ပင်း ကိုယ်စီမှာ စိုက်ဝင်လို့ ....
အခန်း(၄)
ကစားပွဲ၏နိဂုံး
အေးမောင် တို့ သူငယ်ချင်း သုံးယောက် ဘာလုပ်ရမှန်း မသိ ဖြစ်နေပြီ ဂိမ်းထဲမှာ လည်း သရဲခေါင်းဆောင် ကို ရှာမတွေ့ပါ....
ဒါနဲ့ ဂိမ်းဆိုင် ကို သွားပြီး ထိုထူးဆန်းသော ဂိမ်းခွေ ကို ဘယ်က ထုတ်လုပ်သလဲ သွားမေးတော့လဲ ဘယ်သူမှ ရေရေ ရာရာ မဖြေနိုင် လူတစ်ယောက် ညကြီး အချိန်မတော် ရောက်လာပြီး ဒီဂိမ်းခွေ ကို ထိုးပေး သွားပြီး ပြန်ထွက် အသွား မှာ လမ်းပေါ် မှ ကုန်ကား တစ်စီးနဲ့ တိုက်မိပြီး သေဆုံးသွားကြောင်း ဒါနှင့် ဂိမ်းအခွေကို ကောင်တာပေါ်တင်ထားမိရာမှ ကိုရွှေသန်း က အတင်းဝယ်ယူသွားကြောင်းသာ သိလာခဲ့ရသည်..။
ဒါနှင့် ဂိမ်းအခွေပေါ်ကို ကြည့်လိုက်မိတော့ လိပ်စာ တစ်ခု ဒီလိပ်စာ အတိုင်း လိုက်သွားကြည့်ကြရန် ဆုံးဖြတ်လိုက်ပြီး သူငယ်ချင်း သုံးယောက် ထွက်ခွာလာခဲ့ကြသည်..
သူတို့ ကားလေးနှင့် လိပ်စာ ရှိရာ နေရာကို ရောက်တော့ ညနေစောင်းနေခဲ့ပြီ အဲဒီလိပ်စာ တည်ရှိရာ နေရာကလဲ လူသူကင်းဝေးရာ နေရာ တစ်ခု ရှိ ကွင်းပြင်ကြီးထဲ ရှိ တောအုပ်တစ်ခုလို ဖြစ်နေသော ကြီးမားလှသည့် စံအိမ်ကြီး ထိုစံအိမ်ကြီးကလဲ သူတို့ ယခုမှ ရောက်ဖူးပေမယ့် အစိမ်းသက်သက်တော့ မဟုတ်ပါ ဂိမ်းထဲတွင် တွေ့ဖူးနေသည့် စံအိမ် ကြီးပင် ဖြစ်တော့သည်..
သူတို့သုံးယောက်သား ကွန်ပြူတာ တွေ ကိုယ်စီဖွင့် ကြည့်လိုက် မိတော့လဲ ကွန်ပြူတာထဲတွင် စံအိမ်ကြီးရှေ့ သူတို့ကား ရပ်ထားပြီး သူတို့ သုံးယောက် ကို သူတို့ ပြန်လည် တွေ့မြင်နေရသည်..
“ကဲ သူငယ်ချင်းတို့ ငါတော့ ဒီဂိမ်း ကြီးကို အဆုံး သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ငါ့ တစ်ဦးတည်းသော အကိုရယ် အချစ်ဆုံး သူငယ်ချင်းတွေ ရယ် ကို ရက်ရက်စက်စက် ဝိညာဉ်နုတ် သွားတဲ့ ဒီဂိမ်း ကို နောက်ဘယ်သော အခါမှ ပြန်ပြီး ဆော့လို့ မရအောင် အဓိက မိန်းဖြစ်တဲ့ ဟို သရဲမ ကို ရှာပြီး အနိုင်တိုက် မယ်..”
“အေး ကောင်းတယ် ငါလဲ အိမ်ခဏ ပြန်တုံး လိုရမယ်ရ ယူလာတဲ့ လက်နက်တွေ ပါလာတယ် ဒီမှာ ကြိုက်ရာ ရွေးယူကြ ပေတော့”
သောင်းအေး က ပြောပြောဆိုဆို ကားနောက်ခန်း ထဲမှ သူ့အထုပ် ကြီးကို ဖွင့်ပြီး သူကြိုက်ရာ လက်နက် ကို ရွေးယူနေသည်.. အေးမောင် နှင့် ဘကျော် တို့လဲ လေဆာပွိုင်တာ နှင့် ဓါတ်မီး အသင့် တပ်ဆင် ထားသော ပစ္စတို တစ်လက်စီ နှင့် ဓါးတစ်ယောက် တစ်ချောင်းစီ ယူလိုက်ကြသည်...
ပြီးတော့ အေးမောင် တစ်ယောက် လမ်းနဘေး တွင်ပေါက်နေသော သစ်ပင်မှ သစ်ကိုင်း တစ်ကိုင်းကို ခုတ်ယူပြီး ထိပ်ကို ချွန်လိုက်ရာ လှံတစ်ချောင်း ကဲ့သို့ ဖြစ်သွားသည်..
“ငါတို့ သရဲမ ကို ရှာပြီး ဒီသစ်သားချွန် နဲ့ သူ့ရဲ့ နှလုံးသား တည့်တည့် နေရာကို ထိုးစိုက် နိုင်မှ သရဲမ သေမှာကွ”
ဟူသော အေးမောင် ၏ စကားကို ကျန်သူငယ်ချင်း နှစ်ယောက်ကလဲ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ပြီး သူတို့လဲ အေးမောင် လုပ်သလို လိုက်လုပ်လိုက်ကြရာ သုံးယောက်သား ကိုယ်စီ သစ်သားချွန် တစ်ချောင်း စီဖြင့် တိုက်ပွဲ ဝင်တော့မည့် ရှေးဟောင်း ရောမ ဂလက်ဒီရေတာ သူရဲကောင်းများ ကဲ့သို့ တိုက်ပွဲ ဝင်ရန် အသင့် ဖြစ်နေကြလေပြီ..
ထိုနောက်တော့ အိမ်ကြီး၏ ခြံဝင်းတံခါး ရှိရာဆီ လျှောက်လှမ်း လာခဲ့ကြရာ ခြံဝင်းတစ်ခါး ကြီးသည် သူ့အလိုလို သူတို့အား ကြိုဆိုနေသကဲ့ သို့ပွင့်လာသည်ကို တွေ့ရှိလိုက်ကြရပေသည်...
“ကျွီ..”
သူတို့သုံးယောက်လဲ အသက်သေချင်သေပစေတော့ ဟု ဆုံးဖြတ်ထားကြပြီး ဖြစ်လေရာ ကြောက်ရွံ့မှု မရှိတော့ပဲ ခြံဝင်းကြီးထဲသို့ တစ်လှမ်းခြင်း ဝင်ရောက်လာခဲ့ ကြပေတော့သည်..
အိမ်ကြီးသည် ခြံဝင်းပေါက်မှ အတော်လေး လှမ်း၏ ခြံဝနှင့် အိမ်၏ ဆင်ဝင် အောက် တံခါးမ ကြီးထိကို ကားလမ်းဖြင့် ဆက်သွယ် ထားလေသည် ယခင် က မိသားစုဝင်များ ဖြင့် စည်ကားနေမည် ဖြစ်သော အိမ်ကြီးနှင့် ခြံကြီးမျာ ယခု အချိန်တွင်တော့ ခြောက်ချား ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက် နေပြီး အလှစိုက်ပျိုးထားသော ပန်းပင်များမှာလဲ ပျက်စီးသည်က ပျက်စီး အရိုင်းပင်များ ဖြစ်သည်က ဖြစ်လျှက် နေသည်ကို တွေ့ရှိ ကြရသည်..
သူတို့ အိမ်ကြီးထဲ ဝင်ရောက် သွားသည်နှင့် ကြိုဆိုပုံ ကလဲ သင်းလှပါသည် မီးပန်းဆိုင်းများက သူ့အလိုလို ဟိုယိမ်း သည်ယိမ်း ဖြစ်လာသည် နံရံတွင် ချိတ်ထားသော ဓါတ်ပုံများ ကလဲ အကုန် ပြုတ်ကျသည်က ကျ လူမရှိသည့် အိမ်ကြီးတွင် အပေါ်ထပ် အခန်းများထဲ မှ စကားပြောသံများ ရယ်သံများ ကို လဲ ကြားနေကြရသည်..
သူတို့လဲ ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခိုက် အပေါ်ထပ် လှေကားထိပ်နားမှ အရိပ်တစ်ခု လှစ်ကနဲ လမ်းလျှောက် သွားသည်ကို တွေ့လိုက်ကြရသည်..
အေးမောင် စဉ်းစားရင်း အကြံတစ်ခုရသွား သလို ထိုအကြံအတိုင်း အကောင်အထည် ဖော်ဖို့လဲ ဆုံးဖြတ်လိုက်သည်.
“ကဲ ဘကျော် မင်းက ဒီဧည့်ခန်းမကြီးထဲက ဘယ်မှ မသွားနဲ့ ကွန်ပြူတာဖွင့်ပြီး ငါနဲ့ သောင်းအေး နဲ့ သွားရာ လမ်းကို ကြည့်ပြီး လမ်းကြောင်းညွန်ပြ ပေး ငါတို့နှစ်ယောက် သရဲမ ကိုလိုက်ရှာမယ် ဖြစ်တယ် မဟုတ်လား..”?
“ဟ သိပ်ဖြစ်တာပေါ့ ကွာ မင်းတို့ နှစ်ယောက် သာ သတိဝီရိယ ရှိကြပစေ”
“ကဲ ဒါဆို ငါဖုန်းဖွင့်ထားပြီး နားကြပ် တပ်ထားမယ် မင်းတွေ့တာ တွေကို ငါ့ကို ပြောပေတော့ လာဟေ့ သောင်းအေး သွားမယ် ”
အေးမောင်ပြောပြောဆိုဆို သောင်းအေးကို ခေါ်ပြီး အိမ်ပေါ်သို့ တက်သွားလိုက်သည်..
အိမ်ပေါ်တွင် သူတို့ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာသော်လည်း ဘာမှ မတွေ့ပါ ဒါနှင့် အောက်ပြန်ဆင်းလာခဲ့ ကြသည်..
ပြီးနောက် အိမ်အောက်ထပ် မီးဖိုချောင် ဘက်ဆီသို့ ရောက်သွားချိန် တွင် မီးဖိုချောင် နှင့် ကပ်ရပ် ဘီဒို တစ်လုံး ကဲ့သို့ ဖြစ်နေသာ နေရာမှ တံခါး သည် ဖြည်းဖြည်းချင်း ပွင့်လာပြီး အမျိုးသမီး တစ်ယောက် လှစ်ကနဲ ထိုအထဲ ဝင်သွားသကဲ့ သို့ တွေ့လိုက် သဖြင့် သတိနှင့် အနားကပ် သွားပြီး ကြည့်ကြည့်လိုက်ရာ ဘီဒို မဟုတ်ပဲ မြေအောက်ခန်း ထဲသို့ ဆင်းသည့် လှေကား ဖြစ်နေသည်..
ထိုအချိန်မှာပင်..
“ဟေ့ အေးမောင် မင်းရှေ့မှာ သရဲမ ရပ်နေတယ် သတိထား”
ဘကျော်၏ အသံက နားကျပ် ထဲမှ တစ်ဆင့် ထွက်ပေါ်လာ သဖြင့် အေးမောင် မြေအောက်ဆင်းသည့် လှေကားကို ကြည့်သော်လည်း ဘာမှ မတွေ့..
“ဘယ်မှာလဲကွ”
“ငါ ကွန်ပြူတာထဲ မှာ မင်းတို့ မြေအောက်ဆင်းတဲ့ လှေကားနား သွားတာလဲ တွေ့လိုက်တယ် အဲဒီအထဲ ကို သရဲမ ဆင်းသွားတာလဲ တွေ့တယ် သူက ဝင်ဝင်ခြင်း မဆင်းသွားသေးဘူးကွ အဲဒီနား ရပ်နေတာ မင်းတို့ ရောက်လာတော့ မင်းကို သူ တစ်ခုခု လုပ်ဖို့ ကြံသေးတယ် ငါက ဒီမှာ ဂိမ်းထဲကနေသူ့ကို ဓါးနဲ့လှမ်းခုတ်လိုက်လို့ သူပြေးသွားတယ် အခု ငါ မင်းတို့နားမှာ ရှိနေတယ် ကဲ ဆက်ဆင်းကြရအောင် ငါရှေ့ကနေ သွားမယ် ပြီးရင် အခြေအနေ တွေ မင်းတို့ကို ပြောပြမယ်”
ဘကျော် တစ်ယောက် ဂိမ်းထဲ မှ လှေကား အတိုင်း ဆင်းသွား သည် နောက်မှလဲ အေးမောင် တို့ နှစ်ယောက်ကလိုက်လာသည် ကို တွေ့နေရသည်.. ဒါပေမယ့် သူမတွေ့ တာကတော့ သူအပြင်မှာ ကွန်ပြူတာကို အာရုံစိုက်နေတုံး သူ့နောက် တွင် လာရပ် နေသည့် သရဲမ ကို သာ ဒီနောက်တော့ အေးစက်စက် အရာ တစ်ခု သူ့လည်ပင်း ကို လာထိတွေ့သဖြင့် လှည့်ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်မိသွားတာကတော့ သရဲမ ၏ မျက်နှာက သူ့မျက်နှာနှင့် ကပ်လို့ သရဲမက သူ့လည်ပင်းကို လျှာဖြင့် လာတို့ထိနေသည် ကို တွေ့လိုက်ရသည်.. ဘကျော် တစ်ယောက် နှလုံးသား တစ်ခုလုံး သူ့ခန္ဓာကိုယ် အပြင်သို့ ဖောက်ထွက် သွားသကဲ့ သို့ခံစား လိုက်ရပြီး တစ်ချက်သာ စူးစူး ဝါးဝါး အော်လိုက်နိုင်သည်..
“အားးးးးးးးးးးးးးး”
ဒီနောက်တော့ ဘကျော်တစ်ယောက် သူ့ကွန်ပြူတာ ပေါ်ခေါင်းငိုက်စိုက် ကျသွားခဲ့လေပြီ...
“ဘကျော် ဘကျော် သူငယ်ချင်း”
နားကြပ် ထဲမှ ဘကျော်၏ စူးဝါးသော အော်သံကို ကြားလိုက်ရသဖြင့်အေးမောင် တစ်ယောက် ဖုန်းထဲမှ လှမ်းခေါ်ပါသော်လည်း အဖြေက ပြန်မလာ ပါတော့..
“တောက်”
အေးမောင် တောက်တစ်ချက်သာ ပြင်းပြင်းထန်ထန် ခေါက်လိုက်မိသည်..
သူငယ်ချင်း တစ်ယောက် သွားပြန်ပြီပေါ့..
သူတို့ မြေအောက်လမ်း အတိုင်း တစ်လှမ်းချင်း ဆက်တိုးသွားရာ အဆုံး တွင် မတော့ အပေါ်သို့ ပြန်တက်သည့် လှေကား ကို တွေ့သဖြင့် လှေကားအတိုင်း တက်သွားပြီး တံခါးကို ဖွင့်လိုက်ရာ ဆေးရုံ တစ်ခု ၏ ရေခဲတိုက် ကဲ့သို့သော အခန်းတစ်ခန်း အတွင်းသို့ ရောက်သွားသည်..
အခန်း၏ အလည်ခေါင် တွင် အလောင်း တင်၍ ပြင်ဆင် ရန်ဖြစ်ပုံ ရသော စတီး ကုတင်တစ်လုံး ရှိနေသည် ထိုခုတင်ပေါ်တွင်တော့!!!
“ဟင် ဘကျော်”
ဟုသာ အေးမောင် တစ်ယောက် ရေရွတ် လိုက်နိုင်တော့သည်..
သေခါနီး အလွန်ထိတ်လန့်စရာ တစ်ခု ကို မြင်တွေ့ခဲ့ရပုံ ဖြင့် ဘကျော် ၏ မျက်ဝန်း များ က ဝိုင်းစက် ပြူးကျယ် လို့ လည်ပင်းတွင်လည်း အကောင်တစ်ကောင် ကိုက်ခဲ ခံထားရ သကဲ့သို့ အသားများက စုတ်ပြတ်ပြီး သွေးများက ယခု အချိန်ထိ ယိုစိမ့်ထွက်နေဆဲ..
သူတို့ အခန်းအပြင် သို့လှမ်းထွက် လိုက်ရာ အတန်အသင့် ကျယ်ဝန်းသော အခန်း တစ်ခန်းထဲ ရောက်သွားသည်..
ထိုအခန်းထဲ တွင်တော့ လူများ ထိုင်ရန် ခုံများ အစီအရီချ ထားသည်ကို တွေ့ရသဖြင့် သေသူကို နောက်ဆုံး အနေဖြင့် အသုဘ ရှုရန် လာသူများကို ဧည့်ခံသည့် နေရာ ဖြစ်မည် ဟုတွေးလိုက်မိသည်..
ထိုအခန်း အတွင်းရှိ ပြူတင်းပေါက် မှ လှမ်းကြည့်လိုက်ရာ မလင်းတလင်း မသာချင့်သာချင် သာနေသော လရောင် မှုန်ဝါးဝါး ၏ အောက်တွင် ထိုးထိုးထောင်ထောင် ဖြစ်နေသော အုတ်ဂူများကို ဖြတ်၍ အမှောင်ထဲ ထီးထီးကြီး ဖြစ်နေသော စံအိမ် ကြီးကို တွေ့လိုက် ရတော့သည်..
ထို အချိန်ရောက်မှ သူတို့ အိမ်ကြီးနောက်ဖက်က လူသေကောင်များ ထားရာ ပြင်ဆင်ရာ အိမ်လေးထဲ ရောက်နေမှန်း သိရှိလိုက်ရတော့သည်..
သူတို့ ကြည့်နေစဉ်မှာပင် အုတ်ဂူများ လှုပ်ရှား လာသယောင် ထင်သဖြင့် သေချာ ကြည့်လိုက်မိရာ အုတ်ဂူများ လှုပ်ရှား လာခြင်း မဟုတ်ပဲ မီးခိုး လိုလို အရိပ် လိုလို အရာများ အုတ်ဂူ များ ထဲမှ ထွက်လာခြင်းဖြစ်နေသည်ကို တွေ့လိုက် ကြရသည်..
သူတို့ နှစ်ယောက် သရဲမ ကို အမြန်ဆုံး ရှာတွေ့ဖို့ လိုပြီ ဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် ရောက်ရှိနေသော အခန်းနှင့် ဆက်လျှက် ရှိသော အခန်းတွင်း ဝင်သွားလိုက် ကြရာ ..
တွေ့ပါပြီ သန့်ရှင်း သပ်ရပ် စွာ ပြင်ဆင်ထားသော ကုတင်ပေါ်တွင် သူတို့ ဂိမ်းထဲ အမြဲ မြင်ရသော သူရဲမ လှဲလျှောင်း လျှက် ဒါပေမယ့် အပြင်မှာတော့ မျက်ဝန်းနက် ကြီးလဲ မရှိပါ နှစ်ပေါင်းများ စွာဤနေရာ တွင် ထားထားသော်လည်း ပုတ်သိုး ဆွေးမြေ့ခြင်းလည်း မရှိပဲ ပကတိ လူကောင်း တစ်ယောက် အိပ်နေသကဲ့ သို့ ဖြစ်နေသည်..
အေးမောင်နှင့်သောင်းအေးတို့ တစ်ဦးကို တစ်ဦး မျက်ရိပ် ပြလိုက်ပြီးနောက် ကုတင်၏ ဟိုဘက် သည်ဘက် နှစ်ယောက် ခွဲ ၍ တိုးကပ် သွားကြသည်..
ကုတင်ဘေး နှစ်ယောက်သား ရောက်ရှိ သွားသည့် အခိုက်လေးတွင်ပင် သောင်းအေး ၏ နောက်ဘက် အဝင် တံခါးပေါက်မှ အရိပ်မည်း များတိုးဝင်လာပြီး သောင်းအေး ကို ဝိုင်းဝန်း ဆွဲမြှောက် ကိုင်ပေါက် လိုက်သည်မှာ သောင်းအေး တစ်ယောက် တစ်ခန်းလုံး ရှိ နံရံများ မျက်နှာကျက် များ နှင့် မိတ်ဆက် သွားပြီး တစ်ကိုယ်လုံး ကြေမွ သွားသည်ထင် နှာခေါင်း ပါးစပ် နား မျက်လုံး တို့မှ သွေး များ ယိုစီး ကျလာပြီး ကြမ်းပြင်ပေါ်တွင် ငြိမ်သက် သွားခဲ့ လေပြီ..
အေးမောင်တစ်ယောက် သူငယ်ချင် ဖြစ်သူ အတွက် နာကျည်းခံပြင်း စိတ်များဖြင့် သစ်သားချွန် ကို လူသေအလောင်း ၏ နှလုံး တည့်တည့် နေရာသို့ ရိုက်သွင်းရန် တင်လိုက်ချိန်မှာပင် အမျိုးသမီး ၏ မျက်လုံးများ ပွင့်လာပြီး ထရန် လှုပ်ရှားလာသဖြင့် အလျှင်အမြန် ပင် သပ်ချောင်း ကို ရိုက်သွင်းလိုက်ရာ..
“အူးးးးးးးး အီးးးးးးးးးးး အားးးးးးးးး ”
အသံပေါင်းစုံ ရေရွတ်သံ များဖြင့် အေးမောင်ရှိရာ ဦးတည်လာနေသော အရိပ်မည်း များသည် မီးခိုးများ သဖွယ် အပေါ်သို့ လွင့်ပျံ ပျောက်ကွယ် သွားသလို အမျိုးသမီး အလောင်းကောင်မှာလဲ တစ်ဖြည်းဖြည်း လေထွက်သွားသည့် မီးပုံးပျံ ကဲ့သို့ ပိန်ရှုံ့သွားပြီး အရိုးချောက် သာသာ ကျန်နေတော့သည်...
ယခု အားလုံး ပြီးဆုံး သွားခဲ့ ပါပြီ အေးမောင် တစ်ယောက် အိမ်ကြီး ရှိရာ သို့ ပြန်လာ၍ ကွန်ပြူတာများ ကို သိမ်းဆည်း ကားပေါ် တင်ကာ မကောင်းဆိုးဝါးတို့ ပျော်စံရာ အိမ်ကြီးကို စွန့်ခွာ၍ ထွက်လာ ခဲ့ပါတော့တယ်..
အေးမောင် တစ်ယောက် ဘုရားရှစ်ခိုး ကျောင်းတစ်ကျောင်း ၏ ရှေ့တွင် ရောက်ရှိနေသည်.. သူစိတ်ကူးသည်က ဒီဗွီဒီယို ဂိမ်းကို မည်သည့် လူတစ်ဦးတစ်ယောက် ၏ လက်တွင်းကို မှ မကျရောက် စေချင်တော့ ဖာသာကြီး ကိုပြော၍ အပြီး အပ်နှံ ခဲ့ရန် စိတ်ကူး ခြင်းဖြစ်သည်..သူဂိမ်းကို အောင်မြင်အောင် ကစားခဲ့ပြီး ဖြစ်သော်လည်း ဒီအကြောင်း ကို တစ်ဦးတစ်ယောက် သိစေရန် ပြောပြချင်သည် အပြင်လူများကို သွားပြောလျှင် သူ့ကို ရူးနေပြီ ဟု အရူး ထောင်ကို ပို့လိုက် ကြမှာ သေချာသည်... နောက်ပြီး သူ့စိတ်တွေက လေးလံ ထိုင်းမှိုင်းလျှက် ရှိသည်.. တစ်ခုခု ထပ်ဖြစ်မည် ဟုလည်း စိတ်ထဲ ထင်နေသည် ဒါကြောင့် ဖာသာကြီး ကို ဒါတွေ ပြောပြခဲ့ဖို့ သူစိတ်ကူး မိခြင်း ဖြစ်လေသည်..
သူ ဘုရားရှစ်ခိုးကျောင်း တံခါးပေါက် သို့ အရောက် နောက်ဆုံး အနေဖြင့် သူ့ကွန်ပြူတာကို ဖွင့်ကြည့်လိုက်မိသည်...
သူအကြီးအကျယ် အံ့သြ သွားရ ပါပြီ အဘယ်ကြောင့် ဆိုသော် ဂိမ်းထဲတွင် သူရှိနေဆဲ သူကွန်ပြူတာ ကြည့်နေသည့် ပုံ ကို ဘုရားရှစ်ခိုးကျောင်း အပေါ်ခေါင်မိုးပေါ်တွင် စိုက်ထူထားသော လက်ဝါးကပ်တိုင် ကို မြှောက်ပင့် ပေးထားသည့် သံချောင်းကို မှီ၍ သူ့ကို ငုံ့ကြည့်နေသည့် သရဲမ ကို တွေ့လိုက် ရသောကြောင့် ဖြစ်ပါသည်.. ဒါနှင့် သူ ကမန်းကတန်း အပေါ်သို့ မော့ကြည့်မိလိုက်သည့် အချိန် အပေါ်မှ အရာဝတ္တု တစ်ခု သူ့ဆီ တန်းတန်း မတ်မတ် ကြီးကျလာသည် ကိုသာ နောက်ဆုံး တွေ့ရှိလိုက်ရပြီး သူအမှောင် ကမ္ဘာထဲသို့ လွင့်မျောသွားခဲ့ ပါတော့သည်....
အခန်း(၅)
အမွေဆက်ခံသူ
မနက်မိုးလင်း သည့်အချိန် ဘုရားရှစ်ခိုးကျောင်း အတွက် သန့်ရှင်းရေး လုပ်ရန် ကျောင်းသားကလေး ဘုရားရှစ်ခိုးကျောင်း ရှေ့သို့ အရောက် မြင်တွေ့လိုက် ရသည် က အဝင်ပေါက် တံခါး ရှေ့တွင် မိုးပေါ်သို့ မော့ကြည့်နေသည့် ပုံစံဖြင့် မော့နေသော ဦးခေါင်း မှ ဝင်သွားပြီး မြေကြီးပေါ် စိုက်နေသည့် သံချောင်းကြီး တွင် တံကျင်လျှိုထားသကဲ့ သို့ မတ်တပ် ကြီး သေနေသော လူရွယ် တစ်ဦး သူ၏ ဘေး တွင် မြေကြီးပေါ် သို့ ပြုတ်ကျနေသော ကွန်ပြူတာ တစ်လုံး ..
ကျောင်းသားလေး လန့်သွားသော်လည်း ဒီလို ကွန်ပြူတာ မျိုး သူလိုချင်တာ ကြာပြီ သူတို့မှာ မိဘမဲ့ ကလေးများ ဖြစ်သဖြင့် ဘုန်းကြီးကျောင်းမှ ခေါ်ယူ ကျွေးမွေးထားသောကြောင့် ကွန်ပြူတာ နှင့် အလှမ်းဝေး လှသည်..
သူကမန်းကတန်း ကွန်ပြူတာကို ယူပြီး ခြုံတစ်ခု အတွင်း ဖွက်ထားလိုက် ပြီးမှ ကျောင်းထိုင် ဖာသာ ကြီးကို သွားအကြောင်းကြားလိုက် တော့ ဖာသာကြီးက ရဲကို အကြောင်းကြားလိုက် သဖြင့် ရဲများ ရောက်လာပြီး စစ်ဆေးကြသည်..
ကျောင်းသားကလေး တစ်စွန်းတစ်စ ကြားရသလောက်တော့
“အတော်ထူးဆန်းတယ်ကွ အမိုးပေါ်က ဒီသံချွန်က အောက်ကို ပြုတ်ကျ လောက်အောင် မဆွေးမမြည့်သေးဘူး အကောင်းကြီးက ထက်ပိုင်းကျိုးပြီးကျတယ် နောက် ဒီလူကလဲ တိုက်တိုက် ဆိုင်ဆိုင် ဒီအောက် ကို ရောက်လာပြီး သူ့ပါးစပ်ကနေ သံချောင်းက ဝင်သွားပြီး စအိုကနေ ပြန်ထွက် နောက်တော့ မြေကြီးမှာ သွားစိုက် နေတော့ ဒီလူ က မတ်တပ် ရပ်လျှက် သားကြီး သေရတဲ့ ဘဝကို ရောက်ရော မယုံနိုင်လောက်အောင်ပဲ ကွာ လောကကြီးမှာ ဒီလို တိုက်ဆိုင်မှုမျိုးတွေက နေရာတိုင်း ရှိနေသလား မသိတော့ပါဘူး.”
ညဘက် ရောက်သည့် အချိန် ကျောင်းသားကလေး သူ့အခန်း တံခါး ကိုလုံခြုံ အောင် ပိတ်လိုက် ပြီး ကွန်ပြူတာ ကို စားပွဲ ပေါ်တင်၍ စိတ်လှုပ်ရှား စွာဖွင့်လိုက်သည်..
ကွန်ပြူတာထဲ တွင် အဆင်သင့် ရှိနေပုံ ရသော ဂိမ်းတစ်ခု ကွန်ပြူတာ မျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး...
သင့်..အမည်..ဖြည့်ပါ...
သင်..ကိုင်ဆောင်မည့်.. လက်နက်... ရွေးပါ..
ညဥ့်ကလဲ နက်သထက် နက်လာ လေပြီ.......
Monday, February 16, 2009
//
အမ်ိဳးအစားက:
Horror
//
16
ယောက်ကဒီလိုမြင်တယ်
//

ကန်တော်ကြီး ကန်ပတ်လမ်း ဗိုလ်ချုပ်ကြေးရုပ် ရှေ့

“အလေးပြု”
ရှေ့ဆုံးမှ တိုင်ပေးသော ယူနီဖောင်း ကို သပ်ရပ်စွာ ဝတ်ဆင်ထားသော စစ်ဗိုလ် ကလေး၏ အမိန့်သံ အဆုံးတွင် ရောက်ရှိနေကြသော ကျောင်းသူကျောင်းသားများ တိုင်းရင်းသား ပြည်သူများ လူတန်းစားပေါင်း စုံတို့သည် တစ်ညီတစ်ညွှတ်ထဲ ကျဆုံးလေ ပြီးသော အာဇာနည် ခေါင်းဆောင်ကြီး မြန်မာ့လွတ်လပ်ရေးဖခင် တပ်မတော် ၏ ဖခင်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အား ဦးညွတ်အလေး ပြုလိုက်ကြသည်...။
ပထမ ပြည်သူ တသုတ် ပြီးပြန်တော့ နောက်ထပ် ပြည်သူ တစ်သုတ် စသဖြင့် အဆက်မပြတ်လာရောက် အလေးပြုနေကြသည်..။
ဘာကြောင့်လဲ ဆိုတော့ ဒီကနေ့ က ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သောကြောင့် တိုင်းပြည် ကို ကယ်တင်ရာတွင် ရှေ့က ဦးဆောင်ခဲ့သော ဗိုလ်ချုပ် ကို ပြည်သူများက မမေ့မလျှော့ ကြောင်း ပြသသည့် အနေဖြင့် လာရောက် ဦးညွတ်အရိုအသေ ပြုကြခြင်း ဖြစ်ပေသည်..။
အနီးအနား တွင်လည်း ဗိုလ်ချုပ် နှင့် ပါတ်သက် သည့် သမိုင်းအထောက် အထားများ ဓါတ်ပုံ များနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏ ဘဝမှတ်တမ်း ကို ရုပ်ရှင် အဖြစ်အသက် သွင်းပြီး ရိုက်ကူးထားသော ဖြစ်ရပ်မှန် ရုပ်ရှင်ကို နောင်အနာဂတ်မျိုးဆက်သစ် လူငယ်များ မမေ့လျှော့ ကြစေရန် ပြခန်းများ ဖွင့်လှစ် ပြသထားပေသည်..။
ဤရုပ်ရှင် ဇာတ်လမ်း ရိုက်ကူးဖြစ်ခဲ့သည်မှာလည်း သိပ်တော့ မကြာလှသေး နိုင်ငံတော်ကြီး လွတ်လပ်ရေး ရခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့သော်လည်း တိုင်းပြည် လွတ်လပ်ရေးကို ရှေ့မှ ဦးဆောင်ခဲ့သူ သူ၏ အထုပတ္တိ ကို သမိုင်းမှတ်တမ်း အဖြစ် ရုပ်ရှင် ရိုက်ကူး လိုသော်လည်း မရိုက်ကူးနိုင်ခဲ့ ...
သမိုင်း၏ သူရဲကောင်း တစ်ယောက်ကို မနာလိုမှု များဖြင့် သမိုင်းပျောက်အောက် ဖျောက်ဖျက် လိုသူများကြောင့် ဗိုလ်ချုပ်သည် အမှောင် ညများ အတွင်းတွင် အကျဉ်းချ ခံခဲ့ရသည်...။
ရုံးပြင်ကန္နား တို့တွင် အမှတ်တရ ချိတ်ဆွဲထားသော ပုံများ ဖြုတ်ချခံခဲ့ ရသည်...
ပထမအာဏာရှင်က မကောင်းတတ်သဖြင့် သတ်မှတ်ပေးထားသော မြန်မာနိုင်ငံကလေးများနေ့ဆိုသည့် ဗိုလ်ချုပ်မွေးနေ့ကို နောင် တက်လာသော အာဏာရှင်တွေက မကောင်းတတ်သဖြင့်လေးတောင် အသိမှတ်မပြုပေးချင်ကြတော့ သဖြင့် မကျင်းပဖြစ်ခဲ့တာ အတော်လေး ကြာသွားသည်..။
ယနေ့တွင်တော့ အာဏာရှင် တို့၏ လက်အောက်မှ ရုန်းကန် တိုးထွက်လာနိုင် ကြပြီဖြစ်သော စည်းကမ်းစနစ်ကျနသော ဒီမိုကရေစီစစ်စစ် နိုင်ငံတော်ကြီး ကိုတည်ထောင်သူများ က ပြန်လည် ၍ တိုင်းပြည် ကို လွတ်လပ်ရေးတိုက်ပွဲ အတွင်း အမှန်တစ်ကယ် ဦးဆောင်ခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ကြောင်း ကို အနာဂတ်လူငယ်များ သိရှိနားလည်ပြီး မမေ့မလျှော့စေရန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရောက်တိုင်း ဗိုလ်ချုပ်၏ မွေးနေ့ကို ခမ်းခမ်းနားနား ကြီး ကျင်းပ နေကျ ပေပြီ..။
ကျွန်တော့ရဲ့ အိပ်မက်ထဲ က ဗိုလ်ချုပ်မွေးနေ့အခမ်းအနားမှာ ဖခင်ဗိုလ်ချုပ် ကို ကျွန်တော်....

စောင့်ကြည့်သူတွေ မရှိ ...
သံဆူးကြိုးတွေ မရှိ ...
ဒိုင်းကိုင်တုတ်ကိုင် ထားတဲ့ သားရဲတွေ မရှိ...
အားလုံး ငြိမ်းချမ်းစွာ ချစ်မြတ်နိုးမှုအပြည့်နဲ့ လွတ်လွတ်လပ်လပ် ကြီးဂုဏ်ပြုနေ ကြတဲ့ သူတွေ နဲ့အတူ အလေးပြုပါတယ် ..။သံဆူးကြိုးတွေ မရှိ ...
ဒိုင်းကိုင်တုတ်ကိုင် ထားတဲ့ သားရဲတွေ မရှိ...
သဘာဝ ဘေးအန္တရာယ်နဲ့ သူ့ဖာသာ ပြိုကျ သွားပါစေဆိုပြီး ကျိတ်ဆုတောင်း နေသူများက ထိမ်းသိမ်း စောင့်ရှက် ခြင်းမရှိ ထားထား ခြင်းခံနေရတဲ့ ဗိုလ်ချုပ်နေအိမ်

Friday, February 13, 2009
//
အမ်ိဳးအစားက:
Birth Day Memorial
//
7
ယောက်ကဒီလိုမြင်တယ်
//

အခန်း(၁)
ကစားပွဲရဲ့ အဖွင့်နိဒါန်း
“ဂျိန်း....ဂျလိန်း...ဒိန်း....”
ကစားပွဲရဲ့ အဖွင့်နိဒါန်း
“ဂျိန်း....ဂျလိန်း...ဒိန်း....”
ဆူညံစွာ ထစ်ချုန်း နေတဲ့ မိုးချိန်း သံတွေ အောက်မှာ မိုးသက်လေ နှင့် အတူ ပါလာတဲ့ မိုးစက်တွေ နဲ့ အိမ်နား ကပ်ရပ် က သစ်ပင် တွေက သစ်ကိုင်း အခက်အလက် တွေက ပြူတင်းပေါက် မှန်ကို လာရောက် ကျီစယ် နေကြတယ်...။
ကိုရွှေသန်း တစ်ယောက် ပျင်းပျင်း ရှိတာနဲ့ နေ့လည် ကဂိမ်း ဆိုင်ကနေ အသစ်ဝယ် လာတဲ့ ဂိမ်းခွေကို ကစားဖို့ ဆုံးဖြတ်ပြီး ကွန်ပြူတာ ထဲ အခွေ ကိုထည့်လို့ အင်စတော လုပ်ပြီး ဖွင့်လိုက်တယ် ဆိုရင်ပဲ စာတန်းတွေ က ပေါ်လာပြီ..။
သင့်..အမည်..ဖြည့်ပါ...
နာမည် ဖြည့်လိုက်တယ်.
နောက်တော့...
သင်..ကိုင်ဆောင်မည့်.. လက်နက်... ရွေးပါ..
သူ ဓါးရှည် တစ်ချောင်းနဲ့ မောင်းပြန် သေနတ် တစ်လက် ရွေးလိုက်တယ်...
နောက်ဆုံးမှ ထွက်ပေါ်လာတာက.
“ဤကစားပွဲ ကစားသူသည် ပြီးဆုံးသည်ထိ တစ်ထိုင်ထဲ ကစားရမည် ရပ်တန့်ထား၍ မရ သင်ရပ်တန့်ထားသော်လည်း ကစားပွဲ ကရပ်တန့်နေလိမ့်မည် မဟုတ် ကစားပွဲတွင် သင်သေလျှင် သင်လည်းသေမည် အနိုင်တိုက်နိုင်မှ သင်အသက် ရှင်ကျန် နိုင်မည် သဘောတူ ပါက ဆက်လက်သွားရန် ခလုတ် ကိုနှိပ်၍ ကစားပွဲ ကိုစနိုင်ပြီ...”
ကိုရွှေသန်း သတိပေးစာကို ကြည့်၍ တစ်ဦးတည်း ပြုံးလိုက်မိသည်..
ဂိမ်းဆော့ဝဲလ် ရေးဆွဲသူများက သူတို့ဂိမ်းကို လူစိတ်မဝင်စား စားအောင် ရေးတတ် ကြပေသည်..ရှုံးနိမ့်သွားလျှင်ကော ဘာဖြစ်လဲ အသစ်ပြန်စ၍ မနိုင်နိုင်အောင် ကစား နိုင်သည် မဟုတ်ပေဘူးလား..
ကိုရွှေသန်း ပလေး ခလုတ် ကို ဆက်၍ နှိပ်လိုက်သည်...
ကွန်ပြူတာ စကရင် တစ်ခုလုံး သွေးများစီးကျ လာသကဲ့သို့ အနီရောင် များ ဖြင့်ဖုံးလွမ်း သွားပြီး နောက် တစ်ဖြည်းဖြည်း ပေါ်လာတာက သင်းချိုင်းကုန်း တစ်ခု အုတ်ဂူများ ကြားထဲ သူရောက်နေသည် ကို တွေ့လိုက်ရသည်..
ထိုအချိန်နှင့် တစ်ပြိုင်ထဲ မှာပဲ သူ့စိတ်ထဲ မသိုး မသန့် ဖြစ်လာသည် သူရှိနေရာ အခန်းတွင်း တွင် သူတစ်ယောက်ထဲ မဟုတ်တော့ သလို အမည်ဖော်မပြ နိုင်သည့် ချမ်းစိမ့်စိမ့် ခံစားချက် တစ်မျိုးနှင့် အခြားလူ တစ်ဦးဦး ပါ အခန်းထဲ တွင် ရှိနေသလို သူခံစား နေရသည်...။
ဒါပေမယ့် ရာသီဥတု ကြောင့် အပြင် တစ်ဦးထည်း ရှိနေ၍ ခြောက်ခြားမှု ဖြစ်နေခြင်း သာဖြစ်မည် ဟု ကိုယ့်ကိုယ်ကို အားပေးလိုက်ပြီး ဂိမ်း ကို အာရုံစိုက်လိုက်သည်..။
စလာပြီ အုတ်ဂူတွေ ကြားထဲမှ ဖုတ်ကောင်လို နာနာ ဘာဝတွေ ထွက်လာလိုက်သည်မှာ ဟော တစ်ယောက် ဟော တစ်ယောက် နှင့် သူလဲ လက်ထဲ ရှိသည့် လက်နက်များ ဖြင့် ပစ်လိုက် ခုတ်လိုက် လုပ်ရင်း သင်းချိုင်း ကိုကျော်လွန် လာပြီး သကာလ မီးသဂြိုလ် စက်ကြီးထဲ သို့ ရောက်လာခဲ့လေပြီ....။
ဒီဂိမ်းရဲ့ အဓိက အဆုံးအဖြတ်ကတော့ ဝိညာဉ် တို့၏ ခေါင်းဆောင် ကိုရှာပြီး သုတ်သင် ရမည် ဖြစ်သည် .သူတစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာရင်း အပေါ်ထပ် ရောက်လာခဲ့ပြီ အခန်းတစ် ခန်းကို ဖွင့်လိုက်တော့ အလွန်သပ်ရပ် လှပစွာ ပြင်ဆင်ထားသော အခန်းထဲ ရှိ ကုတင်ပေါ် တွင် အမျိုးသမီး တစ်ယောက် သူအနားနား တစ်ဖြည်းဖြည်း ကပ်သွားရင်း ကြည့်လိုက်တော့ အမျိုးသမီးက အသက် မရှိပါ နောက်တစ်နေ့ မီးသဂြျိလ် ရန် ပြင်ဆင် ထားခြင်း ဖြစ်ပုံ ရသည်..
သူအနားတိုးကပ်ပြီး ကြည့်နေချိန်မှာပဲ ဗြုန်း ကနဲဆို...
အမျိုးသမီး မျက်လုံး များ ပွင့်လာသည် ဒါပေမယ့် မျက်စိသူငယ်အိမ် ကို မမြင်ရပါ မျက်လုံး တစ်ခုလုံး အနက်ရောင်ဗြောင်ကြီး ဖြစ်သည်..သူအငိုက်မိ သွားချိန်လေး မှာပင် သူ့လက်ထဲက သေနတ်နှင့် ဓါးတို့ လုယူဖျက်ဆီး ခြင်းခံလိုက်ရသည်..။
ကိုရွှေသန်း လက်နက် မရှိတော့ ၍ အခန်းအပြင် ဘက် ပြန်ထွက်ပြေး လာပြီး အောက်ထပ် ဆင်းပြေး ရန် လှေကား ထိပ်သို့အရာက် သူ့နောက်တွင် သရဲမ က ရုတ်တရက် ထွက်ပေါ်လာပြီး သံချိတ်ကောက် ကြီးဖြင့် သူ့ကျောပြင်မှ အရှေ့ဘက် ရင်ဘတ် ကိုပေါက်ထွက် သွားအောင် ထိုးချိတ်လိုက်ပြီး အသင့် ပါလာသော ကြိုးဖြင့် မျက်နှာကြတ် ပေါ်တွင် ဆွဲချိတ်လိုက်သည်..ဂိမ်းထဲမှ ကိုရွှေသန်း တစ်ယောက်တော့ ဝေဒနာ ကို ပြင်းထန်စွာ ခံစားရင်း အသက်ထွက်သွားလေပြီ..
ထိုအချိန်မှာပင် ဂိမ်းထဲမှ သရဲမ သည် ကွန်ပြူတာ စကရင် ပြည့်လုနီးပါး သူမ၏ မျက်နှာကို တိုးကပ်လာပြီး ကိုရွှေသန်း ကို သူမ၏ အနက်ရောင် ဗြောင်မျက်လုံး ကြီးဖြင့် စေ့စေ့ကြည့်ရင်း ...
“G..A..M..E.. O..V..E..R..”
ဟု ရေခဲကဲ့သို့အေးစက် ပြီး တုန်လှုပ်ချောက်ခြား ဖွယ်ရာ အသံကြီးဖြင့် ပြောလိုက် သဖြင့် ကိုရွှေသန်း လန့်ဖြန့်ပြီး နောက်သို့ ဆုတ်လိုက် မိသည် မှာ ခုန်ရော လူပါ နောက်သို့ ပက်လက်လန် ကျသည်အထိ..။
နောက်မှ တစ်ယောက်ထဲ ဂိမ်းဆော့ တာ ဒီလောက်တောင် လန့်သွားရသလား ဟု ကိုယ့်ကိုယ်ကို ကြိတ်ပြုံး၍ အပြစ်တင်ရင်း မိမိ ဖာသာ လူးလဲ ထရပ် လိုက်မိသည်...။
ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာတော့ သူ့ရဲ့ အလောင်းကောင်ကြီး သာ ချိတ်တန်းလန်း ဖြင့် လေထဲမှာ လည်နေသည်..
“ဟူးးး”
သက်ပြင်းမော ကြီးတစ်ချက် ကိုလေးကန်စွာ မှုတ်ထုတ်လိုက်ပြီး အလန့်ပြေသွားစေရန် နှင့် ဗိုက်ထဲ ဆာသလိုလို ရှိသည် ကို ဖြည့်ရန် အတွက် ရေသောက်ပြီး တစ်ခုခု စားရန် အောက်ထပ် မီးဖိုချောင် သို့ သူဦးတည် သွားလိုက်သည်..
သူလှေကား ထိပ်သို့ ရောက်ရှိချိန်တွင် နောက်ကျော မလုံသလို ခံစားရသဖြင့် နောက်သို့ လှည့်အကြည့်..
“ဝှီးး”
ဆိုသည့် အသံနှင့် အတူနောက်ဆုံး သူ့အမြင်အာရုံ ကို ထင်ဟပ် လာတဲ့ ပုံရိပ် တစ်ခု...
ရှည်လျှားသည့် ဆံပင်များ ဖုံးလွှမ်းနေသည့် ဖြူလွှလွှ သွေးဆုပ် ဖြူရော်နေသော မျက်နှာတွင် အနက်ရောင် ဗြောင်ကြီး ဖြစ်သည့် မျက်ဝန်းတစ်စုံ..
“အား”
ကိုရွှေသန်း တစ်ခွန်းသာ အော်လိုက်နိုင်သည်..
မိုးသက်လေပြင်းတို့ တစ်ဖြည်းဖြည်း ငြိမ်သက် သွားချိန်တွင် တိတ်ဆိတ်နေသော အိမ်ကြီး အတွင်း အိမ်အောက်ထပ်သို့ ဆင်းသော လှေကားဘေး မျက်နှာကျက် ပေါ်မှ အိမ်အောက်သို့ တွဲလောင်း ချထားသော မီးပန်းဆိုင်း ကြီးပေါ်တွင် မီးပန်းဆိုင်း မှ သံချွန်များ ကိုယ်ခန္ဓာ တွင် ချိတ်လျှက် လူတစ်ဦး တွဲလောင်းကြီး မီးပန်းဆိုင်းကြီးနှင့် အတူ လေထဲတွင် လည်နေသည်...။
အခန်း(၂)
ကစားသမား အသစ်များ.
အေးမောင် လက်သီး ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားရင်း တွန်းလှည်း ပေါ်မှာ အလောင်းထည့်တဲ့ အိတ်ထဲ ငြိမ်သက်စွာ ပါသွားပြီ ဖြစ်တဲ့ အကိုတော် ကိုရွှေသန်း ကို အလောင်းတင်တဲ့ ကားပေါ် ရောက်တဲ့ အထိလိုက်ကြည့်နေမိတယ်..။
နောက်တော့ အခင်းဖြစ်ပွားပုံ တွေကို လိုက်လံ ကြည့်ရှုစစ်ဆေး နေတဲ့ ရဲအုပ်နား သွားပြီး မေးခွန်း ထုတ်လိုက် သည်..။
“ကဲ ရဲအုပ်ကြီး ကျွန်တော့ အကို ကို သတ်သွားတဲ့ လူသတ်သမား ကို မိနိုင်ဖို့ အချက်အလက် တွေများ တွေ့ပြီလား မသိဘူး”
“အင်း ပြောရတာ အတော်ခက်တယ်ဗျာ ကျွန်တော့် ရဲအမှုထမ်း တစ်သက် တောက်လျှောက်မှာ ဒီလို ထူးဆန်း တာ မတွေ့ဖူးသေးဘူးဗျ.. အိမ်ရဲ့ တံခါးတွေ ပြူတင်း ပေါက်တွေ အားလုံးဟာ ခြေရာလက်ရာ မပျက် အားလုံး ရှိနေတယ် နောက်ပြီးတော့ ရုန်းရင်း ဆန်ခတ် ဖြစ်တဲ့ အနေအထား တွေလဲ မရှိဘူး တစိမ်း လူတစ်ယောက် ဒီအိမ် ထဲကို လာသွားတယ် ဆိုတဲ့ သဲလွန်စ တွေကို လုံးဝ မတွေ့ရဘူး ဖြစ်နေတယ် .”
“ဒီတော့ ကျွန်တော့် အကိုက အပျင်းပြေ မီးပန်းဆိုင်း ကြီးပေါ်ခုန်တက် ပြီးဆော့ရင်း ခြေချော် လက်ချော် ဖြစ်သွားတယ် လို့ ဆိုလိုချင်တာလား?”
“အဲ့ဒီလိုတော့ မဆိုလိုပါဘူး ထူးဆန်းတဲ့ အကြောင်း တွေကို ပြောပြတာပါဗျာ လူတစ်ယောက်ကို သတ်ဖို့ ဆိုတာအနဲဆုံး ရုန်းရင်း ဆန်ခတ် လေးတော့ ဖြစ်ရမယ် ဒီလောက်ကြီး အလွယ်တကူ သတ်လို့ မရနိုင်ဘူးလို့ပြောတာပါ.”..၊
ပြောလဲ ပြောအပြီး ပြန်လည် အလုပ်ရှုပ်နေတဲ့ ရဲအုပ် နားကနေ ခွာပြီး အေးမောင် တစ်ယောက် သူ့အကို ရဲ့ အခန်းထဲ ဝင်လာရင်း သဲလွန်စတွေ ရလို ရငြား လျှောက်ကြည့်နေမိတယ်..။
အခန်းထဲက စားပွဲပေါ်မှာတော့ ရုပ်ရှင် ခွေတွေ သီချင်းခွေ တွေနဲ့ ဂိမ်းခွေတွေ ကရှုပ်ပွလို့ ဒါနဲ့ သူဟိုရှာ ဒီရှာ ရှာကြည့်ရင်း မောက်စ် ကိုလက်နဲ့တိုက်မိချိန်မှာ ကွန်ပြူတာ ပွင့်လာတယ်..။
အော်ညက သူ့အကို ကွန်ပြူတာ သုံးပြီး မပိတ်မိဘူးပဲကိုး လို့တွေးရင်း ကွန်ပြူတာ စကရင် ကို ကြည့်မိတဲ့ အခိုက် သူ့စိတ်ထဲ အရမ်းအံသြသွားမိတယ် ကြည့်လေ ဒီထဲက ဂိမ်းမှာလဲ လူတစ်ယောက် လှေကား နားမှာ တန်းလန်း ကြီးသေနေတာ...။
အဲဒီအချိန်မှာပဲ...
ဂိမ်း..အ..သစ်..ပြန်..စ..မ..လား...?
ဆိုပြီး ကွန်ပြူတာ မှာ စာတန်း တွေ ပေါ်လာပါတယ်..
သူအရမ်း စိတ်ဝင်စားသွားပြီ ညကသူ့အကို ဂိမ်းဆော့ရင်း ရှုံးသွားမယ် ပြီးတော့ နောက်မှ ဆက်ဆော့မယ် ဆိုပြီး အောက်ကို အသွားမှာ ဂိမ်းထဲက အတိုင်း သေဆုံး သွားပုံပဲ တစ်ခုခု တော့ ထူးခြားနေပြီ..
သူအမြန် ကွန်ပြူတာ ထဲကနေ ဂိမ်းအခွေ ကိုထုတ်ပြီး ခွေကာဘာ ထဲထည့် ပါလာတဲ့ ကျောပိုး အိတ်ထဲ ထည့်ပြီး အိမ်ကို အမြန် ပြန်လာခဲ့ပါတော့တယ်...။
အိမ်ရောက်ချိန်မှာတော့ သူ့အချစ်ဆုံး သူငယ်ချင်း တွေက သတင်းမေး စောင့်နေကြတယ် ..
“သူငယ်ချင်း စိတ်မကောင်းပါဘူးကွာ မင်းတို့ ညီအကို နှစ်ယောက်ထဲ ရှိတာ အခုတော့ မင်းအကို ဒီလို ရုတ်တရက်ကြီး ဆုံးသွားတယ် ဆိုတော့ မင်းနဲ့ ထပ်တူ ငါတို့ သူငယ်ချင်း တစ်သိုက် ဝမ်းနည်းလို့ မဆုံး ပါဘူးကွာ”
ဆိုတဲ့ စကားကို ဆိုရင်း သူ့ကို ပွေ့ဖက်ရင်း အားပေး စကား ဆိုလာသူကတော့ သူတောင်းသမျှ အကူအညီဆိုရင် အကုန်လိုက်ဖြည့်ဆည်း ပေးတတ်တဲ့ သူငယ်ချင်း ဘကျော် ပေါ့..
ကျန်တဲ့ သူငယ်ချင်းများ ဖြစ်တဲ့ သောင်းအောင်၊ဆန်းကျော်၊ဟန်သန်းနဲ့မောင်မြင့် တို့ကပါ ဝမ်းနည်းစကား တွေ ဝိုင်းပြော ကြရင်း အမှုသွား အမှုလာ အခြေအနေ တွေ မေးကြတော့.
“သူငယ်ချင်း တို့ ငါ့မှာ စိတ်ဝင်စားစရာ တစ်ခုတွေ့လာတယ် ငါ့အကို သေတာနဲ့ ပတ်သက်မယ်လို့ တော့ ငါထင်တာပဲ ဒါပေမယ့် ဒီကိစ္စဟာ ထူးဆန်းလွန်း အားကြီးလို့ ဘယ်သူ့ကို မှ ငါ မပြောချင်ဘူးကွာ မင်းတို့ကတော့ ငါ့သူငယ်ချင်း အရင်း ခေါက်ခေါက်တွေ ဆိုတော့ ငါပြောပြမယ် ”
ဟုဆိုရင်း အေးမောင် တစ်ယောက် သူ့အကို အိမ် တွင် ဂိမ်းနှင့် ပါတ်သက်ပြီး ကြုံတွေ့ခဲ့ ရသည်များကို ပြန်လည် ဖောက်သည် ချလိုက်မိတယ်..
ဒါပေမယ့် အားလုံးဟာ လူငယ်တွေ ပီပီ မယုံကြည်တဲ့ မျက်ဝန်းတွေနဲ့ ဝိုင်းကြည့်နေကြ လေရဲ့
အဲဒီအထဲကမှ တဇွတ်ထိုး လူမိုက်ဆန်ဆန် လက်ရုံးအားကိုး ပြီး ထစ်ကနဲ ရှိ ရိုက်မယ် နှက်မယ် လုပ်တတ်တဲ့ သောင်းအောင်က ..
“ကဲ သူငယ်ချင်း ငါတော့ စိတ်ဝင်စားတယ် ဒီကိစ္စကို ဒီညပဲ ဆော့လိုက်ကြရအောင် ငါတို့ သူငယ်ချင်းတွေ အားလုံး ပေါင်းပြီး တစ်ခန်းထဲ မှာ အတူတူ ဆော့ကြမယ် ဘယ်လိုလဲ ဟေ့ ဘော်ဒါတို့?”
သောင်းအောင်က အေးမောင် ကိုပြောရင်း ကျန်တဲ့ သူများ ကိုပါ တစ်ပါတည်း မေးလိုက်တော့ ကျန်သူများ ကလဲ အမြဲတမ်း တစ်တွဲတွဲ မခွဲပဲ အပွဲပွဲ နွဲလာသူများ ပီပီ ကန့်ကွက်သူမရှိ အတည် ပြုပြီးသား ဖြစ်သွားပြီး အသီးသီး အိမ်ပြန်လို့ သူတို့တွေရဲ့ ကွန်ပြူတာ တွေကို ပြန်ယူလာပြီး အေးမောင်ရဲ့ အခန်းထဲမှာ ကွန်နက်ရှင်နဲ့ ချိတ်ဆက်ပြီး ဆော့ကစားဖို့ အဆင်သင့် ဖြစ်နေကြပါပြီ..။
အားလုံး အဆင်သင့် ဖြစ်တဲ့ နောက်တော့ ဂိမ်း ကို ကွန်ပြူတာ အသီးသီးမှာ အင်စတော လုပ်ပြီး ပြိုင်တူ ဖွင့်လိုက်ကြတယ်..
အဲဒီနောက်တော့ ထုံးစံ အတိုင်းပဲ..
သူတို့တွေလဲ ဖြည့်စရာ ရှိတာတွေ ဖြည့်ပြီး သွားတဲ့ အချိန်မှာ သတိပေးစာတမ်း ကို ဖတ်ပြီး ပလေး ခလုတ် ကိုပြိုင်တူ နှိပ်လိုက်ကြရော ဇာတ်လမ်း ကစပါပြီ..သူတို့ ကစားသမား ခြောက်ယောက် ကြားကို အေးစက်စက် လေပြည် တစ်ခု ကဖြတ်သန်း တိုက်ခတ် သွားတာကို သူတို့ အားလုံး ခံစားလိုက် ကြရတယ်..
သူတို့တွေရဲ့အိမ် အပြင်မှာလဲ တစ်ဖြည်းဖြည်းနဲ့ အမှောင်ထုက စိုးမိုးလို့ လာနေပါပြီ.....
ဆက်ရန်

Tuesday, February 10, 2009
//
အမ်ိဳးအစားက:
Horror
//
14
ယောက်ကဒီလိုမြင်တယ်
//

စိုင်းသန်းထွန်း တစ်ယောက် အိမ်၏ ဧည့်ခန်း ထဲ ရောက်သည် ဆိုလျှင် ပဲ သူ့ညီမ ဖြစ်သူ ၏ ပေါင်ပေါ် တွင် ထိုင်နေသော သူ နှင့် မရင်းနှီးသော တူလေး ဖြစ်သူသည် ပြေးလာပြီး ကြမ်းပြင်ပေါ် လေးဘက်တွားကာ သူ့ပေါင်ကြားထဲ ဝင်လိုက် ခေါင်းဖြင့် ခွေးလေး ကြောင်လေး များ သခင် ကို ချွဲသကဲ့ သို့ သူ့ခြေအစုံ ကို တိုးဝှေ့လိုက် သူ့ကို မော့်ကြည့်ပြီး ပြုံးပြလိုက်ဖြင့် အတော်လေး ပျော်နေပုံ ရသည်..။
ထူးတာတော့ ထူးဆန်းသည် ဒီကလေး က သူနှင့် လုံးဝ မတွေ့ဘူးသေး ရင်းနှီးမှုလဲ မရှိပါ.. ဘာကြောင့်လဲ ဆိုတော့ သူနိုင်ငံရပ်ခြား သွားနေတုန်း မှာမှ ဒီကလေး ကို ညီမဖြစ်သူက မွေးဖွားခဲ့သည် ဒါပေသိ ဒီကောင်က သူ့ဓါတ်ပုံ တွေ ကို အမြဲ လက်ညိုးထိုး ပြပြီး သူ့နာမည် ကိုရေရွတ် တတ်သည် ဟု ညီမ ဖြစ်သူကော အိမ်သား များကလဲ ပြောသည်..။
ယခု လဲ ခရီးက ရောက်လာသည် နှင့် တစ်ခါ မှ မတွေ့ဘူးသေးသော သူ၏ ဘကြီး ဖြစ်သူ ကျွန်တော့ ကို လေးဘက်တွား ပြီး ပွတ်သီး ပွတ်သပ်လုပ်နေသည်..
ကျွန်တော် တူလေး ကို ကောက်ချီလိုက်ပြီး မေးလိုက်မိသည်...
“ဟေ့ တူလေးက ဘဘ ကိုသိလို့လား ကွ ပြေးပြီး လာကြို တယ် ဆိုတော့ ”
“သား သိတာပေါ့ ဘဘ က အရင် က သားကို အရမ်း ချစ်တယ်လေ သားလဲ အမြဲ ဘဘ သွားတဲ့ နောက်ကို လိုက်တယ်လေ”
တူလေး ရဲ့ အဖြေကြောင့် ကျွန်တော် အတော်လေး ခေါင်းစား သွားတယ် သူမမွေးခင် ကတဲက နိုင်ငံခြား ထွက်သွားတဲ့ ကျွန်တော် သူနဲ့ ဘယ်ကို အတူတူ သွားဖူးမှာလဲ ဒါပေမယ့် ကလေး ဆိုတော့လဲ သူပြောချင်တာ လျှောက်ပြော တာဖြစ်မှာပဲလေ ဆိုပြီး အမှတ်တမဲ့ ပဲ ထားလိုက်ရင်းနဲ့ နိုင်ငံခြားက ပြန်လာတဲ့ သူတွေ ထုံးစံ အတိုင်း မစားရတာ ကြာတဲ့ မြန်မာအိမ်ထမင်း အိမ်ဟင်း တွေ စား ... ပြီးသွားတော့ သေတ္တာတွေ အထုတ်တွေ ဖြည်ပြီးတော့ ပါလာတဲ့ လက်ဆောင် တွေ ဝေမျှ ပေးပြီး စကားတစ်ပြောပြောပေါ့....
ညအိပ်မယ် ဆိုတဲ့ အချိန် ကျတော့ တူတော်မောင် က သူလဲ ဘဘ နှင့် အတူအိပ်မယ် ဆိုလာ သဖြင့် သူ့ကို အတူတူ ခေါ်သိပ်မိသည်...
အိပ်ရာပေါ် ရောက်တော့မှ နေ့လည်က ကိစ္စ က ခေါင်းထဲ ရောက်လာ သဖြင့် အမှတ်တမဲ့ ထပ်မေးမိသည်....
“သားသား နေ့လည်က ပြောတာ ဘဘ နဲ့လျှောက်သွား တယ်ဆို အဲဒါ ဘယ်တုန်းကလဲ?”
“ဟင် ဘဘ ကလဲ မသိတော့ဘူးလား အရင်က ဘဘက သားတို့ညီကိုမောင်နှမ တွေထဲ မှာ သားကို အချစ်ဆုံးလေ အမြဲတမ်း ထန်းလျှက် ဆိုလဲ သားကို ပိုကျွေးတယ်လေ .. ရေလဲ အမြဲ ချိုးပေးပြီး ဘဘ လမ်းလျှောက် ထွက် လဘက်ရည်ဆိုင် သွားရင် လဲ ခေါ်ခေါ် သွားပြီး အီကြာကွေး ကျွေးတယ်လေ အဲဒီ တုန်းက ဘဘ ကသားကို နာမည် ပေးထားတာ ဂျင်မီလေ”
ကျွန်တော့် ခေါင်းတွေ ပုတ်လောက် ကြီးသွားတယ် ဟုတ်တယ် ကျွန်တော် နိုင်ငံခြား မထွက်ခင် တုန်းက အိမ်မှာ ခွေးဝင်စား မကြီး တစ်ကောင် လာပြီး ခွေးကလေး တွေ မွေးတယ် အဲဒီထဲမှာ ထူးထူး ခြားခြား ဝတုတ်ပြီး ချစ်စရာ ကောင်းတဲ့ ခွေးကလေး တစ်ကောင် ပါတယ် အညိုရောင်လေး အင်းခွေး စပ်လို့လား မသိ အတော်လေး ထွားတယ် အဲဒီကောင်လေး ကလဲ ကျွန်တော့် ကိုတွေ့ရင် အမြှီးလေး နှန့် လို့ အမြဲ နောက်ကလိုက်တော့ ကျွန်တော့ အချစ်တော် ဖြစ်လာတာပေါ့...
“အဲဒီတုန်းက သားလေ အပြင်ထွက် လည်ရင်း ကားတစ်စီး ပေါ်က လူကြီးတွေ က ချပေးတဲ့ အသားတုံး ကိုစားလိုက်မိတာ ရင်တွေပူပြီး အိမ်ကိုပြန်လာပေမယ့် အိမ်ရောက်တော့ သား မျက်လုံးတွေ ပြာပြီး အိပ်ပျော်သွားသလိုပဲ ဘာဖြစ်သွားမှန်း မသိတော့ဘူး ...”
ဟုတ်ပါတယ် တူလေး ပြောသလိုပါပဲ ..
တစ်နေ့သော နံနက် ခင်းတစ်ခုမှာ အိပ်ရှေ့ တံခါးပေါက်ဝ မှာ ပါးစပ်ကအမြုတ်တွေ တစီစီ ထွက်နေတဲ့ ဂျင်မီ လေးကို ကျွန်တော် တွေ့လိုက်ရပါတယ် ဒါနဲ့ သိလိုက်ပါတယ် အမဲတုံး ပစ်တာ မိလာပြီ ဆိုတာကို ဒါနဲ့ ကျွန်တော်တို့ ထညက်နဲ့ ကန်စွန်းရွက် တွေ ထောင်းတိုက်ပါသေးတယ် သူ့ဘဝ ကုသိုလ် ကံက ဒီလောက်ပဲ ပါလာလို့လား မသိဘူး ဘယ်လိုမှ ကယ်တင်လို့ မရတော့ ပါဘူး....
“အဲဒီတုန်းက သားလေ အိပ်ပျော် သလိုဖြစ်သွား ပြီး ပြန်နိုးလာတော့ လမ်းပေါ်မှာ လျှောက်သွားနေတာဗျ.. ဘဘတို့စီ ပြန်လာချင်ပေမယ့် ဘယ်ရောက်နေမှန်း မသိတော့ဘူး ဒီလိုပဲ လျှောက်သွားနေတာ တစ်နေ့ကျတော့ မေကြီး နဲ့ မမ တို့ လမ်းလျှောက် လာတာ တွေ့တယ် အဲဒီအချိန် ဘေးမှာ လူကြီးတစ်ယောက် ပေါ်လာပြီး မင်း လိုက်ချင် လိုက်သွားလို့ ပြောတာနဲ့ မေကြီး ဆီ ပြေးသွားလိုက်တာ အခု မေကြီးသား ဖြစ်နေတာပဲ .. ဘာပဲဖြစ်ဖြစ် ဘဘ နဲ့ ပြန်တွေ့ရလို့ သားတော့ အရမ်းပျော်တယ်....”
သူပြောချင်တာတွေ ပြောပြီး ခဏမှာတော့ ကျွန်တော့် ကို တွယ်ဖက် ခွထားရင်း အိပ်ပျော် သွားတဲ့ တူဖြစ်သူ ကို ကြည့်ရင်း အတွေးတွေ ခေါင်းထဲ မှာ ပလုံစီနေမိတယ် ...
ကုသိုလ် ကံ မကောင်းလို့ ခွေးဖြစ်ခဲ့ တယ် အဲဒါကိုတောင်မှ အမဲတုန်း မိပြီး အသေဆိုးနဲ့ သေခဲ့ရတယ် သူ့ရဲ့ အကုသိုလ် တွေ ကုန်ဆုံး သွားတဲ့ အချိန် ရောက်တော့လဲ ချမ်းသာတဲ့ ညီမ ဖြစ်သူရဲ့ မိသားစု လေးထဲ လူအဖြစ်သူဝင်စားလာခဲ့တယ် ဒါဟာ သူဟိုးး ဘဝ တွေက လုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှု မကောင်းမှုတွေ ရဲ့ အကျိုးဆက် တွေပဲ လို့ ကျွန်တော်တော့ မှတ်ချက် ချမိပါတော့တယ် ခင်ဗျာ..။

PS : သူငယ်ချင်း ဖြစ်သူ စိုင်းသန်းထွန်း ၏ ကိုယ်တွေ့ပြောပြချက်ကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်...
Thursday, February 5, 2009
//
အမ်ိဳးအစားက:
True Story
//
17
ယောက်ကဒီလိုမြင်တယ်
//

မြန်မာပြည်တစ်နေရာရှိဆေးရုံဓါတ်ခွဲခန်းအတွင်း
မဖြစ်နိုင်ဘူး ဆိုတဲ့ ရင်ဘတ်ထဲ က ထွက်ပေါ် လာတဲ့ အသံ ဟာ နားစည် က တစ်ဆင့် ဝင်ရောက် လာတဲ့ ဆရာဝန်ကြီးရဲ့ ရှင်းလင်း ချက်တွေက ဖိနှိပ် လိုက်တဲ့ အတွက် လည်ချောင်း အရင်း မှာတင် အပြင် ကို ထွက်ပေါ် မလာနိုင်ပဲ ပျောက်ဆုံး သွားတယ်..
“အဲဒီတော့ မောင်ဖြိုးအောင် အနေနဲ့ ဆရာ တို့ကို တစ်ခုလောက် ကူညီစေချင်တယ်”
“ဘာကူညီရမှာလဲ ဆရာ ဒီဘဝ ဒီအခြေ အနေကြီးနဲ့ ကျွန်တော် က ကူညီဖို့ နေနေသာသာ ကျွန်တော် ကိုယ်တိုင် တောင် အကူအညီ ကင်းမဲ့ နေပါပြီ..”
“မဟုတ်ဘူးလေ မောင်ဖြိုးအောင် ကိုယ်တိုင်လဲ ဆရာဝန်လောင်း တစ်ယောက်ပဲလေ ဒီ ရောဂါ ဟာ သူ့အလိုလို ကူးစက် တတ်တဲ့ ရောဂါ မဟုတ်ဘူး ဆိုတာနဲ့ တိုက်ရိုက် ထိတွေ့မှု တွေကပဲ ဒီရောဂါ ဟာ တစ်ဦးကို တစ်ဦး ကူးစက် နိုင်တယ် ဆိုတာ မောင်ဖြိုးအောင်လဲ သိသားပဲ ဒီတော့ ဖြစ်နိုင်မယ် ဆိုရင် ရောဂါ ကူးစက် နိုင်တဲ့ လမ်းကြောင်းလေး ကို သေချာစဉ်းစားပြီး ပြောပြပါလား..” “မောင်ဖြိုးအောင်လဲ ဆရာ့ မျက်စိရှေ့တင် ကြီးပြင်းလာပြီး စာတော်တယ် ရိုးသားတယ် ကြိုးစားတယ် မကောင်းတာမလုပ်ဘူး ဆိုတာ သိနေတော့ ကူးစက် ဖို့ရာ နည်းလမ်း ကို ဆရာ စဉ်းစားမရ ဖြစ်နေတယ်”
“ဟုတ်ပါတယ် ဆရာ ကျွန်တော် မဟုတ်တာ တစ်ခုမှ မလုပ်ခဲ့ဖူးပါဘူး မူးယစ်ဆေး အကြောထဲ မသွင်းဘူး၊ မကောင်းတဲ့ မိန်းမ မလိုက်စားဘူး ၊ တစ်ခြား နည်းတွေ နဲ့ ကျွန်တော် မသိပဲ ဝင်လာခဲ့မယ် ဆိုရင်တော့ မပြောတတ်ဘူး ဆရာ..”
ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌါန
“ဆရာ ဒီလို လုပ်လို့ ဖြစ်ပါ့မလား လူနာ ခွင့်ပြုချက် မရပဲ သွေးစစ် တယ်ဆိုတာ ကာယကံရှင် သိသွားရင် မကောင်းဘူးနော် နောက် လူနာ ကိုယ်တိုင်လဲ ဆရာဝန်မ တစ်ယောက်ပဲ...”
“ကိုယ်ပြောသလိုသာ လုပ်ပါ ဒေါက်တာ ဒီကိစ္စ ကို လိပ်ခဲတည်းလည်း ဖြစ်နေတာ အတော် ကြာပီ သူ့ကိုသွေး စစ် ကြည့်ရအောင် ပြောဖို့ကလဲ သူလဲ ဂုဏ်သရေ ရှိ ဆရာဝန်မ တစ်ယောက် ဆိုတော့ အတော်လေး ခက်ခဲ နေတာ အခု သူ အက်ဆီးဒင့် ဖြစ်လို့ ဆေးရုံ ရောက်လာတုန်း လေး စစ်ဆေးကြည့်မှ ဖြစ်မယ်..”
အချိန်အတိုင်းအတာ တစ်ခု ကြာသော်
“ဟုတ်တယ် ဆရာ ပေါ့စတစ်ဗ် ပဲ”
“အင်း ဆရာ ထင်တဲ့ အတိုင်းပါပဲလား”
လွန်ခဲ့သော တစ်နှစ်ခန့်က
သူ ဒီဆေးရုံမှာ ဟောက်စ်ဆာဂျင် ဆင်းရတာ အရမ်းကို ပျော်တယ် ဒီကို ရောက်အောင် ဖန်ဆင်းပေးလိုက်တဲ့ ကံကြမ္မာ ကြီး ကိုလဲ ကျေးဇူး အထပ်ထပ် တင်ခဲ့မိပါရဲ့..
သူတို့အုပ်စု ကို သင်တန်းပေးတာက ဆရာဝန်မ ငယ်ငယ် ချောချောလေး သူမ ကိုတွေ့လိုက် ကတဲက သူ့ရင်မှာ အချစ်ဆိုတာ အမြစ်တွယ် သွားခဲ့တယ် ..
နောက်တော့ သူ့ရဲ့ သံယောဇဉ် မျက်ဝန်းတွေ ကြောင့်လား မသိ မမ ကလဲ သူ့ကို အခွင့်အရေး တွေ ပေးလာတယ် ဒီလိုနဲ့ နောက်ဆုံး သိပ်မကြာခင် ကာလ မှာပဲ ချစ်သူတွေ ဖြစ်သွားကြပြီး စည်းတွေ ဘောင်တွေ ကျော်ကုန်တဲ့ အထိ ချစ်မိခဲ့ကြလေရဲ့..။
ဒီလိုနဲ့ တစ်နေ့ ဆေးရုံမှာ သွေးသွင်းဖို့ လိုတဲ့ လူနာကို သွေးလှု ဖို့အတွက် သူ့သွေး ကို စစ်ဆေး ကြည့်လိုက်တော့ ဖြိုးအောင် တစ်ယောက် ကမ္ဘာကြီး တစ်ခုလုံး သွက်သွက် ခါရမ်းသွားတယ်.........
ဆရာဝန်မလေး ၏ နောက်ဆုံး ဖြောင့်ချက်
“ကျမ ကို ခွင့်လွှတ်ပါ ဆရာ လွန်ခဲ့တဲ့ နှစ်နှစ်လောက် က ကျွန်မ ချစ်သူ ဟာ ကျွန်မဘဝကို ထုံးလိုချေ ရေလို နှောက် ပြီး ခြေဆေးလို့ အားရတဲ့ အချိန်မှာ ကျွန်မ ကို ပစ်ထားခဲ့တယ်လေ ကျွန်မ အရမ်းအချစ်ကြီးလို့ အမျက်ကြီးတယ် ဒါပေမယ့် လူလဲ မသတ်ရဲဘူး ဒီတော့ သူ့ကို အကောင်းဆုံး ဂလဲ့စားချေနိုင်အောင် AIDS လူနာတစ်ယောက်ဆီက သွေးကိုယူပြီး ကိုယ့်ဖာသာ ထိုးထည့်လိုက်တယ် ပြီးတော့ သူ့ကို အရမ်းလွမ်းလို့ တစ်ခေါက် လောက်တွေ့ပါရစေ ဆိုပြီး ဟိုတယ် တစ်ခုမှာ တစ်ည နေလိုက်တယ်... နောက်ပိုင်းလဲ ချစ်လှချည်ရဲ့ ကြိုက်လှ ချည်ရဲ့ ဆိုပြီး အသွေးအသား ကိုဝါးမြိုချင်တဲ့ သူတွေကို သူတို့လိုချင်တာ ပေးလိုက်တယ်လေ ဟက် ဟက် သူတို့လဲ သူတို့လိုချင်တာ ရတဲ့ အပြင် အဆစ် ပေးတာကိုပါ ရသွားကြတယ်.. ဆရာ့တပည့် လေးအတွက်တော့ စိတ်မကောင်းပါဘူး သူ့ကို ကျွန်မ သံယောဇဉ် ရှိလို့ အကြိမ်ကြိမ် တားပါတယ် အကာအကွယ် သုံးဖို့ပြောတာကို သုံးပြီးတော့မှ အလစ်မှာ ချွတ်ပစ်လိုက်တယ်လေ ”...။
အခုတော့ အားလုံးပြီးဆုံးခဲ့ပါပြီ ယောကျၤားတွေ ကို စိတ်နာပြီး ဂလဲစား ချေတဲ့ ဆရာဝန်မလေးကော သူ့ရဲ့ သားကောင်များကော ချစ်တဲ့ မမဆရာဝန် ကို လက်လွှတ်ရမှာ စိုးလို့ အပိုင်ကြံမိတဲ့ ဖြိုးအောင်ကော အားလုံး ငြိမ်းချမ်းရာမှာ အိပ်စက် သွားခဲ့ ကြပါပြီ..။
PS: သူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ..။
Saturday, January 31, 2009
//
အမ်ိဳးအစားက:
True Story
//
27
ယောက်ကဒီလိုမြင်တယ်
//

ညဘက် အိပ်ရတာ ပျင်းခြောက်ခြောက် ဖြစ်နေတဲ့ သူများ အတွက် ရုပ်ရှင် ကားလေး တစ်ကား ညွှန်းချင်တယ် ..။
ဒီကားရဲ့ ပထမပိုင်း ကို ကြည့်ဖူးတာတော့ လွန်ခဲ့တဲ့ သုံးနှစ်ကျော် လောက်ကပဲ ဗျ တော်တော်လေး ညဘက် အိပ်ရတာ သတိဝီရိယ ကောင်းအောင် ဆွဲဆောင်နိုင်တယ် ..။
အခု ၂၀၀၉ မှာ တတိယ ပိုင်းထွက်လာလို့ ကြည့်ချင်တဲ့ သူတွေ ကြည့်လို့ ရအောင် လင့်လေး ချိတ်ပေးထားတယ် ..။
သွားကြည့်လိုက်ပါအုံး ကျွန်တော် တော့ ကြည့်ပြီးသွားပြီ ဟိ ဟိ လင့်က ဟောဒီမှာပါ ...။
ဒါက DivX webplayer မရှိသူများ အတွက် Zshare Flash: Click Here
တကယ်လို့ DivX webplayer မရှိလို့ လိုချင်တယ် ဆိုရင်တော့
Thursday, January 29, 2009
//
အမ်ိဳးအစားက:
Horror Movie
//
8
ယောက်ကဒီလိုမြင်တယ်
//
ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ဟာ ညီမငယ် ပန်းခရေ ကျွန်တော့ အခေါ် ပေခရမ်း ရဲ့ ဘဝလမ်း ခရီးမှာ နောက်ထပ် ၂၄ ခုမြောက် မှတ်တိုင် စိုက်ထူလိုက် တဲ့ နေ့လေးပါ ..။
မွေးနေ့ရှင် က အပျိုကြီး ပေါက်စ ဖြစ်လာပြီ ဆိုတော့ ဘလော့ဂ် ပေါ်မှာ အလကား ကျွေးရမှာ တောင် နှမျော နေလို့ အကိုဖြစ်သူကပဲ သူ့အစား ဧည့်သည် တွေ ကို ဧည့်ခံပေးရတော့မှာပေါ့...။
အရင်ဦးဆုံး မွေးနေ့ရှင် အတွက် မွေးနေ့လက်ဆောင် အဖြစ် ကိုယ်လောလော ဆယ်နေတဲ့ ဆီက အကြွေးဝယ်လို့ ရမယ့် မာစီးဒီး ပဲ လွယ်လွယ် ဝယ်ပေးလိုက်တယ် ရုံးတက် ရုံးဆင်း စီးလို့ ရအောင်ပေါ့..။

ဖုန်းဝယ်ပေးမလို့ စဉ်းစားပေမယ့် သူက အဲဒီဘက် ပိုင်း အလုပ်လုပ်တာ ဆိုတော့ မလိုလောက်ဖူး ထင်လို့ မဝယ်ပေးတော့ဘူး ကားတစ်စီးပေး တော်ပြီပေါ့ နော်..
ဧည့်သည် တွေကိုလဲ သူ့အစား ဧည့်ခံပေးရမယ့် စရိတ်က ရှိနေသေးတာကိုး ဟီး...
ကဲ လာတဲ့ ဧည့်သည်တော်များ ဟောဒီမှာ စားကြပါဗျာ ကျွန်တော်လုပ်နေတဲ့ ဆိုင်ကနေပဲ သွားယူလာတာ..။

စားရင်းနဲ့ ကိုယ်နဲ့ အဆင်ပြေတာ ရွေးသောက် ကြပေါ့ဗျာ..။
ရော့ ဟောဒီမှာ စည်လိုက် ချပေးထားမယ်

ဘီယာသောက်ရင် ဗိုက်ပူမှာ ကြောက်ရင်တော့ ဝိုင် လောက်ပဲသောက်နော်

မမ တို့ ညီမ တို့ အတွက် ကတော့ အအေးပေါ့ ..။

ကားသွား ယူရတာနဲ့ စားစရာ တွေ သွားသယ်ရတာနဲ့ ဧည့်ခံတာ နဲနဲ နောက်ကျသွားတယ် ကိစ္စ မရှိပါဘူးလေ ညပိုင်း မွေးနေ့ဧည့်ခံပွဲပေါ့...။
မွေးနေ့ရှင် ပေခရမ်း ဒီကနေ့က စပြီး ဘဝလမ်း တစ်လျှောက် ပျော်ရွှင် အေးချမ်းစွာ လျှောက်လှမ်း နိုင်ပြီး ချစ်တဲ့သူ နဲ့အမြန်ဆုံး ပေါင်းရပြီး အပျိုမကြီးတကြီး ဘဝက မြန်မြန်လွတ်ပါစေ ..။
//
အမ်ိဳးအစားက:
Birth Day Memorial
//
12
ယောက်ကဒီလိုမြင်တယ်
//

“ဟေး ... လာကြ လာကြ ရောက်လာ ကြပြီပေါ့ ကဲ ညီလေး က မော်တော် ဦးခန်း ကိုသာ သွားလိုက် အကိုနဲ့ တူတူ မောင်းကြတာပေါ့.။”
ဒီလို ပြောလိုက်သူက ကြည်ဆိပ် လို့ ခေါ်တဲ့ ရွာက ကျေးရွာကောင်စီ ဥက္ကဌ လဲ ဖြစ် ရွာနဲ့မြို့ကို ဆက်သွယ်ပေး နေတဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး မော်တော်ဘုတ် ကို ပိုင်ဆိုင်သူလဲ ဖြစ်တဲ့ ကိုအောင်သူပါ.........။
ဒါနဲ့ မော်တော်ဦးခန်းမှာ ပါလာတဲ့ တစ်ခုတည်းသော ကျောပိုး အိပ်လေး ကို ဘုတ်ခနဲ ပစ်ချလိုက် ပြီး မော်တော်ပေါ် ပါလာသူတွေ ကို တစ်ချက်ဝေ့ကြည့်လိုက် မိတော့ မျက်မှန်း တန်းနေမိတဲ့ သူ သုံးလေးဦး ကို တွေ့လိုက်ရလို့ သူတို့ ကိုနှုတ်ဆက်လိုက်တယ်..။
“ဟေ့ ကိုလင်း ရွာလိုက်လည် မှာလား ဒါဆို အိမ်မှာ တည်းရမယ်နော်”
ဒီလို ပြောလိုက်သူက ကိုကြည်လင်း သူက ရွာက ထွက်တဲ့ ပုဇွန် တွေ ကို လိုက်ကောက်ပြီး မြို့ပေါ်က ငါးဒိုင် တွေ ကိုလိုက်သွင်းသူ ကုန်သည် ပေါ့ဗျာ..။
“အောင်မယ် ဟေ့ ကြည်လင်း မင့်အိမ် လိုက်တည်း ရင် ဘာလုပ်ရမှာလဲ ကိုလင်း က အရင်ကတဲ က ပုဇွန် ဖမ်းတာ ကြည့်ချင်တယ် ပြောပြောနေတာ အခုလဲ ပုဇွန်ဖမ်းတာ ကြည့်ချင်လို့ လိုက်လာတာပဲ မဟုတ်လား ဒီတော့ ငါ့ အိမ်မှာ တည်းမှာပေါ့”
အခုလို ကြားကဝင်ပြောသူက ကိုစိုးမောင် သူက ပုဇွန် ကိုယ်တိုင်ဖမ်း ပြီး ကိုယ်တိုင် မြို့တက်ရောင်းသူ ကျွန်တော်ကလဲ ပုဇွန်ဖမ်း တာ အလွန်ကြည့်ချင်သည် ဟုပြောဖူးတော့ သူ့အိမ် ကို အလည် ခေါ်ခြင်းဖြစ်သည်..။
“ကဲ ကဲ စကားများ မနေကြနဲ့ လောလောဆယ် ဒီနေ့ ငါ့ အိမ်မှာပဲ တည်းရမယ် နောက်နေ့မှ သူ စိတ်ပျော်ရာ လိုက်တည်း ပလေ့စေ မော်တော် ထွက်မယ် ရေတက် နဲ့လိုက်မှ ရွာကို မိုးမချုပ်ခင်ရောက်မယ်” လို့ ကိုအောင်သူ ဝင်ပြောလိုက်မှ ဟိုနှစ်ယောက်လဲ ငြိမ်သွားတော့မယ်..။
ဒါနဲ့ ကြည့်မြင်တိုင် ကမ်းနားဈေး ဘေးက မော်တော် ဆိုက်ကပ်ထားရာ ကနေ မော်တော်လေး ဟာ လေလေး တစ်ဖြူးဖြူး စင်ရော် ငှက်ကလေး တွေက ဝိုင်းရံ ပျံသန်းရင်း လှိုင်မြစ် ရေအပြင် ကို မော်တော်ဦး နဲ့ ရေပန်းတဖွားဖွား ထအောင် ထိုးခွဲ ရင်းနဲ့ ကြည်ဆိပ် ရွာလေး ရှိရာ ကို ဦးတည် ခုတ်မောင်းလာခဲ့ပါပြီ..။
လမ်းခရီးမှာ တွေ့ရတဲ့ ကမ်းနား တစ်လျှောက်က ဆန်စက် တွေ စက်လှေ သမ္ဗာန် တွေကတော့ ကျွန်တော့် အတွက် မြင်ကွင်း အသစ် အဆန်း တွေပါပဲ ဒီလိုနဲ့ ကိုအောင်သူက ကျွန်တော့် ကို မော်တော် မောင်းတာ သင်ပေးရင်း ကိုစိုးမောင် နဲ့ ကိုယ်ကြည်လင်း ကို စကားပြောရင်းနဲ့ ကျွန်တော် မရောက်ဖူး သေးတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ က ကြည်ဆိပ် ရွာကလေး ကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေမိပါတယ်...။
ညနေစောင်း လောက်မှာ မြစ်မကြီး ကနေ လမ်းခွဲပြီး ချောင်း လေးထဲ ကို စတင် ဝင်ရောက်လာခဲ့ပါပြီ ဒီချောင်းလေး ဟာ သူတို့ ရွာ ကို သွားရာ တစ်ခုတည်းသော ရေလမ်းကြောင်းပါ အဲဒီချောင်းလေး တစ်လျှောက် မှာပဲ ရွာပေါင်း မနည်းပါဘူး ရှိပါတယ် အဲဒီအထဲက ကြည်ဆိပ် ရွာဟာ ချောင်းထိပ် အကျဆုံးပါ ဒါကြောင့် ချောင်းမကြီး တစ်လျှောက် ဝင်လာရင် သူတို့ရွာကို ဦးဆုံးရောက်ပါတယ်..။
ချောင်းဘေး တစ်လျှောက်မှာ ဓနိတော တွေချည်းပါပဲ အဲဒီတော့မှ အိမ်တွေမှာ အမိုးမိုးတဲ့ ဓနိတွေ ရဲ့ မူရင်း အပင် ကိုမြင်ဖူးတော့တာပါ.. အပင်က ပင်စည် လုံးက သိပ်မမြင့်ပါဘူး အရွက်တွေ ကသာ အုန်းပင် အရွက်နဲ့ခပ်ဆင်ဆင်တူပြီး ပင်စည်နဲ့ ဓနိလက် (အုန်းပင်ကထိုးထွက်နေတဲ့ အရွက်တွေ ပါတဲ့ အကိုင်းကို အုန်းလက် လို့ခေါ်လို့ ဓနိလက် လို့ပြောတာပါ) ကြားထဲမှာ ထန်းသီး သီးသလိုပဲ ဓနိသီးတွေက အခိုင်လိုက်လေး တွေ တွဲလောင်း ကျနေပါတယ်.. သူ့ရဲ့ပင်စည် ကလဲ လူတွေ ပေါင်ရင်း ထက်ပိုမမြင့်လို့ ထန်းပင်ထက် စာရင် ဓနိသီး ခူးရတာ အန္တရယ် ပိုကင်းပါတယ် တစ်ခု ရှိတာက ဗွက်ပေတာ တစ်ခုပါပဲ သူက ရေတောထဲမှာ မှ ပေါက်တာလေ ..။
ဒီလိုနဲ့ ရွာ အရှေ့နဲ့ အနောက် ကို ဆက်ပေးပြီး ချောင်းကို ဖြတ်ဆောက်ထားတဲ့ ရွာချောင်းကူူး တံတားလေး ဘေးမှာ မော်တော် ဆိုက်ကပ် ပါပြီ ဒီနေရာလေး ဟာ ရွာအတွက် ရွာလည်ခေါင် အကွက်အကွင်း ကျတဲ့ နေရာလေးပေါ့ တံတားပေါ်မှာ တော့ မြို့တက်သွားတဲ့ မိခင်ဖခင်တွေနဲ့ ဇနီးလင်ယောကျၤား တွေကို လာကြိုသူတွေနဲ့ ပြည့်နှက်လို့..။
ကျွန်တော် တို့ တက်သွားတယ် ဆိုရင်ပဲ ကလေး လူကြီး ကျွန်တော့်နားဝိုင်းလာပြီး မြို့သား သူတို့ရွာ လာလည်တယ် ဆိုလို့ ပြုံးရွှင်တဲ့ မျက်နှာတွေ နဲ့စူးစမ်း မေးမြန်းကြပါတော့တယ် ကျေးရွာသားတွေ မှာ ရန်ကုန် ကဆိုတာနဲ့ နတ်ဘုံ နတ်နန်း ကလာတဲ့သူ လို့ထင်နေတတ်ကြတယ်ဗျ ရန်ကုန် ဆိုတဲ့ မြို့ကြီးမှာ လဲ လူတန်းစား ပေါင်းစုံ ကျေးရွာ လို ရပ်ကွက် တွေမှာ နေတဲ့ သူတွေ ရှိတယ် ဆိုတာ မသိကြဘူးလေ..။
ဒီလိုနဲ့ ပဲ အဲဒီနေ့တော့ ကိုအောင်သူ အိမ် မှာပဲ တစ်ညအိပ်လိုက်ပါတယ် သူကတော့ ရွာသူဌေး ဆိုတော့ မီးစက် တွေ ဘာတွေနဲ့ ရွာတစ်ရွာ ရောက်တဲ့ အရသာ ကို မခံစား ရပါဘူး နောက်တစ်နေ့မှ ညနေပိုင်း ကိုကြည်လင်းက ကျွန်တော့် ကို သူ့အိမ် မှာ တည်းဖို့ လာခေါ်ပါတယ်..။
ကိုကြည်လင်း တို့ အိမ်မှာ တည်းခဲ့စဉ်..။
ကိုကြည်လင်းက ပုဆိုးတိုတို အကျီမပါ ကျောဗလာ နဲ့ ကျွန်တော့ ကျောပိုး အိတ်လေး ကိုလွယ်ပြီး ရှေ့ကနေ ရွာလမ်း အတိုင်း သူ့အိမ် ရှိရာကို ပျော်ရွှင် တက်ကြွတဲ့ ခြေလှမ်း တွေနဲ့ ဦးဆောင် ခေါ်ယူလာပါတယ်..
ရွာလမ်း တစ်လျှောက် က အိမ်တွေက မြင်သမျှ လူကိုလဲ “ကိုလင်း ကျွန်တော်တို့ အိမ် မှာ တည်းမှာဗျ ”ဆိုပြီး လိုက်ပြောနေပါတယ်..
လျှောက်လှမ်းချိန် သိပ်မကြာလိုက်ခင်မှာပဲ သူ့အိမ် ခြံဝင်း လေးထဲ ရောက်လာချိန်မှာ သူ့သားလေးတွေ သမီးလေး တွေက ဝိုင်းပြီး ကြိုကြတယ်..
အိမ်ပေါ်ရောက် ပြီး အထုပ်လေး ချပြီးတာနဲ့ ကိုကြည်လင်းက
“ကဲ ညနေစာ ဟင်းစားလေး လုပ်လိုက်အုံးမယ် ခဏနော်”
ဆိုပြီး ခလေး တွေနဲ့ အိမ်အောက် ကိုဆင်းသွား ပြီး ခဏအကြာမှာ ကြက်အော်သံ တွေ ကြားပြီးတော့ အသံတွေ ငြိမ်သွားတဲ့ အခိုက် အိမ်ပေါ် ပြန်တက်လာပြီး ကလေးတွေနဲ့ မိတ်ဆက်ပေး သူ့မိန်းမ ကို ဟင်းချက် တဲ့ ကိစ္စတွေ ညွှန်ကြားလိုက် နဲ့ အတော်လေး အလုပ်ရှုပ် နေတယ်..
ဒါနဲ့စိတ်ထဲ တွေးလိုက်မိတာက ငါ့ကြောင့် တော့ အသက်တစ်ချောင်းဆုံး ရှုံးသွားရှာပြီ ဆိုတာနဲ့ ခြံထဲ ဝင်လာခါ စက ဝင်းထဲမှာ ပျော်ရွှင် စွာ အစာရှာစားနေကြတဲ့ ကြက်တွေ ကို မျက်စိထဲ မြင်လာမိတယ် အဲဒါနဲ့ တစ်ဆက်ထဲ ပုံပြင်လေး တစ်ပုဒ်ကိုပါ ပြန်သတိရ မိတယ် ပုံပြင်ထဲ မှာ ရွာတစ်ရွာ အလည်သွားတဲ့ သူ တစ်ယောက် သူတည်းတဲ့ အိမ် ခြံဝင်းထဲ ဝင်တဲ့ အချိန် ခြံထဲ က ကြက်ဖ တစ်ကောင် က သူ့ ကိုလဲ မြင်ရော ပြေးပြီး ခွပ်ပါသတဲ့ ဒါနဲ့ သူက အိမ်ရှင် ကို
“ဟာ ခင်ဗျား ကြက်က အတော် စွာတာပဲ ကြက်ခြင်းမပြောနဲ့ လူတောင် မကြောက်ဖူး ခွပ်ရဲတယ်”
လို့လဲ ဆိုကော.. အိမ်ရှင်က
“မဟုတ်ဘူးဗျ ဧည့်သည် လာပြီဆိုရင် သူတို့ ကို သတ်ပြီး ဧည့်ခံ တော့မယ် ဆိုတာ သိလို့ ခင်ဗျား ကို ခွပ်တာပါ ”ဆိုတဲ့ ပုံပြင်လေးလေ ဟီ ဟိ...
ဒါနဲ့ ကျွန်တော် က
“အဲဒါမျိုးတွေ မစားပါရစေနဲ့ ကိုကြည်လင်း တို့ အတွက်လဲ တာဝန်ပိုပါတယ် အကို တို့ စားသလိုပဲ စားပါရစေ” ဆိုတော့
“ဒါဆို နောက်နေ့ ပုဇွန်လုံး ဟင်းချက်ကြွေးမယ် နောက် လယ်ကြွက် ဆီပြန် ဒါမှ မဟုတ် ဖား သား ကြွပ်ကျော် လေး ဒါမှ မဟုတ် မယ်ညိုသား ( မယ်ညို ဆိုတာ ဗျိုင်းနဲ့ ခပ်ဆင်ဆင်ပါ သူက အဖြူ မဟုတ်ပဲ အညိုရောင် ပါ ) ချက်ကြွေးမယ် အို မနက်ဖြန် မနက် ဟင်းစားရှာထွက်ကြ မယ်”..။
ထမင်းဝိုင်းပြီးတော့ ရေနွေးကြမ်း နဲ့ ထညက်ခဲလေး အချိုတည်း ရင်း အိမ်ရှေ့က ကွပ်ပြစ် လေးမှာ ရေဒီယိုလေး နာထောင်ရင်း လရောင်သာသာ အောက်မှာ စကားပြောပြီး ခဏနေတော့ ဗိုက်တင်းတင်း နဲ့ သူတို့ ခေါင်းရင်းခန်း မှာ ပြင်ပေးတဲ့ အိပ်ရာမှာ ဝင်အိပ်လိုက်တာ ခဏလောက်ပဲ ထင်လိုက်တယ် ကိုကြည်လင်း က လာနှိုးတာနဲ့ လန့်နိုးလာတယ် အပြင် ကိုကြည့်လိုက်တော့ လဲ မိုးမလင်းသေးဘူး မှောင်လို့ လက်က နာရီ ကြည့်လိုက်တော့ မနက် ငါးနာရီ လောက်ရှိပြီ..။
“ကိုလင်း လိုက်မယ် ဆိုလို့ ခေါ်တော့ မခေါ်ချင်ဘူး အိပ်ချင် ဆက်အိပ်လေ ပင်ပမ်း ပါတယ် မလိုက်ပါနဲ့တော့”
“အာ ဘာလို့ မလိုက်ရမှာလဲ ကျွန်တော် မမြင်ဖူးလို့ အတွေ့အကြုံ အသစ်လေး တွေ လိုချင်လို့ ဒီကို တမင် လိုက်လာတဲ့ ဟာကို”
ပြောလဲပြောရင်း ကမန်းကတန်း ထ မျက်နှာသစ်ပြီး အဆင်သင့် ပြင်လိုက်ပါတယ်
ကိုကြည်လင်းကတော့ နဖူးမှာမီးအုပ်ဆောင်းလို ဟာလေး ကို သားရေကြိုးနဲ့ ခေါင်းကို ပတ်စီး ပြီး တပ်ဆင် ထားလေရဲ့ လက်ထဲမှာလဲ လှံ တစ်ချောင်း ဓါးမ တစ်လက် နဲ့ ပေါ့ ကျွန်တော့် ကိုလဲ လှံအသေး တစ်ချောင်း ပေးပါတယ် ပြီးတော့ နှစ်ယောက်သား ရွာပြင် လယ်ကွင်းတွေ ဘက်ကို ထွက်ခဲ့ ကြရာမှာ ကျွန်တော် ကတော့ လှံ ကြီး ကိုင်ပြီး ကိုယ့်ကို ကိုယ် မုဆိုးကြီး အလန်ကွာတာမိန်း လိုလို မုဆိုးကျော် ဖိုးထော် လိုလို ပေါ့လေ ( အဲဒီအချိန်က မြိုင်ရာဇာ တွတ်ပီ မပေါ်သေးပါ မုဆိုးကျော်ဖိုးထော်ပဲ ရှိပါသည်)ရွာထိပ်နားရောက် တော့ ကိုကြည်လင်း က အုန်းပင် ပုလေး မှ အုန်းလက် ကလေး သုံးလေးခု ကို ဓားဖြင့် ဆွဲဖြတ်လိုက်ပြီး ဘေးသား တွေ ကို သင်လိုက်ပါတယ် ပထမ တော့ ဘာလုပ်မှန်း ကျွန်တော်လဲ မသိပါ နောက်တော့ လယ်ကန်သင်းရိုး တွေ ပေါ်မှာ လှံကို မြေကြီးပေါ်ကို ရိုက်ရင်း ဆက်လျှောက်လာကြပါတယ် အဲဒါက အကောင်ရှည်(မြွေကို အကောင်ရှည်ဟုခေါ်ကြသည်) တွေ ပြေးအောင် တဲ့.။
ဒါနဲ့ပဲ လယ်ကွင်းတွေ ထဲရောက်လာတဲ့ အချိန်မှာ အရှေ့ဆီကလဲ မိုးသောက်အာရုဏ် အလင်းတန်းတွေက ထွက်ပြူလာနေပါပြီ ပတ်ဝန်းကျင် တစ်ခုလုံးဟာလဲ တိတ်ဆိတ် ငြိမ်သက်လို့ ပိုးကောင်လေး တွေ အော်သံနဲ့ချောင်းထဲက အစာရှာနေတဲ့ ဘဲအုပ်ဆီက ပျော်မြူးနေကြတဲ့ အသံတွေပဲ ကြားနေရပါတယ် လယ်ကန်သင်းဘေးက မြက်ပင်လေးတွေ ပိန်းပင် လေးတွေ ချုံနွယ် ပိတ်ပေါင်း တွေမှာတော့ နှင်းရည် လေးတွေ တင်ကျန်ပြီး အားလုံး ဟာ စွတ်စို လို့ပေါ့ မူလတန်း တုန်းက သင်ခဲ့ ရတဲ့
ဆိုတဲ့ ကဗျာလေးလို ပါပဲ..
ဒါနဲ့ လမ်းမှာ တွေ့တဲ့ အဲဒီ ကန်စွန်းရွက်လေး တွေ ကညို့ တွေ ကို ခူးပြီး ကျောပေါ်က ပလိုင်းထဲ ပစ်ထည့် ရင်း သားကောင် ရှာလာခဲ့လိုက်တာ ဟော တွေ့ပါပြီ ပထမဆုံး သားကောင် ထူးထူး ခြားခြားပါပဲ ချောင်းနဲ့ ကပ်နေတဲ့ လယ်ကွက်ထဲမှာ ညက ရေအတက် နဲ့ပါလာပြီး ရေကျ သွားချိန် တင်ကျန် နေခဲ့တဲ့ ငါးဘတ် ကြီး နှစ်ကောင် ပါဗျာ ရေစပ်စပ် ကျန်နေတဲ့ လယ်ကွင်းထဲ တဝုန်းဝုန်း နဲ့ ဗိုက်သား ဖြူဖြူ ကြီးတွေ ပေါ်အောင် သူ့ထက်ငါ အလုအယက် ချောင်းထဲဆင်းမယ့် လမ်းကို ရှာဖွေရင်း ကူးခပ်နေကြလေရဲ့ ..။
ကိုကြည်လင်း က အသာအယာ ပါပဲ ပါလာတဲ့ ဆောင်ဓားရှည်နဲ့ ခေါင်းကိုမှန်းပြီး ခုတ်လိုက်တာ ငြိမ်သွားပါလေရော ထုံးစံ အတိုင်း ပလိုင်းထဲ ကောက်ပစ်ထည့် ပြီး ခရီး ဆက်လာခဲ့ ကြတယ် လယ်ကန်သင်း ရိုး တစ်လျှောက် က မြင်ရတဲ့ တွင်းတွေ ကိုလဲ မျက်ချည် မပြတ် ကြည့်လာတယ် ကျွန်တော့် အမြင် မှာတော့ တွင်းတွေ ကအကုန် တူတူပဲဗျ ဒါပေမယ့် သူတို့ ရွာသူရွာသား တွေကတော့ သိတယ် ဒါက ကြွက်တွင်း ဒါက မြွေဝင်ထားပြီးပြီ ဆိုတော့ မြွေပဲ ရှိတော့မယ် လို့ ပြောပြရင်းနဲ့ ..
“ဟော တွေ့ပြီ ကိုလင်း ရေ ဒါက ပုဇွန်လုံး တွင်းကွ”
ပြောပြောဆိုဆို ငုတ်တုတ် ထိုင်ချလိုက်ပါတယ် နောက်တော့ သူအသင့် ယူလာတဲ့ အုန်းလက် အလယ်သား ရဲ့ထိပ်လေး မှာ ညက ကြက်သား ချက်တုန်းက အရေခွံလေး ကို ချည်လိုက်ပြီး တွင်းထဲ ကို အသာလေး ချလိုက် တယ် ဖြည်းဖြည်းချင်း တွင်းထဲ ကို ထိုးထည့် သွားလိုက်တာ ခဏနေတော့ အုန်းလက် ကလေး ဟာ လှုပ်ရှား လာပါတယ် ဒါနဲ့ ကိုကြည်လင် ပြန်ဆွဲထုတ် တာ လားလား စီဒီ အပြားလောက် ရှိမယ့် ဂဏန်း ကြီးဟာ သူ့ရဲ့ သန်မာတဲ့ လက်မကြီး နှစ်ချောင်းနဲ့ ကြက်ရေခွံ ကိုညှပ်ထားလိုက်တာ အပေါ် ကိုရောက်လာတဲ့ အထိပါပဲ ဒါနဲ့သူလဲ ပလိုင်းထဲရောက်ပေါ့ အဲလို နဲ့ လယ်ပုစွန် လုံး တွေ ၁၀ ကောင်လောက်လဲ ရရော ငါးလဲ ရထားတယ် ဆိုတော့ အိမ် ကို ပြန်လာ ခဲ့ကြပါတယ် အိမ်ပြန်လမ်း မှာ ကင်ပွန်းရွက်လေး တွေ ကင်းမုန် သီးလေး တွေလဲ ခုူးလာပါသေးတယ်..။
အိမ်ရောက်တော့ ပွဲပေါ့ဗျာ တောချက်ကလေး တွေ ချက်ပြီး ကျွေးတာ အဲဒါ က ညက ကြက်သား ဟင်းထက် အရသာ မှာ ဘာမှ မယှဉ် နိုင်လောက်အောင် ကောင်းပါ့ဗျား...။
ကိုစိုးမောင် တို့ အိမ်မှာ တည်းခဲ့စဉ်..။
ညနေစောင်းတော့ တစ်ခါ ကိုစိုးမောင် ကလာခေါ်ပါလေရော ကိုကြည်လင်းက မထည့်ချင် ထည့်ချင် နဲ့ ထည့်လွှတ်လိုက်တယ် ...
ကိုစိုးမောင် အိမ် က ချောင်းကမ်းပါး လေးမှာ ကပ်ပြီးဆောက်ထားတာဗျ အိမ်နောက်ဖေး ရေကပြင်က ချောင်းရေ နဲ့ ကွက်တိ အဲဒီမှာ ကိုစိုးမောင် ရဲ့ ပါဂျဲရိုး ကြီး အဲလေ သူ့ရဲ့ လှေ ကို ကြိုးနဲ့ ချည်ထားတာ တွေ့တယ် ..။
“ကိုလင်း အခု ခဏလောက် အိပ်ချင် ရင် အိပ်ထား လေ ညနေ ရေစစ် ခါနီးလောက်မှ ထွက်မယ်” လို့ ဆိုတာနဲ့ ကျွန်တော်လဲ အိမ်ရှေ့ လေးမှာ ဖျာလေး ခင်းပြီး ခဏမှေး နေလိုက်တယ်
ညဆယ်နာရီလောက် လဲ ကျရောရေပြန်တက်လာတဲ့ အချိန်မှာ လှေကလေး ပေါ်မှာ တောင်းတွေ ငါးဖမ်း ကိရိယာ ပိုက်တွေ နဲ့ မီးအိမ်လေး ထွန်းပြီး သူ့ ငါးဖမ်း အကွက် ကို လှော်ခတ် လာခဲ့ ကြပါတော့တယ် သူတို့ ငါးဖမ်း အကွက်လေး တွေက ရွာကနေပြီး တစ်နှစ် တစ်ခါ ရွာပိုင် ဧရိယာ ထဲက ချောင်းလက်တက် လေးတွေ ကိုလေလံ စနစ်နဲ့ အငှား ချထား ပေးတာပါ..။
သူ့ငါ့းဖမ်း ကွက် ကိုရောက်တော့ အသင့် ဆောက်ထားပြီးသား ချောင်းနဘေး က လယ်စောင့်တဲ လိုတဲ လေး ပေါ်မှာ ပစ္စည်း တွေ နေရာ ချပြီး အသင့် ရှိနေတဲ့ မီးဖိုလေး ကို မီးမွှေးလိုက် ပါတယ် တဲကလေးက လူ လေးယောက် လောက်တော့ ကောင်းကောင်း နေနိုင်လောက်တဲ့ အကျယ် အဝန်း ရှိတယ်..
ရေတက်လာပြီး ရေအီ သွားတဲ့ အချိန် (ရေတက်စရာ မရှိတော့လို့ ရေတွေ မစီး တော့ပဲ ငြိမ် သွားတာပါ) ကျတော့မှ ကိုစိုးမောင် တစ်ယောက် ဒီဘက် ကမ်းက ငုတ်တိုင်မှာ ပိုက်တစ်ဖက် ကို ချည် နောက်တစ်ဖက် ကို ဟိုဘက်ကမ်း ကို လှေနဲ့ သွားပြီး ထပ်ချည်လိုက်ပါတယ် ဒီပုဇွန် ထောင်တဲ့ ပိုက်က မြင်အောင် ပြောရမယ် ဆိုရင်တော့ ရေစစ် လိုမျိုး အဝကျယ် ပြီး အဆုံးမှာ ကျဉ်းသွားတာပါ ဒါပေမယ့် သူ့ပိုက်က အဆုံးမှာ အပွင့်ပါ အဲဒါကိုမှ ကြိုးနဲ့ ချည်ပြီး ပိတ်ထားပါတယ်...
ပြီးသွားတော့ တဲပေါ် ပြန်တက်လာပြီး ရေနွေးလေး သောက်ပြီး စောင့်နေပါတယ် ရေအီရာ ကနေ တစ်ဖြည်းဖြည်း ပြန်ကျလာနေပါပြီ မိနစ် ၂၀ လောက်နေတော့ လှေပေါ် တောင်းလေး တင်ပြီး ရေလည်ခေါင် က ပိုက်အဝ က ပိုက်ကို ကိုင်ပြီး ဖြည်းဖြည်းချင်း ဆွဲတင်နေပါတယ် ပေါ်လာတဲ့ အချိန်မှာ အဲဒီပိုက် အတိုင်း ဟိုး ပိုက်ရဲ့ အဆုံးထိ လှေနဲ့ လိုက်သွားပြီးတော့မှခါးလည်ခေါင် ကနေကျန်တဲ့ ပိုက် အဆုံးပိုင်း ကို လှေပေါ်ဆွဲတင်လိုက်တဲ့ အချိန်မှာတော့ ပိုက်ရဲ့ အဆုံးပိုင်းမှာ အထုပ်ကြီး တစ်ထုပ်လို ဖြစ်နေပြီး အဲဒီထဲမှာ ငါးတွေ ပုဇွန် တွေ အပြည့်နဲ့ပေါ့..။
အဲဒီ အထုပ်လိုက် တောင်းကြီးထဲ ကိုထည့် နောက်တော့ အဝက ချည်ထားတဲ့ ကြိုးကို ဖြေပြီးသွန်လိုက်တဲ့ အချိန်မှာ ငါးတွေ၊ပုဇွန်ထုပ် ကြီးတွေ က တဖြတ်ဖြတ် ခုန်လို့ ပိုက်ကို ကြိုးပြန်ချည် ရေထဲ ပြန်ချ ထားပြီး တဲ့ အချိန်မှာ ကမ်းကို ပြန်ကပ်လာပြီး တောင်းနဲ့တဲပေါ် ပြန်တက်လာပါတယ်...
ပါလာတဲ့ အမှိုက်တွေ ရွေး ငါးသေး ငါးမွှား တွေ ချောင်းထဲ ပြန်လွှတ် ပြီး သန့်သွားချိန်မှာတော့ ပုဇွန်တွေကို တစ်ခါ အမျိုးအစားပြန်ခွဲ ပြန်ရော ပုဇွန်ထုပ်ကြီး ပုဇွန်ဆပ်ထုပ် ပုဇွန်ကျော့ ဆိုပြီးတော့ပေါ့ ငါးတွေက သပ်သပ်တစ်တောင်းပေါ့ဗျာ ပြီးသွားတော့ ထွားပေ့ ဆိုတဲ့ ပုဇွန်ထုပ်ကြီး ငါးထုပ် ဆယ်ထုပ်လောက် ကို သီတံနဲ့ ထိုးပြီး မီးကင် ၊ ပြီးတော့ လွယ်အိပ် ထဲက ပုလင်း နှစ်လုံး ထုတ်ပြီး ဖန်ခွက် တစ်ခွက်ထဲ ငှဲ့ ၊ ဒါနဲ့ ကျွန်တော်လဲ ကြည့်လိုက်တော့ ထန်းရည် တွေလို့ ထင်ပါတယ် ..
ကိုစိုးမောင် လဲ ပုဇွန်ကင် နဲ့ ထန်းရည် ခွက်လေး ကိုင်မြှောက်ပြီး မှောင်မဲ တိတ်ဆိတ်နေတဲ့ ကွင်းကြီး ဘက်ကို လှည့်လို့ ကွင်းပိုင် အဖိုး သုံးဆောင်ပါ ဘာညာ နဲ့ တတွတ်တွတ် ရေရွတ် ပြီး ကွင်းပိုင်မြှောက် လိုက် ပါတယ် ..
ကွင်းပိုင် အလှည့် လဲ ပြီးရော ဒီက မြို့ပိုင်လေး အလှည့်ပေါ့ဗျာ ဟိ ဟိ.. ပုဇွန် ကင်နံ့လေး မွှေးလာကတဲ က တံတွေးမြိုမြို ချနေရတာ ထွက်စရာ တံတွေးတောင် အလျှင်မမှီ ဖြစ်လောက်တယ် ဒါနဲ့ ကျွန်တော့် အတွက် ခွက်တစ်ခွက် ချပေးပြီး ပုလင်းထဲ က အရည် တွေ ထည့်ပေးပါတယ်..
“ကိုစိုးမောင် က ထန်းရည် တောင် အဆင်သင့် ထည့်လာပါလားဗျ..”
“ဟား ဟား ကိုလင်းကလဲ အဲဒါ ထန်းရည်မှ မဟုတ်တာ ဓနိရည်ဗျ ကျွန်တော် တို့ မြစ်ဝကျွန်းပေါ် ဘက်တွေ မှာ ထန်းရည် ထက် ဓနိရည် ကပိုပေါတယ်လေ ထန်းရည် က အညာဖက်မှာ ပိုပေါ တာ”..
အဲဒီတော့မှ ထန်းရည် ဆိုတာ အပြင် ဓနိရည် ဆိုတာ ပါ ရှိပါလား ဆိုတာ သိလာတယ် ..
ထင်တော့ ထင်သားဗျ မနေ့ကတဲက ကိုကြည်လင်း တို့ အိမ် မှာ ခွဲကျွေးတာ ဓနိသီး ဆိုတာ ထန်းသီးနဲ့ အတူတူ ပဲနော် လို့တောင် ပြောမိသေး ကြည့်စမ်း အခု ဓနိရည် ဆိုတာကလဲ ထန်းရည် နဲ့ အတူတူ ပဲ ဗျ..
ဒါနဲ့ပဲ ဓနိရည် တစ်ကြိုက် ပုဇွန်ကင်လေး ကို သံပရာ ရည်လေး ညှစ်ပြီး တစ်ကိုက် ကိုက်လိုက် နဲ့ ကျေးတော ရွာလေး ထဲက ကျယ်ပြန့်လှတဲ့ ကွင်းပြင်ကြီး ကို ဖြတ်သန်း တိုက်ခတ် လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေ ကိုရှုရှိုက်လို့ ရန်ကုန် ဟော်တယ် ကြီးတွေ ပေါ်က စည်းစိမ် မျိုးကို အရသာ ခံနေမိတယ် ..
ည ၂ နာရီလောက်ကျတော့ တောင်းကြီးတွေနဲ့ လေးငါးတောင်းလောက်လဲ ပုဇွန်တွေ ငါးတွေ ရပြီ ဆိုတော့ ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်လာခဲ့ကြတယ် အိမ်ရောက်တော့ ခြင်ထောင်ထဲ ဝါးလုံးထိုး ဝင်ပြီး အိပ်လိုက်တာ မိုးဘယ်အချိန်လင်း သွားမှန်းတောင် မသိဘူး နိုးလာတော့လဲ ကောက်ညှင်းပေါင်း ပူပူလေး နဲ့ ငါးရံ့ခြောက်ကလေး ကို ရေနွေးလေး နဲ့စားရတာ နတ်သုဓ္ဒါ အလားပဲ ...
အဲဒီအချိန်မှာပဲ ကိုအောင်သူရောက်လာပြီး
“ကိုလင်း မနက်ဖြန် ကျောင်းတက် ရမယ် မဟုတ်လား ဒီနေ့ မော်တော်ရန်ကုန် ပြန်တက်မယ် သွားကြရအောင် ”
ဆိုပြီးလာခေါ်လို့ ကျောပိုးအိတ်လေး လွယ် ပြီး မော်တော် ပေါ် တက်လာခဲ့ ရပါတော့မယ် မော်တော် ထွက်ခါ နီးတော့ တံတားပေါ် မှာ ရွာလည်ကျွတ်နီးပါး လာပြီး နှုတ်ဆက် လက်ပြ ကြတာကို မော်တော် ပေါ်ကနေ ပြန်လက်ပြရင်း ကြည်ဆိပ် ရွာကလေး ဟာ ကျွန်တော့် ရဲ့ အမြင် အာရုံမှာ တဖြည်းဖြည်း သေးငယ် မှုန်ဝါး ပျောက်ကွယ် ပြီး ကျန်နေခဲ့ပါတော့တယ် ...
ဒီခရီးလေး နဲ့ ရွာသူ ရွာသားတွေရဲ့ ရိုးသားဖြူစင်မှု တွေ ခင်မင် ဧည့်ဝတ်ကျေပွန် မှုတွေ ကိုတော့ ကျွန်တော့ ဘဝ တစ်သက်မှာ ဘယ်သော အခါ မှ မေ့ပျောက်အောင် လုပ်နိုင်စွမ်း မရှိတော့ပါဘူး..။

ရိုးတစ်လျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပဒူ
အရွက်ချွန်း ကန်စွန်း ပုဇွန်စာနဲ့
လွန်တရာ ကညို့ပေါတယ်
တောဖြစ်လို့ထူ

Tuesday, January 27, 2009
//
အမ်ိဳးအစားက:
Travel
//
11
ယောက်ကဒီလိုမြင်တယ်
//
About Me
- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)