ဒီပိုစ့်လေး ရေးဖြစ်တဲ့ အကြောင်း ကတော့ ကျွန်တော် ပိုစ့်တွေ မတင်ပဲ ဘာလို့ပျောက်နေတာလဲ ဆိုတာလေး ပြောရင်း လာရောက် ဖတ်ရှုသူတွေ ကို ဘလော့ဂ် ကို ဒေါင်းလုဒ် ဝိတ် ဘယ်လောက်လေး နေပြီလဲ ဆိုတာ စစ်လို့ ရတဲ့ ဆိုဒ်လေး တစ်ခု လဲ ပေးချင်လို့ပါ တော်တော် လေး အဖိုးတန်ပါတယ် ..။
ပြီးခဲ့တဲ့ လကုန်လောက်က ဆိုင်ပိတ်ခါ နီးတုန်းကတော့ အတွေးထဲမှာ က ငါတော့ အေးဆေးနားရပြီ ဘလော့ဂ်လေး ကို ပိုစ့်တွေ တင်မယ် ဘလော့ဂ် တွေလည်မယ် အိမ်မှာပဲ ကွန်ပြူတာ တစ်လုံးနဲ့ ကမ္ဘာပတ် ပြီး လျှောက်လည် မယ်လို့ စဉ်းစားထားတာပဲဗျ.။
ဒါပေမယ့် အခွင့်အရေး ကမရပါဘူးဗျာ..
အခွင့်အရေး မရဘူး ဆိုလို့ ကွန်ပြူတာနား မနေနိုင်လို့ လားလို့တော့ မထင်လိုက်ပါနဲ့ တစ်နေကုန် တစ်ညလုံး နေ့စဉ်ရက်ဆက် ဆိုသလို မနက် မိုးလင်း ၆ နာရီ ၇ နာရီ လောက်မှ အိပ်ရတယ် ပြီးတော့လဲ ၁၀ နာရီ ၁၁ နာရီ လောက်ကျ တော့ပြန်ထပြန်ရော.. မျက်နှာသစ် ကော်ဖီသောက် ပြီးတာနဲ့ ကွန်ပြူတာရှေ့ တစ်နေကုန် အစားအသောက်တောင် သူငယ်ချင်းတွေကို လမ်းက ဝယ်လာခဲ့ပေးဖို့ ပြောပြီး မှာစား ရတယ် ဟီး..။
ဘာတွေ အလုပ်ရှုပ်နေလဲ ဟုတ်လား ?
ဒီလို အလုပ်ပိတ်ပြီး နောက်တစ်နေ့ ကျွန်တော်လုပ်ထားတဲ့ မန်ယူဖိုရမ် နဲ့ သရဲနီတို့ပျော်စံရာ ဘလော့ဂ် လေး ကို ပစ်ထားတာ ကြာပီ ဆိုတော့ ဖိုရမ်ကတော့ မော်ဒီရေတာ တွေနဲ့ လည်ပတ်နေတယ် ဘလော့ဂ် က ပိုစ့်မတင် တာကြာပေါ့ ဒီတော့ နီးစပ်ရာ သတင်းလေးတွေ လိုက်ဖတ်ရင်း ပိုစ့်တွေတင်ပေါ့ဗျာ..။
နောက်တော့ ကျွန်တော် ကလဲ ကလိတာ အလွန်ဝါသနာ ပါတဲ့ကောင်ဆိုတော့ ဘလော့ဂ် လေးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် တန်းပလိတ်လေး ပြောင်းအုံးမှ ဆိုပြီး လုပ်ပါလေရော အဲဒါက သိတဲ့ အတိုင်း တန်းပလိတ်ရှာ ပြောင်း ဟိုဟာလေးထည့်ဒီဟာလေး ထည့် ဘန်နာလေး ကိုလဲ ဖလက်ရှ် ကလေးနဲ့ အစစ အရာရာ ပြိုင်ဘက် ဘောလုံး ဖန် ဘလော့ တွေထက်သာအောင် လုပ်လိုက်ရတာ လူ့ကို တော်တော်လေး မောသွားတယ်..။
တစ်ဖက်မှာလဲ ဖိုရမ်အတွက် ပိုစ့်တွေ မှာ အပြုံးလေး တွေ ထည့်ပေးပါဆိုလို့ ပြေးထည့်ပေးရ ဘောလုံးပွဲ သတင်း တင်ရ ကြော်ငြာ အားနည်းနေလို့ ဘလော့ဂ်တွေ လိုက်အော် ရနဲ့ မိုးလင်းလာတာ တွေ့လို့ တာဝန် အရသာ အိပ်လိုက်ရတယ် လူက နောက်ဆံတင်းပြီး ကောင်းကောင်းတောင် အိပ်မပျော်ချင်ဘူး..။
နောက်တော့လဲ ဘောပွဲ ဟိုက်လိုက်လေးတွေ တင်ပေးဖို့ကလဲ Youtube က ဘောပွဲတွေ ကို မူပိုင်ခွင့်နဲ့ ငြိတယ် ဆိုပြီး တင်ခွင့်ကမပေး တစ်ခါ ဘယ်မှာ အပ်လုဒ် တင်လို့ ရမလဲ ရှာရ ပြန်ကော ရတဲ့ ဟာတွေ့ ပြန်တော့လဲ ဖိုရမ် မှာကလဲYoutube ကုဒ်တွေ ပဲ ထည့်လို့ ရအောင် လုပ်ထားတော့
အဲဒီ တင်လိုက်တဲ့ ဆီက embed ကုဒ်တွေ ကိုထည့်ဖို့က ကြိုးစားရပြန်ကော ဒီလိုနဲ့ပဲ လုံးလည် ချာလည် လိုက်ပြီး နေ့နဲ့ညတွေကလဲမှား..။
နောက်နေ့တွေလဲ သရဲနီ ဂျီမေးလ် ဖွင့်ထားပြီး အက်ဒ်လာတဲ့ မန်ယူဖန်တွေကို လက်ခံရ စကားပြောပြီး ဖိုရမ် မှာ ဝင်ဆွေးနွေးဖို့ ဘလော့ဂ်မှာလဲ ပိုစ့်တွေ တင်ဖို့ စည်းရုံးရေး ဆင်းရင်း နဲ့ အင်း ငါတော့ အတော်လေး လုပ်သင့်တာလေး တွေ လုပ်ပြီး သွားပြီ နားရတော့ မယ် ထင်နေတုန်း ဟော လာပါပြီဗျာ ..။
တူတော်မောင် သူ့ကို ဘလော့ဂ် လုပ်ပေးထားတာ တစ်နှစ် နီးပါးရှိတော့မယ် ပိုစ့်နှစ်ပုဒ် တင်ပြီး ပစ်ထားလို့ ကိုယ်လဲ သူ့အတွက် လုပ်ပေးနေတဲ့ တန်းပလိတ် ကို တန်းလန်းကြီး ပစ်ထားလိုက်တယ်
အဲဒါက အခုမှ ဇာတ်လမ်း ပြန်ဆက်ပြီ သူလဲ အလုပ်ကနား ကွန်ပြူတာလဲ ကိုယ်ပိုင်ဝယ်လိုက်တယ် ဆိုတော့ ဘလော့ဂ် လေးကို ပြန်လုပ်ချင်လာရော ဒီတော့ ဦးလေး ဖြစ်သူ ကျွန်တော့ ကိုပဲ လုပ်လက်စ လေး လက်စသတ် ပေးပါ ဟိုဟာလေး လိုချင်တယ် ဒီလိုမျိုးလေး ထည့်ပေးပါ ဆိုပြီး အလုပ် အပ်ပါလေရော ဒါနဲ့ လုပ်ပေါ့ ညလုံးပေါက်. ...။
မနက်မိုးလင်း တော့တူတော်မောင် စိတ်တိုင်းကျအောင် နဲနဲ ပါးပါး ဟိုရွှေ့ဒီရွှေ့လေး တွေလုပ်ပေးပြီး မန်ယူဘလော့အတွက် သတင်းတွေစု ဗွီဒီယိုတွေ တင်နဲ့ ငါ့ အလုပ်လေးတွေ အပြီးသတ်တော့မယ် ဒါဆို ငါတော့ ငါ့ဘလော့ဂ် အတွက် ပိုစ့်ရေးလို့ ရပြီ ထင်နေတုံး ...
"ဝေးးးးးးးးးးး ချစ်ကိုကြီး နေကောင်းလား "
ဘာလား ညာလား တွေနဲ့ ဂျီတော့ ထဲကနေ ဝုန်းဒိုင်းကျဲ ပြီး ဝင်လာတာကတော့ ညီမတော် တစ်ယောက်
နောက်တော့လဲ ဘာပြောလဲ ဆိုတော့ ...
"ညီမလေး ဘလော့ဂ် ကလေ ဂတုံး ကြီးဖြစ်နေတယ်"
"ဟမ်..!! ဘာလဲ ဟ ဂတုံး ကြီး ဘလော့ဂ် ကတုံးကြီး ဖြစ်တာ ဘယ်လိုကြီးတုန်း"?
"ဟိုလေ သူများ ဘလော့ဂ် တွေလို ခန့်ခန့်ငြားငြား မရှိဘူး ပြောင်ချော်ချော် ကြီး ဖြစ်နေတယ် .... အဲဒီတော့ ထုံးစံ အတိုင်း အကိုကြီး ရဲ့ ညီမလေး မျက်နှာငယ်နေမှာ ကို ကြည့်မနေနဲ့နော် ညီမလေး လိုချင်တာ တွေ ထည့်ပေးပါ အိမ်ပြင်မယ်"..။
ဘန်နာက စာလုံးတွေ မှိန်နေတယ် !! ဟိုလေ ဘယ်နိုင်ငံတွေက လာတယ် ဆိုတဲ့ ကောင်တာလေး လဲ ထည့်ပေးနော် အင်းနောက်တော့ ကြော်ညာလေးတွေလဲ ထည့်ချင်တယ် နောက် နာရီလှလှလေး လဲ ရှာပေးနော် နောက် .. နောက်... နောက် ..................။
ဒါနဲ့ ကဲ ဒီတစ်ယောက်တော့ အမြန်လုပ်ပေးလိုက်ပြီး ရင်တော့ ငါလဲ နားအေး ပါးအေး စာလေး ရေးလို့ ရမယ်လေ ဆိုပြီး လုပ်ပေးလိုက်တယ် အမြန်ဆိုပေမယ့်လဲ သိတယ် မဟုတ်လား ဒါမျိုးဆိုတာက ရှာလိုက်ဖွေလိုက် ထည့်လိုက် နဲ့ ဆေးသုတ်ရုံလောက် တောင် တစ်ရက် နှစ်ရက် ကအနည်းဆုံး ကြာတာပဲ..။
ကဲ ဒါနဲ့ပဲ အားလုံး ပြီးသွားပါပြီ ညီမလေး လဲ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွား ပြီ ဆိုတော့ ကဲ စမယ်ဟေ့ လို့တွေးနေတုန်း...။
နောက်ထပ် တစ်ယောက် ဂျီတော့ ထဲ ကနေ ဝုန်းဒိုင်း ကျဲ ဂျွန်းထိုး ဒိုင်ဗင် ပစ်ပြီး ဝင်လာပါတော့တယ်..။
သူက အစတော့ အေးဆေးပဲ..... ဝေါ့ပရက်စ် လုပ်ချင်တယ် တဲ့ ..
ဒါနဲ့ ကျွန်တော်လဲ ... "အေး ရော့ ဟောဒီမှာ ဝေါ့ပရက်စ် လုပ်နည်း စာအုပ် မြန်မာလိုပဲ ရေးထားတယ် ဖတ်ပြီး တစ်ဆင့် ချင်း အေးဆေးလုပ်ကြည့်"....။
"ဒါပေမယ့် တစ်ခုတော့ ရှိတယ် ဝေါ့ပရက်စ်ပြောင်းမှာ သေချာတယ် ဆိုရင်တော့ ငါ ဒီ ဂျီတော့ ကို ဘယ်တော့မှ မဖွင့်တော့ဘူး"... လို့ပြောလိုက်တယ်..။
"ဗျာ"!! "ဘာဖြစ် လို့လဲ ဆရာရဲ့"?
"ဟင် မင်းဒီလောက် ဘလော့ဂ် စပေါ့လေး လုပ်တာတောင် ရွာလည်နေတာကို ဝေါ့ပရက်စ် သွားလုပ် ရင်ငါဂျီတော့ ပေါ်တက်လာတိုင်း အအားနေရမှာ မဟုတ်ဘူး"..။
ဒါနဲ့ ကိုယ်တော်ချော လဲ ဝေါ့ပရက်စ် စာအုပ်လေး ရသွားပြီး ငြိမ်သွားတယ် နောက်မကြာပါဘူး သုံးလေးနာရီ လောက်လဲ ကြာရော ......၊
"ဘာတွေ ရေးထားတာလဲဗျာ စာအုပ်က လဲ ရှင်းအောင် လိုက်ရေးထားလွန်းလို့ နားကို မလည်တော့ဘူး ဗျာ"
ဆိုတဲ့ စကားလုံးတွေ နဲ့ လိုင်းပေါ်ပြန်တက်လာပါတယ်..။
ပြီးတော့မှ .. "လုပ်နည်း တောင်ဒီလောက် ရှုပ်နေရင် ကျွန်တော်လဲ မလုပ်ချင်တော့ ပါဘူးဗျာ သူများတွေ ဝေါ့ပရက်စ် ပြောင်းမယ် ပြောင်းမယ် ပြောကြလွန်းလို့ ခေတ်မှီအောင် ပြောင်းရင် ကောင်းမလားလို့ စဉ်းစားတာပါ..။
ခုတော့ ဘလော့ဂ် လေးပဲ အိမ်အသစ်ပြန်ဆောက်တော့မယ် ဆရာ အရင်ပြောထားတာ ရှိတယ် မဟုတ်လား ဆောင်းတွင်း အလုပ် ၂ လ နားရင် ကျွန်တော့် ကို သိချင်တာ လုပ်ချင်တာပြော လုပ်ပေးမယ် လို့ ပြောထားတယ်လေ အခု တော့ အလုပ်ပိတ်တာ တစ်ပါတ် လောက်တောင် ရှိပြီ တစ်ခါ မှ အားတယ် မပြောဘူး..။
အခု ဝေ့ါပရက်စ် လဲ မပြောင်းချင်တော့ဘူး ဆိုတော့ တန်းပလိတ်ပြောင်းပေး ကျွန်တော် ဒေါင်းထားပြီး သားတန်းပလိတ် ရှိတယ် ပို့လိုက်မယ်"..။
"ဟေ့ ... ငါ တစ်ကယ်ပြောတာ မအားဘူး ဟ"
"အော် ဆရာက ကောင်မလေး တွေကျ လုပ်ပေးပြီး ကျွန်တော့် ကျ မလုပ်ပေးချင်ဘူးပေါ့လေ ရပါတယ် ဗျာ"..။
"တိန်"
သေပြီ ဒီကောင် တော်တော်ဆိုးတဲ့ ကောင်ပါလား ဒီကကောင်ကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိ သူပြောချင်တာ သူလုပ်ချင်တာတွေချည်း စွတ်ပြောနေသည် မအားဘူး ပြောပြန်တော့လဲ လူူကို ဘက်လိုက်သလိုလို ဘာလိုလို..။
ဒါနဲ့ ထုံးစံ အတိုင်းပဲ ကဲ မြန်မြန်ပြီး မြန်မြန်အေး ကွာ ဆိုပြီး သူပို့ပေးလိုက်တဲ့ တန်းပလိတ် တွေ ကြည့်လိုက်တော့ လားလား ကိုယ်တော်ချော ဒေါင်းထားတာတွေက အကုန် ဝေါ့ပရက်စ် အတွက်ချည်း ဖြစ်နေတယ်
..။
ဒါနဲ့ ..."ဟေ့ ဒါတွေ ကမရဘူး ဟ ဝေါ့ပရက်စ် အတွက် လို့"ပြောတော့ ကိုဂျပန်မူလီက အရစ်ကရှည်နေပြန်ရော ဘာလို့မရတာလဲ မတူဘူးလား ဘာလား ညာလားနဲ့ အလုပ်လုပ်ချိန်မရ သူမေးတာတွေ ချည်းဖြေနေရမဲ့ ပုံ ပေါက်နေ ရော...။
ပြီးသွားတော့ .."ဘလော့ဂ်တန်းပလိတ်က ဘယ်မှာရှာရမှာလဲဗျ"?
"ကဲ ရော့ ဟောဒီမှာ လိပ်စာ ကိုယ့်ဖာသာ ကြိုက်တာရွေး ရရင ်လင့်ပေး ငါ ဒေါင်းပြီး တန်းပလိတ် ချိန်းလိုက်မယ်"
ဒါပေမယ့် ခဏပါပဲ
"ဆရာက ပြောင်းမယ့်လူဆိုတော့ ဘာလေး အဆင်ပြေမလဲ ဆိုတာ ပိုသိမယ် ဒီတော့ ဆရာပဲ ကြည့်ရွေးလိုက်ပါ ကျွန်တော် အပြင်ခဏသွားလိုက်အုံးမယ် " ပြောပြီး ပျောက်သွားပါလေရောဗျား ..။
ဒါနဲ့ ကျွန်တော်လဲ သူကဝေါ့ပရက်စ် အားကျနေတယ်လေ ဆိုပြီး ဝေါ့ပရက်စ် စတိုင်လေး ရှာဖွေ ပြီး တန်းပလိတ်ပြောင်းမယ် လုပ်မှ သတိရလာတယ် ဘေးကဆိုဒ်ဘားတွေ ကုဒ်တွေယူထားရအုံးမှာပဲ ဆိုတာ အဲဒီအချိန် မန်ယူပွဲကလဲ လာခါနီးနေပြီ ဒီတော့ ပွဲကြည့်ပြီး ပိုစ့်တွေ ဗွီဒီယိုတွေ ပြန်တင်ရအုံးမယ် ဆိုတော့ သကောင့်သားကလဲ ပေါ်မလာ တော့ ဒုက္ခနဲ့ လှလှ တွေ့နေပြီပေါ့..။
ဒီအချိန် ကံကောင်းထောက်မစွာ ပဲ ဘိုးဘိုးအောင်က ပြန်ပေါ်လာပါတယ် .။
"ဆရာ ပြီးပြီလား"?
အင်း မေးပုံကတော့ သူ့အတွက် ထမင်းစားရေသောက် ပုံစံနဲ့ အလွယ်တကူ မေးရက်လိုက်လေခြင်း..။
"ဟေ့ ပြီးသေးဘူး ဆိုဒ်ဘားက ကောင်တွေ ပြန်ထည့်ဖို့အတွက် မင်းကုဒ်တွေ ကူးထားလိုက် ငါဘောလုံးပွဲ လာတော့မယ် ပွဲပြီးမှာနဲ့ မင်းကုဒ်တွေ မှတ်ပြီးမှာနဲ့ အတော်လောက်ပဲ "
အာ တစ်ခါထဲ ပြီးအောင်လုပ်လို့ မရဘူးလားဗျ ? မြန်မြန်လေး လုပ်ပေးပါ တစ်ခါထဲ ပြီးသွားတော့ ကောင်းတာပေါ့ ဗျ..
ကိုယ့်ဖာသာကို လည်ပင်းကြိုးကွင်းစွပ် ရမလား တိုက်ပေါ်က ခုန်ချ လိုက်ရင် ကောင်းမလား လမ်းထိပ် ထွက်ပြီး ရိုင်း မြစ် ကြီးထဲ ကျောက်တုံးဖက် ပြီး ဆင်းသွား ရမလား မသိနိုင်လောက်အောင် စိတ်ညစ်သွားမိတယ်ဗျာ.
"အေးပါ ငါလဲ အမြန်ပြီးချင်တာပဲ ဒါပေမယ့် ကိုယ့်အသင်းဘောပွဲ ရှိတဲ့နေ့ ငါက ဘောပွဲ မကြည့် ပိုစ့်မတင်ပဲ လုပ်ပေးရမှာလား နဲနဲလဲ အားနာပါအုံး. ဆရာလေးရဲ့"..။
"ဟီး ဟီး ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ကျွန်တော် ကုဒ်တွေ ကူးထားလိုက်မယ် ဘောပွဲက ဘယ်တော့ပြီးမှာလဲ ဒီနေ့တော့ ပြီးအောင်လုပ်ပေးနော်"..။
ဒီလိုနဲ့ပါပဲ ဘောပွဲပြီးတော့ ပိုစ့်တင် ဘာညာ လုပ်ပြီး တန်းပလိတ် ထည့်လိုက် ပါတယ်..။
ဒါနဲ့ပြီးမယ် ထင်ပါသလား ဒီလို ထင်ရင် မှားသွား မှာပေါ့..။
ထုံးစံ အတိုင်း မုန့်ဟင်းခါး ပြီးတော့ အရည်သောက်လေး တွေက နောက်က ကပ်ပါလာပါပြီ..။
"ဟို ဘန်နာလေး ပြောင်းချင်တယ် ရီဆန့်ကွန်မန့်လေး ထည့်ပေးပါ စီဗောက် ကြီးကြီးလိုချင်တယ် ပိုစ့်ခေါက်တာပါ တစ်ခါထဲ လုပ်ပေးနော်"
ဆိုတဲ့ အမှာ စကားတွေ တစ်လှေကြီး ချွေပြီး အမျိုးကောင်းသားက စက်တော်ခေါ်သွားပါပြီ ဒါနဲ့ ကျွန်တော်လဲ ပရီဗျူးကြည့် အိုကေပြီဆိုတာနဲ့ ဆေ့ဖ် လုပ်ပြီး ဖိုရမ်မှာ လူသစ်တွေ ဝင်လာတာကို နုတ်ဆက် ပိုစ့်တွေ ရီပလိုင်းပြန် နဲ့ မိုးလင်းသွားပြန်ပါလေရော..
အိပ်ရာထပြီးတော့ ကိုယ်လက် သန့်စင် ပြီး ဘလော့ဂ်ကို အဆုံးသတ် လိုတာလေး တွေ ထည့်ပေးမယ် ဆိုပြီး ဖွင့်ကြည့်လိုက်ရော
အီးးးးးးးးးးးးးးးးးးးး
နေဗီဂေးရှင်းဗားပေါ်က အတုံးတွေကော အဲဒီတန်းပလိတ်ထဲပါသမျှ နောက်ခံ ဘက်ဂရောင်း အတုံးတွေ အကုန် မရှိပဲ ဘလော့က ပြောင်ချော်ချော် နဲ့ ဘယ်လိုဖြစ်တာပါလိမ့် ဆိုပြီး ပုံတွေရဲ့လင့်တွေ လိုက်ကြည့်တော့ သူတို့က ရှိတော့ရှိနေတယ် ဒါပေမယ့် လင့်တွေက support မလုပ်ဘူးဖြစ်နေကော ဒါနဲ့ အဲဒီနောက်ခံ တွေ ပုံပေါင်း ၂၀ လောက်ကို ကူး ပြီးတော့ တစ်ခါ အပ်လုပ်ဒ် ပြန်တင် ရလာတဲ့လင့်တွေ ကို သူ့နေရာနဲ့သူ အစီအစဉ် တကျ ပြန်ထည့် နဲ့တစ်နေကုန်ပါလေကော ကြားထဲ ကိုယ်တော်ချောက မပြီးသေးဘူးလား ပြီးရင် ဟိုဟာလေး မမေ့နဲ့နော် ဒီဟာလေးလဲ လုပ်ပေးအုံး ဆိုပြီး သတိက လာလာပေးနေသေးတယ်...။
ဒီလိုနဲ့ပဲ အားလုံး ပြီးသွားတယ် ဆိုပါတော့ဗျာ ..။
အဲဒီတော့မှ လူလဲ သက်ပြင်းကြီး ချပြီး ရုပ်ရှင် တစ်ကားလောက် ကြည့်ပစ်လိုက်တယ်..။
ပြီးသွားတဲ့ အချိန်လဲ ရောက်ကော ကွန်ပြူတာရှေ့ပြန်ထိုင်ရင်းနဲ့ ပိုစ့်တင်ဖို့ စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့ မရပဲနဲ့ဟိုအရင် တန်းပလိတ် လေးခု ပြင်လိုက်တာ မှာ ရှာရဖွေရနဲ့ တွေ့မိတာလေး တွေ ကခေါင်းထဲ မှာ ရောက်နေတယ် အဲဒါကတော့ ဝေါ့ပရက်စ်မှာ တစ်ချိ့တန်းပလိတ် တွေမှာ သုံးတဲ့ ဆလိုက်ဘားပဲ သူက နောက်ဆုံးတင်ထားတဲ့ ပိုစ့်လေးတွေ က ဆလိုက်ရှိုးလို မျိုးလေး ပိုစ့်က ဓါတ်ပုံ လေးတွေ ပိုစ့်ရဲ့ အစစာလုံးလေး တွေ ခေါင်းစဉ် လေးတွေနဲ့ပေါ်နေတာ အဲဒါကို ကျွန်တော် အသဲ အသန် လိုချင်နေတယ် ဒါပေမယ့် ဘလော့ဂ် စပေါ့မှာ က မလွယ်ဘူးလေ...။
ဒါပေမယ့် သုံးရက်လောက် စမ်းဖို့လုပ်ထားတဲ့ ဘလော့သုံးခုလောက်ပျက်သွား နေ့မအိပ် ညမအိပ် ရူးကြောင်ကြောင်ဖြစ်အောင် စမ်းပြီး သွားတဲ့ အချိန်မှာ အောင်မြင်သွားတယ်ပေါ့ဗျာ..
ဒါနဲ့ ကိုယ့်ဘလော့ဂ် မှာထည့်ပြီး သွားတဲ့ အချိန်မှာ ဖလက်ရှ် ဘန်နာနဲ့ ကျန်တဲ့ တိုလီမိုလီတွေနဲ့ ဆိုတော့ နဂိုကမှ ကိုလင်းထက် ဘလော့ဂ် အရမ်းလေးတယ် ဆိုပြီး ချစ်ပါတယ် ခင်ပါတယ် ဆိုတဲ့ ညီတွေ ညီမတွေက အကိုကြီးက ပိုစ့်မှ မတင်တာကို ဒါကြောင့် မလာတာပေါ့ လို့ အပြောခံနေရတဲ့ ဟာ အခုတော့ ပိုဆိုးပြီ ထင်တယ် ဆိုပြီး ဘာလုပ်ရမလဲ နည်းလမ်းလိုက်ရှာ ရတော့တာပေါ့ ..။
အဲဒီမှာ အမှတ်မထင် တွေ့လိုက်တာလေး ကို အခု ပိုစ့်ကို အချိန်ကုန်ခံ မျက်စိအညောင်းခံ ပြီး လာဖတ်တဲ့သူတွေ အတွက် လက်ဆောင်ပေးလိုက်ပါမယ်..။
သင်တို့လဲ သွားစမ်းလိုက်ကြပါနော်..သူက ဘာတွေ စွမ်းဆောင်ပေးနိုင် သလဲ ဆိုတော့ သူ့ ဆိုဒ်ကို ရောက်ပြီ ဆိုရင် ဘာမှ လုပ်စရာမလိုပါဘူး အကိုတို့ အမတို့ ညီတို့ညီမ တို့ရဲ့ ဘလော့ဂ် လိပ်စာ ကိုထည့်ရိုက်ပေးလိုက်ရုံပါပဲ..ပြီးရင် ရိုဘော့လား လူလား စစ်တဲ့ ဆေ့ဖ်တီး ကုဒ်လေး တွေ အပေါ်မှာ ပြထားသလို အကြီးအသေး ထပ်တူရိုက်ထည့် ပေးပြီး ရင်တော့ သူက စစ်ပါပြီ ပေးလိုက်တဲ့ လိပ်စာရဲ့ ဒေါင်းလုပ်လုပ်ရမှာ ကြာချိန်တွေ ဘယ် css တွေများနေတယ် ဘယ် HTML ကဖြစ့် အန္တရယ် ဖြစ်လောက်အောင် များနေတယ် အို ကုန်ကုန်ဗျာ သင့် ဘလော့က ကျော်လွန်နေတဲ့ ဟာတွေကို သူက အကုန် လိပ်စာနဲ့ နာမည် နဲ့ တကွ ပြမယ် အဲဒါလေး တွေကို ကိုယ့်ဖာသာချင့်ချိန်ပြီး မရှိမဖြစ် အရေးပါတဲ့ Java နဲ့ပုံတွေလောက်ပဲ ထားမယ် ဆိုရင်တော့ သင့်ဘလော့ဂ်လေး ဟာ လူတိုင်းအလွယ်တကူ ဖတ်ရှုနိုင်မယ် ဖြစ်ပါကြောင်း နားရက် ၁၅ ရက်လောက် ပျောက်သွား ရတဲ့ အကြောင်းလေး ရင်ဖွင့်လိုက်ပါတယ် ဗျာ..။
ဟောဒီမှာ ဒီမျှားပုံလေး ကို နှိပ်ပြီး
တော့သာ ကိုယ့်ဘလော့ဂ် ရဲ့ Loading ဝိတ်တွေ ဘယ်လောက် များနေပြီလဲ ဆိုတာ သွားရောက် စမ်းသပ်ပြီး ထွက်လာတဲ့ အဖြေကို ကြည့်ပြီး သူတွက်ချက်ပေးလိုက်တာ လေးတွေကို ကြည့်ပြီး ဝိတ်လျှော့ ကြပေတော့ဗျို့ အားလုံးပဲ ပေါ့ပါးသွက်လက်တဲ့ ဘလော့ဂ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ..။

Wednesday, January 21, 2009
//
အမ်ိဳးအစားက:
General
//
7
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
7 ယောက်ကဒီလိုမြင်တယ် to "၁၅ ရက်ပျောက်သွားတဲ့ ပိတ်ရက်များ..။"
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။
Followers
€€€€€€€€€€€€€€€€€€€€€€€€€€€€
ထွေရာလေးပါးပြောကြမယ်
Blog Archive
- June (1)
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)
Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Office Activator
(1)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(19)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)
BLACK DREAM says:
ရေးထားတာတွေကလည်း များပါ့...။ ပြောရမှာတွေကလည်း များတယ်...။ ဘယ်က စပြောရပါ့....။ ပထမဆုံး...။ သနားပါတယ် ဟိ...။ အလုပ်ပိတ်ရက်မှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖူးဖြစ်သွားတယ်ပေါ့ :P။ ဒုတိယ....။ တော်တယ်ဗျာ ကိုယ့်အစ်ကိုမို့ ကိုယ်ပြောတာမဟုတ်ဘူး အစ်ကိုလုပ်ပေးလိုက်တဲ့ အိမ် လေးလုံးစလုံး တော်တော်မိုက်တယ်... ကောင်လေး အိမ်ကိုတော့ အကြိုက်ဆုံးပဲ။ တတိယ...။ လင့်ကလည်း တကယ့်ရှယ်လင့်ပဲ...။ အလေးစားဆုံးကတော့ Wordpress Slideshow ကို Blogspot မှာရအောင် ထည့်ပြလိုက်တာပဲ Myanmar HelpDesk ကလူတွေတွေ့ရင် ကိုယ့်ကိုယ်ကို သတ်သေကုန်တော့မှာပဲ...။ တကယ် သေလောက်တယ်...။
Anonymous says:
ငှီးငှီးငှီး ဒီလောက်တော့ ဒုက္ခခံရပေမပေါ့ဗျာ ငယ်နာမည်ကိုက
မောင်ရစ်တဲ့ ဘာမှတ်လဲ ငွီးငွီး။
ကျန်သေးတယ် စာခေါက်ဖို့ မြန်မြန်လုပ်ပေးပါ...
မွန် says:
အင် တူတူလေးအိမ်ကရှယ်ပဲဆိုပါလား ဘာသဘောလဲ ဟွန်းးးး
ပူဆာတဲ့လူတွေထဲမှာ မွန်အလိမ္မာဆုံးပဲ ရစ်လဲမရစ်ဘူး ဘာပဲလုပ်ပေးပေး ဂျီးလဲမများဘူး နော်
အဲဒီဆလိုက်ရှိုးကို ထည့်ပေးပါဆို အဲဒါ ဘလော့စပေါ့မှာမရလို့ဆို အခုရပြီဆိုတော့ လာထည့်ပေးတော့လေ
ပြီးတော့ နတ်သမီးလည်တဲ့အိမ်ဆိုတဲ့ အဲဒီဟာက အခုသေနေပြီ ဘာမှပေါ်တော့ဘူး လာလုပ်ဦး
khin oo may says:
ကုန်ဆုံးသွားတဲ့ အချိန်တွေ အတွက် သက်ပြင်းချသွားတယ်။
Apprenticeship says:
အင်း အလုပ်ရှုပ်မှာ စိုးလို့မလဲတော့ဘူးနော်... အသစ်လိုချင်ဘူး။ အဟောင်းလေးနဲ့ပဲနေတော့မယ် :P
ကောင်လေး says:
ဦးရီးတော်ကြီးတစ်ယောက် ပင်ပန်းသွားပြီပေါ့တကား...။
ကျန်သေးတယ် တူလေးဘလော့ ထပ်ထည့်ချင်တဲ့အိုင်ဒီယာတွေ ရှိသေးလို့ ဦးရီးတော် အနားကောင်းကောင်းယူပြီးမှပြောပြတော့မယ်...။
မိုးသောက်ယံ says:
haha သာကောရဲ့ စာဖတ်ပီး ကျနော်တောင် ရူးချင်ချင်ဖြစ်သွားတယ် .. မျက်လုံးကို အတော်ညိမ်အောင် ပြန်ဖမ်းလိုက်ရတယ် :P ကူညီပါကွယ် သူတပါးကို ကူညီချင်းဟာလည်း အောင်မြင်ရ၏တဲ့ .. ဟီးး :)