ရုဒက်ရှိုင်း ၂

ဟောဒီနေ့ကို အကျဉ်းချုံ့ပြီး သံခိပ်လုပ်လိုက်တဲ့အခါ
Bee Gees သီချင်းတွေသာ အနည်ကျ ကျန်ခဲ့တယ်

နေရောင်ဟာ မြင်ဖူးခဲ့သမျှ ဘယ် နေရောင်နဲ့မှ မတူဘူး
ကျိန်တွယ်ပြောလိုက်ပါရဲ့ ကိုယ့်မျက်စေ့ နည်းနည်းမှုံတုံတုံ

ဖြစ်နေတဲ့ကြားကပဲ မျက်နှာကျက် ပြူတင်းထဲ ခေါင်းထိုးစိုက်
ရာစုနဲ့ချီပြီး တည်ရှိခဲ့ပြီးသား အဆောက်အဦတွေရဲ့ ဦးခေါင်းပိုင်း

ပြတ်ပုံကို တောင်ကုန်းမို့မိုရဲ့ စိမ်းမှောင်မှုက အနားကွပ်ထားတာဟာ
အကြည့်ပြန်ရုတ်သိမ်းဖို့ ရုတ်တရက် မဖြစ်နိုင်သေးတာ မျှင်တန်းနေတဲ့

တိမ်ချည်ခင်စ လေးတွေ လူဝါးဝ ချင်တိုင်းဝ နေတဲ့ ကောင်းကင်ရဲ့ ပြာလွင်
မှု ‘ဒေါင်..’ ဆို ဒေါင်ကနဲ ‘ဒင်..’ ဆို ဒင်ကနဲ အားရပါးရ သိမ်းကြုံး မြည်ဟိန်း

သွားတဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံက ‘Farewell: Robin Gibb Fun-
eral’ ဆိုတဲ့ သီချင်းကို ပဲ့တင်ထပ်လိုက်တယ် အပြာရောင်လွှမ်းမိုးခြင်း ဖြစ်စဉ်ဟာ

အုံ့မှိုင်းတော့မယောင် မိုးသားတွေကို ဖယ်ရှားပြီး နေ၀န်းရဲ့ ချော်ရည်တွေကို
ရုဒက်ရှိုင်မြို့ကလေး တခွင်တပြင်လုံးပေါ် သွန်းလောင်းချ လိုက်တယ်

ရိရွဲပဲ့ပျော်ကျနေတဲ့ ဘ၀ဖြစ်တည်မှုဆိုတဲ့ စကားလုံးအဟောင်းအဆွေးရဲ့ အော်ဂလီ
ဆန်ဖွယ် မှိုနံ့ သိက္ခာတော်ရ တရားဟောဆရာတော်ဟာ စပျစ်ပင်တန်းတွေကြားမှာ

လှစ်ကနဲ ပျောက်ကွယ်သွားတယ် နောက် ၂ ရက်လောက် ဒါမှမဟုတ် လပိုင်းလောက်
ဒါမှမဟုတ် နှစ် အနည်းငယ် ကုန်လွန်သွားခဲ့ပြီးရင် အားလုံးဟာ လူသေကောင်တွေ စီတန်း

ထားသလို ဒါပေမယ့် ကံအားလျော်စွာ ဒီအခန်းကလေးထဲက ဘယ်မှ မထွက်ဖြစ်ပဲ ရိုင်းမြစ်
ရေစီးသံကို အာရုံနဲ့ပဲ နားထောင်ရင်း ဒီစာသား Text တွေ ကီးဘုတ်ပေါ် ရိုက်နှိပ်နေမိ။   

ခင်အောင်အေး
၂၃၊ သြဂတ်စ်၊ ၂၀၁၂ ရုဒက်ရှိုင်း၊ ဂျာမဏီ ၁၃း၁၇ နာရီ


0 ယောက်ကဒီလိုမြင်တယ် to "ရုဒက်ရှိုင်း ၂"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts