ဘလော့ လည်ရင်း သီချင်းသံ ပေါ်လာလို့ လန့်တတ်သူများ အတွက်


တစ်ခြား လူတွေတော့ မသိပါဘူး ကျွန်တော်တော့ လန့်ပါတယ် ဘာလန့်တာလဲ ???
ဘလော့ဂ် တွေ လည်ပါတယ် အဲဒီမှာ တစ်ချို့ ဘလော့ဂ် ပိုင်ရှင်များ သူတို့ ကြိုက်နှစ်သက်သော မြူးဇစ် ပလေယာများ ရေဒီယို ပလေယာများ ထည့်ထားတတ် ကြပါတယ် အဲဒီ ဘလော့ကို ဝင်လိုက်ပြီ ဆိုရင် သီချင်းသံ အကျယ်ကြီး ရုတ်တရက် ထွက်လာရင် ကိုယ်က ည လူခြေတိတ်ချိန် ဘလော့လည်လေတော့ ထွက်ပေါ်လာတဲ့ သီချင်းသံကြောင့် အမြန် ပလေယာကို လိုက်ရှာပြီး အရင် ပိတ်ရပါတယ် ပြီးတော့မှ ဟူးးးးးးးး ကနဲ သက်ပြင်းချပြီး စာကို အေးဆေး ဖတ်နိုင်ပါတော့တယ် အဲဒီလို ဖြစ်နေသူများ နှင့် ဘလော့ဂ်ပိုင်ရှင် များကို နှစ်ဦး နှစ်ဖက် အဆင်ပြေအောင် တွေ့ရှိတာလေး နည်းနည်း ဝေမျှ ပေးချင်ပါတယ်...
ဝေမျှပေးမယ့် အပိုင်းမှာ အလည်လာသူ အပိုင်း နဲ့ အိမ်ရှင် ဘလော့ဂါ အပိုင်း နှစ်ပိုင်း ခွဲပြီး တင်ပြပေးပါ့မယ်..

အိမ်လည်သူများ အတွက်....

အိမ်လည်သူတွေ မိုဇီလာ ဖိုင်းယားယောက်စ် သုံးစွဲပြီး လည်စေချင်ပါတယ် မြန်မာဘလော့ အများစုကလဲ ကျွန်တော်/ ကျွန်မတို့ ဘလော့သည် ဖိုင်းယားဖောက်စ် ဖြင့်ကြည့်လျှင် ပိုအဆင်ပြေပါသည် ဘာညာ သာရကာ တွေ တင်ထားတတ်ပါတယ်.. ကျွန်တော်လဲ တိုက်တွန်းပါတယ် ဘာကြောင့်လဲ ဆိုတော့ အခု ပြောမဲ့ အိမ်လည်သူများ အတွက်က ဖိုင်းယားဖောက်စ် နဲ့မှ အဆင်ပြေမှာ မို့လို့ပါ.. :P

ကျွန်တော်တို့ ဝဘ်ဆိုဒ်တွေ ဘလော့ဂ် တွေမှာ  Java script တွေ ads တွေနဲ့ ကြော်ညာတွေ ဗွီဒီယိုတွေ သီချင်းပလေယာ တွေ ထည့်ထားတတ်ပါတယ် အဲဒါတွေကို ဟန့်တားနိုင်ဖို့ အကောင်းဆုံး Firefox add on နှစ်မျိုး ရှိပါတယ်..  Adblock Plus ဆိုတာနဲ့ No Script ဆိုတာ နှစ်ခုပါ..

အဲဒီ နှစ်ခုမှာ ကျွန်တော်ကတော့ Adblock Plus ဆိုတာကို ပိုနှစ်သက်ပါတယ် ဘာလို့လဲ ဆိုတော့ သူက ကိုယ်လိုသလို စီမံလို့ ရလို့ပါ ကိုယ်လိုတာပဲ ပိတ်မယ် ကြည့်ချင်တာတွေကို ဖွင့်ထားမယ် အဲလို လုပ်လို့ ရပါတယ် ဒီတော့ ဝဘ်ဆိုဒ် တစ်ခုကို ဝင်လိုက်ရင် ဆိုဒ်ပိုင်ရှင်က ဘာပေးချင်လဲ အရင် ကြည့်ပါ ကိုယ်မကြိုက်တာတွေကို Block ပါ No Script ကတော့ အကုန် block ထားတော့ ဆိုဒ်ပိုင်ရှင် ဘာပေးချင်လဲ ဘာပြချင်လဲ ဆိုတာ မမြင်ရပြန်တော့လဲ ကိုယ် မမြင်လိုက်ရ မသိလိုက်ရတာတွေ ရှိလာနိုင်ပါတယ် ဒါကြောင့် Adblock Plus ကို ကျွန်တော် သဘောကျတာပါ ဒီတော့ Adblock Plus ကို ဒီနေရာက သွားထည့်ပါ.. ဒါကတော့ သူ့ သုံးစွဲရမယ့် Screenshots လေးတွေပါ...အောက်မှာ သုံးစွဲနည်း ဗွီဒီယိုလေးလဲ ပြထားပါတယ် ...


နောက် ဝဘ်ဆိုဒ် တွေ ဘလော့တွေထဲက သီချင်းပလေယာတွေ ဗွီဒီယိုတွေ အော်တို အသံတွေ ထွက်လာတာ တွေကို တော့ အောက်က ပုံမှာ ပြထားသလိုပါပဲ ပလေယာပေါ် မောက်စ်ကာဆာလေး တင်လိုက်ပါ ဒါဆို block ဆိုတဲ့ ခလုတ်လေး ပေါ်လာပါမယ် အဲဒါလေး နှိပ်ပေးလိုက်ရင် နောက် အဲဒီ ဆိုဒ်ကို သွားလည်ရင် အသံတွေ ရုတ်တရက်ကြီး မပေါ်လာတော့ပါဘူး..... ဥပမာ အနေနဲ့ မြန်မာ ဘလော့တွေမှာ အများဆုံး တပ်ထားတတ်တဲ့ ဟာလေး တစ်ခုနဲ့ ပြထားပါတယ်...


တစ်ခြား ဘာ ပလေယာ ဖြစ်ဖြစ် အဲလိုလေး သာလုပ်ပေးပါ လန့်ဖြန့်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်..

ဘလော့ဂ် ပိုင်ရှင်များ အတွက်..

မိမိက ဧည့်သည်များကို အိမ်လာလည်တဲ့ အချိန်မှာ စာလေး ဖတ်ရင်း သီချင်းလေး နားထောင် ပါစေတော့ရယ်လို့ စေတနာနဲ့ ဖြစ်ဖြစ် ကိုယ့်ဆိုဒ်လေးထဲ ဘယ်သူတွေလာလဲ စီဘောက်ထဲက နုတ်ဆက်စကားလေး ပြောရင်း သီချင်းလေး နားထောင်ရအောင် ဆိုပြီး ဖြစ်ဖြစ် တတ်ထားပေမယ့် လာတဲ့ ဧည့်သည် အနေနဲ့စိတ်အနှောက် အယှက် ဖြစ်တာမျိုး ဖြစ်တတ်လို့ သူနားထောင်ချင် မှ ခလုတ်လေး ဖွင့်ပြီး နားထောင်လို့ ရအောင် လုပ်ထားပေးတာဟာ နှစ်ဦး နှစ်ဖက် ပိုပြီး အဆင်ပြေမယ်လို့ အကြံပေးချင်ပါတယ် ဒီတော့ ဘယ်လို လုပ်ရမလဲ...

ရုတ်တရက်ကြီး သီချင်းတွေ ဗွီဒီယိုတွေ ထထ ပွင့်တဲ့ ပလေယာတွေမှာ ဟောဒီကုဒ်ကို သုံးထားတတ်ကြပါတယ်..

autostart="1" သို့မဟုတ် autostart="true"

အဲဒီကုဒ်လေးတွေကို ဟောဒီလို ပြန်ပြင်ပေးပါ..

autostart="false"

ဒါဆိုရင် ပလေယာက သီချင်းတွေ ရုတ်တရက် အော်တို မပွင့်လာတော့ပဲ နားထောင်ချင်သူများ ပလေး ခလုတ်နှိပ်မှ သီချင်းသံ ထွက်လာမှာ ဖြစ်တဲ့ အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြမှာပါ...။


PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။


7 ယောက်ကဒီလိုမြင်တယ် to "ဘလော့ လည်ရင်း သီချင်းသံ ပေါ်လာလို့ လန့်တတ်သူများ အတွက်"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts