ပင်ကွင်းငှက်အကြောင်းဗဟုသုတ - အရုပ်လိုလှတယ်၊ မတ်တပ်လမ်းလျှောက်တယ်၊ အအေးပိုင်းဇုံမှာ
နေတယ်နဲ့ပင်ကွင်း စာအုပ်တိုက် - ဒါလောက်ပဲ သိတယ် ဒါပေမယ့် ခပ်တည်တည် ကဗျာထဲ ထည့်ရေး
တယ် (ကဗျာဖတ်သူက ပင်ကွင်းငှက်အကြောင်း စာအုပ်စာတမ်းတခုခု အင်တာနက်ဝက်ဘ်ဆိုဒ် တခုခုမှာ အလွယ်တကူ ရှာဖွေဖတ်ရှုလေ့လာလို့ရတယ်လေ) ကဗျာထဲမှာတော့ ဗဟုသုတတွေ ဘာတွေရမလား
ဆိုတဲ့ မြော်လင့်ချက်မျိုး မထားအပ်ဘူးမဟုတ်လား ကဗျာဆရာက penguin ဆို p-e-n-g-q-u-i-n လို့
စာလုံးပေါင်းကို မြင်ယောင်လိုက်ရုံပဲ ကျန်တာသူ့အလိုလို ခင်ဗျာ့မှာရှိပြီးသား အတိုင်း စီးဆင်းလာမှာပဲ
ခင်ဗျားကိုယ်တိုင်ကော ပင်ကွင်းငှက် ပုံတွေ ဘာတွေ မြင်ဖူးရဲ့လား မြင်ဖူးပြီးသားဆိုရင်တော့ မဆိုးဘူးပေါ့
မဟုတ်ရင် ကဗျာဆရာက ပုံတွေ ဘာတွေ ရှာပြရအုန်းမယ် ကဗျာဖတ်တယ်ဆိုတာကလဲ ကဗျာဆရာ ဘာ
ရေးထားတယ် ဆိုတာ ဖတ်တာလား ကဗျာဆရာ ဘယ်လိုရေးထားတယ်ဆိုတာဖတ်တာလား ကဗျာနောက်
ကွယ်က (ဘုရားသခင် ဆိုသူသာသိမယ့်) တခုခု ကွယ်ထား လျှို့ဝှက်ထားတယ် ထင်တာကို လိုက်ရှာဖတ်
နေတာလား (ဘုရားရေ..ဘုရားသခင်လို့ ပြောမိသွားတယ်) delete လုပ်ရမှာ ပျင်းနေတဲ့ အချိန်နဲ့ တိုက်တိုက်
ဆိုင်ဆိုင်မို့ ဒီစာကြောင်းကို ခင်ဗျားတို့ ကံအားလျော်စွာ ဖတ်ခွင့်ရသွားတယ် ပင်ကွင်းတွေဟာလဲ ကံအားလျော်
စွာ အပူပိုင်းမှာ သတ္တဝါ လာမဖြစ်ကြဘူး ငှက်သတ္တဝါလို့ ပြင်ပြောရမတဲ့လား သူတို့လမ်းလျှောက်တဲ့အခါ ဘယ်
ညာ တလှည့်စီ လှမ်းတယ်လေ ဘယ်လိုလုပ်ပြီး ပုခုံးနှစ်ဖက်ကြားခေါင်းပေါက် ဘာညာ သရကာ အဲဒါ ထားစမ်း
ပါအုန်း ကံအားလျော်စွာ သူတို့ပုံ ပိုစတာကြီးတခု နံရံမှာ ပခုံးနှစ်ဖက်ကြား ခေါင်းသေးသေးလေးနဲ့ နှုတ်သီးချွန်
တခုစီနဲ့ နောက်ခံရေခဲပြင်က ကံအားလျော်စွာ ဖွေးဖွေးဖြူလို့ အကောင်ရေ ရေတွက်ကြည့်တော့ တချို့ကွယ်နေ
တချို့ သေးနေ တချို့ ပိုစတာ အပြင်ဘက်ရောက်သွားတာမို့ အတိအကျပြောဖို့တော့ခက်တာပေါ့ ကံအားလျော်
စွာ ပိုစတာက တခုထဲမို့ ထပ်လဲ ရေတွက်မနေရပဲ ပင်ကွင်းတွေနဲ့ချည့် ညည်းငွေ့နေရမယ့် အဖြစ်ကပါ လွတ်
မြောက်ရတယ် ဒီထက်ကံကောင်းတာက သူတို့ဖာသာ ဘယ်လို အစာရှာစားကြတယ်ဆိုတာ ရုပ်မြင်သံကြားမှာ
တခါတလေ လာတတ်တဲ့ အစီအစဉ်မှာကြည့်ဖူးထားတဲ့အတိုင်း ငါးကြော်တွေ ဘာတွေလဲ ကြိုက်မယ် မထင်ပါ
ဘူး ဒါကြောင့် စားပွဲပေါ်မှာ ပက်လက်လန်နေတဲ့ ဖဲ့လက်စ ငါးကြော်ပန်းကန်ကို အုပ်ဆောင်းနဲ့ မအုပ်တော့ပဲ
သူ့အတိုင်းထားလိုက်ပြီး မလှုပ်တဲ့ ပင်ကွင်းတွေကို မျက်လုံးအကြည့်ကျော့ကွင်းနဲ့ တစ်ကောင်ပြီးတစ်ကောင်
နောက်ထပ် တစ်ကောင်ပြီး တစ်ကောင် နောက်ထပ် တစ်ကောင်ပြီးတော့ နောက်ထပ်..။ ။
ခင်အောင်အေး
၂၉၊ ဇန်နဝါရီ၊ ၂၀၁၁ ဘန်ကောက် ၂၀း၀၂ နာရီ

Wednesday, February 2, 2011
//
အမျိုးအစားက:
poem
//
0
ယောက်ကဒီလိုမြင်တယ်
//
ဒါလေးတွေလဲ ရှိသေးတယ်
0 ယောက်ကဒီလိုမြင်တယ် to "တစ်ခါတုန်းက ကဗျာထဲမှာ ထည့်ရေးဖူးတဲ့ ပင်ကွင်းငှက်များအကြောင်း အခု ထပ်ပြောခြင်း"
About Me

- လင်းထက်
- ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Blog Archive
- September (1)
- January (1)
- December (1)
- November (3)
- October (1)
- September (1)
- August (3)
- July (1)
- June (2)
- April (1)
- March (1)
- January (1)
- October (3)
- August (2)
- June (2)
- April (2)
- March (2)
- February (6)
- January (4)
- December (4)
- November (4)
- October (1)
- September (1)
- July (1)
- June (5)
- May (14)
- April (12)
- March (6)
- October (1)
- September (6)
- August (3)
- July (4)
- June (6)
- May (4)
- April (2)
- March (4)
- February (7)
- January (10)
- December (3)
- November (5)
- October (2)
- September (4)
- August (3)
- July (2)
- June (5)
- May (8)
- April (9)
- March (9)

Labels
Birth Day Memorial
(10)
Blogger Tips and Tricks
(17)
Browser
(1)
Burning
(1)
Comdey
(13)
Copy
(2)
Diary In The Life
(4)
Downloader
(3)
Essay
(12)
Feeling
(11)
File Lock
(1)
Firefox
(1)
Firefox Add On
(3)
General
(5)
Google Earth
(1)
Hide IP
(1)
Horror
(6)
Horror Movie
(1)
Internet and Program
(3)
Internet Security
(1)
Knowledge
(3)
Movie
(5)
Movie preview
(1)
Music Video
(2)
News
(5)
Password Recovery
(1)
photoshop
(1)
player
(2)
poem
(56)
sceeen recorder
(1)
SciFi
(1)
software
(18)
Tag Post
(5)
Technic
(5)
Travel
(2)
True Story
(5)
Uniblue Power Suite
(1)
widget
(3)
Window
(2)

Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။