စိတ်ရှည်လက်ရှည် ဘောင်းဘီခြေရှည် ဝင်ရိုးရှည်နဲ့ မီးခိုးတန်းရှည်ရှည် ဝတ္ထု


နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး
၁၊ ၂၊ ၃၊ ၄ ကို ၁၀၀ အထိ ရေတာလဲ ဆယ်ကြိမ် မကတော့ဘူး
ကြမ်းကြားမှာ ညပ်နေတဲ့ ပြောင်လက်လက်ကလေးကို မရအရ ကလော်ထုတ်နေမိတယ်
ဒါပေါ့ သူတို့ ကြော်ငြာမှာတော့ ရာခိုင်နှုန်း အပြည့်လို့ပြောတာပေါ့
ဒါပေါ့ အာမခံတယ် ဘာညာလဲ ရေပက်မဝင်အောင်ပြောတာပေါ့
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး
အသက်ရှုလေ့ကျင့်ခဏ်းနဲ့ ကျားကန်ဘို့ ကြိုးစားပြန်တယ်
သိပ်ကြိုက်တဲ့ စာအုပ်ကို အကြိုက်ဆုံးစာမျက်နှာကစလှန်ပြီး ဖတ်တယ်
ဖင်စီဒီဇိုင်းနဲ့ ဓါတ်ငွေ့မီးခြစ်ကို ချွင်ကနဲ ခွပ်ကနဲ အဖုံးဖွင့်လိုက်ပိတ်လိုက်ကစားနေသေးတယ်
သွားတိုက်ဆေးဗူးညှစ်လိုက်စဉ်က သူ့မျက်ခွက်ကိုမြင်ယောင်မိတဲ့ကိစ္စ မစဉ်းစားမိအောင်ထိန်းတယ်
နောက်ဆုံးမှာ ငါဟာစိတ်မရှည်နိုင်တော့ဘူး
ပင်လယ်ထဲ ဆင်းမယ်တဲ့ သူ့ဆံပင်ရှည်ရှည်ကိုသပ်ရင်း သူငယ်ချင်းက
ကိုယ်တို့တွေ ဆန့်ရှည်ထွက်ခဲ့တဲ့ နှစ်အလျားတလျှောက်လုံး စာလုံးပေါင်းတွေမှားခဲ့သလား
ပင်ကိုယ်ရေးသက်သက်နဲ့ မျက်နှာချေလိမ်းပုံလိမ်းနည်း အထူအပါး
ဟုတ်ပီ ဖျတ်ကနဲ လင်းပွင့်သွားတဲ့ ကင်မရာဖလက်ရှ်ဂန်းတခုလို
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး
ဒီကောင်က ပြုတ်မနူးလို့ ပဲများတဲ့ နောက်တယောက်က ပြောတယ်
အကျမနာလိုက်တာ အံ့သြရင်း သက်ပြင်းဟာ တိမ်ဝင်သွားရဲ့
တိမ် ခပ်တိမ်တိမ်လေး တတိမ်ကို မော့ကြည့်ရင်း စကားလုံးတွေပါ တိမ်ဝင်သွားရဲ့
အော် ကျနော်..အဲ့ဒီစာမျက်နှာမှာ book mark ကလေးနဲ့ ညှပ်ထားခဲ့တာ..
နောက်ဆုံးမှာ ငါ ဟာ စိတ်မရှည်နိုင်တော့ဘူး
မျက်မှန် ( ပါဝါ ) မျက်မှန် ( နေကာ ) မျက်မှန် (မျက်ကပ်) မျက်မှန် ( ရေငုပ်)
ရေးချင်တာ ရေးခွင့်ရဘို့လဲ အရေးကြီးသေးတာပေါ့ ဆိုလိုတာက
သူ့မုတ်ဆိတ်ကိုသူ တဖွဖွ စမ်းကာစမ်းကာ တယုတယနဲ့
မြက်ရိုင်းတောကြီး တခုရဲ့ အဆုံး ဘွားကနဲ
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး
ဇာတ်သိမ်းပိုင်းမှာ တကယ်စ ဖြစ်တဲ့ အဖြစ်အပျက်ကို ပြန်ရိုက်ပြထားတယ်
နောက်ခံတီးလုံးဟာ ကိုယ်လုံးတီး မပြောမပြီး မတီးမမြည် တီး ထည့်လိုက်ပြီ
သူ့တကိုယ်လုံး နနွင်းနဲ့ရွှံ့နဲ့ ဆားတွေနဲ့ လိမ်းကျန်အုပ်မံကာ
တသက်တာ - ဖြစ်နိုင်ရင် လူတွေ ပေါ့ပေါ့ပါးပါး ရေတွက်လေ့ရှိတဲ့ အနှစ် တသန်း နှစ်သန်းဆိုတာမျိုး
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး

နောက်ဆုံးမှာ ငါဟာ ဘယ်လိုမှ စိတ်မရှည်နိုင်တော့ဘူး
လက်ကိုင်ဖုံးကို နံရံဆီ ပစ်ပေါက်လိုက်တယ်
hel ကသပ်သပ် lo ကသပ်သပ် တစ်စစီ ကွဲထွက်သွားတယ်
‘ဟယ် လို’ နံရံက ပြန်လာတဲ့ အသံဆီ နောက်သံယောင်တခုက ဆိုက်ဆိုက်မြိုက်မြိုက်
လှေကားတွေကို ဘယ်တော့မှ အလိုမလိုက်မိစေနဲ့… တဲ့
နောက်ဆုံးမှာ ငါဟာ စိတ်မရှည်နိုင်တော့ဘူး။ ။

ခင်အောင်အေး
၂၀၊ ဇန်နဝါရီ၊ ၂၀၁၁ မဲဆောက် ၁၃း၁၃ နာရီ


0 ယောက်ကဒီလိုမြင်တယ် to "စိတ်ရှည်လက်ရှည် ဘောင်းဘီခြေရှည် ဝင်ရိုးရှည်နဲ့ မီးခိုးတန်းရှည်ရှည် ဝတ္ထု"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts