မော်ရင်ဟို၏ လှန့်လုံး ဇီးရူးတီတူလီ


ဖြစ်နေပျက်နေမှု အားလုံးတို့ရဲ့ အချုပ် အခေါင်
Normal plus ပေါင်မုန့် ၂ ယှက်ကြားထဲ အဓိပ္ပါယ်ကို ညှပ်ထည့်လိုက်တယ်
ငိုပါ အားပါးတရ ရှိုက်ကြီးတငင် ငိုပါ၊ အမေ့ ဝမ်းက ကျွတ်ချိန်တုန်းကလို ငိုပါ
(အထူးသဖြင့် မော်ရင်ဟို ပြောဆိုခဲ့သည့် ဖလားလက်မဲ့ ‘Zero titles’ )သည်
နှုတ်ခမ်းမွှေးမှာ ငြိကပ်ချိတ်တွယ်နေတဲ့ အမြှုပ်တွေကို သပ်လိုက်ပါအုန်း
နက်စ်ကဖေး ကိုလဲ အားပေးပါ အင်တာ မီလန်ကိုလဲ အားပေးပါ “အရှင် ဘုရား အားပေးပါ ခွန်အားပေးပါ”
ဘီစကစ် တချပ်ကို ဂျွတ်ကနဲ နှစ်ခြမ်း ဖဲ့ လိုက်ပုံ ရုတ်တရက် ရေကာတာကျိုးပေါက်သွားပုံ
အိုးဆေး ခွက်တိုက်ပေါ့ဗျာ ဖွဲပြာမသုံးတော့ပါဘူး မားဇီးဒီး ကားကြီးပေါ်က ခုန်ပေါက်မြူးတူး ဆင်းလာကာ
ကျစ်ဆံမြီး နှစ်ဖက်ချ ဖက်ရှင်နဲ့ အပေါ်အဖြူ အောက်အနက် ကျောင်းဝတ်စုံ
အီတလီတွင် တမဟုတ်ချင်း ရေပန်းစားလာခဲ့သည်။ ထိုစကားလုံး
အေးပါဗျာ အပေါ်စီးနဲ့ အောက်စီး ဆိုတာတော့ ပါးစပ်အဟောင်းသားပဲ တတ်နိုင်တယ်
ဒီဇာတ်ကားမှာလဲ ဟို ဇာတ်လမ်းတုန်းက မင်းသား မင်းသမီးနဲ့ ဇာတ်ပို့ဇာတ်ရံတွေ
သော့ခလောက်ကြီးကြီး ရေသန့်ဘူးကြီးကြီး ဖြစ်ချင်ဇော ရချင်ဇော ရမ္မက်ကြီးကြီးနဲ့
မျက်နှာသုပ်ပုဝါ နောက်ပြီးတော့ ရေချိုးခန်းသုံး တိုလီမုတ်စ ပစ္စည်း အပြည့်အစုံ
(အီတလီအသံထွက်အမှန်မှာ ဇီးရိုးတီတိုလီ ‘zero titoli’ ဖြစ်သော်လည်း -
စန်းဦးရဲ့ နှစ်ထပ်ဘောလုံး စာအုပ်ပေါ်မှာ ထပ်တင်ထားတဲ့ စိတ် နှစ်ထပ်
စကားဝါပန်းများ အကြောက်အလန့်မရှိ ရက်ရက်စက်စက် ပွင့်နေရက်ကြ
တဖြည်းဖြည်းချင်း ခြေတစ်လှမ်းချင်း လေသံ တခုနဲ့တခုချင်း ကမ္ဘာ တခုနဲ့တခုချင်း
စစ်ပြီးခေတ် အသံလွှင့်ရုံမှာ အသုံးပြုခဲ့တဲ့ မတ်တပ် မိုက်ခရိုဖုံး နစ်ကယ်လ် ပြောင်ပြောင်
အစားအစာနဲ့ အသွားအလာ အနေအထိုင် တကိုယ်ရေ ကျော့ရှင်းမှု မျက်နှာစာ
မမျှော်လင့်တဲ့ အချိန်မှာ ရုတ်တရက် ဝင်အုပ်နိုင်တာ အကောင်းဆုံးပဲ အကယ်၍ လုပ်နိုင်ခဲ့ရင်ပေါ့လေ
မျက်စေ့မှိတ်ကာ လဲလျောင်းနေစဉ် မျက်နှာ၏ ဖြူဖျော့ခြင်းက လူသေပုံ ပေါက်နေသည်ကိုသာ မမြင်ရလျင်
မင်းကြီး အကြိုက်ကိုလိုက်ကာ ပလီပလာ ပုံကြီးချဲ့လျက် မိုးထိအောင် မြှောက်ကော်ပြီးလျင်
- သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက ဇီးရူးတီတူလီ ‘zeru tituli’ မှားယွင်းစွာ
အသံထွက်ပြောဆိုခဲ့သည်) ကို ။ ။

ခင်အောင်အေး
၂၉၊ အောက်တိုဘာ၊ ၂၀၁၀ ဘန်ကောက် ၁၁း၅၀ နာရီ


1 ယောက်ကဒီလိုမြင်တယ် to "မော်ရင်ဟို၏ လှန့်လုံး ဇီးရူးတီတူလီ"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts