ငါတို့ ဘယ်တော့မှ မရှုံးဘူး သူငယ်ချင်း

ပုံကို www.hteinlin.com မှ ရယူပါသည်..။

(နေနွယ်သို့)


ငါတို့ ရှုံးခဲ့ကြတယ်
ငါတို့ ဘယ်တော့မှ မရှုံးဘူး

ငါတို့ နိုင်ခဲ့ကြတယ်
ငါတို့မှာ အရှုံးတန်းလန်းနဲ့

သူငယ်ချင်း
မနည်းပါဘူး နှစ်ပေါင်း ငါးဆယ် ကျော်ကျော်ဆိုတာ
သူငယ်ချင်း
မနည်းပါဘူး တော်လှန်ရေး ၂ ခု ၃ ခုကို ဖြတ်ကျော်ဖူးခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး ဖွဲ့နွဲ့ရခက်တဲ့ ဘဝမျိုးတွေ ချုပ်သီခဲ့ရတာ
သူငယ်ချင်း
မနည်းပါဘူး အနုပညာဆိုတာနဲ့ သရို့းသရီနေထိုင်တတ်ခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး ဆုတ်စရာရှိရင် အောင်မြင်စွာ ဆုတ်ခွာတတ်ခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး သံသရာကိစ္စ ကလော အင်းလေးမှာ တို့ထိခွင့်ရခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး အရေးဟဲ့ အကြောင်းဟဲ့ဆို ရဲဘော်ရဲဘက် တချို့ရှိခဲ့တာ
သူငယ်ချင်း
မနည်းပါဘူး
အနည်းဆုံး တကယ့်သူငယ်ချင်း ၁ ယောက်တိတိရှိခဲ့တာ

ဒီဇင်ဘာ ၂၄ မင့်မွေးနေ့
ငါ အမှတ်တမဲ့ ဖုံးဆက်မိတာ
ဒီ မစို့မပို့ ကဗျာလေး ရေးဖြစ်ဖို့မျှ..
ဒါ့အပြင်
ဒီညအဖို့ နောက်ဆုံးခွက်ကို မင်း သပ်သပ်ယပ်ယပ် မြှောက်ပြီး
ကျကျနန မော့သောက်လိုက်ဖို့မျှ…

ဒီမှာ သူငယ်ချင်း
ဘယ်လိုမဆို ငါတို့ နိုင်ခဲ့ကြတယ်
ငါတို့မှာ အရှုံးတွေ တန်းလန်းနဲ့..။ ။

ခင်အောင်အေး
၂၄၊ ဒီဇင်ဘာ၊ ၂၀၁၀ ဘန်ကောက်ချိန် ၂၁း၀၇ နာရီ


1 ယောက်ကဒီလိုမြင်တယ် to "ငါတို့ ဘယ်တော့မှ မရှုံးဘူး သူငယ်ချင်း"

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts