wordpress မှ blogspot သို့ ပြောင်းချင်ရင်


ကျွန်တော်တို့ Blogpsot သမားတွေ Wordpress ကို ပြောင်းချင်ရင် လွယ်ပါတယ် WordPress Login ထဲကနေ သင့်ဘလော့ထဲ ဝင်ပြီး Dashboard ထဲက Tools tab အောက်က Import ထဲဝင်ပြီး Blogger ဆိုတာကို နှိပ်လိုက်ပြီးရင် ကိုယ့်ဘလော့ထဲက ပိုစ့်တွေ ကွန်မန့် တွေကို အကုန်လုံး ကိုယ့်ရဲ့ Wordpress ဘလော့ အသစ်ကို ပြောင်းတင်လို့ ရပါတယ်..။

အဲ တစ်ကယ်လို့ သင်က Wordpress နဲ့ ဘလော့ဂ် ဂင်းရတာ အဆင်မပြေခဲ့ဘူး ဆိုပါစို့ ကိုယ်ပိုင် ဟော့စတင်း နဲ့ လုပ်ရတာ အလုပ်ရှုပ်တယ် ဖရီး ရတဲ့ Blogspot နဲ့ပဲ လုပ်ချင်တယ် ဆိုပြီး wordpress ကနေ Export ဖိုင်လုပ်ပြီး ဘလော့စပေါ့ မှာ ပြန်တင်ဖို့ ကြိုးစားရင် လုံးဝ ရမှာ မဟုတ်ပါဘူး...၊

ဒီတော့ Wordpress မှာပဲ ဆက်ပြီး ဘလော့ဂင်းရတော့မှာလား ?????

စိတ်မညစ်ပါနဲ့ မိတ်ဆွေ ဒီလို လူမျိုးတွေ အတွက် ကူညီပေးမယ့် ဆိုဒ်လေး တစ်ခု ညွှန်ပြပါရစေ...၊

ဒီအောက်က အဆင့်တွေ အတိုင်း လုပ်သွားရင် Wordpress ကနေ Blogspot ကို ပြန်ပြောင်း နိုင်မှာပါ..၊

၁)Wordpress admin login ထဲ ဝင်လိုက်ပါ..ဒါဆို Dashboard ကိုရောက်သွားပါမယ်

၂)Tools tab အောက်က Export ကို ဆက်သွားပါ download export file ဆိုတာကို နှိပ်ပြီး XML ဖိုင်ကို သင့်ကွန်ပြူတာထဲ ဒေါင်းလုဒ် လုပ်ပြီး သိမ်းလိုက်ပါ..၊

၃)ပြီးရင်တော့ ကျွန်တော်ပေးထားတဲ့ လင့်မှာ ရှိတဲ့ နံပါတ်(၆) နေရာက Browse ဆိုတာကို နှိပ်ပြီး ခုနက wordpress က ဒေါင်းထားတဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ.. ပြီးရင်တော့ Convert ဆိုတာလေး နှိပ်ပေးလိုက်ပေါ့ဗျာ..ဒါဆိုရင် သင့်ရဲ့ WordPress က Export file ကို Blogger export file အဖြစ်ပြောင်းပေးပါလိမ့်မယ်..၊

၎)အဲဒီပြောင်းလိုက်တဲ့ ဖိုင်ကို ကိုယ့်ကွန်ပြူတာရဲ့ Desktop ပေါ်မှာ ဖြစ်ဖြစ် သိမ်းပေးလိုက်ပါ(Example:WordPress in a Blogger export file) ဆိုတာမျိုးဖြစ်ပါလိမ့်မယ်..၊

၅)ပြီးရင်တော့ http://www.blogger.com/home ကနေ ကိုယ့်ဘလော့ဂ် ထဲ ဝင်ပြီး Setting>>Basic ထဲက Import blog ကိုနှိပ်ပြီး ခုနက Convert လုပ်ပြီးရလာတဲ့ ဖိုင်လေးကို Inport လုပ်ပေးလိုက်ပါ ဒါဆိုရင် Wordpress Blog က ပိုစ့်တွေ ကွန်မန့်တွေ အကုန်လုံး Blogspot Blog မှာ ရောက်လာပြီး Blogspot နဲ့ ဆက်ပြီး ဘလော့ဂင်းလို့ ရပြီ ဖြစ်ပါတယ်..။

Wordpress blog မှ Blogspot သို့ပြောင်းလိုသူများ ဤလင့်မှ တစ်ဆင့်သွားပြောင်းလိုက်ပါ..။
move your WordPress blogs over to Blogger

PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။


1 ယောက်ကဒီလိုမြင်တယ် to "wordpress မှ blogspot သို့ ပြောင်းချင်ရင်"

  • အဲဒီလင့်က ၁မက်ဂါဘိုက်ထက်ကျော်တဲ့ အိတ်စပို့ဖိုင်အတွက် အသုံးမဝင်ဘူးဖြစ်နေတယ်။
    ဖိုင်ဆိုက်အကြီးကြီးကို ပြောင်းချင်ရင် ဘယ်လိုလုပ်လို့ရနိုင်ပါသလဲ

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts