ရနံ့

တနေ့တနေ့
ကျနော်တို့ မမေ့မလျှော့ ပြောဆို မိကြတာက
ဘဝကို ဆေးလုံးတွေလို မြိုမချမိဖို့ရယ်
အချိန်ကိုပေကြိုးနဲ့မတိုင်းမိဖို့ရယ်ပါပဲ။

ကဲ...လာ
ဟောဒီမှာကြည့်ကြ
ခပ်တိုးတိုးလည်း အာမေဋိတ်ပြုကြ
သူများထက် နောက်မကျခင် အဦးအဖျား
ကတ္တီပါအနားကွပ် ဘုရင့်ဝတ်ရုံတော်
မှော်အတတ်နဲ့ အသက်သွင်းလိုက်ပြီ။

လျှောက်တော့ မေးရမှာပဲ
ပြိုင်ပွဲဆိုတာ အရှုံးတမျိုးထဲလားလို့
သစ်ရွက်ကြွေသလို စကားတွေ တဖွဲဖွဲ
တစ်ယောက်ပြီး တစ်ယောက်လဲကျ ကျန်ရစ်ခဲ့ကြ။

အပေါ်ကငုံ့ကြည့်သလိုမျိုးတော့
အကြည့်ရမဆိုးလှပါဘူး
နူးနူးညံ့ညံ့အိပ်မက်မျိုးတွေလဲ
တခါတလေတော့မက်ကြည့်ရဦးမယ်။

ပွဲမပြီးခင်...
ခရီးရဲ့အတိုအရှည်
“မိတ်ဆွေ”
လေထဲမှာ ဘာနံ့ ရလိုက်သလဲ။ ။

ခင်အောင်အေး
(ကဗျာများ ၁၉၉၀မှ)


3 ယောက်ကဒီလိုမြင်တယ် to "ရနံ့"

  • ဟာဗျာ..။ ဒါစကားလုံးတွေ မဟုတ်ဘူး..။ ဒါ ဘာသာဗေဒတစ်ခုမဟုတ် ဘူး။ ဒါဟာ လေထဲမှာ လွတ်လပ်သန့်ရှင်းစွာ မွှေးပျံ့နေတဲ့ ရနံ့တစ်ခု...။ အသေအချာပဲ...။ ဒါဟာ ရနံ့တစ်ခု..။ နူးညံ့ ထိခိုက်လွယ်လွန်းလို့...။ ဒီရနံ့ဟာ ရနံ့တွေစွန်းထင်းမနေတဲ့ ရနံ့တစ်ခုသာ ဖြစ်တယ်။

  • လေထဲ ခေါင်းမော့ အနံခံလိုက်တော့
    မွှေးရနံ မပြယ်သေးတဲ့
    အမေ့ရဲ့ ရနံ့တွေ ရတယ် ..
    ပြီးတော့ ...
    ကျနော့ နံရိုးမလေး ရဲ့ ရနံကိုလဲရတယ် ..
    အခုတော့ လေထုက မလတ်ဆတ်
    လေးလံ စွတ်စို ထိုင်းမှိုင်းလွန်းတော့
    စပါတာကတ် ရဲ့ ရနံ့ ကို ကျနော့်ကိုယ်ပေါ်က
    ပြန်ရနေတယ် .......။ ...

  • ဆားရေ ရေးချက်တွေ မြင့်လိုက်တာဗျာ လိုက်လို့ကို မမှီတော့ဘူးဗျ။

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်


Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Recent Posts

Popular Posts