ဝိဉာဉ် ရှာ ဖွေသူများ (၃)ဇာတ်သိမ်း


အသံကြားရာ မိန်းကလေး များ အခန်းဘက် သို့တအုပ်စုလုံးအပြေးအလွှား ရောက်ရှိသွား ကြချိန်တွင်မတော့ သရဲ မကြောက်တတ်ဘူး ဟု အမြဲကြွေးကျော် လေ့ရှိသူ အိမ်လေး ကို အခြား မိန်းကလေးများ ၏ အလည်တွင် စကားမေးမရပဲ ကြောင်တောင်တောင် ဖြင့် ပြူတင်းပေါက် ရှိရာဘက်ဆီ သို့လက်ညှိးထိုး ပြီးပါးစပ်မှလဲ မသဲမကွဲ ရေရွတ်နေသည် ကို တွေ့လိုက်ရပါ၏.....။

အိမ်လေး အိမ်လေး ဘာဖြစ်လို့လဲ ဘာတွေ့လို့လဲ?

အားလုံး ဝိုင်းမေး ကြသော်လည်း အိမ်လေး ဘာမှ ပြန်မဖြေ နိုင်တော့ပါ၊
မမေတစ်ယောက် ကတော့ ဘုရား စာများ ရေရွတ်ရင်း ရေတခွက် ဖြင့် အလုပ်ရှုပ်နေပြီး နောက်တော့ အိမ်လေး အား ထိုရေမန်း အားတိုက်လိုက်ရာ အိမ်လေး လဲ အတော် အလန့် ပြေသွားဟန် ဖြင့် အနည်းငယ် တည်တည် ငြိမ်ငြိမ် ဖြစ်လာသည် သို့သော် ဘာမှမေးလို့ တော့မရပါ သူမပြောတာက အမတို့ကျမ ကြောက်တယ် အမတို့ အလည်မှာ အိပ်မယ်နော် ဟုပြောပြီး ကုတင် ခြောက်လုံးရှိသည့်အထဲ တွင် အလည်ကျသည့်ကုတင်တွင် စောင်ကို ခေါင်းမှီးခြုံ ၍ အိပ်နေပါ တော့သည်....

ဒါနှင့် အားလုံးလဲ မနက်မိုးလင်းမှ အဖြစ်အပျက် ကို မေးတော့မည် ဟု စဉ်းစားကြပြီး ယောင်္ကျားလေး များလဲ ကိုယ့်အခန်း ကိုယ်ပြန်လာခဲ့ကြပါတော့သည်......။

ဒုတိယနေ့

နောက်တနေ့မနက်လင်း ချိန်တွင်မတော့ အားလုံး ညက ကောင်းစွာ အိပ်မပျော် ကြသဖြင့် အကုန် အိပ်ရာထ နောက်ကျ ပြီး နံနက် ၁၀ နာရီ ခန့်မှ ထမင်းစား ခန်းထဲ အားလုံး ဆုံစည်း မိကြလေသည်....၊

ကဲ သယ်ရင်း အိမ်လေး ညကဘာတွေ ဖြစ်တာလဲ

အိမ်လေး နှင့် အရင်းနှီးဆုံး အိပ်မက်မဲ က စ၍ တိတ်ဆိတ် ခြင်းကို လူတိုင်းသိချင်နေသည့် အမေး စကားဖြင့် ဖြိုခွဲ လိုက်ပါသည်...

အင်း ညီမလဲ ဘယ်လို ပြောရမယ် မှန်းတောင် မသိတော့ ပါဘူး.. ညီမ ဒီ ပရလောက ကိုယုံကြည်မှု မရှိတာ ဒီမှာ ရှိတဲ့လူတွေ အားလုံး အသိပဲ ဒါပေမယ့် ညီမ ရဲ့ ယုံကြည်မှု ကို ပြောင်းလဲ ရတော့မယ် ထင်တယ် ဘာလို့လဲဆိုတော့ ဒါဟာ နောက်ပြောင်မှု မဖြစ်နိုင်ဘူး...၊

ဟား ဟား နောက်ပြောင်မှု မဖြစ်နိုင် ဘူးလို့ပြောရအောင် ဘာတွေများ တွေ့လို့လဲ လုပ်ပါအုံး ဒို့ကတော့ ဒါတွေကို လုံးဝ မယုံကြည် နိုင်ဘူး

စိုးမြနန္ဒာသက်လွင် က ထိုသို့ဝင်ပြောလိုက်သည့်အခါ..

ဒါဆို ကျွန်မ ပြောပြမယ် ညက ဘာတွေ့လဲဆိုတာ... ညက ကိုလင်း တို့ထွက်သွား ကြတော့ ဘာတွေဖြစ်နေလဲ မသိဘူး ယောင်္ကျားလေး အုပ်စုတွေ ဆိုပြီး စကားပြောနေ ကြတုံး ကျွန်မက ပြူတင်းပေါက် ဖက်မျက်နှာ မူရက်သား ဖြစ်နေတယ်လေ ဒါနဲ့စကားပြောရင်း အမှတ်တမဲ့ နဲ့ပြူတင်းပေါက် ကို ကြည့်မိတဲ့ အချိန် မှာ ကျွန်မ မြင်လိုက် ရတာက မျက်နှာဖြူ အမျိုးသမီး တစ်ယောက်

ထိုစကားစု သို့အရောက် အိမ်လေး စကားဆက်မပြော သေးဘဲ ပြောဖို့အတော်လေးခက်နေ ဟန်ဖြင့် အရှိန်ယူနေလေသည်...။

ဟာဆက်ပြောလေ မျက်နှာဖြူ အမျိုးသမီး ဘာဖြစ်လဲ ထုံးသုတ် ထားတာလား ပေါင်ဒါမှုန့့်ဖြူးထားတာလား

အိပ်မက်မဲ က အဖြူရောင်ဟုကြားသည်နှင့် စိတ်ဝင်စား သွားဟန်ဖြင့် ဝင်မေး လိုက်၏.....၊

အော ဒီ အိပ်မက်မဲ ကလဲတမျိုး မျက်နှာဖြူ ဆိုတာ ထုံးသုတ်ထား တာလဲ မဟုတ်ဖူး ပေါင်ဒါဖြူးထားတာလဲ မဟုတ်ဖူး အင်္ဂလိပ်မ ကိုပြောတာ ဒါပေမယ့် သူ့မှာက ကိုယ်လုံးမပါဘူး ခေါင်းကြီးပဲ ခေါင်းပြတ်ကြီး.....၊

ဘာ.. အားလုံးထံမှ တစုတစည်းထဲ မယုံကြည် သည့်လေသံကြီး ထွက်ပေါ်လာ တော့သည်....၊

ထို့နောက်တွင်မတော့ စကားသံများ ဆူညံစွာ ဖြင့် ဆွေးနွေး သံများ က တခန်းလုံးကိုဖုံးလွှမ်း သွားပါ၏....၊

မောင်မျိုးက ငါနဲ့မတွေ့လို့ကံကောင်းသွားတယ် ဒီခေါင်းပြတ်မ နို့မို့လို့ကတော့ ဘောလုံးကန် သလို ကြုံးပြီး ကန် ပစ်လိုက်မှာ ဘာအောက့်မေ့လို့လဲ ရော်နယ်မျိုး ကွ ဟုကြိမ်းမောင်း နေ၏...။

မမေကတော့ဘုရားစာများ ကိုသာ တွင်တွင် ရွတ်ရင်း ဟိုဟို ဒီဒီ သို့ကြောက်လန့်နေဟန် ဖြင့်ကြည့်နေသည်...၊

စိုးမြနန္ဒာသက်လွင်၊မွန်၊မေမိုး၊အမရာ၊တို့ကတော့ ဂရုစိုက်ဟန် မပြုဘဲအချင်းချင်း ကန်တော်ကြီး သို့လမ်း လျှောက်ထွက်ရန် ဓါတ်ပုံ ရိုက်ရန် တို့ကိုသာ စိတ်ဝင်တစား ဆွေးနွေး နေကြပါသည်.ယုန်လေးကတော့ ကြောက်နေဟန်ရှိပြီး ဤခရီးကိုလိုက်လာ မိသည်ကိုနောင်တ ရနေဟန် ရှိသည်...။

ဤသို့ဖြင့် လူများ အသီးသီး သွားလိုရာ အုပ်စုလေးများ ဖွဲ့၍ ထွက်ခွာ သွားကြချိန် ဝယ် အိမ်ကြီးတွင် ကျန်နေ ရစ်ခဲ့သူက မောင်မျိုး....၊

ညကအိပ်ရေးမဝပဲ ငြီးစီစီ ဖြစ်နေသဖြင့် ရေချိုးလိုက် လျှင်လန်းသွားမလား အတွေးဖြင့် ရေချိုးကန်ထဲ ဝင်စိမ်ရင်း ညက ဖြစ်ပျက်သမျှ ကို မောင်မျိုး စဉ်းစားနေမိသည် ထိုက်မင်း တစ်ယောက် ဒီအခန်းထဲမှာ မိန်းကလေး တစ်ယောက် စကားပြောပြီးငိုသံ ကြားတယ်ဆို တာနားကြားလွဲတာ ဖြစ်မည် ဘယ့်နှယ် ဘယ်သူမှ မရှိတဲ့ ဟာကို

ဒီကကောင် ကလဲ အိုင်လွယ်ပန် တို့ အမရာတို့လိုမျိုး စုံတွဲလေး ဒီလို ခရီးမျိုး သွားချင်တာအခုနေသာ ဒီအခန်း ထဲမှာ နွေမုန်တိုင်း နဲ့မဟုတ်ပဲ ချစ်သူလေး နဲ့ဆို ဘယ်လောက်ကောင်းလိုက် မလဲ နိုင်ငံခြား ရုပ်ရှင်ကား တွေထဲကလို ရေချိုးဇလုံလေးထဲမှာနှစ်ယောက် စိမ်ပြီး ဟီး ဟီး...

ဟုရောက်တတ် ရာရာကို မျက်လုံးလေး စုံမှိတ်ရင်း တွေးနေခိုက် ရေများ လှုပ်ခတ်သွား သလို စိတ်ထဲခံစား လိုက်မိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူခြေထောက် ဖက်ခြမ်းတွင် သူ့ဖက်သို့မျက်နှာမူပြီး သူ့လိုပဲ ရေချိုးဇလုံထဲတွင် ထိုင်နေသူမိန်းကလေး တစ်ဦး...

မောင်မျိုး တစ်ယောက် လေဖြတ်သွား သကဲ့သို့တကိုယ်လုံး အားများ မရှိတော့ မလှုပ်နိုင် မရှားနိုင်ဖြစ်သွားသည် စိတ်ထဲကတော့ ရေချိုးဇလုံ ထဲမှ ထွက်ပြေး ပြီး အိမ်ပေါက် ဝထိရောက်နေသော်လည်း ခန္ဓာကိုယ်ကြီးကတော့ ဘယ်မှမရွေ့နိုင်ပါ..။

မိန်းကလေး ကတော့ သူ့ကိုလဲ မကြည့် မြင်သည့်ပုံလည်းမပေါ် ပဲ တစ်ယောက်ထဲ စကားပြော နေပါသည် .....

ရက်စက်လိုက်တာ မောင်ရယ် ဒီကတော့ ချစ်လွန်းလို့သူ့ခေါ်ရာ နောက်ကို လိုက်လာမိတယ် အခုတော့..နော့် ..ကို တစ်ယောက် ထဲ ဒီ ဟော်တယ် ကြီးမှာ ထားပစ်ခဲ့တယ်..နော်..ဘယ်လိုအိမ်ပြန်ရမှာလဲ မိဘတွေ မြို့ကလူတွေ ကိုဘယ်လို မျက်နှာနဲ့မျက်နှာချင်း ဆိုင်ဝံ့ မှာလဲ ဒီတော့ လောကကြီး ကိုရော အားလုံးကိုပါ အရှုံးပေး စွန့်ခွာ သွားပါတော့မယ် ဟင့် ဟင့် ဟင့်....။

ကောင်မလေး က ပြောလဲပြော ငိုလဲငို ရင်း သူမလက်ထဲ အသင့်ကိုင်ဆောင် ထားသော ဘလိတ်ဓား ဖြင့် သူမ၏ လက်ကောက်ဝတ် သွေးကြောနေရာကို စ၍ လှီးပါတော့သည်..၊

ထိုခဏတွင် မောင်မျိုး ကောင်မလေးအား အပြင်းအထန် လှမ်း၍ တားဆီးပါသေးသည်....

ဟေ့ ဟေ့ မလုပ်နဲ့လေ ဒီလို မလုပ်ကောင်းဘူး

သို့သော်ကောင်မလေး ကြားပုံမပေါ်ပါ ကောင်မလေး ၏ ပြတ်ထွက်သွားသော လက်ကောက်ဝတ်သွေးကြော နေရာမှ သွေးများ ကသာ မောင်မျိုးရှိရာ ဘက်ဆီသို့ မြွေတစ်ကောင် အလား စီးဆင်းလာ ပါတော့သည်..။

ထိုအချိန်တွင် မောင်မျိုး ဖျတ်ကနဲ အသိဝင်လာမိသည်က ညက ထိုက်မင်း ကြားလိုက်သည် ဆိုသော မိန်းကလေးသံ ဆိုသည်မှာ ဒီမိန်းကလေး အသံ ဖြစ်မည် ဆိုတာရယ် ဒါဟာ လူ မဖြစ်နိုင်တော့ သူခြောက်လှန့်ခံနေရပြီ ဆိုတာရယ် ကိုပါ...

မောင်မျိုး ရှိသမျှ အားကိုသုံး၍ ရေချိုးကန် ထဲမှ ထလိုက်သည့်အချိန် ဒီတခါ တော့ အောင်မြင်စွာ လှုပ်ရှားနိုင်လိုက် ပါသည် ဒါနှင့် ဘောင်ပေါ် တင်ထားသည့် သဘက် ကို ကမန်းကတန်း ဆွဲ၍ ထွက်ပြေးလိုက် သည်မှာ အောက်ထပ် ဆင်ဝင် အောက်ရောက်သည် အထိ ပင်..

အောက်သို့ရောက်မှ မျက်နှာသုတ် ပဝါကို သူ၏ ခါးတွင် အလျှင်အမြန် ပတ်လိုက်ရပါသည်သူပြန်မတက်ရဲတော့ ပါ သို့နှင့် အိမ်ကြီးဘေးတွင်ရှိသော ခြံစောင့် လင်မယား ၏ အိမ်လေး သို့သွား၍ ယောင်္ကျားဖြစ်သူ၏ အဝတ်အစား ကို ခေတ္တခဏ ယူ၍ ဝတ်ဆင်ထား လိုက်ရပါ တော့သည်....။

အိမ်စောင့် လင်မယား ပြောပြ၍ သိလိုက်ရသည်က လွန်ခဲ့သော ၁၀ နှစ်ခန့်က စုံတွဲ တစ်တွဲ ယ္ခု မောင်မျိုးတို့အခန်းတွင် လာရောက်တည်းခိုခဲ့ကြောင်း နောက်၂ရက်ခန့်အကြာတွင် မည်သည့်ပြဿနာ တက်သည်မသိ ကောင်လေး က ကောင်မလေး ကိုထားပြီး တစ်ယောက်ထဲ ထွက်သွားကြောင်း...

ကောင်မလေး က ကောင်လေး ပြန်လာမည် အထင်နှင့် တပါတ် ခန့်စောင့်သော်လည်း ကောင်လေးပြန်မလာ သည့်အဆုံးတွင် ရေချိုးကန်ထဲ မိမိ သွေးကြောကို မိမိ ဓားဖြင့်လှီးပြီး သတ်သေသွားကြောင်း ကောင်မလေး သေဆုံးပြီး နောက်တွင် လာရောက် တည်းခိုသူများ မောင်မျိုး အခု ကြုံရသလို ကြုံတွေ့ကြရကြောင်း ရှင်းပြပါတော့သည်....။

ထိုအချိန်တွင် အပြင် သွားရောက်လည်ပတ်နေသောအုပ်စုများ ပြန်ရောက် လာပြီး အကြောင်းစုံ သိသွား ကြသည့် အခိုက် မိန်းကလေး များက ပြန်တော့မည် ဆက်လက်မနေလို တော့ဟုပြောကြ၏ ယောင်္ကျားလေး များလည်း ဟန်ကိုယ့်ဖို့သာ နေနေ ရသည် အားလုံးကတော့ စိတ်ထဲတွင် တုန်လှုပ်နေ ကြ၏ တဖြည်းဖြည်း အရိပ်အယောင် ပြနေရာမှ အခုလို လူတစ်ကောင်လုံး နီးနီး ကပ်ကပ်ကြီး ပြပြီးချောက်လှန့်ပြီဆိုတော့ နောက်ဆို ဒီ့ထက်ကြမ်းလာနိုင်သည် မဟုတ်လား...။

ဒါနှင့် အားလုံးဆုံးဖြတ် လိုက်သည် ကတော့ မနက်ဖြန် တည အိပ်ပြီး ပြန်ကြတော့မည်ဟု....။

ညကတိတ်ဆိတ် ခြင်းကကြီးစိုးနေသည် ရံဖန်ရံခါ ပိုးကောင်ငယ်လေး များ၏ အော်သံ ကိုသာကြားနေရသည်..မိန်းကလေး များ အခန်းထဲမတော့ ကုတင်ခြောက်လုံးကိုဆက်၍ အားလုံးပူးကပ် အိပ်နေကြသည် သို့သော်လည်း အိပ်၍ကား မပျော်ကြပါ....။

ထိုစဉ် ခဏ အားလုံးမြင်တွေ့လိုက်ရတာကတော့ သော့ခတ်ပိတ်ထား သော သူတို့၏ အခန်းတံခါးသည် ဖြေးညင်း စွာ ပွင့်သွားပြီး လူကလေး သေးသေးလေး တစ်ယောက်ဝင်လာသည် ကိုအားလုံးပဲ တွေ့လိုက်ရပါသည် မကြောက်ပါ အားလုံးတပြိုင်ထဲ တွေ့ရှိလိုက်ရသည့်အပြင် လူသေးသေးလေးဆို တော့ မကြောက် သည့် အပြင် အားလုံး က.....

ရှင်ဘယ်သူလဲ ဘာလို့ဒီအခန်းထဲ ကို ဘယ်လို လုပ်သော့ဖွင့် ဝင်လာတာလဲဟုဝိုင်းရန်တွေ့့ကြသည့်တခဏ

ဟီး ဟီး ဟီး ...... သူမတို့ကြည့်နေစဉ်မှာ ပင် လူသေးသေးလေးသည် ကြီးထွားလာပြီး သူတို့ခြောက်ယောက် ကုတင် အထက် မျက်နှာကျတ် နှင့် အပြည့် ဖြစ်သွားပြီး သူတို့ကို အပေါ်မှ မိုးပြီး သွားကြီး ဖြီးပြ နေသဖြင့် အားလုံး တပြိုင်နက်ထဲ အော်ဟစ်၍ အခန်းအပြင်သို့ပြေးထွက် ကြရပါတော့သည်......။

ထိုအချိန် နှင့်တပြိုင်နက် ထဲမှာ ပင်............

အမရာနှင့် အိုင်လွယ်ပန် တို့စကားတပြောပြော ဖြင့် ဘဝရှေ့ရေးကိုတိုင်ပင်ဆွေးနွေး နေကြခိုက်..

ဒေါက်...ဒေါက်....ဒေါက်...ဒေါက်...

သူတို့၏ရေချိုးခန်းထဲမှ ဒေါက်ဖိနပ် သံ ဖြင့်လမ်းလျှောက် နေသံကို ကြားလိုက်ရ သဖြင့် နှစ်ယောက်သား တစ်ယောက် မျက်နှာ တယောက် ကြည့်မိကြသည်....

ဖိနပ်သံ နှင့် တဆက်ထဲ ဆိုသလိုပင် ရေပန်းဖွား ဖြင့် ရေချိုးနေသံ အင်္ဂလိပ် သီချင်း ဆိုညည်းသံများ ကိုပါကြား လိုက်ရသဖြင့် မကြောက်တတ်သူများ ပီပီ ပြိုင်တူ သွား၍ ရေချိုးခန်းတံခါး ကိုဖွင့်ကြည့်လိုက်ရာ အင်္ဂလိပ်မ တစ်ယောက် က မျက်နှာသစ်ကြွေဇလုံ တွင် သူမ၏ ခေါင်းမရှိသော ကိုယ်လုံးကြီး သက်သက်ဖြင့် မှန်ကြည့် နေပြီး ယောင်္ကျားဖြစ်ဟန်တူသူက ရေချိုးနေ သည်ကို တွေ့ရှိလိုက်ရပါသည်....။

ထို အင်္ဂလိပ် အထီးနှင့်အမ တို့ကလဲ အခန်း တံခါး ဖွင့်သံ ကြားသည် နှင့် ပြိုင်တူ လှည့်ကြည့် ကြရာ အိုင်လွယ်ပန် နှင့် အမရာ ကိုတွေ့သည်နှင့် သူတို့ရှိရာ တံခါးပေါက် ရှိရာသို့လျှောက်လှမ်း လာကြပေတော့သည်....

ကြောင်၍ ရပ်ကြည့်နေမိသော အမရာ ကို အိုင်လွယ်ပန်က....

ပြေး ပြေး အခန်းအပြင်ကို

ဟု ပြောရင်း ရေချိုးခန်း တံခါး ကို ဆောင့်ပိတ် လိုက်ပြီး အမရာ ၏လက်ကို ဆွဲကာ အခန်း အပြင်သို့တဟုန်ထိုး ပြေးထွက်လာပါ တော့သည်....။

နွေမုန်တိုင်းနှင့်မောင်မျိုးတို့အခန်းတွင်းတွင် မတော့ မောင်မျိုးက ရေချိုးခန်း တံခါးပေါက် ကိုသော့ခတ်လိုက်ပြီး ထို ရေချိုးခန်းနှင့် ဝေးရာ အခန်းထောင့်သို့ကုတင်ကိုရွေ့ပြောင်းပြီး စောင်ကိုခေါင်းမြီး ခြုံ၍ အိပ်ပျော် သည် အိပ်မပျော်သည် တော့မသိ ငြိမ်နေသဖြင့် နွေမုန်တိုင်း တယောက် မကြာခင်လက်ထပ်တော့မည့် ချစ်သူလေး ကို တွေးရင်းမှေးကနဲ အိပ်ပျော်သလို ဖြစ်သွားခိုက် အိပ်မက်ထဲ တွင် ချစ်သူလေးနှင့်သူ စိန်ပြေးတမ်း ကစားနေကြ၏ သူက လိုက် ချစ်သူလေး ကပြေးနှင့် နောက်ဆုံးတွင် ဖမ်းမိသွားသည့် အခိုက်

လာခဲ့ ကောင်မလေး ထွက်ပြေးတဲ့ အတွက် ဒဏ်ခတ် မယ်

ဟုဆိုကာ ပါးပြင်လေးကို နမ်းလိုက် သည့်တခဏ .....

ဟင်...အေးစက်စက်နဲ့ရေတွေကလဲစိုလို့ ပါလားအထိတ်တလန့်တွေးရင်း အိပ်မက်မှ လန့်နိုးလာသည့် နွေမုန်တိုင်း အပြင်တွင်လည်း သူ့ရင်ခွင်ထဲ အေးစက်သော အရာတခု ရှိနေမှန်း ခံစား သိရှိ လိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ.....


ရေစိုနေ သောဆံပင်များဖြင့် ဘောင်ကွပ် ထားသလို ရှိနေသော သွေးဆုတ် ဖြူလျှော်နေသော မျက်နှာတွင် မျက်ဆံ မရှိသော မျက်ဝန်းဗြောင် အဖြူရောင် ဖြင့် သူ့ကို ရင်ခွင်ထဲမှ မော်ကြည့်နေသော အမျိုးသမီး တယောက် ကို မြင်လိုက် ရသဖြင့် .....

အောင်မလေးဗျ

သူ့အော်သံကို ကြားလိုက်သည့် မောင်မျိုးလည်း စောင်ခြုံကို ဖွင့်ကြည့်လိုက်ရာမှ...

ဟေ့ကောင် မိုက်ကန်း မင်းရင်ခွင်ထဲမှာ ဘယ်သူ ကြီးလဲ

ဟင်..ဒါ..ဒါ နေ့လည်ကငါတွေ့တဲ့ ကောင်မလေး ပဲ

ပြောပြောဆိုဆိုဖြင့် မောင်မျိုး တယောက် ကုတင်ပေါ်မှ ကုန်းရုံးထ ကာအခန်း အပြင်သို့တချိုးထဲ ပြေးပါလေ တော့သည်....။

နွေမုန်တိုင်းလည်း ထိုအခါမှ ရင်ခွင်ထဲ မှ အမျိုးသမီး ကို တွန်းထုတ် လိုက်ပြီး မောင်မျိုးနောက်သို့ အပြေးအလွှား ပြေးလိုက်ပါတော့သည်...။

မောင်.. ဒီတခါလည်း နော့် ကိုထားပြီး ပြေးမလို့လား မရဘူး မောင်ဘယ်သွားသွား လိုက်မှာပဲ

ဟူသည့် အသံကြီးကိုတော့ တံခါးပေါက်သို့ရောက်သည့် အချိန် တွင် နွေမုန်တိုင်း တယောက် ကြားဖြစ်အောင် ကြားလိုက်ပါသေးသည်....။

အခြားအခန်းတွင်း ရှိ လင်းထက်၊အိပ်မက်မဲ၊ရာဇာ၊ထိုက်မင်း တို့လဲမချောင်ပါ...

လသာသောည ဖြစ်သဖြင့် လရောင် သည် ပြူတင်းပေါက်မှ တဆင့် အခန်းတွင်း ဝင်နေသဖြင့် ပြူတင်း တံခါး ကို မပိတ်ကြပဲ အခန်းမီးလေး ကိုပိတ်ပြီး ကိုယ်စီ ကိုယ့်ကုတင် ထက်တွင် ကိုယ် အမှောင်တွင်းမှနေ၍ လရောင်ကို ခံစားနေ ကြခိုက် လရောင် ရုတ်တရက် ပျောက်သွား သဖြင့် အားလုံး ပြူတင်းပေါက် သို့ကြည့်လိုက်မိကြရာ...

ပြူတင်းပေါက် ဘောင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော အရိပ်မည်း ကြီးတခု ထို့နောက် ထိုအရိပ် မည်းကြီး က အခန်းတွင်း သို့ခုန်ဆင်း လိုက်လေ ၏.....

ဘုတ်
ဘုတ်...ဘုတ်...
ဘုတ်...ဘုတ်...ဘုတ်....

အခန်းကြမ်းပြင်ပေါ်သို့ ခုန်ချသံ များမှာ ဆက်တိုက် ပင် ဖြစ်လာ၏
အဘယ့်ကြောင့်ဆို သော် ပထမ ဦးဆုံး အရိပ်မည်း ကြီး အခန်းတွင်း ခုန်ချ၍ အခန်းတွင်းရောက်သည်နှင့် နောက် အရိပ်မည်း တခု က ပြူတင်းပေါက် ဘောင်ပေါ်တက်လာ၏ ထို့နောက် အခန်းတွင်း သို့ခုန်ဆင်းလာပြန်၏..

နောက်...နောက်...နောက်...

အရိပ်မည်းပေါင်းများစွာ အခန်းတွင်းခုန်ဆင်း လာပြီးသည့်နောက်တွင် မတော့ ကုတင်များ ပေါ်မှ အံအားတသင့် ဖြင့်ကြည့်နေ ကြသူများ အားဝင်၍ နပန်း လုံးပါတော့ သည် အားလုံးလည်း တောင်မင်း ကို မြောက်မင်း မကယ်နိုင် ဆိုသလို မည့်သူကမှ မည်သူ့ကိုမကူ ညီနိုင်ပဲ မိမိကိုဝင်၍ နပန်းလုံးသော အရိပ်မည်း ကြီးများ ကိုသာ ခုခံ ကာကွယ် နေကြရသည် အခန်းတွင်း တွင်မတော့ ဗြောင်းဆန်နေသည် အားလုံးလည်း မောပန်း ပြီးခြေကုန် လက်ပန်း ကျလာ ကုန်ကြပြီ ထိုအချိန် တွင် ကံကောင်းချင်တော့ လင်းထက် တစ်ယောက် ခေါင်းရင်း ရှိမီးခလုတ် ကို လက်ဖြင့် စမ်းမိ သဖြင့် မီးခလုတ် ကို ဖွင့်လိုက်ရာ....

ချောက်

မီးပွင့်သွားသည်နှင့် တပြိုင်နက် အရိပ်မည်း ကြီးများ ရုတ်တရက် ပျောက်ကွယ် သွားပြီး စောင်ကြီး တကိုယ်လုံး အုပ်နေသော အိပ်မက်မဲ၊ ကုတင်အောက် ရောက်နေသော ရာဇာ၊ ကုတင်ပေါ်ရှိ ခေါင်းအုံး ကို သူအမြတ်တနိုး ယုယလေ့ ရှိသော ကွန်ပြူတာ ဖြင့် သည်းကြီးမည်းကြီး ရိုက်နှက်နေသော ထိုက်မင်း တို့ကိုသာတွေ့ လိုက်ရပါသည်..

ထိုအချိန်တွင် အခန်းအပြင်ဘက်မှာလည်း ဆူညံဝုန်းဒိုင်းကြဲသံ များကို ကြားလိုက် ရသဖြင့် သူတို့အားလုံးလည်း အခန်းအပြင်သို့ထွက်လိုက်ရာ လှေကားထိပ် နားတွင် ကျန် အခန်း အသီးသီးမှ လူများ ကို ထိတ်လန့်တုန်လှုပ် ခြင်းများ ကိုယ်စီဖြင့် တွေ့လိုက် ရသဖြင့် မေးစရာ မလို တော့လောက်အောင် ကို သဘော ပေါက်လိုက် ကြပါပြီ ထိုလူများ ကလဲ သူတို့အုပ်စုလည်း ထိတ်လန့်စရာ အဖြစ်နှင့် တွေ့လာပြီဆိုတာ ကိုသဘော ပေါက်သဖြင့် ဘာမှ မမေး တော့ပါ....

အောက်ထပ်ထမင်းစား ခန်းနေရာ မှလည်း ခုံရွေ့သံ လမ်းလျှောက်သံများ ဆူညံနေသည်ကို အားလုံး ကြားနေကြ ရပါသည် ....။

အားလုံး လည်းအလွန် ထိတ်လန့်တုန်လှုပ်နေကြပါပြီ နောက်တည မပြောနှင့် တနာရီ တမိနစ် တစက္ကန့်ကလေး မှ ဒီအိမ်ကြီးတွင် မနေလို ကြတော့ပါ....။

သို့နှင့်ပင် အခန်းတခန်း ခြင်းဆီသို့တအုပ်စုလုံး ဝင်ဝင်ပြီး ပစ္စည်းများ သိမ်းကြ ပြီးနောက် ကားများပေါ်သို့တက်ကြပြီး အိမ်ကြီးနှင့်ဝေးရာ ဆီသို့မောင်းထွက်လာခဲ့ကြတော့၏...။

အမှောင်ထု ထဲတွင် တော့ခြောက်ချား ဖွယ်ရာ ဝိဉာဉ်တို့ ပျော်စံလျှက် ရှိသည့် အိမ်ကြီးက ထီးထီး မားမား ကြီးဖြင့် နောက်ရောက်လာမည့် ဧည့်သည့်များ ကို မျှော်နေဟန်ဖြင့်...။

သူတို့အုပ်စု အတွက်တော့ ဒီဘဝ တသက်တာ တွင်ဘယ်တော့မှ မေ့ပျောက်နိုင်တော့ မည်မဟုတ်သော အတွေ့အကြုံများကိုယ်စီနှင့်......။

ပြီးုပါပြီ

ps: ဤဇာတ်လမ်းတွင် နာမည် များ ထည့်သုံး သည်ကို မညူစူပဲ နားလည် ခွင့်လွှတ် ပေးကြသော ဘလော့ဂ်ဂါ ညီအကို မောင်နှမ အပေါင်းအား လည်းကောင်း စိတ်ရှည်ရှည် ဖြင့် စောင့်ဆိုင်း ဖတ်ရှု သော စာဖတ်သူများအား လည်းကောင်း အထူးကျေးဇူး တင်ရှိပါကြောင်း.....။


Read more


ဝိဉာဉ် ရှာဖွေသူများ (၂)


ပစ္စည်းများအားလုံး နေရာတကျ ထားပြီး ချိန်လောက် မှာပင် အပြင်ထွက် လည်ပတ်နေ သူများ ပြန်လည် ရောက်ရှိ လာကြ ရာချောက်ခြား ဖွယ်ရာ တိတ်ဆိတ် ငြိမ်သက် လျှက်ရှိခဲ့ သော အိမ်ကြီး မှာ စကားသံ များဖြင့် ဆူညံ အသက် ဝင်လာ ပါတော့သည်.....။

“ဟေး... ကိုလင်းထက်တို့ရာဇာ တို့ရောက်လာ ကြပြီ ကိုး နောက်ကျတယ်နော် ဒီမှာ နာရီ စင်နား က ကီးမားပလာတာ ဝယ်လာတယ် မေ တို့တော့ တိုဖူးနွေး ကော ကီးမား ရော အပြတ် တွယ်လာတယ် ဒါက အိမ်မှာ ကျန်ခဲ့ တဲ့ သူတွေ စားဖို့ဝယ်လာ တာ...”


“ကျေးဇူး ကျေးဇူး ဗိုက်ဆာ နေတာနဲ့အတော်ပဲဗျ လမ်းမှာ ဗိုက်ဆာ လို့တခုခု စားပါရစေ ဆိုတာ ကိုလင်းထက် ကနောက်ကျနေပြီ မစားနဲ့ဟိုရောက်မှ ကြည့်စီစဉ်မယ် ဆိုပြီး ဘာမှလဲ မစီစဉ်ဘူး”..
အမြဲတမ်း အကိုလို ခင်ရသူ များကို ဗိုလ်ကျ ဆိုးနွဲ့တတ်သူ ရာဇာက ပြောပြော ဆိုဆို မေ နှင့် မေမိုး လက်ထဲမှ ကီးမား ထုပ်များကို ဆွဲယူ လိုက်ပြီး စားပွဲခုံ တွင်ထိုင်၍ အပြတ် ဝါးတီး ပေးပါတော့သည်...။

“ကျွန်တော်တို့တော့ ခရီးပမ်း လာတဲ့ ကြားထဲ လမ်းလျှောက်လိုက်တာ ပိုပင်ပန်း သွားလို့သွားနား တော့မယ်ဗျာ”
အိုင်လွယ်ပန် က အမရာ ၏လက်ကို ဆွဲကာ အားလုံးကို နှုတ်ဆက် ရင်း သူတို့အခန်း တွင်းသို့ဝင်သွားကြ လေ၏

“အိမ်လေးတော့ စဉ်းစားမိတယ် ရုံးက ဘောလီဘော အဖွဲ့တွေ ဒီမှာသာလာလေ့ကျင့်ရင် ချွေးတောင် ထွက်မှာ မဟုတ်ဘူး ပျဉ်းမနား မှာ ဒီအချိန် ဆိုအရမ်း ပူနေပြီ”

“အာ အိမ်လေးကလဲ ဒီဘောလီဘော ဘဲ မေမိုး တော့ ဘောလီဘော ဝါသနာ မပါဘူး ဘောလုံး မှ ဘောလုံး မန်ချက်စတာယူနိုက်တက် ကတော့ မေမိုး ရဲ့ အသဲစွဲ ရော်နယ်ဒို လေး ကိုလဲ ခိုက်တယ်...”

“သိတယ်လေ ဒါကြောင့် ကောင်မလေး တွေ ကြိုက်ကြလွန်း လို့ရော်နယ်ဒို နဲ့ခပ်ဆင်ဆင် ရော်နယ်မျိုး လို့နာမည်ပြောင်းမလား စဉ်းစားနေတယ်”..မောင်မျိုးက ဝင်နှောင့် လိုက်၏...

“ဟေ့ ဟိုနှစ်ယေက် အထုပ်တွေနဲ့ အလုပ်ရှုပ်နေတာ ဘာတွေလဲ ငါ့အတွက်လက်ဆောင်တွေ လား ?”

အိမ်မက်မဲ က အထုပ် တွေနဲ့အလုပ် ရှုပ်နေသော စိုးမြနန္ဒာသက်လွင် နှင့် မွန် တို့နားသွားရင်း မေးလိုက်၏..
စိုးမြနန္ဒာ ကလဲ ခေသူမဟုတ် ဘလော့ဂ် တကာ လှည့်ပြီး ဆီဗုံး မှာ အော်တတ်သူ ပီပီ...

“ဟဲ့ ဒါက ငါနဲ့မွန် တို့ကျောင်းတက် တဲ့ တိုင်းပြည်မှာ အေးလို့ဝတ်ဖို့ ဆွယ်တာ တွေ ဝယ်လာတာ နင့်ကို ဘာလို့ပေးရမှာလဲ.. ပေးချင်း ပေးရင် နင်ကယောင်္ကျားလေး ငါတို့ကို တောင်ပြန် ပေးရအုံးမယ်”...

“အေးလေ ဟုတ်သားဘဲ စိုး ပြောတာ မှန်တယ် သွား သွား လာမရှုပ် နဲ့”

မွန်ကလဲ စိုးပြောတာ ထောက်ခံရင်း အိပ်မက်မဲ ကို မောင်းထုတ် သဖြင့်....

“ငါ ကျောင်းသွား တက်မယ့် နေရာ ကနင်တို့ကျောင်းတက်တဲ့ နိုင်ငံတွေ ထက်တောင် အေးသေး နင်တို့မပေးလဲ နေပေါ့ ငါ့ချစ်ချစ် လေးက ငါ့အတွက် အကုန် လက်ဆောင်ဝယ် ပေးပြီးသား တော်ပြီ သွားအိပ်တာ ပဲကောင်းတယ် အားလုံးပဲ သွားပြီဟေ့ အိပ်တော့မယ်”...

အိပ်မက်မဲ ပွစိ ပွစိ ပြောရင်း လှည့်ထွက် သွားတော့သည်...

“ညီမလဲ သွားအိပ်တော့မယ် အမ တို့မြန်မြန် လာနော် ယုန်လေး တယောက် ထဲ ကြောက်တယ် ဗျ”

ယုန်လေး ဆိုတဲ့ နာမယ် နဲ့လိုက်အောင် အေးဆေးသူ ယုန်လေး လဲ ကြောက်ကြောက်နှင့် အခန်းထဲ ဝင်သွား ပြန်၏...ထိုက်မင်း ကတော့ သူ့ကတုံး ဆံပင်ပေါက် ကိုလက်နှင့် ပွတ်လိုက် မျက်မှန် ကိုပင့်တင်လိုက် နှင့် သူ၏ သွားလေရာ ပါသော လက်တော့ပ် တလုံး နှင့်အလုပ် ရှုပ်နေ သည်..အသဲကွဲ ချင်ယောင် ဆောင်၍ ကဗျာတွေ စာတွေ ရေးတတ် သော နွေမုန်တိုင်း ကလဲ မေးစေ့လေး ကိုပွတ်ရင်း မကြာခင် လက်ထပ်တော့ မည့်ချစ်သူကို တွေးတော နေပုံဖြင့် ငြိမ်သက် နေလေသည်.....။

“ကဲ ကဲ စားပြီးသောက်ပြီးရင်လဲ အားလုံး သွားနား ကြတော့ ဒီနေ့က အကုန်လုံး လဲ ခရီး ပန်းလာတယ် ဆိုတော့ စောစော အနား ယူထားရင် ကောင်းမယ် ဘယ်အချိန် မှာ ဘာတွေ ကြုံရမလဲ ဆိုတာ သိနိုင်တာမဟုတ်ဘူး ရတဲ့ အချိန် လေး နားကြ ကိုယ်လဲ ဒိုးပြီ ဟေ့”...
ဟု ပြောလိုက်ရင်း လင်းထက် လည်းမိမိ တို့အခန်း ရှိရာ ပြန်လည် ဝင်ရောက် လာခဲ့ဲပြီး အိပ်ရာပေါ် ပစ်လှဲ လိုက်တော့သည်...အခန်းတွင်းမတော့ အိပ်မက်မဲ ကော စားသောက်၍ ဗိုက်လေး နေပုံရသော ရာဇာ ကော ခြေပစ်လက်ပစ် အိပ်ပျော်နေ ကြပြီ....။

ဒီလိုနှင့် ဒီအိမ်ကြီးကို သူတို့အုပ်စုတွေ လာရောက် စုစည်း ရခြင်း အကြောင်း ကို ပြန်လည်၍ တွေးတော နေမိ တော့သည်....။

မေမြို့၊ ပြင်ဦးလွင်၊ တောင်လှေခါး၊ ပန်းမြို့တော်၊ နှင်းမြို့တော် ဟုအမည် သညာ ခေါ်တွင်သော မြို့လေး သည် အင်္ဂလိပ် တို့နွေရာသီ အပူဒဏ် မှခိုလှုံရာ မြို့ကလေး ဖြစ်ခဲ့ဖူးပါသည်..ဂျပန် များ မြန်မာ ပြည်ကို သိမ်းသော အခါ တွင် ဤမြို့ကလေးတွင် နေထိုင်ကြသော အင်္ဂလိပ် များ မိမိ အိမ်တွင် မိမိ ကိုယ်ကို သတ်သေ မှုများ အများ အပြား ဖြစ်ပွား ခဲ့သလို ဂျပန် တို့လက်ချက် ဖြင့်လည်း သေဆုံးရသူ ပေါင်း များစွာ ရှိခဲ့ပါသည်....ထို့ကြောင့် အင်္ဂလိပ်ခေတ် လက်ကျန် အိမ်ကြီးများတွင် အသေဆိုး ဖြင့် မသေဖူး သော အိမ်ဟူ၍ မရှိသလောက် ရှားပါး ပါတော့သည်...။

နောင် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် အစိုးရ မှ ထိုအိမ်များ ကို ပြည်သူပိုင် သိမ်းယူ ခဲ့ ပြီးနောက် နန်းမြိုင်, ထင်းရှုးမြိုင်,ဂန္ဓမာမြိုင်,သော်ကမြိုင်,အစရှိ သဖြင့် မြိုင်နာမည်များပေးပြီး ဟိုတယ် များ အဖြစ် ပြောင်းလဲခဲ့ပါ သည်..(အခြား မြိုင်အမည်တွင်သော ဟိုတယ်များရှိပါသေးသည်၊ယ္ခု ရေးသားဖော်ပြခဲ့သည်မှာ ယင်းတို့အနက် မှအချို့သာဖြစ်ပါသည်)ထို ဟိုတယ် အားလုံး တွင် တည်းခို ဖူးသူများ၏ သရဲ၊ဝိဉာဉ် ပုံပြင်များ မှာဒဏ္ဍာရီသဖွယ် ပျံ့လွင့်လျှက်ရှိနေပါသည်..။

ယ္ခု ကျွန်တော် တို့အုပ်စု ရောက်ရှိ တည်းခို နေသော အိမ်ကြီးမှာလည်း ထို မြိုင်များ ထဲက တစ်မြိုင် ဖြစ်ပြီး ဝိဉာဉ် များ၏ ခြောက်လှန့်မှု ကြောင့် လာရောက်တည်းခို သူများ ရှားပါး သွားသဖြင့် ၁၉၈၈ နောက်ပိုင်းတွင် အစိုးရမှ သိမ်းယူပြီး တပ်မတော် ဧည့်ဂေဟာအဖြစ် ပြောင်းလဲထားသော အိမ်ကြီး ဖြစ်ပါသည်..ကျွန်တော်တို့ရောက်ရှိ ချိန်မှာ ပြင်ဆင် မွမ်းမံ ရန် ပိတ်ထား ချိန်ဖြစ်၍ တစ်အိမ်လုံး ကျွန်တော်တို့အုပ်စုတစ်စု နှင့် ဒရဝမ် လင်မယား သာရှိနေပါသည်.....။

ဇာတ်လမ်း၏ အစကတော့ ထိုဟိုတယ်အဟောင်း ကိုပြင်ဆင် မွမ်းမံ ရန်တာဝန်ပေး ခံရသောကျွန်တော့် ၏ သူငယ်ချင်း တစ်ယောက် ပြင်ဆင်ရန် လိုအပ်ချက်များ ကြည့်ရှု့ရန် သွားရောက် နေထိုင် စဉ် ကုတင်ပေါ်မှ ဆွဲချ ခံရခြင်း အခြားသော အမျိုးမျိုးအဖုံဖုံ ခြောက်လှန့်ခြင်းများ ကိုခံလာ ရပြီး ကျွန်တော့် အားလာပြောပြရာမှ...
မယုံကြည်သူများ ဖြစ်ကြတဲ့ အိပ်မက်မဲ,နွေမုန်တိုင်း,အိုင်လွယ်ပန်နဲအမရာ တို့စုံတွဲ,
အအေးပိုင်းတွင် အနေကြာ သဖြင့် ရန်ကုန်နွေကိုမခံနိုင်ဘဲ အေးရင်ပြီးရော လိုက်လာသူ
ထိုက်မင်း,
မကြောက်ပါဘူး ကြောက်စရာဆိုပြီးလာ ပြောရင် ရီချင်တယ်ဆိုသူ အိမ်လေး,မွန်,စိုးမြနန္ဒာသက်လွင်,
ကြောက်မွှေးပါရင် ကြောင်ခေါင်းဖြတ်စက်နဲ့ဖြတ်ပြစ် မယ်ဆိုသူ မောင်မျိုးခေါ်ကြောင်မျိုး,
ကြောက်သော်လည်း သရဲကားဆိုလျှင် လက်နဲ့ကွယ်ပြီးလက်ကြားထဲမှ ပြီးအောင် ကြည့်တတ်သည့် မမေ,မေမိုး,
အကိုတွေ အမတွေ သွားမည်ဆိုလျှင် ငရဲပြည် ဖြစ်ပါစေ လိုက်မည် ဟူသည့် ရာဇာ,ယုန်ကလေး,
တို့စုစည်းပြီး ဝိဉာဉ်များ ကိုလာရောက်ရှာဖွေ ကြခြင်းဖြစ်ပါသည်...၊


ပထမနေ့
မနေ့ညက ဒီကိုလာရသည့် အကြောင်း ကို တွေးနေ မိတာရော အိပ်ရာပြောင်း မို့လို့ကတကြောင်း ည ၁ နာရီ ကျော်လောက်မှ အိပ်ပျော် သွား၍ မနက်၈နာရီကျော်မှ ပဲ လင်းထက်တယောက်နိုးလာ၏ နိုးလာ ချိန်တွင် အခန်း ထဲမှာ မည်သူမှမရှိတော့ ဒါနဲ့ကမန်း ကတန်း မျက်နှာသစ် သွားတိုက်ရင်း တစ်ယောက် ထဲ တွေးမိတာက

...“အင်း ပထမ ဆုံးတည တော့ အေးအေးချမ်းချမ်း နဲ့ပြီးသွား ပြီ ငါ့သူငယ်ချင်းပြောတာ ဟုတ်ရဲ့လား တော့မသိပါဘူး မဟုတ်တော့လဲ ဒို့မောင်နှမတွေ အပျော်ခရီးပေါ့”

အားလုံး ပြီးစီး ၍ အောက်ထပ် ဆင်းသွားပြီး စားသောက်ခန်း ထဲ ဝင်လိုက်ချိန် မှာတော့.....

“ဟော ကိုလင်းထက် လာပြီ မေးဖို့ ကသူတယောက်ပဲ ကျန်တော့တယ်”

“ဟင် ဘာလဲဟ အိမ်လေး ရဲ့ အလန့်ထညှက်နဲ့”

မေမိုးက...“ကဲ ယုန်ကလေး ရေ ပြောပြလိုက် ဘာလဲဆိုတာ”....

“ဒီလို ကိုလင်းရဲ့ ညက ယုန်လေး လေ အိပ်ပျော် သွားပြီး ရုတ်တရက် လန့်နိုးလာတယ် လက်မှာ ပတ်ထားတဲ့ နာရီ ကို ကြည့်လိုက်တော့ ည ၂ နာရီ အတိပဲ အဲဒီအချိန် မှာပဲ အောက်က ဒီစားသောက်ခန်း ထဲမှာ ခုံတွေ ရွှေ့ သံ ကိုကြားတယ် ခဏနေတော့ အပေါ်ထပ် ကို လှေကား အတိုင်းတက်လာတဲ့ ရှုးဖိနပ် သံကြားပြီးလှေကား ထိပ် လောက် ရောက်တော့ ပျောက်သွားတယ် ယုန်လေး က အစ်ကို တို့ထဲက တယောက်ယောက် အောက်မှာသောက်ပြီးတက်လာတယ် အောက်မေ့ လို့အခု မေးကြည့်တာတော့ တယောက်မှမဟုတ် ဖူးတဲ့ ဒါကြောင့် ကိုလင်း ကိုမေးမလို့စောင့်နေတာ”

ကျွန်တော့် အထင်မှား သွားပြီဆိုတာ ဒီအချိန်မှာ သိလိုက် ပါပြီ ဘာလို့လဲဆို ကျွန်တော် ညက အောက်မှ မဆင်း ပဲကို ကျန်တဲ့ လူတွေလဲ မဟုတ်ဖူး ဆိုတော့...

“အိမ်စောင့် လင်မယား ကိုရော မေးပြီး ပြီလား”

“ဟုတ်ကဲ့ အကို ကျွန်တော် မေးပြီး ပြီ သူတို့ကဒီအိမ်ပေါ် ကိုည ၂ နာရီမပြောနဲ့နေ့လည် နေ့ခင်းတောင် မတက် ရဲ ဘူးတဲ့ပြောတယ်”..

အိပ်မက်မဲ ရဲ့စကားကို နားထောင်ပြီး ကျွန်တော် ခေါင်းညိတ်မိတယ် ဒါဟာ ကျွန်တော့် သူငယ်ချင်း ပြောပြတဲ့အထဲမှာ ပါတဲ့ ဒီအိမ်ရဲ့မိတ်ဆက် ကြိုဆိုနည်း ပဲ...

“ကဲ ကဲ ကြောက်အောင်ခြောက်တာတော့ မဟုတ်ဘူး ငါတို့ကိုတော့ သူတို့က ကြိုဆိုနေ ပြီကွ ဒီတော့ အားလုံး သတိဝီရိယနဲ့ နေတာ အကောင်းဆုံးပဲ လောလောဆယ်တော့ မြို့ပတ်လည်ကြမယ် အားလုံး အဝတ်အစား လဲပြီး သွားကြမယ်”....။

ထိုနေ့ကတနေ့လုံး သူတို့အုပ်စု လျှောက်လည် ပတ်ကြသည် မိန်းကလေး အုပ်စုက တော့ ပွေးကောက် ရေတံခွန် ရောက်တော့ ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ရင်း စတိုင် ထုတ်နေ ကြသည် ယောင်္ကျားလေးများ ကတော့ မက်မန်းဝိုင် များ ကားနှင့် အပြည့် ဝယ်တင်ကြသည်....။

ညနေ ပိုင်း မြို့ထဲမှာ ပဲ ညစာစားလိုက်ပြီး အိမ်ကြီးကို ပြန်ရောက် ချိန်တွင်တော့ အတော်မှောင်စပြုနေပြီ ထို အချိန်တွင်တော့ အားလုံး၏ စိတ်ထဲ တွေးတော နေမိသည်က ယနေ့ည ဘယ်လို အဖြစ်မျိုး နဲ့ကြုံတွေ့ရမလဲ ဆို တာ ပါပဲ....။

ဒီနေ့ညတော့ လူတွေက သိချင် စူးစမ်း ချင် စိတ်တွေနဲ့ အိပ်မပျော်နိုင်ကြ အားလုံး ရဲ့စိတ်ထဲမှာ လဲ မတိုင်ပင် ထား ပေမဲ့ ည၂ နာရီလှေကား ပေါ်တက်လာ မည့်အသံရှင် ကိုစောင့်ကြည့်မည်ဟု အားလုံး၏ စိတ်ထဲမှာ တွေးတော နေမိ ကြ၏...

ည၁၂နာရီခန့်ရှိပြီ အခန်းတွင်း တွင် ဆက်၍ တည်ရှိ နေသော အိမ်သာ ထဲမှ ထွက်လာ သည့် ထိုက်မင်း တယောက် ပြုံးစိစိ ဖြင့် ကျွန်တော့် အနားကပ်လာ ပြီး....

“ကိုလင်းကြီး နွေမုန်တိုင်း နဲ့မောင်မျိုးတို့ကတယ်လျင် တဲ့ လူတွေပဲဗျ အကိုရ ”

“ဟ ဘာလဲဟ မင်းမင်း ရဲ့ မင့်ဟာက အစမရှိ အဆုံးမရှိနဲ့ ဘာတွေလျင်တာလဲ လုပ်စမ်းပါအုံး”

အိပ်မက်မဲ နှင့် ရာဇာလည်း စိတ်ဝင်တစား ဖြင့် ကျွန်တော် တို့နှစ်ယောက် နားကပ်လာ၏

“ဟက် ဟက် အခုလေ ကျွန်တော် အိမ်သာ ထဲ ဆီးသွား နေတုန်း ကျွန်တော် တို့အိမ်သာ ခန်းနဲ့ကပ်ရက် ကလဲ သူတို့အိမ်သာ ခန်းမဟုတ်လား အဲဒီ အခန်းထဲ က မိန်းကလေး တယောက် စကားပြောသံ ကြားတယ်ဗျ ပြီးလည်း ပြီးရော ကောင်မလေး က ငိုနေတယ်ဗျ....”

ဟင်.. ကျွန်တော် အနည်းငယ် ထိတ်လန့်သွားမိတယ် တခြားကြောင့်တော့ မဟုတ် ဒီ ၂ ယောက်ထဲ မှာ နွေမုန်တိုင်း ကတော့ လက်ထပ်တော့ မယ်ဆိုတာ ကိုယ့်အုပ်စုထဲ က ညီမတွေ သိထားပြီး သားမို့သူနှင့်ဘာမှ မဖြစ်နိုင် မောင်မျိုး ကတော့ လူငယ်ခြေသွက်လက်သွက် ဆိုတော့ ကောင်မလေး တွေထဲ ကတယောက်ယောက် နဲ့များ.....၊အကုန်လုံးကတော့ ကလေး တွေ မဟုတ်ကြသည့် အတွက်သူတို့ချင်းအဆင်ပြေရင် ပြီးတာပါပဲ ဒါပေမယ့် ငိုနေတယ် ဆိုတော့.....။

ကျွန်တော် တွေးရင်း ဝုန်းကနဲ ထရပ်လိုက် မိသည် ဘေးကသုံးယောက်ကလဲ အလန့်တကြားဖြစ်သွားပြီး

“ဘာဖြစ်တာလဲအကို လန့်လိုက်တာဗျာ”

သုံးယောက်သား ပြိုင်တူ ဝိုင်းမေး ကြတာကို ပြန်မဖြေ အားပဲ

“ကဲ အားလုံး ငါနဲ့လိုက်ခဲ့ကြ”
ပြောပြောဆိုဆို ကျွန်တော် ကဦးဆောင်ပြီးမိန်းခလေး များ အခန်းကို ချီတက်သွား ကြ၏
အခန်းရှေ့ရောက်တော့..ဒေါက် ဒေါက် ဒေါက်,
တံခါး ခေါက်သံနှင့် မရှေးမနှောင်းပင် တံခါး ပွင့်လာပြီး မျက်လုံးများ အပြူးသား ဖြင့် ကြည့်နေကြသော မိန်းကလေး များ ကိုတွေ့လိုက်ရသည်...။

မွန် က “ဟင် ကိုလင်းတို့ ဘာဖြစ်လာ ကြတာလဲ ဗျ”

ကျန်မိန်းကလေး များကလဲ ထိုအဓိပ္ပာယ် ရသော မျက်ဝန်းများ ဖြင့် ကြည့်နေကြသဖြင့်

“ဘာမှမဖြစ်ဖူး အကုန်လူစုံ အခန်း ထဲမှာ ရှိတယ်နော်?”

မေးရင်းနဲ့လူတွေ ကို စစ်ကြည့်လိုက်တော့ အကုန်လုံး အခန်း ထဲမှာ ရှိနေတာ ကို တွေ့လိုက်ရတယ်..။
ဒါဆို ဒီလူ တွေ အခန်းထဲ ဘယ်ကမိန်းကလေး ရောက်နေ တာလဲ ဒီလူတွေ များ ပျော်ချင် ပါးချင်လို့ကျွန်တော် တို့မသိအောင် ညဥ့်ငှက် မလေး များ ခေါ် ထည့်ထား တာလား ဒါပေမယ့် လဲဒီလို တော့ မထင်ပါ အားလုံး မောင်နှမတွေ လို လာကြသဖြင့် ညီမ၊အမ များပါလာ သည့်ခရီးတွင် ဒီလူများ ဤသို့လုပ်မည်မဟုတ် ဟု ကျွန်တော် ကိုယ့်ညီအကို များပေါ် တွင် ယုံကြည်ပါသည်။

တွေးတော နေတုန်း လှေကားမှ တက်လာသော မောင်မျိုးနှင့် နွေမုန်တိုင်း ကိုတွေ့လိုက်ရပါသည်...

“ဟား ဟား ဘာလုပ်နေ ကြတာလဲ သရဲ ကိုစောင့်နေတာလား မောင်မျိုးအောက်မှာ ထိုင်စောင့်နေတယ် ဘယ်ကောင် မှမလာရဲ ဘူး မကြောက်နဲ့ လာရင် ကြောင်ခေါင်း ဓါးစက်နဲ့ခေါင်းဖြတ် ပြစ်မယ်”

အမြဲတမ်း နောက်ပြောင် ပြီး ဗလွတ်ရွှတ်တ ပြောတတ်သူမောင်မျိုး က အထက်ပါအတိုင်း နောက်ရွှတ်ရွှတ် ပြောလိုက်ပါတယ်....
ဒါနဲ့ ကျွန်တော် လည်း
“ညီမတို့ဘာမှမဟုတ်ဘူး အိပ်အိပ် အခန်းတံခါး လဲ သေချာ ပိတ်ထား”

ဟုပြောရင်း မောင်မျိုးတို့နှစ်ယောက် ကိုမျက်ရိပ်ပြပြီး သူတို့အခန်းရှေ့ကိုခေါ်လာပါတယ်..အခန်းရှေ့ရောက် တော့
“ညီလေး မင်းတို့အခန်း ထဲဘယ်သူရှိလဲ”

“ဟာဗျာ အကိုလင်းထက် ကလဲ ဘယ်သူ ရှိမလဲ ကျွန်တော် တို့နှစ်ယောက် ရှိတာပေါ့ သိရဲ့သားနဲ့”

အိပ်မက်မဲ က“ မဟုတ်သေးဘူး ကွ မင်းတို့အခန်း ရေချိုးခန်း ထဲမှာ ကောင်မလေး တစ်ယောက် စကားပြောသံ ပြီးသွားတော့ ငိုနေတဲ့ အသံကို ထိုက်မင်း ဆီးသွား ရင်းကြားလို့”

“ဟုတ်တယ်ဗျ ကျွန်တော် အသေအချာ ကို ကြားလိုက်တာ နံရံမှာတောင် နားကပ် ပြီးနားထောင်လိုက်သေးတယ် ပီပီပြင်ပြင် ကိုကြားရတာ”

ထိုအခါ နွေမုန်တိုင်း က အခန်းတံခါး ကိုသော့ဖွင့်ပေးရင်း

“ကျွန်တော်တို့အောက်ကဧည့်ခန်း မှာ မက်မန်းဝိုင် မြည်းရင်း ထိုင်စကား ပြောနေတာ ည ၉ နာရီလောက် ကတဲ ကဗျ အခုမှ အကိုတို့အသံတွေ လဲ ကြား အိပ်လဲ အိပ်ချင် လာတာနဲ့ပြန်တက်လာတာ”

ဒါနဲ့ကျွန်တော်တို့တစ်အုပ်စုလုံး တခန်း လုံးမွှေနှောက်ရှာပါတယ် ရေချိုးခန်း ထဲ ရှာတာလဲ မတွေ့ပါဘူး

“ကိုလင်းကြီး ဒါ ဒါ ဒါဆို ကျွန်တော် ကြားလိုက် ရတဲ့ အသံက”

ထိုက်မင်း တယောက် ပြောလက်စ စကား ကိုမဆက်နိုင်တော့ ပါဘူး သူ့မျက်နှာ တခုလုံး လဲ ဖြူဖွေး လို့
ကျွန်တော် တို့အားလုံးလဲ တယောက်မျက်နှာ တယောက် ကြည့်ပြီး တိတ်ဆိတ် နေမိကြပါတယ်...။

ထိုတိတ်ဆိတ် ခြင်းကို ရုတ်တရက် ဖြိုခွင်းလိုက်တာကတော့ မိန်းကလေး တွေ အခန်း ဘက်ကထွက်လာတဲ့ အော်သံတစ်ခုပါ အားးးးးးးးးးးးးးးးးးးးး
Read more


ဝိဉာဉ် ရှာ ဖွေသူများ


ကုန်းမြင့်ကလေး ပေါ်ရှိ ကြီးမား ကျယ်ဝန်း လှသည့် ခြံကြီး တခုအတွင်း တည်ရှိ နေသော အင်္ဂလိပ်ခေတ်လက်ကျန် အုတ်တိုက် နီနီကြီး ရှိရာသို့တိုယိုတာ ဟိုက်အေစ့် အမျိုးအစား ကားတစီး အရှိန်ပြင်းပြင်း ဖြင့်မောင်းဝင် လာပြီး တိုက်ကြီး ၏ ဆင်ဝင် အောက်တွင် ထိုးရပ်လိုက်၏.....၊
အချိန်ကတော့ မနည်းလှတော့ ည ၈ နာရီကျော်စ ပြုပြီ၊ထို့နောက် ကား၏ ဘေးမှ လျှောတံခါး ပွင့်သွားပြီး လူများဆင်းလာကြသည်...သူတို့၏ ပုံစံများက တနေကုန် ခရီးပြင်း နှင်လာ ရသဖြင့် ပင်ပန်း နွမ်းနယ် နေကြဟန်ရှိ၏......။

ပထမဆုံးဆင်းလာသူက ကားအတွင်း သို့လှည့်၍...“ရာဇာရေ ကိုယ်အထဲဝင် ပြီး မိုက်ကန်းတို့အိပ်မက်မဲတို့ရောက် နေပြီလား သွားကြည့်လိုက်အုံးမယ်”....“ဟုတ်..မြန်မြန် လေးနော် ကျွန်တော် အထုပ်တွေအောက်ချထားလိုက် မယ် ”..ရာဇာ ထံမှအဖြေ ရသည်နှင့် လင်းထက် လည်းအိမ်ဝင် တံခါး မှတဆင့် အိမ်ထဲ လှမ်းဝင်လိုက်ပြီး ဟို ဟို ဒီ ဒီ လျှောက်ကြည့်သော်လည်း လူမပြောနှင့် ခွေးတကောင် ကြောင်တမှီး မှ မတွေ့ရ ၊ထွန်းထားတဲ့ ၄၀ ဝပ်အားခန့်သာရှိဟန်တူသော မီးလုံး ကလေး၏ခပ်မှိန်မှိန် မီးရောင်အောက်တွင်တွေ့ရသည်က ဝင်ပေါက် တံခါးမကြီး၏ တည့်တည့် တွင် အိမ်ပေါ်သို့တက်သည့် ကျွန်းသားလှေကားကြီး တစင်း , ညာဖက် တွင် စားပွဲခုံအများအပြားနှင့် ထမင်းစားခန်း ဖြစ်ဟန်တူ သည့်အခန်းတခန်း , ဘယ်ဖက်တွင် မီးလင်းဖို နှင့်တွဲထားသော ဆိုဖာဆက်တီ များရှိသည့် ဧည့်ခန်းဖြစ်နိုင်သည့် အခန်းတခန်း တို့ကိုသာတွေ့လိုက်ရပါသည်.....။

အိမ်ကြီး တအိမ်လုံး မီးရောင် မှိန်မှိန် အောက်တွင် ချောက်ခြားဖွယ် ရာ တိတ်ဆိတ် ခြင်းကသာ စိုးမိုးထား လေတော့သည်၊ဒါနှင့်လှေကားအတိုင်း တက်သွား ပြီး လှေကား အဆုံး ညာဖက် တွင် အခန်းတခန်း ၏ တံခါးက ပွင့်လျှက်သား ဖြစ်နေ သဖြင့် အထဲသို့ကြည့်လိုက် ရာ ...တွေ့လိုက်ရသည့် မြင်ကွင်းကြောင့်
“..ဟေ့..တယောက် မှ မလှုပ်နဲ့..”
လင်းထက် ၏ ခပ်မာမာ အမိန့်ပေးသံ အဆုံးတွင် အခန်းတွင်း တွင် ဘီယာ ဘူးကိုယ်စီနှင့် လက်ထဲ တွင်လည်း ဖဲချပ် ကိုယ်စီ ကိုင်ကာ စိတ်ဝင် တစားဖဲရိုက် နေကြသော အိပ်မက်မဲ,မိုက်ကန်း,ထိုက်မင်း,မောင်မျိုးတို့ အထိတ်တလန့်ဖြစ်သွား ကြ၏.....။


ဟာ “လန့်လိုက်တာ ကိုလင်းကြီး ရာ အသံမပေးဘာမပေးနဲ့”
ထိုက်မင်း ၏ စကားသံအဆုံး
အိပ်မက်မဲ က
“ကိုလင်း ,ရာဇာရော မပါလာ ဘူးလား”....

“ပါပါ့ဗျာ အောက်မှာ ပစ္စည်းတွေ ချနေတယ်”.....၊

“ဒါနဲ့ဟိုမိန်းကလေး တွေ အဖွဲ့ကော မတွေ့ပါလား?”

ကြောင်မျိုးခေါ် မောင်မျိုးက..“မမေ နဲ့မေမိုး တို့ကတော့ တိုဟူးနွေး စားမလို့ဆိုပြီးထွက်သွားကြလေရဲ့....စိုးမြနန္ဒာနဲ့အပရမ်းတစ်ရှစ် လို့ခေါ်တဲ့ မွန် တို့ကတော့ လည်သာ ဖိနပ်အော်ဒါမှာ မလို့ဆိုပြီး လိုက်သွား ကြတယ်”...။
“ဒါဆို..အိမ်လေး နဲ့ယုန်လေး ကော ?”
ဘီယာ မော့နေတဲ့ မိုက်ကန်းခေါ်နွေမုန်တိုင်းက သောက်လက် စ ဘီယာဘူးကို အသာချလိုက် ပြီး.. “ကျွန်တော့်ကို ပြောသွားတာတော့ ဟို အိုင်လွယ်ပန်နဲ့အမရာ တို့စုံတွဲ လမ်းလျှောက်ထွက်မယ်ဆိုလို့ လိုက်သွား အုံးမယ်လို့ပြောတာဘဲ”...။

“အင်း..အင်း..ဒါဆိုလဲ ပြီးတာ ပဲကွာ ငါတို့နေဖို့အခန်းလဲ ပြပါအုံး ပစ္စည်းလေး ဘာလေး နေရာချရအောင်”... “ဟုတ် အကို လာလာ ဟိုဘက်က အခန်းမှာ အကိုတို့အတွက် စီစဉ်ထား တယ်”..
ပြောပြော ဆိုဆို နဲ့အိပ်မက်မဲ ကရှေ့ကထွက်သွား လို့လင်းထက် လဲနောက်က လိုက်သွား လိုက်တယ်...အခန်းထဲ ရောက်တော့..အိပ်မက်မဲက..
.. “အပေါ်ထပ်မှာ အခန်းလေး ခန်းရှိတယ်ဗျ..အခန်း ကြီး နှစ်ခန်း နဲ့ အသေး နှစ်ခန်း လှေခါး တက်တက် ခြင်း ဘေး ဘယ်ညာမှာ အကြီးနှစ်ခန်း ရှိတယ် ဒီနှစ်ခန်း ရဲ့ ကပ်ရက်တွေမှာ အသေး တခန်းစီကပ် နေတယ် ဒီတော့အခန်းကြီး နှစ်ခန်းထဲက လှေကားနဲ့ကပ်ရက် အောက်ထပ်ကထမင်းစားခန်းရဲ့အပေါ်တည့်တည့်အခန်းကြီးမှာ
ကိုလင်းရယ်,ကျွန်တော်ရယ်,ရာဇာရယ်,ထိုက်မင်းရယ်......၊နောက်အောက်ထပ် ဧည့်ခန်းအပေါ်တည့်တည့်ကအခန်းကြီး မှာတော့..မမေ,မေမိုး,အိမ်လေး,ယုန်လေး,မွန် နဲ့စိုးမြနန္ဒာတို့့နေမယ်..သူတို့အခန်းနဲ့ကပ်ရက် အခန်းသေးမှာတော့ အိုင်လွယ်ပန်နဲ့အမရာတို့စုံတွဲ....၊ကျွန်တော်တို့နဲ့ကပ်ရက် အခန်းသေးကတော့ နွေမုန်တိုင်း နဲ့မောင်မျိုးတို့နေဖို့ကျွန်တော် စီစဉ်ထားတယ်ဗျ”....။

သူတို့အုပ်စုတွေ ဘာအကြံအစည် နဲ့ဒီအိမ်ကြီး မှာ လာစုဝေး ကြတာလဲ..ဒီအိမ်ကြီး က ဘယ်မြို့မှာ ရှိတာလဲ သူတို့တွေ ဘယ်လို အဖြစ်အပျက် မျိုးတွေ နဲ့ကြုံတွေ့ရမှာလဲ ဆိုတာ သိချင်သူများ ဆက်ပြီး စောင့်ဖတ်ကြပါ ခင်ဗျာ...။

Read more


ကြောက်တတ်သူများ မဖတ်ရ

တစ္ဆေ၊သရဲ ဆိုတာကို ကျွန်တော့် အနေနဲ့တော့ယုံသည်လဲ မဟုတ် မယုံ သည်လဲ မဟုတ်တဲ့ လူစားထဲ မှာပါ ပါတယ်။ဒါပေမယ့် လဲ ကျွန်တော် မြင်ဖူး ကြားဖူးတာ လေးတွေ ကို လာလည် သူတွေ အတွက် အပျင်းပြေ အပျော် ဖတ် လို့ရအောင်တင်ပြလိုက် ပါတယ် ကိုယ့်ဘာသာ ကိုယ်သာ စဉ်းစား ချင့်ချိန် ကြပါ ခင်ဗျာ.....။အခု အဖြစ် အပျက်လေး ကတော့ ကျွန်တော့် အမ များ ရန်ကုန် တက္ကသိုလ် ပင်မမှာ ကျောင်းတက်နေ စဉ်က သူတို့သူငယ်ချင်း တယောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ် အပျက်လေးပေါ့ဗျာ....အချိန်က...၁၉၈၀ ဝန်းကျင်.........။

မေ တယောက် ဆရာသင်ခဲ့ သောသင်ခန်းစာ များကို ဘလက်ခ်ဘုတ် ပေါ်မှ ကူးရေး နေခြင်း ကိုအပြီးသတ်လိုက် ပြီး ဘေးဘီကို ကြည့်လိုက် ချိန်မှာတော့ စာသင်ခန်း တွင်းဝယ် မည်သူမှ မရှိတော့ ရာသီဥတု ကလဲ မိုးတွင်းမို့အုံ့ဆိုင်းနေ သဖြင့် စာသင်ခန်း တွင်းတွင် မှောင်ရီသန်း နေသည်......မေ လဲ ကြောက်သလို ဖြစ်လာသဖြင့် ပစ္စည်းများ ကိုလွယ်အိတ် ထဲ အမြန် ထိုးထည့်လိုက် ပြီး စာသင်ခန်း တွင်းမှ အမြန်ထွက် လာခဲ့မိသည် စိတ်ထဲမှ လဲ သူ့ကိုမစောင့်ဘဲ ထွက်သွား ကြတဲ့ သူငယ်ချင်း များကို စိတ်ဆိုးနေ မိသည်.၊စာရေးနှေး သည့်ကိုယ့် ကို ကိုယ် လဲ အပြစ်တင်ရင်း ကော်ရစ်ဒါ မှ တဆင့် လှေကားထစ်များ အတိုင်း ဆင်းလာခဲ့ရာ ဘွဲ့နှင်းသဘင် လမ်းမပေါ် ထွက်သည့် စာသင်ဆောင် အပေါက်ဝသို့အရောက် တွင် တချိန် လုံး အုံ့ဆိုင်းနေ သည့်မိုးက ရွာချလိုက် ပါပြီ...။

မေလဲ ကားဂိတ် အထိ မိုးရွာထဲ လမ်းလျှောက် ရမည့် အရေးကို တွေးရင်း စိတ်ညစ်ညစ် နဲ့လွယ်အိတ် ထဲ ကထီးကို စမ်းလိုက်ရာ....ဟင်..ဒုက္ခပါဘဲ အလောတကြီး နဲ့ပစ္စည်းတွေ သိမ်းလိုက်တာ ထီး မေ့ကျန် ခဲ့ပြီ စိတ်ညစ်လိုက်တာနော် ဒီနေ့အဆင်ကိုပြေဘူး....စိတ်ထဲ ကလဲ ပြောရင်း အပေါ်ထပ် စာသင်ခန်း မကို မေ တယောက် ပြန်တက်လာ ခဲ့ရပြန်တော့သည်....။

စာသင်ခန်း မ အရှေ့သို့ အရောက်တွင် လူတယောက် စာသင်ခန်း ထဲ တံမြက်စီးလဲှ နေသည် ကို တွေ့လိုက်ရသ ဖြင့် မေ လဲ အားတက် သွားပြီး စိတ်ထဲက တော်ပါသေးရဲ့ သန့်ရှင်းရေး သမား ရောက်နေလို...ထိုလူ တံမြက်စီး လှဲ နေသော နေရာမှာ မေ့ ခုံဘေး ဖြစ်နေ သဖြင့် ထီး ကို ထိုသန့်ရှင်းရေး သမား များ တွေ့သွားပြီလား စိုးရိမ်စိတ်ဖြင့် သွက်သွက် ကလေး သွားလိုက် ရာ ခုံရှိရာသို့အရောက် သန့်ရှင်းရေး သမားက အခြား ဘက်လှည့် သွား သဖြင့် ထိုသူ၏ ကျောပြင်ကို မြင်လိုက် ရသည့် တခဏ မေ လိပ်ပြာလွင့် ထွက်မတတ် ဖြစ်သွားရတာကတော့ အမလေး ကျောကုန်းကြီးက ဟောင်းလောင်း ပေါက်ကြီး အထဲမှာ လဲ အူ၊အသဲ၊ကလီစာ ဘာဆိုဘာမှမရှိပါလား...။

မေ..ဘာမှ မသိတော့ပါဘူး ထီးလည်း မယူနိုင်တော့ဘူး သွေးရူး သွေးတန်း နဲ့ကော်ရစ်ဒါ တလျှောက် အဲဒီက တဆင့် လှေခါး ထစ်များ အတိုင်း ပြေးဆင်း လာမိခဲ့ ပါတော့တယ်..အောက်ထပ် ကို အရောက်မှာတော့ ဆရာ ဖြစ်ဟန် တူတဲ့ လူကြီး တယောက် စာသင်ခန်း တခု အတွင်းမှ ထွက်လာ တာတွေ့လိုက်ရလို့အားကိုးတကြီးနဲ့ပြေးကပ် သွားလိုက် ပြီး ဆရာ...ဆရာ...အပေါ်ထပ် က သမီးတို့စာသင်ခန်း ထဲမှာလေ သမီး ကို သရဲ ခြောက် လို့...လူကြီး က ပြန်မေး ပါတယ် မင်း ကို သရဲခြောက် တယ်လို့ဆိုရ အောင် ဘာတွေမြင်လို့လဲ... မေ..လဲ..ဆရာ အဲဒီ လူကလေ ကျောက ဟောင်းလောင်း ပေါက်ကြီး အထဲမှာလဲ ဘာမှမရှိဘူး..လို့
ပြန် ဖြေလိုက်တဲ့ အချိန်မှာ..လူကြီး က အော် ဒါဆို ဒီလို မျိုးလား ပြောပြောဆိုဆို မေ့ဘက် ကိုသူ့ကျောပြင် ကြီး လှည့်ပြလိုက် တယ် ဆိုရင်ဘဲ.........။

မေ..တယောက် အသံကုန် အော်ဟစ်လိုက် မိပါတော့တယ် ဒါပေမယ့် အသံက လည်ချောင်း ထဲတင် ပျောက်သွား ပြီး အပြင်ကို ထွက်မလာနိုင် တော့ပါဘူး....မေ့ ရဲ့ အသိစိတ် တွေ အမှောင် ကမ္ဘာထဲ တိုးဝင် သွားရင်း နောက်ဆုံး အမှတ် ရလိုက်တာ ကတော့.....ဒီ..ဒီလူကြီး လည်းကျောမှာ ဟောင်းလောင်း အပေါက် ကြီး နဲ့ဆိုတာ ကိုပါဘဲ ......။
Read more


အင်တာနက် ထဲက ဖူးစာရှင်

ဒီနေ့မနက်မိုးလင်း အိပ်ရာကနိုးကတဲက ရာဇာတို့အူမြူးနေတယ်.အရင်ဆို အိပ်ရာဘေး ပြူတင်းပေါက် နားလာနား ပြီး လာအော်တတ်တဲ့ ငှက်ကလေး တွေကို မောင်းမောင်းထုတ် လေ့ရှိပေမယ့် ဒီနေ့တော့ သူ့ကိုဂုဏ်ပြုတေး လာဆို နေတယ်လို့ထင်ပြီး ပြုံးပြုံးကြီးနဲ့အစာတွေ ဘာတွေတောင် ကျွေးလိုက်သေးတယ်.......။

အခုလိုပြောင်းလဲ ခြင်းရဲ့ အစက လွန်ခဲ့တဲ့ ၂ လလောက် က အစပြုတာပါဘဲ...

ရာဇာက အင်တာနက် ပေါ်မှာကိုယ်ပိုင် ဘလော့ဂ်လေး တခုလုပ်ထားတယ် သူ့ရင်ထဲကခံစားချက် လေးတွေကို ရင်ဖွင့်ရင်း သိတတ်သမျှ ကွန်ပြူတာ နည်းပညာလေးတွေ နဲ့ဗဟုသုတ ရစရာ မှတ်သားလောက် တဲ့ ပညာပေး ဆောင်းပါး လေးတွေ ကို ရေသားတင် ပြလေ့ရှိတယ်.......။

ဒီလိုနဲ့လွန်ခဲ့သော ၂ လခန့်က သူအရမ်းမြတ်နိုး တန်ဖိုး ထားတဲ့ သူ့ချစ်သူ ကစွန့်ခွာသွားလို့ ရင်ထဲက ဝေဒနာ တွေကို သူ့ဘလော့ဂ် လေးမှာ ရင်ဖွင့် ထားတာကို ဖတ်မိတဲ့ ကောင်မလေး တယောက်က ဂျီတော့လ်ခ် ထဲကဆက်သွယ် လာပြီး သူ့ရင်ထဲက ဝေဒနာ တွေကို ဖြေသိမ့် ပေးခဲ့တယ် ကောင်မလေး ရဲ့ ဂရုဏာ ကြောင့်သူလဲ ဝေဒနာက အမြန်ရုန်းထွက် နိုင်ခဲ့ပြီး အသဲနှလုံးဟာလဲ အသားနုတက်ပြီး အချစ်သစ်ပင်လေး အသစ်ပေါက်လာတော့တာပေါ့.......။

ခက်တာက ကောင်မလေး ကို ခုထိ မမြင်ဘူးသေး တာပဲအသံလေး ပဲ ကြားဖူးနေလို့
မနေ့ညကတော့ ကောင်မလေး ကို အပြင်မှာ လူချင်းဆုံ ဖို့ပြောလိုက်တော့ ကောင်မလေး ကလဲ သဘောတူ လက်ခံလိုက်လို့ဒီနေ့မနက် ရာဇာတို့အူမြူးနေတာ...အချစ်နဲ့တွေ့ရင်ဖြစ်တတ်ကြတဲ့ လူတွေရဲ့ သဘာဝ အတိုင်း ကမ္ဘာမြေ ဟာ အရာရာ လှပနေတယ်......။

ဆုံဖို့ချိန်းထားတဲ့ ဆိုင်လေး မှာ ကြိုတင် အချိန်း အချက်လုပ်ထားတဲ့ အတိုင်း လူချင်းတွေ့ရင်သိနိုင်အောင်လို့ နှင်းဆီနီလေး ကိုကိုင်လို့စောင့်နေမိတယ် ကောင်မလေးကလဲ သူ့လိုဘဲ နှင်းဆီနီ လေးကိုင်လာမှာဘဲလေ....... ဆိုင်လေး ထဲမှာ ကလဲ လူရှင်းလို့ သူ့ဘေးနား က တဝိုင်းမှာ ဘဲ အမျိုးသား တယောက်ထိုင်နေတယ်......၊

ဒါနဲ့ချိန်းထား တဲ့အချိန် ကိုရင်ခုန်စွာ ရောက်ရှိလို့လာခဲ့ပါ ပြီ..ရာဇာလဲ မမြင်ဖူးသေး တဲ့ ဖူးစာရှင်လေး ရဲ့ ပုံသဏ္ဌာန် ကို စိတ်ကူးထဲမှာ ပုံဖေါ်ရင်း ဆိုင်ရှေ့လမ်းမ ကို ကတွက်ပေါက် မှာ ငါးစောင့်ဖမ်း နေတဲ့ ဗျိုင်းတကောင် လို ကြည့်နေတုန်း.... မိန်းမ ဝဝ တယောက် ခလေးလေး လက်ကို ဆွဲလို့ နှင်းဆီနီ လေးကိုင်ပြီး ဆိုင်ထဲ ကိုလှမ်းကြည့် နေတာ တွေ့လိုက်ရပါတယ်....ခလေး ကလဲ လမ်းပေါ် တွေ့ရာအရုပ်တွေ ကို ပူဆာ နေပါတယ် ဒါနဲ့မိန်းမ ကြီးက “ဟယ်အမျိုးယုတ်ကလေး ဒီမှာ နင့်ပထွေး ရှာမတွေ့ရတဲ့ ကြားထဲ နင်ကတမျိုး”...........။

ရာဇာ အကြီးအကျယ် တုန်လှုပ် ခြောက်ချား သွားတယ် သူစိတ်ကူးယဉ် နေတဲ့ ဖူးစာရှင် လေးဟာ ဒီကလေး အမေကြီးလား သူကြားနေကျ လျှပ်စစ် ဝါယာကြိုးတွေ ဆားကစ် ပြားတွေ ကိုဖြတ်သန်း စီးဆင်းလာတဲ့ နုးညံ့ ညင်သာ သိမ်မွေ့တဲ့ အသံလေး နဲ့တခြားစီ ဖြစ်နေတဲ့ ရိုင်းစိုင်း ကြမ်းတမ်းလွန်း တဲ့ စကားတွေ ကိုနားထောင် ပြီးဘာလုပ်ရမလဲ အကြံထုတ် နေတယ် နောက်တော့ သူ့လက်ထဲက ပန်းကို သူ့နံဘေး စားပွဲက လူရဲ့ စားပွဲပေါ် ပစ်တင်လိုက်ရင်း ဆိုင်နံရံမှာ ချိတ်ထား တဲ့ ပုံတွေကို ကြည့်နေလိုက်တယ်.........။

သိပ်မကြာတဲ့ အချိန် ပိုင်းအတွင်း မှာဘဲ သူ့နောက်ကျော ကိုလူတယောက် ကပ်လာတာ သိလိုက်တယ် နောက်တော့ “အခုမှ ရှက်ပြီး မသိချင်ယောင် ဆောင်နေတာလား ဒီကလဲ သူဆိုင်ထဲ ဝင်လာ ကတဲက စိတ်ဝင် စားမိလို့ တချိန်လုံး ကြည့်နေတာ အခုလို ဒို့ကိုပန်းလေး လက်ဆောင် ပေးတော့ ဒို့အရမ်းဝမ်းသာတာပဲ ဒီကလဲ သူ့ကို ချစ်ပါတယ်”........။

ရာဇာ အထိတ်တလန့်လှည့်ကြည့်လိုက် မိတော့ သူပန်းပစ်တင် လိုက်တဲ့ စားပွဲကလူဟာ
လက်ထဲမှာ ပန်းလေး ကိုင်လို့သူ့ကို ရီဝေပြီး အရည်လဲ့ နေတဲ မျက်ဝန်း ကြီးတွေ နဲ့စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်ဆိုရင်ဘဲ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီး ကျားထက် ဆိုးတဲ့ အဖြစ်ကိုရောက်နေပြီ ဆိုတာ သိလိုက်ပါတယ်......။

“အဲ..ဟို ဆောရီးနော် ဘယ်လိုမှ မအောင်းမေ့ပါနဲ့ ကျွန်တော် ကောင်မလေး နဲ့ချိန်းထားတာ မလာသေး လို့စိတ်တို ပြီး ပစ်လိုက်တာ အကို့စားပွဲပေါ် ရောက်သွား တယ်ထင်တယ် အခု ကျွန်တော့် ကောင်မလေး ရောက် လာလို့ပန်းလေး ပြန်ပေး နော်”....ပြောလည်းပြော ပန်းကိုလဲ အတင်းပြန်ဆွဲ လုလိုက် ပါတယ်.....။

ဒီအချိန်မှာ ခလေး အမေ ထက် ဒီ ကျား မဟုတ် မ မဟုတ်ကြီး က ပိုဆိုးတယ်လေ နောက်မှ ခလေးအမေ ကိစ္စ ကြည့်ရှင်း မယ် စဉ်းစား တုန်း “ဒီက ကိုရာဇာ လားဟင်?” ချိုသာတဲ့ အသံလေး နဲ့အတူ ကယ်တင်ရှင် နတ်သမီး လေး တပါး ကိုယ်ထင်ပြလာပါတယ် သူလေး ကတော့ စိတ်ကူးထဲကချစ်သူလေး ပါ ကလေး အမေလဲ မဟုတ် ကျား မဟုတ် မ မဟုတ် ကြီးလည်း မဟုတ် တဲ့ နတ်သမီး လေးပေါ့....။
ဟူး....တော်ပါသေးရဲ့ အခုမှ သက်ပြင်းချနိုင်တော့ တယ်.. ...။
Read more


မြန်မာစကား မြန်မာနား.၂

ကျွန်တော် ညီလေးညမီးအိမ် ဆီသွားလည်ရင်း ထူးထူးဆန်းဆန်းလေး တခုတွေ့လို့သူ့ကိုမေးမိတယ်...
တခြားတော့ မဟုတ်ပါဘူး သူ့ရဲ့ ဒစ်ဂျစ်တယ် နာရီရဲ့ ခေါင်းစဉ်လေး ကိုပါ သူက ဒီလိုလေး ပေးထားတယ်ဗျ
တရုတ်ကြီးတဲ့လေ ကျွန်တော် ကလဲ တော်တော် အ ပါတယ် သဘောမပေါက်ဘူး ဒါနဲ့သူ့ကိုမေးကြည့်တော့..
အကို ကလဲ အချိန် လေ အချိန် ဆိုတာ တရုတ်နာမယ် မဟုတ်လား ဒါကြောင့် အချိန်လို့ခေါင်းစဉ် မတတ်ဘဲတရုတ်ကြီးလို့ဘဲခေါင်းစဉ် တတ်ထားတာ အတူတူဘဲလေတဲ့.......။
ဒါနဲ့ဘဲ ကျွန်တော့်ခေါင်းထဲ မှာ ပုံပြင်လေး တပုဒ် ဖြတ်ကနဲ သတိရလိုက်မိ ပါတယ်.......၊
ပုံပြင် လေး ကဒီလိုပါ ခင်ဗျ.....

ရွာတရွာ မှာ လင်မယား နှစ်ယောက် ရှိတယ်...
လင်ဖြစ်သူ က ကုန်သည် ကြီးပေါ့ မယားလုပ်သူ ကလဲ အလွန် ရိုးပါတယ်...
ကုန်သည် ကြီးဟာ စည်းကမ်း ဇယား စနစ် အလွန် ကြီးပါတယ်..အလွန် လဲ အချိန် အတိ အကျ
အလုပ် လုပ်တတ် ပါတယ်......

တနေ့တော့ ကုန်သည် ကြီးဟာ ကုန်ရောင်း ထွက်ဖို့ရှိတာနဲ့ မသွားခင် မယား လုပ်သူကို
မှာစရာ ရှိတာတွေ မှာပြီး ခရီးထွက်သွား ပါတယ်.....
အဲဒီတုန်း ကလှေ ခေတ် လှည်းခေတ် ဆိုတော့ ကုန်ရောင်းထွက် တာ လေး ငါး ခြောက်လ လောက်
ကြာသွားပါသတဲ့ဒါနဲ့ပဲ ကုန်သည် ကြီးပြန်ရောက်လာတယ် ဆိုကြပါစို့ရဲ့.....

ကုန်သည် ကြီးအိမ်ပြန် ရောက်တယ် ဆိုရင် ဘဲ ဇနီးမယား အချောအလှ လေးကို အပြေးအလွှား ရှာပါတယ်
ဇနီး လေးကို တွေ့လိုက်ရချိန် မှာ ကုန်သည် ကြီး ခမျာ ရင်ဝကို ဖနောင့်နဲ့အပေါက်ခံလိုက် ရသလိုယူကြုံးမရအပူလုံး ကြွသွား ရတာကတော့ ဇနီးမယား လေးဟာ ကိုယ်လေးလက်ဝန် ကြီးနဲ့ဖြစ်နေလို့ပါပဲ....
ဒါနဲ့ ကုန်သည် ကြီးက မိုက်လှချည်လား မင်းလုပ်ရက်တယ် ငါမရှိတုန်း ဖောက်ပြန်လို့ အခု အထုပ် အထည်နဲ ံ့ဖြစ်နေ ပြီလို့ပြောလိုက်တော့........

အမလေး မောင်ကြီးရယ် ပြောရက်လိုက်တာ နှမလေး ဟာဖြင့် ဘာမှ မဟုတ်တာ မလုပ်မိပါဘူး....
မောင်ကြီး ခရီး မထွက်မှီ က မောင်ကြီး ပဲ မှာခဲ့တယ်လေ"..မောင်ကြီး မရှိတဲ့ နေ့တွေမှာ ဘာပဲ လုပ်လုပ်အချိန်နဲ့လုပ်..အချိန်နဲ့စား...အချိန်နဲ့သွား....အချိန်နဲ့အိပ်...လို့ဆိုလို့မောင်ကြီး သွားကတဲက ဟို တအိမ်ကျော် က တရုတ် အချိန် နဲ့ မောင်ကြီး မှာ သလိုနေလိုက်တာ ဒီလိုဖြစ်လာ ရတာပါ"........။

ပုံပြင်လေး ကတော့ ဒါပါဘဲ...။

Read more


ဗုဒ္ဓဘာသာဘာလဲ ဘယ်လဲ..?

ကောင်းကြသေး ရဲ့လား အရပ်ကတို့ရေ ထေရဝါဒ ဗုဒ္ဓ သာသနာ ထွန်းကားရာတိုင်းပြည်တဲ့...
သာမညတောင် ဆရာတော် ကြီးရဲ့ ကြွင်းကျန် ရစ်တဲ့ ရုပ်ကလပ် တော်ကို လူရမ်းကားတွေ
အဓမ္မ လုယက် ယူငင်သွား ကြတယ် တဲ့....။

ဗုဒ္ဓ ဘာသာဝင် တွေ အနေနဲ့ တပူပေါ် နှစ်ပူ ဆင့်ဆို သလို ကိုယ့်နိုင်ငံ တွင်းမှာလဲ သံဃာတော်
တွေ ရိုက်နှက် ဖမ်းဆီး သတ်ဖြတ် ခံရတာ တိဗက် အရေး မှာလဲ ထိုနည်းလည်းကောင်း အဖြစ်
တွေနဲ့ ကမ္ဘာ့အလယ်မှာ မျက်နှာ မပြရဲ လောက်အောင် ကမ္ဘာ့သတင်းတွေ မှာမကြည့်ချင်
ဲမြင်ရက်သား အဖြစ်နဲ့ ဘာသာ ခြားတို့ရဲ့အလယ်မှာ သနားစရာဘာသာ တခုအဖြစ်ကို
ရောက်ရှိ ခဲ့ရပါပြီ.......။

ဒီအချိန် မှာ သာမညတောင် ဆရာတော် ကြီးရဲ့ ရုပ်ကလပ် တော်ကို ဒီလိုဘဲ အလွယ်တကူ လုယက်ယူငင်သွားတာ ခံလိုက်ရတော့ ကောသလမင်းကြီးရဲ့ အိပ်မက် ထဲကခေတ်ကို လုံးလုံး လျှားလျှား ကြီးကျွန်တော် တို့ရောက်ရှိ နေပြီ ဆိုတာ အကြွင်းမဲ့ လက်ခံ လိုက်မိ ပါပြီ...

ဗုဒ္ဓသာသနာ ကမ္ဘာလွှမ်းဖို့မပြောနဲ့ရှိတဲ့ လူတွေ တောင်မယုတ်လျှော့သွား ရင် ကံကောင်း ပါ....
လူတွေ တွေးကြမယ်...ဘယ်မှာလဲ သိကြားမင်း ဘယ်မှာလဲ သာသနာတော်စောင့် နတ်မင်းကြီး များ
ဒီလောက် ဆိုးရွား တဲ့ အဖြစ် တွေမှာ ဒီသကြား ဗြဟ္မာ သမ္မာဒေဝ နတ်မြတ် နတ်ကောင်း နတ်အပေါင်း
ဆိုတာတွေ ဘယ်ရောက်နေလဲ...ဒါတွေ ဟာယုံတမ်း ပုံပြင် လား? ဒါမှမဟုတ် ဒါတွေ တကယ်ရှိ ပါလိမ့်မယ်သံဃာ တွေ ကတကယ် စစ်မှန်တဲ့ တရားတွေ အားထုတ် မှုမရှိ ကြလို့လား ?နဝတ ပြောသလို သံဃာ တွေကအတုယောင်တွေ မို့လို့လား....... ?

ဒီအကြောင်းတရား တွေမှာ လူတွေအနေနဲ့ဘာကိုဘဲ တွေးတွေး ဗုဒ္ဓ သာသနာ ကြီးအတွက် ကတော့ အလွန်ကိုစိုးရိမ်စရာ အဖြစ် ကိုရောက်နေ ပြီဖြစ်ပါကြောင်း......။

ဆက်ဖတ်မယ် မှာ ကောသလ မင်းကြီးအိပ်မက် (၁၆)ချက်ပါ ဒီပုံတွေကို
» ကိုညီလင်းဆက် ထံမှကူးယူဖော်ပြပါသည်....။
ကလစ်နှိပ်ပြီး ပုံကြီးချဲ့ ကြည့်နိုင်ပါသည်

















Read more


မြန်မာစကား မြန်မာနား

ကျွန်တော် ငယ်ငယ် က တွေ့ဖူးတဲ့အကြောင်းလေး တခုပါ....
ပုဂံ ရာဇဝင် ထဲမှာ ဈေးတန်း ထဲ က မိန်းမ သူ့စကော လေတိုက်လို့ လွင့်သွားတာကို နောက်ကနေ ပြေးလိုက်ရင်း ငါ့စကော ငါ့စကော လို့အော်ပြီးလိုက်လိုက်တာ ဘေးက လူက ကြားချင်တာ ကြားပြီး စက္ကောတပ် ကြီးချီလာလို့ဒီမိန်းမ ပြေးတာ ပဲ ငါလဲ ပြေးမှ ဆိုပြီး ပြေးရင်း နဲ့လမ်းမှာ စက္ကောတပ် ကြီး ချီလာ ပြီပြေးကြဟလို့ထပ်ဆင့် အော်သွား လိုက်တာ လူတွေ ဝရုန်းသုန်းကား နဲ့ထွက်ပြေးကြလို့့ပုဂံပြည် ကြီးပျက်ရ ပါသတဲ့.......။
ဒါဟာ ဖြစ်နိုင်တယ် ဆိုတာကို ကျွန်တော် ငယ်စဉ် က လက်တွေ့မြင်ဖူးပါတယ်........


ဘယ်မှာလဲ ဆိုတော့ ကျွန်တော် ကမာရွတ် စံရိပ်ငြိမ် မှာ နေထိုင် ခဲ့စဉ်ကပါ....အဲဒီနေ့ကလှိုင်မြို့နယ်ဘူတာရုံလမ်း မှာ မီးလောင် ပါတယ် မီးကလဲ တော်တော် ကြီး ညဖက် ကလဲ ဖြစ်ပြန် ဆိုတော့ ကျွန်တော် တို့ဆီက ကြည့်ရတာ အလွန် နီးကပ် နေ သယောင် ပါ.......။


ဒီအချိန် မှာ လူတွေ ကလဲ အထိတ်ထိတ် အလန့်လန့် နဲ့ပေါ့...ဘာလုပ် လို့ဘာကိုင် ရမှန်း မသိဖြစ်နေတုန်း လူတယောက် လမ်းထဲ က ဖြတ်ပြေး ရင်းနဲ့ အော်သွားတာက..."ကိုယ့်ပစ္စည်း တွေ မီးထဲ မပါချင်ရင်..သိမ်းကြ..ဆည်းကြ."လို့ဆို ပြီး အော်သွားပါတယ်.....

ဒါကို ကြားလိုက်တဲ့ လမ်းထဲ ကအဒေါ်ကြီး တယောက် ဟာ ဘာလုပ် သလဲဆိုတော့ ...
သူ့အိမ်က ပစ္စည်း တွေ သိမ်းရင်းနဲ့ သေချင်းဆိုးမီး..ကာလနာမီး..xxx...xxx...xxx အစရှိ သဖြင့်အတော်လေးစုံလင်စွာ ရေရွတ် ပါတော့တယ်.......၊ဒါနဲ့ပဲ နောက်တနာရီ နှစ်နာရီ ခန့်မှာ
မီးညွန့် ကျိုးပြီး လူတွေ လဲ အတော်လေးသက်တောင့်သက်သာ ဖြစ်သွား မှ အဒေါ် ကြီး ကို ဝိုင်းမေး ကြပါတယ်..ဒေါ်ကြီး ရပ်ကွက် ထဲနေတာ အတော် ကြာပြီ တခါ မှ ဆဲသံ ဆိုသံ မကြား ဖူးဘူး ဒီနေ့့ဘယ်လို ဖြစ်တာလဲ လို့ဆိုတော့......အဒေါ် ကြီးပြန်ရှင်းပြတာက."သိပါဘူးအေ ရယ် လမ်းထဲကို လူတယောက် ဖြတ်ပြေး ရင်း သိမ်းကြ..ဆဲကြ "ဆိုလို့ ကျုပ်လဲ ပစ္စည်းလေးတွေ မီးထဲပါမှာ စိုးလို့သူပြော သလို ပစ္စည်း သိမ်းရင်း ဆဲမိတာပါ......။


Read more


ကူးချင်အုံးဟဲ့ ရေ

အချိန်က.....
၁၉၈၅...ခုနှစ် နွေရာသီ ရဲ့ ညဦးပိုင်း မှောင်စ ပျိုးချိန်.....
ရန်ကုန်မြို့ အင်းယား တံတားဖြူ အနီး က ကားလမ်းမ ပေါ်မှာ ကားမောင်း လာသူတွေ မျက်လုံးပြူး သွားစေတဲ့အဖြစ် အပျက် လေး တခု ဖြစ်သွားခဲ့တယ်..၊အဲဒီ အဖြစ် အပျက် ရဲ့ အဓိက ဇာတ်ကောင် ကို စုံစမ်း မေးမြန်းလို့သိရှိ ရတာက ဒီလို ပါတဲ့.....။

အား...ပျင်းလိုက်တာကွာ..
စာမေးပွဲကြီး ပြီးလို့ အိမ်မှာ တယောက် ထဲ ထိုင်နေ ရင်း ကိုဦး တယောက် စိတ်ထဲ က ညည်းတွား နေမိတယ်..ဘာလုပ်ရင် ကောင်းမလဲ လို့စဉ်းစားလိုက် တော့ ရာသီဥတု ကလဲ ပူလောင် အိုက်စပ် နေတာနဲ့ရေသွားကူးဖို့အကြံ ရလိုက်တယ်...၊ဘာကြောင့် လဲဆိုတော့ ကိုဦး အိမ်က အင်းယား တံတားဖြူ နားက စွပ်ကျယ်စက် လမ်းထဲမှာ အရင် ကျောင်းပြေး တိုင်းလဲ သွားသွား ကူးနေ ကျဆိုတော့ ချက်ချင်းဘဲ အကြံ အစည်ကို အကောင် အထည်ဖော် လိုက်တယ်....၊

ရေကူးနေကျ နေရာကိုရောက်တယ်ဆိုရင်ဘဲ ပြဿနာ ကစပြီ ဘောင်းဘီ တိုလေးနဲ့ထွက်လာမိလို့ ရေကူးဖို့ ဘောင်းဘီ အပိုပါ မလာဘူး လေ....(အသက် ၁၁,၁၂ ခန့်သာရှိ သေး၍ အတွင်းခံ ဘောင်းဘီ သုံးတတ်သေးဟန် မတူပါ....ဤကားစာရေးသူ၏အထင်ဖြစ်ပါသည်..)ဒါပေမယ့် ကိစ္စ မရှိပါ ရေစပ်နား က သစ်ပင်ကြီး နားသွား၍ အကျႌ နှင့် ဘောင်းဘီ ချွတ်ပြီး ရေထဲ ဆင်းလိုက် တော့ အားလုံး အဆင်ပြေသွား ပါတယ်......

ရေထဲ ဆော့ကောင်းကောင်း နဲ့ဆော့နေ လိုက်တာ ၁နာရီလောက် ကြာတော့ အိမ်ပြန်ဖို့သတိ ရလာတယ်...
ဒါနဲ့အဝတ်အစားပြန်ဝတ်ဖို့ရေစပ် က သစ်ပင် ကြီးဆီ သွားတော့..ကိုဦး မျက်လုံး တွေ ပြာကနဲ ဖြစ်သွားတယ်၊
သွားပြီ အဝတ် တွေ မရှိတော့ ဘူး ဘယ် အမျိုးကောင်းသား မသွားလဲ မသိဘူး...။

အဲဒီမှာ ပထမ ဆုံး ခေါင်းထဲ ဝင်လာတာက အိမ်ပြန် ရောက်ရင် အရိုက်ခံ ရတော့မယ် ဆိုတဲ့ အတွေး ရယ်..နောက် ဒုတိယ ကတော့ အရိုက်ခံဖို့ အိမ်ပြန် ချင်တာတောင် ဒီ အဝတ် ကင်းမဲ့နေ တဲ့ ခန္ဓာကိုယ် နဲ့လမ်းတွေရပ်ကွက် ထဲတွေ ဘယ်လို ဖြတ်သန်း မလဲဆိုတာရယ် ဘဲ....၊ဒါနဲ့မှောင်မှ အမှောင် ကို အကာအကွယ်ယူပြီးပြန်မယ်လို့ဆုံးဖြတ် လိုက်ပြီး ရေထဲက လဲတက်မရတော့ တနေ့လုံး ရေစပ်မှာ ခါးမြုပ် ရုံလေး ထိုင်ပြီး လူစင်စစ်က ရေသူထီးအဖြစ်ကို ခံယူလိုက်ပါတယ်...။

ည ရ နာရီခန့် ရောက်ချိန် မတော့ တိုက်ပွဲ ဝင်ကွန်မန်ဒို အလား ကိုဦး တယောက် ဟိုသစ်ပင်ပြေးကပ် ဒီ ခြုံပုတ်ပြေးကပ် နဲ့ချီတက် လာလိုက်တာ ကန်ပေါင် ပေါ်ကလဲ ဆင်းရော ကားလမ်း မကြီး ကိုဖြတ်ရပါတော့တယ်....မာကျုရီ မီးတွေ က ထိန်လင်း လို့ ကားမီးရောင်တွေ ကလဲ ဆလိုက် မီးတွေ ထိုးထား သလို ဖြစ်နေ တဲ့ ကြားမှာကိုဦး တယောက် ကိုယ့်ကို ကိုယ် ပြဇာတ် မင်းသားလေး လို သဘော ထားပြီး ဖွားဖက်တော်လေးကို လက်နဲ့အုပ်လို့ ကားလမ်းကို ဖြတ်ကူး ကားမောင်း လာသူတွေ ကလဲ အင်္ဂါဂြိုလ် သားတွေ့ရသလို မျက်လုံး တွေ အပြူးသား နဲ့အတော် လေးကို အုတ်အော် သောင်းနင်း ဖြစ်သွား လေရဲ့..........။
Read more

About Me

My photo
ကျွန်တော့် ဘဝထဲက အမှတ်တရတွေ သတိရ သလောက် မှတ်တမ်းတင်ရုံ သက်သက်ပါ...။

Enter your email address:

Delivered by FeedBurner

Myanmar Calendar

ဒီပုံလေးနှိပ် ပြီးဆက်သွယ်ပါ.

Followers

€€€€€€€€€€€€€€€€€€€€€€€€€€€€

ထွေရာလေးပါးပြောကြမယ်

Blog Archive

ကျွန်ုပ်၏ အသင်း

မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏

My Blog List

မြန်မာငွေပေါက်ဈေး

အလည်လာတဲ့သူတွေ

€€€€€€€€€€€€€€€€€€€€€€€€€€€€

€€€€€€€€€€€€€€€€€€€€€€€€€€€€

Popular Posts